ယနေ့ခေတ်မှာ ကလေးတွေ အများကြီးမွေးထားတဲ့မိသားစုက ရှားပါးလာပါပြီ။ ဒါပေမယ့် Courtey Rogers တို့မိသားစုမှာတော့ ကလေး ၁၂ ယောက်ကို မွေးဖွားထားပါတယ်။ Courtey Rogers နဲ့သူမရဲ့ခင်ပွန်းတို့ ကလေး ၁၂ ယောက်တို့ရဲ့ စိတ်ဝင်စားစရာအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Courtey Rogers တို့မိသားစုမှာ ကလေးတွေအများကြီး ရှိတာကြောင့် လူအများရဲ့အာရုံစိုက်မှုကိုတော့ ခံရပါတယ်။ Courtey Rogers ရဲ့ ခင်ပွန်း Chris ကတော့ ဘုရားကျောင်းက သင်းအုပ်ဆရာဖြစ်ပါတယ်။ မကြာသေးခင်ကပဲ သူတို့ရဲ့ ၁၂ ယောက်မြောက်ကလေးကို မွေးဖွားထားတာပါ။

Courtey တို့မိသားစုက ၁၂ ဧက ကျယ်တဲ့ခြံဝန်းကျယ်ကြီးထဲမှာ နေထိုင်ကြပါတယ်။ ခြံထဲမှာ တိရစ္ဆာန်အကောင်ရေ ၁၄၀ လည်းရှိပါသေးတယ်။ သူတို့မိသားစုမှာတော့ ကလေးတွေက ယောက်ျားလေး ၆ ယောက် မိန်းကလေး ၆ ယောက်ဖြစ်ပါတယ်။

ကလေးတွေက အရမ်းများတာကြောင့် သူတို့အတွက် စိန်ခေါ်မှုတွေကလည်း အများကြီးပါပဲ။ ကလေးတွေကို ၁၂ နှစ်အတွင်း ၁၂ ယောက်မွေးထားတာဖြစ်တဲ့အတွက် လူတွေရဲ့ခန့်မှန်းချက်တွေ၊ ဝေဖန်မှုတွေကိုလည်း ခံရပါတယ်။ အချို့သောဝေဖန်မှုတွေက Courtey Rogers တို့ကိုသာမက ကလေးတွေကိုပါ ထိခိုက်စေတဲ့ ဝေဖန်မှုတွေပါပဲ။

ဒါပေမယ့် လူအများရဲ့လွဲမှားနေတဲ့ ထင်မြင်ချက်တွေကို Courtey ငြင်းဆန်ပြီး မိသားစုကို အကောင်းဆုံးပြုစုပျိူးထောင်ပါတယ်။ ကလေးတွေနဲ့ပတ်သက်ပြီးတော့ ငွေကြေးသုံးစွဲပုံတွေကိုလည်း အခြားမိဘတွေထံ မျှဝေလေ့ရှိပါတယ်။ Courtey Rogers တို့နှစ်ယောက်က သူတို့အတွက် ဇိမ်ခံပစ္စည်းတွေကို မသုံးဘဲ ကလေးတွေအတွက် လိုအပ်တာတွေကိုပဲ ဝယ်လေ့ရှိပါတယ်။


အစားအစာတွေကို အမေကိုယ်တိုင်အသီးအနှံတွေနဲ့ ချက်ပြုတ်ကျွေးမွေးတဲ့အပြင် အဝတ်အစားတွေကိုလည်း ကိုယ်တိုင်ပဲ လျှော်ဖွတ်ပါတယ်။ အပိုငွေမထွက်အောင်လို့ စနစ်တကျနဲ့ စိစစ်သုံးစွဲတတ်သူပါ။ Courteyအပေါ် ဝေဖန်မှုတွေ ရှိသလို သူမရဲ့အုပ်ထိန်းမှုကောင်းပုံကိုလည်း အခြားသောအမေတွေက ချီးကျူးကြပါတယ်။

