တခါတုန်းက လူငယ်တဦးဟာ လယ်သမားကြီးတဦးရဲ့ သမီးကို ချစ်ခင် နှစ်သက်နေပါသတဲ့။ သူဟာ အဲဒီအမျိုးသမီးလေးကို ချစ်မြတ်နိုးလှတာကြောင့် သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ် ဆိုသလို နေ့ရောညပါ မအိပ်နိုင် မစားနိုင်ဖြစ်လို့ နေတယ်။ တနေ့မှာတော့ သူဟာ သူ့ရဲ့ချစ်စိတ်ကို အောင့်အီးနိုင်စွမ်း မရှိတော့တာကြောင့် မိန်းကလေးရဲ့ ဖခင်ဖြစ်တဲ့ လယ်သမားကြီးဆီကို သွားပြီး..

" ဦးကြီးခင်ဗျား၊ နားနဲ့မနာ ဖဝါးနဲ့ နာပါခင်ဗျာ။ ကျွန်တော်ဟာ ဦးကြီးရဲ့ သမီးကို အင်မတန် ချစ်မြတ်နိုးမိ နေပါတယ်။ တကယ်လို့များ ဦးကြီးဟာ ကျွန်တော့်ကို ဦးကြီးရဲ့သမီးကို လက်ထပ်ခွင့်ပြုမယ် ဆိုရင်တော့ ကျွန်တော့်ရဲ့ အသက်နဲ့ရင်းပြီး ဦးကြီးရဲ့ သမီးကို ရှာဖွေ ကျွေးမွေးမှာပါခင်ဗျာ" လို့ ဆိုတယ်။ အဲဒီလို လူငယ်ရဲ့ စကားကို ကြားတဲ့အခါ လယ်သမားကြီးက အချိန် အတော်ကြာအောင် ငြိမ်သက် စဉ်းစားနေတယ်။

လယ်သမားကြီးကဟာ စဉ်းစားနေလိုက်၊ လူငယ်ကို ကြည့်ပြီး အကဲခတ်လိုက်နဲ့ အတော်ကြာအောင် ပြုလုပ်နေပြန်တယ်။ အဲဒီနောက်မှာတော့ သူက ဒီလိုပြောခဲ့တယ် "ကောင်းပြီလေ၊ မင်း ငါ့သမီးကို လက်ထပ်ဖို့ ဒီအတိုင်းတော့ ခွင့်ပြုမပေးနိုင်ဘူး။ ယောက်ျားတယောက်ဟာ လိုအပ်တဲ့ အားခွန်ဗလနဲ့ လျင်မြန် ဖြတ်လတ်မှုတော့ လိုတယ်လို့ ငါထင်တယ်။

အဲဒီအတွက် စမ်းသပ်ချက် တခုကိုတော့ မင်းကို လုပ်မှ ဖြစ်မယ်။ မင်းဟာ ဘယ်လောက် ခွန်အားဗလနဲ့ ပြည့်စုံလည်း၊ လျှင်မြန် ဖြတ်လတ်လဲ ဆိုတာကို ငါ့အနေနဲ့ စမ်းသပ်ကြည့်ရမယ်။ ဟိုးမှာတွေ့လား၊ ငါ့ရဲ့လယ်ကွင်းအစပ်က ကန်သင်းရိုး။ မင်း အဲဒီ ကန်သင်းရိုးပေါ်မှာ သွားပြီး ရပ်စောင့်နေရမယ်။

မင်းဆီကို ငါက ကျွဲရိုင်း သုံးကောင်းကို တကောင်ချင်းစီ လွှတ်လိုက်မယ်။ မင်းဟာ အဲဒီ ကျွဲသုံးကောင်ထဲက တကောင်ကောင်ရဲ့ အမြီးကို ပိုင်ပိုင်နိုင်နိုင် ဆွဲနိုင်ရမယ်။ မင်းအောင်မြင်ရင် ငါ့သမီးကိုရမယ်။ မင်းကျွဲမြီးကို မဆွဲနိုင်ဘူး ဆိုရင်တော့ ငါ့သမီးကို မင်းလက်ထပ်ခွင့် ရမှာမဟုတ်ဘူး။ ဘယ်လိုလဲ ကောင်လေး၊ သဘောတူရဲ့လား"

