တခါတုန်းက သူငယ်ချင်းနှစ်ယောက် အတူတူ ခရီးတခု ထွက်လာခဲ့ ရာမှာ ပူပြင်းလှတဲ့ ရာသီဥတုကြောင့် ပင်ပန်းနွမ်းလျလို့ နေပါတယ်။ ဒီလိုနဲ့ တရွေ့ရွေ့ ခရီးဆက်လာကြရင်း တနေရာ အရောက် မှာတော့ သစ်ပင်အိုကြီး တပင်ကို တွေ့လိုက်ရ ပါတယ်။

သူငယ်ချင်း နှစ်ယောက်ဟာ ဝမ်းသာအားရနဲ့ သစ်ပင်ကြီးရဲ့ အောက်မှာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်ပြီး အနားယူလိုက် ပါတယ်။ အဲဒီလိုနဲ့ သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ လဲလျောင်း အနားယူနေရင်း သူငယ်ချင်းတယောက်က သစ်ပင်ကြီးရဲ့ အကိုင်းအလက်တွေကို ကြည့်ပြီး အခုလိုပဲ သူ့ရဲ့ သူငယ်ချင်း ဖြစ်သူကို ပြောလိုက်ပါတယ် ။

" ဒီသစ်ပင်ကြီးကို ကြည့်ပါဦး ၊ အိုမင်းနေပြီနော် ၊ ပြီးတော့ စားစရာ ဘာသစ်သီး သစ်ဖု မှလည်း မရှိဘူး ။ ပင်စည်က လွဲပြီး ဘာမှ အသုံးမဝင်ဘူး " လို့ ပြောလိုက်ပါတယ် ။ ဒါကို ကြားသွားတဲ့ သစ်ပင်ကြီးက..

" မိတ်ဆွေတို့ရေ ၊ ကျွန်ုပ်ဟာ လူသူ အရောက်အပေါက် နည်းတဲ့ နေရာဒေသမှာ တဦးတည်း ရပ်တည်နေရ တာပါ။ ဘယ်သူမှလည်း ရေလာမလောင်းပေး သလို ဘယ်သူမှလည်း မြေသြဇာ ကောင်းကောင်း မကျွေးပါဘူး။

မိတ်ဆွေတို့ ပြောသလို ကျွန်ုပ်မှာ မိတ်ဆွေတို့ အဆာပြေ၊ ရေငတ်ပြေ စားသုံးနိုင်တဲ့ သစ်သီးတွေတော့ မရှိပါဘူး ။ ဒါပေမဲ့ မိတ်ဆွေတို့ ပြောသလို ပင်စည်က လွဲပြီး အသုံးမဝင် တာတော့ မဟုတ်ပါဘူးဗျာ ။ အခု မိတ်ဆွေတို့ ခိုနားနေတဲ့ အရိပ်အာဝါသက ကျွန်ုပ်ဆီက ရတာပါ။

ကျွန်ုပ်ပေးနိင်တဲ့ အရိပ်အာဝါသက အခုချိန်မှာ မိတ်ဆွေတို့ ခရီးဆက်ဖို့ အတွက် အလွန် အသုံးဝင် ပါတယ် ။ ဒီအတွက်ကြောင့် ကျွန်ုပ်ကို ပင်စည်က လွဲပြီး ဘာမှ အသုံးမဝင်ဘူး လို့တော့ မသတ်မှတ်စေချင် ပါဘူး " လို့ စိတ်မကောင်းစွာနဲ့ ပြောလိုက်ပါတယ် ။

ကျွန်တော်တို့လည်း အလားတူပါပဲ ။ တခါတလေ သူငယ်ချင်း အချင်းချင်း ယှဉ်ပြိုင်မိ၊ အားကျမိတဲ့ အခါ မဆီမဆိုင် မိဘတွေကို အပြစ်တင်ခဲ့ မိပါတယ်။

