လူငယ်တယောက်ဟာ ပန်းခြံမှာ အပန်းဖြေ နားနေခိုက် ဗိုက်နာလာလို့ အိမ်သာလိုက်ရှာတာ မတွေ့ဘူးတဲ့။ နောက်တော့ အောင့်မထားနိုင်တော့တာနဲ့ ပန်းရုံဘေးမှာ ကိစ္စရှင်းနေတုန်း လုံခြုံရေးအရာရှိနဲ့ ပက်ပင်းတိုးတယ်။ "ဟေ့လူ၊ ဒါ အများပြည်သူပိုင်တဲ့နေရာဗျ၊ ဒီလိုနေရာမျိုးမှာ ခင်ဗျားမို့ မိုက်ရိုင်းဝံ့တယ်" လို့ အော်တယ်။

လူငယ်က "အိမ်သာမတွေ့လို့ပါဆရာ ကျွန်တော် အောင့်မထားနိုင်တော့တာနဲ့ ထုတ်လိုက်ရတာပါ" လို့ ဖြေတယ်။ သူတို့ အချေအတင် စကားများနေတော့ ဘေးက အပန်းဖြေသူတွေကလည်း စူးစမ်းတဲ့ သဘောနဲ့ ဝိုင်းအုံလာကြတယ်။ "ဘာဖြစ်တာလဲ" ပေါ့။

"ဒီမှာ အများပြည်သူပိုင် ပန်းခြံထဲလာပြီး မစင်စွန့်တဲ့ ကောင်ဗျ" လို့ အရာရှိက ဖြေတော့ လူအုပ်ကြီးက ဒေါသတွေထွက်ပြီး ဆဲကြတယ်။

"မိုက်ရိုင်းလိုက်တာ၊ မရှက်ဘူးလား" စသဖြင့် ပြောဆိုကြရင်း "ဟေ့ လူလိုမသိတတ်တဲ့ ဒီလူကိုတော့ အပြစ်ပေးမှ ရမယ်" ဆိုပြီး ဆူညံကုန်ရော။

လုံခြုံရေးအရာရှိကလည်း ရန်ပွဲဖြစ်မှာ စိုးရိမ်လာပြီး "နေကြပါဗျာ ကိုယ်ထိလက်ရောက် လုပ်စရာမလိုပါဘူး၊ သူ့ကို ဥပဒေအရ တရားစွဲ အရေးယူလို့ ရပါတယ်။ တရားသဖြင့် အပြစ်ပေးလို့ ရပါတယ်" လို့ပြောတယ်။

အဲဒီစကားကြားတော့ လူငယ်က မျက်နှာငယ်လေးနဲ့ "ခဏလေးဗျာ ခဏလေးနားထောင်ကြပါဦး။ ကျုပ်ကိစ္စ ကျုပ်ရှင်းပါ့မယ်၊ တရားတော့ မစွဲပါနဲ့" လို့ ပြောတယ်။ ပြီးတော့ ချက်ချင်းပဲ ပန်းရုံဘေးက သူ့အီးပုံဘက် ခေါင်းလှည့်ပြီး ကုန်းစား လိုက်တော့တာပဲတဲ့။

အဲဒီမှာ အရာရှိအပါအဝင် ဒေါသနဲ့ ဝိုင်းကြည့်နေကြသူအားလုံး ဒီမြင်ကွင်းကို မြင်ပြီး မျက်လုံးတွေ ပြူးပြီး တဝေါ့ဝေါ့ ထိုးအန်ကြတော့တယ်။ အရာရှိက "တော်တော့ မစားပါနဲ့တော့ မင်းကို တရားမစွဲတော့ဘူး၊ ရပ်ပါတော့" လို့ အန်နေရင်း အော်ပြောရတယ်။ အနားက လူတွေလည်း ထွက်ပြေးသွားကြတာပဲတဲ့။

အန်တာ ရပ်မှ အရာရှိက ပြောတယ်။ "အတော်ရူးတဲ့ကောင်ပဲ၊ ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးရင်တောင် မင်းကို ချီးစားခိုင်းတာမျိုးတော့ အပြစ်မပေးဘူးကွ" လို့ ပြောတော့ လူငယ်က "ဟုတ်ကဲ့၊ ချီးစားပါ ဆိုရင်တောင် သိပ်မရွံသေးဘူး။ တရားဥပဒေ ဆိုတဲ့ အသံကြားရင်တော့ ကျွန်တော်က ချီးထက် ရွံပါတယ်ဆရာ" တဲ့။ crd