လူငယ်လေးဟာ အတန်ကြာ စဉ်းစားနေ ခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ စိတ်ဆုံးဖြတ် ပြီးတဲ့နောက် " လုပ်မယ်ဗျာ" လို့ ယောက္ခမလောင်း လယ်သမားကြီးကို စိန်ခေါ်လိုက်တော့တယ်။ အဲဒီလိုနဲ့ လူငယ်ဟာ လယ်ကန်သင်း အစပ်မှာ ခြေထောက်နှစ်ချောင်းကို ခပ်ချဲချဲရပ်ရင်း အသင့်အနေအထားနဲ့ စောင့်နေခဲ့တယ်။

ခဏအကြာမှာတော့ လယ်သမားကြီးရဲ့ နွားတင်းကုပ်တံခါးဟာ ပွင့်လာခဲ့တယ်။ အဲဒီလို နွားတင်းကုတ်တံခါး ပွင့်လျင်ပွင့်ချင်းဘဲ လူငယ်ရဲ့ တသက်တာမှာ အကြီးဆုံးလို့ မြင်ခဲ့ဘူးတဲ့ ကျွဲထက် ပိုမိုကြီးမားတဲ့ ကျွဲရိုင်းကြီး တကောင်ဟာ လူငယ်လေးဆီကို ဦးတည် ပြေးလွှား လာနေခဲ့တယ်။

" အောင်မလေး၊ နည်းတဲ့ကောင်ကြီး မဟုတ်ဘူးဟ။ အမြန်ရှောင်မှပဲ။ နောက်ထပ် ကျွဲနှစ်ကောင် ရှိပါသေးတယ်။ ဒီကောင်ကြီးရဲ့ အမြီးကို ဆွဲဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး" လူငယ်ဟာ အဲဒီလိုတွေးပြီး ကျွဲကြီးကို ရှောင်ရှားလိုက်တယ်။ အဲဒီနောက်မှာလည်း သူဟာ ပြန်လည် အသင့်ပြင် လိုက်ပြီး ဒုတိယမြောက် ကျွဲကို စောင့်စားနေ ပြန်တယ်။

ဒီတကြိမ်မှာလည်း ပထမကျွဲလောက် နီးနီး ကြီးမားတဲ့ ကျွဲကြီးတကောင် ထွက်လာပြန်တယ်။ လူငယ်ဟာ "ဒီကောင်ကြီးလည်း မလွယ်လောက်ဘူးဟ၊ ငါရှောင်ဦးမှပါ၊ နောက်ဆုံးတကောင် ကျန်သေးတာပဲ" လို့ တွေးပြီး နောက်ဆုံးသော ကျွဲကို စောင့်ခဲ့ပြန်တယ်။ အဲဒီလိုနဲ့လူငယ်ဟာ အသင့်အနေအထားနဲ့ စောင့်စိုင်းပြန်တယ်။

" ဒီတကြိမ်တော့ ဆင်လောက်ကြီးတဲ့အကောင် လာစမ်းပါစေ၊ ငါ့လက်က မလွတ်စေရဘူး" လို့ ပြောပြီး လက်ခမောင်းကို တဖြောင်းဖြောင်းမည်အောင် ခတ်လိုက်တယ်။ သူစောင့်စိုင်းနေစဉ်မှာပဲ လယ်သမားကြီးဟာ နောက်ထပ် ကျွဲတကောင်ကို လွှတ်လိုက်တယ်။ ဒီတကြိမ် မှာတော့ လူငယ်အတွက် ဝမ်းသာစရာတွေ ဖြစ်လာခဲ့တယ်။

အဲဒါကတော့ လယ်သမားကြီး လွှတ်လိုက်တဲ့ ကျွဲဟာ ဆိတ်ကြီးကြီး တကောင်သာသာ အရွယ်သာရှိတဲ့ ကျွဲပိန်ကလေးပဲ ဖြစ်တယ်။ " ဟား ဟား။ ယောက္ခမကြီးရေ ကျေးဇူးပဲဗျာ" လို့ လူငယ်က ခပ်ပြုံးပြုံးနဲ့ ရေရွတ် ပြောဆိုတယ်။ လူငယ်ဟာ လျင်မြန်စွာနဲ့ပဲ ကျွဲပေါ်ကို ခုန်တက်ကာ ကျွဲမြီးကို ဆွဲလိုက်တယ်။ ဒါပေမယ့်လည်း ဒီတကြိမ်မှာလည်း သူ ကံမကောင်း အကြောင်းမလှ ဖြစ်ခဲ့ပြန်တယ်။

