တခါတုန်းက နာမည်ကြီး တက္ကသိုလ်မှ ဆရာတဦးသည် ချောင်ကျသော ရွာတရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တလျှောက် လည်ပတ်သည်။ လှေ စတင် ထွက်သောအခါ ဆရာက လှေသမားအား

" ခင်ဗျား သင်္ချာဗေဒ တတ်သလား "

" ကျွန်တော် မတတ်ပါဘူး "

" ရူပဗေဒ တတ်သလား "

" အဲဒါလဲ မတတ်ပါဘူး "

" ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ သုံးတတ်လား "

" စိတ်မကောင်းပါဘူး အဲဒါလဲ ကျွန်တော် မတတ်ပါဘူး "

ဆရာမှာ ခေါင်းခါပြီး " သင်္ချာ မတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ ၂ ပုံ ကို ခင်ဗျား ဆုံးရှုံးမယ် "

" ရူပဗေဒ မတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ ၁ ပုံကို ဆုံးရှုံးမယ် "

" ကွန်ပြူတာ မတတ်ရင် လူ့ဘဝရဲ့ ၆ ပုံ ၁ ပုံ ဆုံးရှုံးမယ် ၊ ခင်ဗျားရဲ့ ဘဝ ၆ ပုံ ၄ ပုံ ဆုံးရှုံးသွားပြီ "

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်ကင်းတွင် တိမ်ညိုများ တတ်လာသည်။ မကြာပြီ မိုးသက်လေပြင်း ကျရောက်တော့မည် ။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား ရေကူးတတ်သလား " ဟု မေးလိုက်သည်။

ဆရာက ခဏမျှ ဆွံ့အပြီး " ကျွန်တော် မကူးတတ်ဘူး တခါမှ မသင်ဖူးဘူး " ဟု ဖြေလေသည်။ လှေသမားမှာ ခေါင်းကို အသွင်သွင် ရမ်းပြီး

" ဒါဆိုရင် ခင်ဗျားရဲ့ ဘဝ ၆ ပုံ စလုံးဟာ ဆုံးရှုံးရတော့မယ် " ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့စံချိန်နဲ့ အခြားလူတယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင် တဦးပါ။ သူ့ဘဝမှာ သင်္ချာ၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေ မတတ်ရင် လူ့ဘဝဟာအဓိပ္ပါယ်မဲ့ ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။

လှေသမားအတွက် ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် " ရှင်သန် " ဖို့ အားအင်တွေ ရှိနေဖို့ပါပဲ။ ဒါပေမယ့် အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမဝင် ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့် ရမှာပါ။

ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မကြိုးစားပါနဲ့ ။

Crd

Zawgyi

လူတေယာက္ တန္ဖိုး

တခါတုန္းက နာမည္ႀကီး တကၠသိုလ္မွ ဆရာတဦးသည္ ေခ်ာင္က်ေသာ ႐ြာတ႐ြာသို႔ သြားေရာက္ လည္ပတ္ခဲ့သည္။ ႐ြာသို႔ေရာက္ေသာ္ ေလွတစီးငွားၿပီး ျမစ္တေလွ်ာက္ လည္ပတ္သည္။ ေလွ စတင္ ထြက္ေသာအခါ ဆရာက ေလွသမားအား

" ခင္ဗ်ား သခ်ၤာေဗဒ တတ္သလား "

" ကြၽန္ေတာ္ မတတ္ပါဘူး "

" ႐ူပေဗဒ တတ္သလား "

" အဲဒါလဲ မတတ္ပါဘူး "

" ဒါဆိုရင္ ခင္ဗ်ား ကြန္ျပဴတာ သုံးတတ္လား "

" စိတ္မေကာင္းပါဘူး အဲဒါလဲ ကြၽန္ေတာ္ မတတ္ပါဘူး "

ဆရာမွာ ေခါင္းခါၿပီး " သခ်ၤာ မတတ္ရင္ လူ႔ဘဝရဲ႕ ၆ ပုံ ၂ ပုံ ကို ခင္ဗ်ား ဆုံးရႈံးမယ္ "

" ႐ူပေဗဒ မတတ္ရင္ လူ႔ဘဝရဲ႕ ၆ ပုံ ၁ ပုံကို ဆုံးရႈံးမယ္ "

" ကြန္ျပဴတာ မတတ္ရင္ လူ႔ဘဝရဲ႕ ၆ ပုံ ၁ ပုံ ဆုံးရႈံးမယ္ ၊ ခင္ဗ်ားရဲ႕ ဘဝ ၆ ပုံ ၄ ပုံ ဆုံးရႈံးသြားၿပီ "

ထိုခဏအတြင္း ရာသီဥတု ေျပာင္းၿပီး ေကာင္ကင္းတြင္ တိမ္ညိဳမ်ား တတ္လာသည္။ မၾကာၿပီ မိုးသက္ေလျပင္း က်ေရာက္ေတာ့မည္ ။ ထိုအခါ ေလွသမားက ဆရာအား " ခင္ဗ်ား ေရကူးတတ္သလား " ဟု ေမးလိုက္သည္။

ဆရာက ခဏမွ် ဆြံ႕အၿပီး " ကြၽန္ေတာ္ မကူးတတ္ဘူး တခါမွ မသင္ဖူးဘူး " ဟု ေျဖေလသည္။ ေလွသမားမွာ ေခါင္းကို အသြင္သြင္ ရမ္းၿပီး

" ဒါဆိုရင္ ခင္ဗ်ားရဲ႕ ဘဝ ၆ ပုံ စလုံးဟာ ဆုံးရႈံးရေတာ့မယ္ " ဟု ျပန္ေျဖခဲ့သည္။

လူတေယာက္ဟာ ကိုယ့္ရဲ႕ အဆင့္အတန္း ကိုယ့္ရဲ႕စံခ်ိန္နဲ႔ အျခားလူတေယာက္ကို သြားတိုင္းတာလို႔ မရပါဘူး။ ပုံျပင္ထဲက ဆရာဟာ ပညာရွင္ တဦးပါ။ သူ႔ဘဝမွာ သခ်ၤာ၊ ႐ူပ၊ ကြန္ျပဴတာ ပညာေတြသာ အေရးႀကီးတယ္လို႔ ထင္ေနသူပါ။ ဒီပညာေတြ မတတ္ရင္ လူ႔ဘဝဟာအဓိပၸါယ္မဲ့ ၿပီလို႔ ထင္ေနသူပါ။ ဒါဟာ ပညာရွင္ေတြရဲ႕ အယူအဆပါ။

ေလွသမားအတြက္ ကေတာ့ သူ႔အတြက္ ဒီပညာ မတတ္လဲ ဘာမွမျဖစ္ဘူး။ အေရးႀကီးတာက သူ႔အတြက္ " ရွင္သန္ " ဖို႔ အားအင္ေတြ ရွိေနဖို႔ပါပဲ။ ဒါေပမယ့္ အေရးႀကဳံလာတဲ့ အခ်ိန္မွာ ဆရာတတ္ထားတဲ့ ပညာဟာ ဘာမွ အသုံးမဝင္ ခဲ့ဘူး။ ေလွေမွာက္သြားရင္ ေရကူးတတ္တဲ့ လူသာ အသက္ရွင္ခြင့္ ရမွာပါ။

ကိုယ့္စံႏႈန္းနဲ႔ သူမ်ားကို တိုင္းတာဖို႔ မႀကိဳးစားပါနဲ႔ ။

Crd