Number 28 on Yongxing Jie ဆိုတာကတော့ တရုတ်နိုင်ငံ Guangzhou မြို့ရဲ့ဆွဲဆောင်မှုရှိတဲ့နေရာတစ်နေရာဖြစ်ပါတယ်။ Number 28 on Yongxing က ၈ ထပ်ရှိတဲ့အဆောက်အဦးဖြစ်ပြီးတော့ အဆောက်အဦးရဲ့ဘေးနှစ်ဖက်လုံးဟာ လူသွားလူလာများတဲ့လမ်းမကြီးတွေ ဖြစ်နေပါတယ်။

၂၀၀၈ ခုနှစ်တုန်းက Guangzhou မြို့မှာ လမ်းသစ်တွေတိုးချဲ့ဖို့အတွက် အဆောက်အဦးတွေကို ဖြိုဖျက်ပါတယ်။ လမ်းသစ်ဖောက်မယ့်နေရာနားမှာနေထိုင်သူတွေက သူတို့ရဲ့အိမ်တွေကို ရောင်းချပြီး နေရာသစ်မှာ ပြောင်းရွှေ့နေထိုင်ကြပါတယ်။

ဒါပေမယ့် Number 28 on Yongxing Jie မှာနေထိုင်သူတွေကတော့ သူတို့နေထိုင်တဲ့နေရာကနေ မပြောင်းရွှေ့သွားချင်ပါဘူး။ အဲဒါကြောင့် လမ်းဖောက်လုပ်သူတွေက အိမ်ကို ဝိုက်ပြီးတော့ လမ်းကို ဖောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

၈ ထပ်အဆောက်အဦးမှာနေထိုင်ကျန်ရစ်သူတွေကတော့ Guo Zhimingနဲ့ သူ့ရဲ့ညီပါ။ သူတို့ညီအစ်ကိုနှစ်ဦးကတော့ လုံးဝမပြောင်းရွှေ့သွားပါဘူး။ အဆောက်အဦးကနေ ပြောင်းသွားသူတွေကတော့ နောက်ထပ်တိုက်ခန်းဝယ်ဖို့အတွက် ငွေလုံလုံလောက်ရရှိသွားပါတယ်။ အဲ့ဒီအဆောက်အဦးကနေ စူပါမားကတ်ကို သွားရင် မိနစ်အနည်းငယ်နဲ့ ရောက်သွားနိုင်ပါတယ်။

Number 28 on Yongxing Jie အဆောက်အဦးရဲ့သတင်းက ၂၀၁၅ ခုနှစ်မှာ နိုင်ငံတကာသတင်းတွေအထိ ရောက်ရှိသွားပါတယ်။ ဘေးနှစ်ဖက်မှာ လမ်းတွေရှိပြီး အလယ်မှာ အဆောက်အဦးကြီးရှိတာကြောင့် Number 28 on Yongxing Jie က မြို့ရဲ့ဆွဲဆောင်မှုရှိတဲ့နေရာဖြစ်လာခဲ့ပါတယ်။

vdo

Zombie (lovemedia)

for zawgyi

လမ္းရႈပ္တဲ့လမ္းမႀကီးေတြရဲ႕အလယ္မွာ ထူးထူးဆန္းဆန္းတည္ရွိေနတဲ့ အေဆာက္အဦး

Number 28 on Yongxing Jie ဆိုတာကေတာ့ တ႐ုတ္ႏိုင္ငံ Guangzhou ၿမိဳ႕ရဲ႕ဆြဲေဆာင္မႈရွိတဲ့ေနရာတစ္ေနရာျဖစ္ပါတယ္။ Number 28 on Yongxing က ၈ ထပ္ရွိတဲ့အေဆာက္အဦးျဖစ္ၿပီးေတာ့ အေဆာက္အဦးရဲ႕ေဘးႏွစ္ဖက္လုံးဟာ လူသြားလူလာမ်ားတဲ့လမ္းမႀကီးေတြ ျဖစ္ေနပါတယ္။

၂၀၀၈ ခုႏွစ္တုန္းက Guangzhou ၿမိဳ႕မွာ လမ္းသစ္ေတြတိုးခ်ဲ႕ဖို႔အတြက္ အေဆာက္အဦးေတြကို ၿဖိဳဖ်က္ပါတယ္။ လမ္းသစ္ေဖာက္မယ့္ေနရာနားမွာေနထိုင္သူေတြက သူတို႔ရဲ႕အိမ္ေတြကို ေရာင္းခ်ၿပီး ေနရာသစ္မွာ ေျပာင္းေ႐ႊ႕ေနထိုင္ၾကပါတယ္။ ဒါေပမယ့္ Number 28 on Yongxing Jie မွာေနထိုင္သူေတြကေတာ့ သူတို႔ေနထိုင္တဲ့ေနရာကေန မေျပာင္းေ႐ႊ႕သြားခ်င္ပါဘူး။ အဲဒါေၾကာင့္ လမ္းေဖာက္လုပ္သူေတြက အိမ္ကို ဝိုက္ၿပီးေတာ့ လမ္းကို ေဖာက္ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။

၈ ထပ္အေဆာက္အဦးမွာေနထိုင္က်န္ရစ္သူေတြကေတာ့ Guo Zhimingနဲ႔ သူ႔ရဲ႕ညီပါ။ သူတို႔ညီအစ္ကိုႏွစ္ဦးကေတာ့ လုံးဝမေျပာင္းေ႐ႊ႕သြားပါဘူး။ အေဆာက္အဦးကေန ေျပာင္းသြားသူေတြကေတာ့ ေနာက္ထပ္တိုက္ခန္းဝယ္ဖို႔အတြက္ ေငြလုံလုံေလာက္ရရွိသြားပါတယ္။ အဲ့ဒီအေဆာက္အဦးကေန စူပါမားကတ္ကို သြားရင္ မိနစ္အနည္းငယ္နဲ႔ ေရာက္သြားႏိုင္ပါတယ္။

Number 28 on Yongxing Jie အေဆာက္အဦးရဲ႕သတင္းက ၂၀၁၅ ခုႏွစ္မွာ ႏိုင္ငံတကာသတင္းေတြအထိ ေရာက္ရွိသြားပါတယ္။ ေဘးႏွစ္ဖက္မွာ လမ္းေတြရွိၿပီး အလယ္မွာ အေဆာက္အဦးႀကီးရွိတာေၾကာင့္ Number 28 on Yongxing Jie က ၿမိဳ႕ရဲ႕ဆြဲေဆာင္မႈရွိတဲ့ေနရာျဖစ္လာခဲ့ပါတယ္။

Zombie (lovemedia)