အကြောင်းကတော့ တတိယမြောက် ကျွဲမှာ အမြီး မပါလို့ပဲ ဖြစ်တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ ပုံပြင်ထဲက လူငယ်လေးနဲ့ တူတယ်လို့ ဆိုရပါမယ်။ လယ်သမားရဲ့ သမီးချောနဲ့ တူတဲ့ အောင်မြင်ကြီးပွားခြင်းကို မက်မက်မောမော အရ ယူလိုသူများ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဘဝရဲ့ လယ်ကန်သင်းပေါ်မှာ အကြိမ်ကြိမ် အသင့်ပြင်ရင်း အခွင့်အရေး ကျွဲမြီးတွေကို ဆွဲဖို့ ကြိုးစားသူများ ဖြစ်ပါတယ်။

အဲဒီလို ကြိုးစားနေပေမယ့်လည်း အခွင့်အရေးကောင်းတွေ ကိုယ့်ရှေ့မှာ ဆိုက်ရောက်လာတဲ့ အခါမှာတော့ ပင်ပန်းလွန်းတယ်၊ ဒါ့ထက်ကောင်းတာ ရှိဦးမှာပါလေ၊ နောက်တခု စောင့်ဦးမယ်၊ စောသေးတယ် စတဲ့ ဆင်ခြေတွေနဲ့ အတူ ကျွဲမြီးတွေကို ဆွဲဖို့ တုံ့ဆိုင်း နေတတ်ကြပါတယ်။ အဲဒီလို တုံ့ဆိုင်းရင်းနဲ့ပဲ ကိုယ့်ရမှာမဲ့ အခွင့်အရေးတွေဟာ တခုပြီးတခု ကိုယ့်အနားက ထွက်ခွာသွားကုန်တယ်။

တကယ်တမ်း လူငယ်လို အားအင်အပြည့် လက်ခမောင်းခတ်ခါ " ဒီတခါ အခွင့်အရေးကိုတော့ လက်လွတ် မခံတော့ဘူး" လို့ ကြွေးကြော် စောင့်ဆိုင်းချိန် မှာတော့ အခွင့်အရေး တစုံတရာမှ ရောက်မလာတော့ဘဲ ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့တွေဟာ ကံတရားရဲ့ ဖေးမမှုနဲ့ နောင်လာမဲ့ အခွင့်အရေးတွေကို စောင့်မျှော်နေမယ့် အစား လတ်တလော ရောက်လာတဲ့ အခွင့်အရေး တွေကိုသာ အမိအရ ဆုတ်ကိုင်သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ လယ်သမားရဲ့ သမီးချောနဲ့ ဝေးကွာတဲ့ လူငယ်ရဲ့ အဖြစ်မျိုးသာ ဖြစ်မယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ အခွင့်အရေး ကျွဲမြီးများကို အမိအရ ဆွဲနိုင်ကြပါစေ။

ဖြိုးသုတ

Zawgyi

ကြၽဲၿမီးဆြဲသူမ်ား

တခါတုန္းက လူငယ္တဦးဟာ လယ္သမားႀကီးတဦးရဲ႕ သမီးကို ခ်စ္ခင္ ႏွစ္သက္ေနပါသတဲ့။ သူဟာ အဲဒီအမ်ိဳးသမီးေလးကို ခ်စ္ျမတ္ႏိုးလွတာေၾကာင့္ သြားလည္း ဒီစိတ္၊ စားလည္း ဒီစိတ္ ဆိုသလို ေန႔ေရာညပါ မအိပ္ႏိုင္ မစားႏိုင္ျဖစ္လို႔ ေနတယ္။ တေန႔မွာေတာ့ သူဟာ သူ႔ရဲ႕ခ်စ္စိတ္ကို ေအာင့္အီးႏိုင္စြမ္း မရွိေတာ့တာေၾကာင့္ မိန္းကေလးရဲ႕ ဖခင္ျဖစ္တဲ့ လယ္သမားႀကီးဆီကို သြားၿပီး