အမေကသာ ချောချောလှလှလေး မွေးလာခဲ့ရင်၊ အသားဖြူဖြူလေး မွေးလာခဲ့ရင် ဆိုပြီး ပြစ်တင်နေ ခဲ့သလို အဖေသာ သူဌေးကြီးတယောက်ဖြစ်ပြီး ငါလိုချင်တာ မှန်သမျှ ဝယ်ပေးနိုင်မယ် ဆိုရင် ဘယ်လောက် ကောင်းမလဲ ဆိုပြီး အားမလို အားမရ ဖြစ်ခဲ့ဖူးကြ ပါတယ် ။

အမှန်တကယ်က အခုလိုမျိုး ကိုယ်လက်အင်္ဂါ စုံစုံနဲ့ လူတန်းစေ့ နေနိုင်စားနိုင်အောင် မိဘနှစ်ပါးရဲ့ ပြုစုစောင့်ရှောက် ပေးခဲ့တာတွေကို မေ့လျော့ နေခဲ့လို့ပဲ ဖြစ်ပါတယ် ။

လိုချင် တပ်မက်မှုတွေ များလာတဲ့အခါ ကိုယ်ပိုင်ဆိုင် ထားတဲ့ အကောင်းဆုံးသော အရာတွေကို မေ့လျော့သွားတတ် ပါတယ်။

ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေကို မမေ့မလျော့ဘဲ အမြဲတမ်း အောက်မေ့ သတိရနေသင့် ပါတယ် ။

crd

Zawgyi

အသုံးမဝင္တဲ့ သစ္ပင္

တခါတုန္းက သူငယ္ခ်င္းႏွစ္ေယာက္ အတူတူ ခရီးတခု ထြက္လာခဲ့ ရာမွာ ပူျပင္းလွတဲ့ ရာသီဥတုေၾကာင့္ ပင္ပန္းႏြမ္းလ်လို႔ ေနပါတယ္။ ဒီလိုနဲ႔ တေ႐ြ႕ေ႐ြ႕ ခရီးဆက္လာၾကရင္း တေနရာ အေရာက္ မွာေတာ့ သစ္ပင္အိုႀကီး တပင္ကို ေတြ႕လိုက္ရ ပါတယ္။

သူငယ္ခ်င္း ႏွစ္ေယာက္ဟာ ဝမ္းသာအားရနဲ႔ သစ္ပင္ႀကီးရဲ႕ ေအာက္မွာ ေျခပစ္လက္ပစ္ ထိုင္ခ် လိုက္ၿပီး အနားယူလိုက္ ပါတယ္။ အဲဒီလိုနဲ႔ သစ္ပင္ႀကီးရဲ႕ အရိပ္ေအာက္မွာ လဲေလ်ာင္း အနားယူေနရင္း သူငယ္ခ်င္းတေယာက္က သစ္ပင္ႀကီးရဲ႕ အကိုင္းအလက္ေတြကို ၾကည့္ၿပီး အခုလိုပဲ သူ႔ရဲ႕ သူငယ္ခ်င္း ျဖစ္သူကို ေျပာလိုက္ပါတယ္ ။

" ဒီသစ္ပင္ႀကီးကို ၾကည့္ပါဦး ၊ အိုမင္းေနၿပီေနာ္ ၊ ၿပီးေတာ့ စားစရာ ဘာသစ္သီး သစ္ဖု မွလည္း မရွိဘူး ။ ပင္စည္က လြဲၿပီး ဘာမွ အသုံးမဝင္ဘူး " လို႔ ေျပာလိုက္ပါတယ္ ။ ဒါကို ၾကားသြားတဲ့ သစ္ပင္ႀကီးက