Zawgyi

အရမ္းရြံဖို့ေကာင္းတယ္

လူငယ္တေယာက္ဟာ ပန္းၿခံမွာ အပန္းေျဖ နားေနခိုက္ ဗိုက္နာလာလို႔ အိမ္သာလိုက္ရွာတာ မေတြ႕ဘူးတဲ့။ ေနာက္ေတာ့ ေအာင့္မထားႏိုင္ေတာ့တာနဲ႔ ပန္း႐ုံေဘးမွာ ကိစၥရွင္းေနတုန္း လုံၿခဳံေရးအရာရွိနဲ႔ ပက္ပင္းတိုးတယ္။ "ေဟ့လူ၊ ဒါ အမ်ားျပည္သူပိုင္တဲ့ေနရာဗ်၊ ဒီလိုေနရာမ်ိဳးမွာ ခင္ဗ်ားမို႔ မိုက္႐ိုင္းဝံ့တယ္" လို႔ ေအာ္တယ္။

လူငယ္က "အိမ္သာမေတြ႕လို႔ပါဆရာ ကြၽန္ေတာ္ ေအာင့္မထားႏိုင္ေတာ့တာနဲ႔ ထုတ္လိုက္ရတာပါ" လို႔ ေျဖတယ္။ သူတို႔ အေခ်အတင္ စကားမ်ားေနေတာ့ ေဘးက အပန္းေျဖသူေတြကလည္း စူးစမ္းတဲ့ သေဘာနဲ႔ ဝိုင္းအုံလာၾကတယ္။ "ဘာျဖစ္တာလဲ" ေပါ့။

"ဒီမွာ အမ်ားျပည္သူပိုင္ ပန္းၿခံထဲလာၿပီး မစင္စြန႔္တဲ့ ေကာင္ဗ်" လို႔ အရာရွိက ေျဖေတာ့ လူအုပ္ႀကီးက ေဒါသေတြထြက္ၿပီး ဆဲၾကတယ္။ "မိုက္႐ိုင္းလိုက္တာ၊ မရွက္ဘူးလား" စသျဖင့္ ေျပာဆိုၾကရင္း "ေဟ့ လူလိုမသိတတ္တဲ့ ဒီလူကိုေတာ့ အျပစ္ေပးမွ ရမယ္" ဆိုၿပီး ဆူညံကုန္ေရာ။

လုံၿခဳံေရးအရာရွိကလည္း ရန္ပြဲျဖစ္မွာ စိုးရိမ္လာၿပီး "ေနၾကပါဗ်ာ ကိုယ္ထိလက္ေရာက္ လုပ္စရာမလိုပါဘူး၊ သူ႔ကို ဥပေဒအရ တရားစြဲ အေရးယူလို႔ ရပါတယ္။ တရားသျဖင့္ အျပစ္ေပးလို႔ ရပါတယ္" လို႔ေျပာတယ္။

အဲဒီစကားၾကားေတာ့ လူငယ္က မ်က္ႏွာငယ္ေလးနဲ႔ "ခဏေလးဗ်ာ ခဏေလးနားေထာင္ၾကပါဦး။ က်ဳပ္ကိစၥ က်ဳပ္ရွင္းပါ့မယ္၊ တရားေတာ့ မစြဲပါနဲ႔" လို႔ ေျပာတယ္။ ၿပီးေတာ့ ခ်က္ခ်င္းပဲ ပန္း႐ုံေဘးက သူ႔အီးပုံဘက္ ေခါင္းလွည့္ၿပီး ကုန္းစား လိုက္ေတာ့တာပဲတဲ့။

အဲဒီမွာ အရာရွိအပါအဝင္ ေဒါသနဲ႔ ဝိုင္းၾကည့္ေနၾကသူအားလုံး ဒီျမင္ကြင္းကို ျမင္ၿပီး မ်က္လုံးေတြ ျပဴးၿပီး တေဝါ့ေဝါ့ ထိုးအန္ၾကေတာ့တယ္။ အရာရွိက "ေတာ္ေတာ့ မစားပါနဲ႔ေတာ့ မင္းကို တရားမစြဲေတာ့ဘူး၊ ရပ္ပါေတာ့" လို႔ အန္ေနရင္း ေအာ္ေျပာရတယ္။ အနားက လူေတြလည္း ထြက္ေျပးသြားၾကတာပဲတဲ့။

အန္တာ ရပ္မွ အရာရွိက ေျပာတယ္။ "အေတာ္႐ူးတဲ့ေကာင္ပဲ၊ ဥပေဒအရ ျပင္းျပင္းထန္ထန္ အျပစ္ေပးရင္ေတာင္ မင္းကို ခ်ီးစားခိုင္းတာမ်ိဳးေတာ့ အျပစ္မေပးဘူးကြ" လို႔ ေျပာေတာ့ လူငယ္က "ဟုတ္ကဲ့၊ ခ်ီးစားပါ ဆိုရင္ေတာင္ သိပ္မ႐ြံေသးဘူး။ တရားဥပေဒ ဆိုတဲ့ အသံၾကားရင္ေတာ့ ကြၽန္ေတာ္က ခ်ီးထက္ ႐ြံပါတယ္ဆရာ" တဲ့။ crd