"ဦးႀကီးခင္ဗ်ား၊ နားနဲ႔မနာ ဖဝါးနဲ႔ နာပါခင္ဗ်ာ။ ကြၽန္ေတာ္ဟာ ဦးႀကီးရဲ႕ သမီးကို အင္မတန္ ခ်စ္ျမတ္ႏိုးမိ ေနပါတယ္။ တကယ္လို႔မ်ား ဦးႀကီးဟာ ကြၽန္ေတာ့္ကို ဦးႀကီးရဲ႕သမီးကို လက္ထပ္ခြင့္ျပဳမယ္ ဆိုရင္ေတာ့ ကြၽန္ေတာ့္ရဲ႕ အသက္နဲ႔ရင္းၿပီး ဦးႀကီးရဲ႕ သမီးကို ရွာေဖြ ေကြၽးေမြးမွာပါခင္ဗ်ာ" လို႔ ဆိုတယ္။ အဲဒီလို လူငယ္ရဲ႕ စကားကို ၾကားတဲ့အခါ လယ္သမားႀကီးက အခ်ိန္ အေတာ္ၾကာေအာင္ ၿငိမ္သက္ စဥ္းစားေနတယ္။

လယ္သမားႀကီးကဟာ စဥ္းစားေနလိုက္၊ လူငယ္ကို ၾကည့္ၿပီး အကဲခတ္လိုက္နဲ႔ အေတာ္ၾကာေအာင္ ျပဳလုပ္ေနျပန္တယ္။ အဲဒီေနာက္မွာေတာ့ သူက ဒီလိုေျပာခဲ့တယ္ "ေကာင္းၿပီေလ၊ မင္း ငါ့သမီးကို လက္ထပ္ဖို႔ ဒီအတိုင္းေတာ့ ခြင့္ျပဳမေပးႏိုင္ဘူး။ ေယာက္်ားတေယာက္ဟာ လိုအပ္တဲ့ အားခြန္ဗလနဲ႔ လ်င္ျမန္ ျဖတ္လတ္မႈေတာ့ လိုတယ္လို႔ ငါထင္တယ္။

အဲဒီအတြက္ စမ္းသပ္ခ်က္ တခုကိုေတာ့ မင္းကို လုပ္မွ ျဖစ္မယ္။ မင္းဟာ ဘယ္ေလာက္ ခြန္အားဗလနဲ႔ ျပည့္စုံလည္း၊ လွ်င္ျမန္ ျဖတ္လတ္လဲ ဆိုတာကို ငါ့အေနနဲ႔ စမ္းသပ္ၾကည့္ရမယ္။ ဟိုးမွာေတြ႕လား၊ ငါ့ရဲ႕လယ္ကြင္းအစပ္က ကန္သင္း႐ိုး။ မင္း အဲဒီ ကန္သင္း႐ိုးေပၚမွာ သြားၿပီး ရပ္ေစာင့္ေနရမယ္။

မင္းဆီကို ငါက ကြၽဲ႐ိုင္း သုံးေကာင္းကို တေကာင္ခ်င္းစီ လႊတ္လိုက္မယ္။ မင္းဟာ အဲဒီ ကြၽဲသုံးေကာင္ထဲက တေကာင္ေကာင္ရဲ႕ အၿမီးကို ပိုင္ပိုင္ႏိုင္ႏိုင္ ဆြဲႏိုင္ရမယ္။ မင္းေအာင္ျမင္ရင္ ငါ့သမီးကိုရမယ္။ မင္းကြၽဲၿမီးကို မဆြဲႏိုင္ဘူး ဆိုရင္ေတာ့ ငါ့သမီးကို မင္းလက္ထပ္ခြင့္ ရမွာမဟုတ္ဘူး။ ဘယ္လိုလဲ ေကာင္ေလး၊ သေဘာတူရဲ႕လား"

လူငယ္ေလးဟာ အတန္ၾကာ စဥ္းစားေန ခဲ့တယ္။ အဲဒီေနာက္မွာေတာ့ သူဟာ စိတ္ဆုံးျဖတ္ ၿပီးတဲ့ေနာက္ "လုပ္မယ္ဗ်ာ" လို႔ ေယာကၡမေလာင္း လယ္သမားႀကီးကို စိန္ေခၚလိုက္ေတာ့တယ္။ အဲဒီလိုနဲ႔ လူငယ္ဟာ လယ္ကန္သင္း အစပ္မွာ ေျခေထာက္ႏွစ္ေခ်ာင္းကို ခပ္ခ်ဲခ်ဲရပ္ရင္း အသင့္အေနအထားနဲ႔ ေစာင့္ေနခဲ့တယ္။