" မိတ္ေဆြတို႔ေရ ၊ ကြၽႏ္ုပ္ဟာ လူသူ အေရာက္အေပါက္ နည္းတဲ့ ေနရာေဒသမွာ တဦးတည္း ရပ္တည္ေနရ တာပါ။ ဘယ္သူမွလည္း ေရလာမေလာင္းေပး သလို ဘယ္သူမွလည္း ေျမၾသဇာ ေကာင္းေကာင္း မေကြၽးပါဘူး။

မိတ္ေဆြတို႔ ေျပာသလို ကြၽႏ္ုပ္မွာ မိတ္ေဆြတို႔ အဆာေျပ၊ ေရငတ္ေျပ စားသုံးႏိုင္တဲ့ သစ္သီးေတြေတာ့ မရွိပါဘူး ။ ဒါေပမဲ့ မိတ္ေဆြတို႔ ေျပာသလို ပင္စည္က လြဲၿပီး အသုံးမဝင္ တာေတာ့ မဟုတ္ပါဘူးဗ်ာ ။ အခု မိတ္ေဆြတို႔ ခိုနားေနတဲ့ အရိပ္အာဝါသက ကြၽႏ္ုပ္ဆီက ရတာပါ။

ကြၽႏ္ုပ္ေပးနိင္တဲ့ အရိပ္အာဝါသက အခုခ်ိန္မွာ မိတ္ေဆြတို႔ ခရီးဆက္ဖို႔ အတြက္ အလြန္ အသုံးဝင္ ပါတယ္ ။ ဒီအတြက္ေၾကာင့္ ကြၽႏ္ုပ္ကို ပင္စည္က လြဲၿပီး ဘာမွ အသုံးမဝင္ဘူး လို႔ေတာ့ မသတ္မွတ္ေစခ်င္ ပါဘူး " လို႔ စိတ္မေကာင္းစြာနဲ႔ ေျပာလိုက္ပါတယ္ ။

ကြၽန္ေတာ္တို႔လည္း အလားတူပါပဲ ။ တခါတေလ သူငယ္ခ်င္း အခ်င္းခ်င္း ယွဥ္ၿပိဳင္မိ၊ အားက်မိတဲ့ အခါ မဆီမဆိုင္ မိဘေတြကို အျပစ္တင္ခဲ့ မိပါတယ္။ အေမကသာ ေခ်ာေခ်ာလွလွေလး ေမြးလာခဲ့ရင္၊ အသားျဖဴျဖဴေလး ေမြးလာခဲ့ရင္ ဆိုၿပီး ျပစ္တင္ေန ခဲ့သလို အေဖသာ သူေဌးႀကီးတေယာက္ျဖစ္ၿပီး ငါလိုခ်င္တာ မွန္သမွ် ဝယ္ေပးႏိုင္မယ္ ဆိုရင္ ဘယ္ေလာက္ ေကာင္းမလဲ ဆိုၿပီး အားမလို အားမရ ျဖစ္ခဲ့ဖူးၾက ပါတယ္ ။

အမွန္တကယ္က အခုလိုမ်ိဳး ကိုယ္လက္အဂၤါ စုံစုံနဲ႔ လူတန္းေစ့ ေနႏိုင္စားႏိုင္ေအာင္ မိဘႏွစ္ပါးရဲ႕ ျပဳစုေစာင့္ေရွာက္ ေပးခဲ့တာေတြကို ေမ့ေလ်ာ့ ေနခဲ့လို႔ပဲ ျဖစ္ပါတယ္ ။

လိုခ်င္ တပ္မက္မႈေတြ မ်ားလာတဲ့အခါ ကိုယ္ပိုင္ဆိုင္ ထားတဲ့ အေကာင္းဆုံးေသာ အရာေတြကို ေမ့ေလ်ာ့သြားတတ္ ပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုင္ဆိုင္ထားတဲ့ တန္ဖိုး မျဖတ္ႏိုင္တဲ့ အရာေတြကို မေမ့မေလ်ာ့ဘဲ အၿမဲတမ္း ေအာက္ေမ့ သတိရေနသင့္ ပါတယ္ ။

crd