တခါတုန်းက သူဌေးကြီး တဦးဟာ မြို့ပေါ်ကို ကောက်ပဲသီးနှံတွေ ရောင်းပြီး ခိုးသား ဓါးပြရန် ကြောက်သည့်အတွက် သူဆင်းရဲအသွင်ဆောင်ပြီး မိမိဒေကကို ပြန်လာခဲ့တယ်။ အိမ်ပြန်မရောက်ခင် နေဝင်သွားသည့်အတွက် ညအိပ်ရန် သင့်တော်သည့် ဇရပ်တခုပေါ်မှာ မိမိပါလာသည့် အသပြာထုပ်ကို ခေါင်းအုံးပြီး ဇရပ်ပေါ် ဝင်ရောက်နားခိုလိုက်တယ်။

များမကြာမီ သူဌေးကြီး နားခိုရာ ဇရပ်သို့ အရက်သမားတယောက် ရောက်လာပြီး လဲလျောင်းနေတဲ့ သူဌေးကြီးကို အရက်သမားက "ဟေ့ အစောကြီး မှောက်နေပြီလား နောင်းကြီး။ ကျုပ်ကတော့ အခုမှ ကောင်းနေတုန်းဘဲဗျို့။ ကျုပ်လောက်သာ သောက်ရမည်ဆိုရင် ခင်များ ဘယ်လိုနေမလဲ မသိဘူး"

အရက်သမားရဲ့ ပြောစကားကို သူဌေးကြီး ခွန်းတုန့်မပြန်ဘဲ ပြုံး၍သာ နေလိုက်တယ်။ အရက်သမား ဇရပ်က ထွက်သွားပြီး တခဏကြာတော့ အထုပ်ကြီး တထုပ်နဲ့ သူခိုးတယောက် ရောက်လာပြန်ပြီး သူဌေးကြီး ခေါင်းအုံးနေတဲ့ အထုပ်ကို တချက်ကြည့်ပြီး "ဘယ်လိုလဲ အခြေအနေ ကောင်းရဲ့လား" လို့မေးတယ်။

ထို့နောက် သူခိုးက သူခိုးလာတဲ့ ပစ္စည်းအထုပ်ကို လက်နဲ့ ပုတ်ပြပြီး "ကျွန်တော်က ဒီည အခြေအနေ အတော်ကောင်းတယ်ဗျို့။ ခင်မျာလဲ ကျုပ်လောက်ရအောင် ရှာဦးနော်။ ခင်များရထားတဲ့ ပစ္စည်းက နည်းသေးတယ်။ ကဲပါဗျာ အချိန်ရှိတုန်းလေး လစ်လိုက်ဦးမယ်" ဆိုပြီး ဇရပ်ကနေ အထုပ်လေး ထမ်းပြီး ထွက်သွားတော့တယ်။ သူဌေးကြီးကတော့ ခွန်းတုန့်မပြန်ဘဲ ပြုံး၍သာ နေနေ လိုက်တယ်။

တတိယအကြိမ် ရောက်လာသူကတော့ ဆေးသမား။ ဇရပ်ပေါ်တက် ခွေခွေကလေး လဲလိုက်ပြီး "ဘယ်လိုလဲ ကောင်းနေပြီလား၊ ကျွန်တော်လဲ တော်တော်လေး ကောင်းနေပြီဗျို့၊ နှပ်လိုက်ဦးမယ်" ဆိုပြီး ဇရပ်ခြေရင်းမှာ ခွေခွေလေး အိပ်နေလေရဲ့။

သူဌေးကြီးကတော့ ဘာမှ ခွန်းတုန့်စကားမဆိုဘဲ "အေးပေါ့လေ တညတာ ငါအတွက်တော့ အဖော်ရတာပေါ့" လို့ စိတ်ထဲမှာတွေးပြီး အိပ်လိုက်တော့တယ်။

အရက်သမားကလည်း သူ့စိတ်နဲ့နှိုင်းပြီး သူဌေးကြီးကို ပြောလိုက်တယ်။ ဒါပေမယ့် သူ့စိတ်နဲ့နှိုင်းလိုက်တိုင်း သူဌေးကြီးကအရက်သမား ဖြစ်မသွားဘူး။ သူခိုးကလည်း သူစိတ်နဲ့နှိုင်းယှဉ်ပြီး သူဌေးကြီးကို ပြောသွားတယ်။ သူဌေးကြီးက သူခိုး ဖြစ်မသွားဘူး။ ဆေးသမားကလည်း သူ့စိတ်နဲ့ နှိုင်းသွားတယ်။ ဘယ်သူတွေ ဘယ်လို ခိုင်းနှိုင်သွားသွား သူဌေးကြီးကတော့ သူဌေးကြီးပါဘဲ။ ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး။

ဒီလိုပါဘဲ အချို့သောသူတွေက သူတို့မှာရှိတဲ့ အသိ၊ ဗဟုသုတ၊ အတွေ့အကြုံ၊ စိတ်ဓာတ်ပေတံနဲ့ တပါးသူကို တိုင်းတာကြတယ်။ အပျက်သဘောဆောင်တဲ့ ဝေဖန်မှုမျိုးနဲ့ ဝေဖန်ကြတယ်။ ပုတ်ခတ်ကြတယ်။ သူတို့ ပေတံထက် သာလွန်းနေရင် "စံ " သက်မှတ်ချက် မညီဘူး ပြောကြတယ်။