ခဏအၾကာမွာေတာ့ လယ္သမားႀကီးရဲ႕ ႏြားတင္းကုပ္တံခါးဟာ ပြင့္လာခဲ့တယ္။ အဲဒီလို ႏြားတင္းကုတ္တံခါး ပြင့္လ်င္ပြင့္ခ်င္းဘဲ လူငယ္ရဲ႕ တသက္တာမွာ အႀကီးဆုံးလို႔ ျမင္ခဲ့ဘူးတဲ့ ကြၽဲထက္ ပိုမိုႀကီးမားတဲ့ ကြၽဲ႐ိုင္းႀကီး တေကာင္ဟာ လူငယ္ေလးဆီကို ဦးတည္ ေျပးလႊား လာေနခဲ့တယ္။

"ေအာင္မေလး၊ နည္းတဲ့ေကာင္ႀကီး မဟုတ္ဘူးဟ။ အျမန္ေရွာင္မွပဲ။ ေနာက္ထပ္ ကြၽဲႏွစ္ေကာင္ ရွိပါေသးတယ္။ ဒီေကာင္ႀကီးရဲ႕ အၿမီးကို ဆြဲဖို႔ဆိုတာ လြယ္မွာမဟုတ္ဘူး" လူငယ္ဟာ အဲဒီလိုေတြးၿပီး ကြၽဲႀကီးကို ေရွာင္ရွားလိုက္တယ္။ အဲဒီေနာက္မွာလည္း သူဟာ ျပန္လည္ အသင့္ျပင္ လိုက္ၿပီး ဒုတိယေျမာက္ ကြၽဲကို ေစာင့္စားေန ျပန္တယ္။

ဒီတႀကိမ္မွာလည္း ပထမကြၽဲေလာက္ နီးနီး ႀကီးမားတဲ့ ကြၽဲႀကီးတေကာင္ ထြက္လာျပန္တယ္။ လူငယ္ဟာ "ဒီေကာင္ႀကီးလည္း မလြယ္ေလာက္ဘူးဟ၊ ငါေရွာင္ဦးမွပါ၊ ေနာက္ဆုံးတေကာင္ က်န္ေသးတာပဲ" လို႔ ေတြးၿပီး ေနာက္ဆုံးေသာ ကြၽဲကို ေစာင့္ခဲ့ျပန္တယ္။ အဲဒီလိုနဲ႔လူငယ္ဟာ အသင့္အေနအထားနဲ႔ ေစာင့္စိုင္းျပန္တယ္။

"ဒီတႀကိမ္ေတာ့ ဆင္ေလာက္ႀကီးတဲ့အေကာင္ လာစမ္းပါေစ၊ ငါ့လက္က မလြတ္ေစရဘူး" လို႔ ေျပာၿပီး လက္ခေမာင္းကို တေျဖာင္းေျဖာင္းမည္ေအာင္ ခတ္လိုက္တယ္။ သူေစာင့္စိုင္းေနစဥ္မွာပဲ လယ္သမားႀကီးဟာ ေနာက္ထပ္ ကြၽဲတေကာင္ကို လႊတ္လိုက္တယ္။ ဒီတႀကိမ္ မွာေတာ့ လူငယ္အတြက္ ဝမ္းသာစရာေတြ ျဖစ္လာခဲ့တယ္။

အဲဒါကေတာ့ လယ္သမားႀကီး လႊတ္လိုက္တဲ့ ကြၽဲဟာ ဆိတ္ႀကီးႀကီး တေကာင္သာသာ အ႐ြယ္သာရွိတဲ့ ကြၽဲပိန္ကေလးပဲ ျဖစ္တယ္။ " ဟား ဟား။ ေယာကၡမႀကီးေရ ေက်းဇူးပဲဗ်ာ" လို႔ လူငယ္က ခပ္ၿပဳံးၿပဳံးနဲ႔ ေရ႐ြတ္ ေျပာဆိုတယ္။ လူငယ္ဟာ လ်င္ျမန္စြာနဲ႔ပဲ ကြၽဲေပၚကို ခုန္တက္ကာ ကြၽဲၿမီးကို ဆြဲလိုက္တယ္။ ဒါေပမယ့္လည္း ဒီတႀကိမ္မွာလည္း သူ ကံမေကာင္း အေၾကာင္းမလွ ျဖစ္ခဲ့ျပန္တယ္။

