အမေရိကန်နိုင်ငံမှာ ကမ္ဘာ့အသေးဆုံးဘဏ်လေးတစ်ခုတည်ရှိပါတယ်။ ဘဏ်က ဘယ်လောက်သေးသလဲဆိုရင် ဝန်ထမ်းက နှစ်ယောက်ပဲ ရှိပါတယ်။

ဘဏ်ရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၃သန်းရှိပြီးတော့ အေတီအမ်စက်လည်း မရှိသလို ဘဏ်ရဲ့ ဝက်ဘ်ဆိုက်လည်း မရှိပါဘူး။ ငွေလွှဲခနှုန်းထားတွေလည်း မပေးရပါဘူး။

အဲဒီဘဏ်နာမည်ကတော့ Kentland Federal Savings and Loan ဘဏ်ဖြစ်ပါတယ်။ ဒီဘဏ်က အမေရိကန်မှာလည်း အသေးဆုံးဘဏ်ဖြစ်ပါတယ်။ အသေးဆုံးဘဏ်ဖြစ်ပေမယ့် ဘဏ်ရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၁၀၀ ကျော်ပါပြီ။

Kentland Federal Savings and Loan ဘဏ်ကို ၁၉၂၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ တည်ထောင်ခဲ့သူက လက်ရှိဘဏ် CEOရဲ့ အဘေးဖြစ်ပါတယ်။ Indiana ပြည်နယ်မှာ ဘဏ်ခွဲတစ်ခုဖွင့်လှစ်ထားပါတယ်။

ဘဏ်မှာ ရနိုင်တဲ့ဝန်ဆောင်မှုတွေကတော့ အိမ်ပေါင်ခြင်း၊ စုငွေစာရင်းဖွင့်ခြင်းနဲ့ အာမခံငွေထားခြင်းတို့ပဲ ရရှိနိုင်ပါတယ်။ ဒီဘဏ်ကို အသုံးပြုသူတွေက ငွေတွေကို လုံခြုံစိတ်ချရသလို ခံစားရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘဏ်ရဲ့စီးပွားရေးက တဖြည်းဖြည်းနဲ့ ကျဆင်းလာပါတယ်။ ဒေသတွင်းမှာ ပြိုင်ဘက်ဘဏ်တွေကိုလည်း ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ပါဘူး။ ဘဏ်မှာ အေတီအမ်စက်မရှိတာကြောင့် အသုံးပြုသူတွေက တဖြည်းဖြည်းနဲ့ နည်းပါးလာပါတော့တယ်။

Zombie (lovemedia)

for zawgyi

ဝန္ထမ္းႏွစ္ေယာက္တည္းသာ ရွိတဲ့ကမာၻ႔အေသးဆုံးဘဏ္

အေမရိကန္ႏိုင္ငံမွာ ကမာၻ႔အေသးဆုံးဘဏ္ေလးတစ္ခုတည္ရွိပါတယ္။ ဘဏ္က ဘယ္ေလာက္ေသးသလဲဆိုရင္ ဝန္ထမ္းက ႏွစ္ေယာက္ပဲ ရွိပါတယ္။

ဘဏ္ရဲ႕ပိုင္ဆိုင္မႈက အေမရိကန္ေဒၚလာ ၃သန္းရွိၿပီးေတာ့ ေအတီအမ္စက္လည္း မရွိသလို ဘဏ္ရဲ႕ ဝက္ဘ္ဆိုက္လည္း မရွိပါဘူး။ ေငြလႊဲခႏႈန္းထားေတြလည္း မေပးရပါဘူး။ အဲဒီဘဏ္နာမည္ကေတာ့ Kentland Federal Savings and Loan ဘဏ္ျဖစ္ပါတယ္။ ဒီဘဏ္က အေမရိကန္မွာလည္း အေသးဆုံးဘဏ္ျဖစ္ပါတယ္။ အေသးဆုံးဘဏ္ျဖစ္ေပမယ့္ ဘဏ္ရဲ႕သက္တမ္းကေတာ့ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ပါၿပီ။

Kentland Federal Savings and Loan ဘဏ္ကို ၁၉၂၀ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာပါ။ တည္ေထာင္ခဲ့သူက လက္ရွိဘဏ္ CEOရဲ႕ အေဘးျဖစ္ပါတယ္။ Indiana ျပည္နယ္မွာ ဘဏ္ခြဲတစ္ခုဖြင့္လွစ္ထားပါတယ္။ ဘဏ္မွာ ရႏိုင္တဲ့ဝန္ေဆာင္မႈေတြကေတာ့ အိမ္ေပါင္ျခင္း၊ စုေငြစာရင္းဖြင့္ျခင္းနဲ႔ အာမခံေငြထားျခင္းတို႔ပဲ ရရွိႏိုင္ပါတယ္။ ဒီဘဏ္ကို အသုံးျပဳသူေတြက ေငြေတြကို လုံၿခဳံစိတ္ခ်ရသလို ခံစားရတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ဘဏ္ရဲ႕စီးပြားေရးက တျဖည္းျဖည္းနဲ႔ က်ဆင္းလာပါတယ္။ ေဒသတြင္းမွာ ၿပိဳင္ဘက္ဘဏ္ေတြကိုလည္း ယွဥ္ၿပိဳင္ႏိုင္စြမ္းမရွိေတာ့ပါဘူး။ ဘဏ္မွာ ေအတီအမ္စက္မရွိတာေၾကာင့္ အသုံးျပဳသူေတြက တျဖည္းျဖည္းနဲ႔ နည္းပါးလာပါေတာ့တယ္။

Zombie (lovemedia)