ဟိုးရှေးရှေးတုန်းက လှပဖြောင့်စင်းပြီး မြင့်မားတဲ့ အပင်တွေရှိတဲ့ တောအုပ်ကြီးတခု ရှိသတဲ့။ ဒါပေမဲ့ အဲဒီ တောအုပ်ထဲမှာ အထီးကျန် အပစ်ပယ်ခံထားရတဲ့ သစ်ပင်တပင် ရှိတယ်။ သူက သူ့နားက တခြားအပင်တွေနဲ့ မတူဘူးတဲ့။

သစ်ပင်ကလည်း တွန့်လိမ် ကောက်ကွေးနေတယ်။ သူ့ဘေးက အပင်တွေလို လှပမြင့်မားတဲ့ အပင်မဟုတ်ဘူးပေါ့။ ထူထူပိန်းပိန်း အပွေးအခေါက်တွေကလည်း လှပတဲ့ အသွင်ကို မဆောင်ဘူးတဲ့လေ။

တခြားသစ်ပင်တွေက သူ့ကို လှောင်ရီကြသတဲ့။ လှပတဲ့ အပင်တွေရဲ့ အသိုင်းအဝိုင်းမှာ မဝင်ဆန့်တဲ့ အပင်ပေါ့လေ။ ဒါကြောင့် အရုပ်ဆိုးတဲ့ အပင်ဟာ အမြဲတမ်း ဝမ်းနည်းနေရသတဲ့။

သူဟာ တခြားအပင်တွေကို ငေးကြည့်ရင်း သက်ပြင်း အခါခါ ချမိပါရဲ့။ "ငါဟာ တခြားလှပတဲ့ အပင်တွေလို ဖြစ်ချင်စမ်းပါဘိ။ ကံကြမ္မာက ငါ့အပေါ် ရက်စက်လိုက်တာ" လို့ အမြဲလိုလို ညည်းညူနေမိပါတယ်။

တရက်တော့ သစ်ခုတ်သမားအဖွဲ့ တောအုပ်ထဲကို ရောက်လာတယ်။ သူတို့ဟာ အရုပ်ဆိုးလှတဲ့ သစ်ပင်ကို ကြည့်ပြီး ကဲ့ရဲ့ကြတယ်။ "ကောက်ကွေးလိမ်နေတဲ့ ဒီအပင်ဟာ ငါတို့အတွက် အတော် အသုံးမကျတာဘဲ" လို့ ဆိုကြတယ်။

ဒီလိုနဲ့ သစ်ခုတ်သမားတွေဟာ ချောမွတ်မြင့်မားတဲ့ သစ်ပင်တွေကိုပဲ အသုံးပြုဖို့ ခုတ်သွားကြတော့တယ်။ ကျန်တဲ့အပင်တွေ အကုန်ခုတ်သွားတော့ ရုပ်ဆိုးတဲ့ အပင်ကြီး တပင်ထဲ ကျန်ခဲ့တာပေါ့။

အရုပ်ဆိုးတဲ့ ကောက်ကွေးလိမ်နေတဲ့ သစ်ပင်ဟာ သူ့ကို တသက်လုံး စိတ်ဆင်းရဲစေတဲ့ အရာက ကယ်တင်သွားခဲ့ပါလားလို့ ဒီတော့မှ နားလည်မိတော့သတဲ့။ စိတ်ညစ်စရာ အားနည်းချက်ကိုပဲ တွေးတောပြီး ပူပန် မနေပါနဲ့။ အဲဒါဟာ အားနည်းချက် ဟုတ်ချင်မှ ဟုတ်မှာပါ။ သံလွင်မြင့်

Zawgyi

အခုကံဆိုးျခင္းဟာ အနာဂတ္အတြက္ ကံေကာင္းျခင္း ျဖစ္တယ္

ဟိုးေရွးေရွးတုန္းက လွပေျဖာင့္စင္းၿပီး ျမင့္မားတဲ့ အပင္ေတြရွိတဲ့ ေတာအုပ္ႀကီးတခု ရွိသတဲ့။ ဒါေပမဲ့ အဲဒီ ေတာအုပ္ထဲမွာ အထီးက်န္ အပစ္ပယ္ခံထားရတဲ့ သစ္ပင္တပင္ ရွိတယ္။ သူက သူ႔နားက တျခားအပင္ေတြနဲ႔ မတူဘူးတဲ့။

သစ္ပင္ကလည္း တြန႔္လိမ္ ေကာက္ေကြးေနတယ္။ သူ႔ေဘးက အပင္ေတြလို လွပျမင့္မားတဲ့ အပင္မဟုတ္ဘူးေပါ့။ ထူထူပိန္းပိန္း အေပြးအေခါက္ေတြကလည္း လွပတဲ့ အသြင္ကို မေဆာင္ဘူးတဲ့ေလ။

တျခားသစ္ပင္ေတြက သူ႔ကို ေလွာင္ရီၾကသတဲ့။ လွပတဲ့ အပင္ေတြရဲ႕ အသိုင္းအဝိုင္းမွာ မဝင္ဆန႔္တဲ့ အပင္ေပါ့ေလ။ ဒါေၾကာင့္ အ႐ုပ္ဆိုးတဲ့ အပင္ဟာ အၿမဲတမ္း ဝမ္းနည္းေနရသတဲ့။

သူဟာ တျခားအပင္ေတြကို ေငးၾကည့္ရင္း သက္ျပင္း အခါခါ ခ်မိပါရဲ႕။ "ငါဟာ တျခားလွပတဲ့ အပင္ေတြလို ျဖစ္ခ်င္စမ္းပါဘိ။ ကံၾကမၼာက ငါ့အေပၚ ရက္စက္လိုက္တာ" လို႔ အၿမဲလိုလို ညည္းညဴေနမိပါတယ္။

တရက္ေတာ့ သစ္ခုတ္သမားအဖြဲ႕ ေတာအုပ္ထဲကို ေရာက္လာတယ္။ သူတို႔ဟာ အ႐ုပ္ဆိုးလွတဲ့ သစ္ပင္ကို ၾကည့္ၿပီး ကဲ့ရဲ႕ၾကတယ္။ "ေကာက္ေကြးလိမ္ေနတဲ့ ဒီအပင္ဟာ ငါတို႔အတြက္ အေတာ္ အသုံးမက်တာဘဲ" လို႔ ဆိုၾကတယ္။

ဒီလိုနဲ႔ သစ္ခုတ္သမားေတြဟာ ေခ်ာမြတ္ျမင့္မားတဲ့ သစ္ပင္ေတြကိုပဲ အသုံးျပဳဖို႔ ခုတ္သြားၾကေတာ့တယ္။ က်န္တဲ့အပင္ေတြ အကုန္ခုတ္သြားေတာ့ ႐ုပ္ဆိုးတဲ့ အပင္ႀကီး တပင္ထဲ က်န္ခဲ့တာေပါ့။

အ႐ုပ္ဆိုးတဲ့ ေကာက္ေကြးလိမ္ေနတဲ့ သစ္ပင္ဟာ သူ႔ကို တသက္လုံး စိတ္ဆင္းရဲေစတဲ့ အရာက ကယ္တင္သြားခဲ့ပါလားလို႔ ဒီေတာ့မွ နားလည္မိေတာ့သတဲ့။ စိတ္ညစ္စရာ အားနည္းခ်က္ကိုပဲ ေတြးေတာၿပီး ပူပန္ မေနပါနဲ႔။ အဲဒါဟာ အားနည္းခ်က္ ဟုတ္ခ်င္မွ ဟုတ္မွာပါ။ သံလြင္ျမင့္