အေၾကာင္းကေတာ့ တတိယေျမာက္ ကြၽဲမွာ အၿမီး မပါလို႔ပဲ ျဖစ္တယ္။

ဒီပုံျပင္ေလးက ကြၽန္ေတာ္တို႔ကို ေျပာျပထားတာေတြ ရွိပါတယ္။ ကြၽန္ေတာ္တို႔ဟာ ပုံျပင္ထဲက လူငယ္ေလးနဲ႔ တူတယ္လို႔ ဆိုရပါမယ္။ လယ္သမားရဲ႕ သမီးေခ်ာနဲ႔ တူတဲ့ ေအာင္ျမင္ႀကီးပြားျခင္းကို မက္မက္ေမာေမာ အရ ယူလိုသူမ်ား ျဖစ္တယ္လို႔ ဆိုခ်င္ပါတယ္။ ဘဝရဲ႕ လယ္ကန္သင္းေပၚမွာ အႀကိမ္ႀကိမ္ အသင့္ျပင္ရင္း အခြင့္အေရး ကြၽဲၿမီးေတြကို ဆြဲဖို႔ ႀကိဳးစားသူမ်ား ျဖစ္ပါတယ္။

အဲဒီလို ႀကိဳးစားေနေပမယ့္လည္း အခြင့္အေရးေကာင္းေတြ ကိုယ့္ေရွ႕မွာ ဆိုက္ေရာက္လာတဲ့ အခါမွာေတာ့ ပင္ပန္းလြန္းတယ္၊ ဒါ့ထက္ေကာင္းတာ ရွိဦးမွာပါေလ၊ ေနာက္တခု ေစာင့္ဦးမယ္၊ ေစာေသးတယ္ စတဲ့ ဆင္ေျခေတြနဲ႔ အတူ ကြၽဲၿမီးေတြကို ဆြဲဖို႔ တုံ႔ဆိုင္း ေနတတ္ၾကပါတယ္။ အဲဒီလို တုံ႔ဆိုင္းရင္းနဲ႔ပဲ ကိုယ့္ရမွာမဲ့ အခြင့္အေရးေတြဟာ တခုၿပီးတခု ကိုယ့္အနားက ထြက္ခြာသြားကုန္တယ္။

တကယ္တမ္း လူငယ္လို အားအင္အျပည့္ လက္ခေမာင္းခတ္ခါ "ဒီတခါ အခြင့္အေရးကိုေတာ့ လက္လြတ္ မခံေတာ့ဘူး" လို႔ ေႂကြးေၾကာ္ ေစာင့္ဆိုင္းခ်ိန္ မွာေတာ့ အခြင့္အေရး တစုံတရာမွ ေရာက္မလာေတာ့ဘဲ ျဖစ္ေနတတ္တယ္လို႔ ဆိုပါတယ္။

ကြၽန္ေတာ္တို႔ေတြဟာ ကံတရားရဲ႕ ေဖးမမႈနဲ႔ ေနာင္လာမဲ့ အခြင့္အေရးေတြကို ေစာင့္ေမွ်ာ္ေနမယ့္ အစား လတ္တေလာ ေရာက္လာတဲ့ အခြင့္အေရး ေတြကိုသာ အမိအရ ဆုတ္ကိုင္သင့္ပါတယ္။ အဲဒီလိုမွ မဟုတ္ရင္ေတာ့ လယ္သမားရဲ႕ သမီးေခ်ာနဲ႔ ေဝးကြာတဲ့ လူငယ္ရဲ႕ အျဖစ္မ်ိဳးသာ ျဖစ္မယ္လို႔ ဆိုလိုတာပဲ ျဖစ္ပါတယ္။ အခြင့္အေရး ကြၽဲၿမီးမ်ားကို အမိအရ ဆြဲႏိုင္ၾကပါေစ။

ၿဖိဳးသုတ