Zombie (lovemedia)

for zawgyi

၁၂ ႏွစ္အတြင္း ကေလး ၁၂ ေယာက္ကို ေမြးဖြားခဲ့တဲ့မိခင္

ယေန႔ေခတ္မွာ ကေလးေတြ အမ်ားႀကီးေမြးထားတဲ့မိသားစုက ရွားပါးလာပါၿပီ။ ဒါေပမယ့္ Courtey Rogers တို႔မိသားစုမွာေတာ့ ကေလး ၁၂ ေယာက္ကို ေမြးဖြားထားပါတယ္။ Courtey Rogers နဲ႔သူမရဲ႕ခင္ပြန္းတို႔ ကေလး ၁၂ ေယာက္တို႔ရဲ႕ စိတ္ဝင္စားစရာအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Courtey Rogers တို႔မိသားစုမွာ ကေလးေတြအမ်ားႀကီး ရွိတာေၾကာင့္ လူအမ်ားရဲ႕အာ႐ုံစိုက္မႈကိုေတာ့ ခံရပါတယ္။ Courtey Rogers ရဲ႕ ခင္ပြန္း Chris ကေတာ့ ဘုရားေက်ာင္းက သင္းအုပ္ဆရာျဖစ္ပါတယ္။ မၾကာေသးခင္ကပဲ သူတို႔ရဲ႕ ၁၂ ေယာက္ေျမာက္ကေလးကို ေမြးဖြားထားတာပါ။

Courtey တို႔မိသားစုက ၁၂ ဧက က်ယ္တဲ့ၿခံဝန္းက်ယ္ႀကီးထဲမွာ ေနထိုင္ၾကပါတယ္။ ၿခံထဲမွာ တိရစာၦန္အေကာင္ေရ ၁၄၀ လည္းရွိပါေသးတယ္။ သူတို႔မိသားစုမွာေတာ့ ကေလးေတြက ေယာက္်ားေလး ၆ ေယာက္ မိန္းကေလး ၆ ေယာက္ျဖစ္ပါတယ္။

ကေလးေတြက အရမ္းမ်ားတာေၾကာင့္ သူတို႔အတြက္ စိန္ေခၚမႈေတြကလည္း အမ်ားႀကီးပါပဲ။ ကေလးေတြကို ၁၂ ႏွစ္အတြင္း ၁၂ ေယာက္ေမြးထားတာျဖစ္တဲ့အတြက္ လူေတြရဲ႕ခန႔္မွန္းခ်က္ေတြ၊ ေဝဖန္မႈေတြကိုလည္း ခံရပါတယ္။ အခ်ိဳ႕ေသာေဝဖန္မႈေတြက Courtey Rogers တို႔ကိုသာမက ကေလးေတြကိုပါ ထိခိုက္ေစတဲ့ ေဝဖန္မႈေတြပါပဲ။

ဒါေပမယ့္ လူအမ်ားရဲ႕လြဲမွားေနတဲ့ ထင္ျမင္ခ်က္ေတြကို Courtey ျငင္းဆန္ၿပီး မိသားစုကို အေကာင္းဆုံးျပဳစုပ်ိဴးေထာင္ပါတယ္။ ကေလးေတြနဲ႔ပတ္သက္ၿပီးေတာ့ ေငြေၾကးသုံးစြဲပုံေတြကိုလည္း အျခားမိဘေတြထံ မွ်ေဝေလ့ရွိပါတယ္။ Courtey Rogers တို႔ႏွစ္ေယာက္က သူတို႔အတြက္ ဇိမ္ခံပစၥည္းေတြကို မသုံးဘဲ ကေလးေတြအတြက္ လိုအပ္တာေတြကိုပဲ ဝယ္ေလ့ရွိပါတယ္။

အစားအစာေတြကို အေမကိုယ္တိုင္အသီးအႏွံေတြနဲ႔ ခ်က္ျပဳတ္ေကြၽးေမြးတဲ့အျပင္ အဝတ္အစားေတြကိုလည္း ကိုယ္တိုင္ပဲ ေလွ်ာ္ဖြတ္ပါတယ္။ အပိုေငြမထြက္ေအာင္လို႔ စနစ္တက်နဲ႔ စိစစ္သုံးစြဲတတ္သူပါ။ Courteyအေပၚ ေဝဖန္မႈေတြ ရွိသလို သူမရဲ႕အုပ္ထိန္းမႈေကာင္းပုံကိုလည္း အျခားေသာအေမေတြက ခ်ီးက်ဴးၾကပါတယ္။

Zombie (lovemedia)