သူတို့ပေတံထက် လျော့ပါးနေရင် အထင်သေးသလို အကြည့်နဲ့ "စံ" နှုန်း ဘောင်မဝင်ဘူး ဆိုကြပြန်ကော။ သူတို့ ကိုင်ထားတဲ့ ပေတံကသာ "စံ" အပြည့်မီလို့ တဘက်ပိတ်အတွေးနဲ့ လက်ကိုင်ထားကြတယ်။

တကယ်တော့ အတိုင်းတာ ခံလိုက်ကတဲ့ သူက သူတို့တိုင်းတာလို့ ဘာမှ ဖြစ်မသွားဘူး၊ ပြောင်းလဲ မသွားဘူး။ တကယ်ဖြစ်သွားတာက သူတို့။ သူတို့ရဲ့ ဗီဇရုပ် ဘယ်လောက် အတိုင်းအတာရှိတယ် ဆိုတာကို ပြလိုက်တာဘဲ။ လူဆိုတာ အမှားတော့ မကင်းဘူးပေါ့။ သို့ပေသော်ညားလည်း ကိုယ့်ဘက်က အကောင်းဆိုး၊ အပြုသဘောဆောင်တဲ့ ရပ်တည်မှုမျိုးနဲ့ နေကြည့်လိုက်ပါ။

ဘယ်သူတွေ ဘာပြောပြော လိပ်ပြာလုံတယ်။ ဘယ်သူတွေ အမုန်းပွားပွား၊ အပစ်တင်ဝေဖန် နေနေ ကိုယ့်ဘက်က အပြုံးတခုနဲ့ တုန့်ပြန်လိုက်ပါ။ ကိုယ်ပြုံးလေသမျှ သူတို့ရှုံးနေရတယ်။ ကိုယ့်ရဲ့ အပြုံးက သူတို့အတွက် ထာဝရ အရှုံး။ crd

Zawgyi

ကိုယ္ၿပဳံးေလသမွ် သူရႈံးေနရတယ္

တခါတုန္းက သူေဌးႀကီး တဦးဟာ ၿမိဳ႕ေပၚကို ေကာက္ပဲသီးႏွံေတြ ေရာင္းၿပီး ခိုးသား ဓါးျပရန္ ေၾကာက္သည့္အတြက္ သူဆင္းရဲအသြင္ေဆာင္ၿပီး မိမိေဒကကို ျပန္လာခဲ့တယ္။ အိမ္ျပန္မေရာက္ခင္ ေနဝင္သြားသည့္အတြက္ ညအိပ္ရန္ သင့္ေတာ္သည့္ ဇရပ္တခုေပၚမွာ မိမိပါလာသည့္ အသျပာထုပ္ကို ေခါင္းအုံးၿပီး ဇရပ္ေပၚ ဝင္ေရာက္နားခိုလိုက္တယ္။

မ်ားမၾကာမီ သူေဌးႀကီး နားခိုရာ ဇရပ္သို႔ အရက္သမားတေယာက္ ေရာက္လာၿပီး လဲေလ်ာင္းေနတဲ့ သူေဌးႀကီးကို အရက္သမားက "ေဟ့ အေစာႀကီး ေမွာက္ေနၿပီလား ေနာင္းႀကီး။ က်ဳပ္ကေတာ့ အခုမွ ေကာင္းေနတုန္းဘဲဗ်ိဳ႕။ က်ဳပ္ေလာက္သာ ေသာက္ရမည္ဆိုရင္ ခင္မ်ား ဘယ္လိုေနမလဲ မသိဘူး"

အရက္သမားရဲ႕ ေျပာစကားကို သူေဌးႀကီး ခြန္းတုန႔္မျပန္ဘဲ ၿပဳံး၍သာ ေနလိုက္တယ္။ အရက္သမား ဇရပ္က ထြက္သြားၿပီး တခဏၾကာေတာ့ အထုပ္ႀကီး တထုပ္နဲ႔ သူခိုးတေယာက္ ေရာက္လာျပန္ၿပီး သူေဌးႀကီး ေခါင္းအုံးေနတဲ့ အထုပ္ကို တခ်က္ၾကည့္ၿပီး "ဘယ္လိုလဲ အေျခအေန ေကာင္းရဲ႕လား" လို႔ေမးတယ္။

ထို႔ေနာက္ သူခိုးက သူခိုးလာတဲ့ ပစၥည္းအထုပ္ကို လက္နဲ႔ ပုတ္ျပၿပီး "ကြၽန္ေတာ္က ဒီည အေျခအေန အေတာ္ေကာင္းတယ္ဗ်ိဳ႕။ ခင္မ်ာလဲ က်ဳပ္ေလာက္ရေအာင္ ရွာဦးေနာ္။ ခင္မ်ားရထားတဲ့ ပစၥည္းက နည္းေသးတယ္။ ကဲပါဗ်ာ အခ်ိန္ရွိတုန္းေလး လစ္လိုက္ဦးမယ္" ဆိုၿပီး ဇရပ္ကေန အထုပ္ေလး ထမ္းၿပီး ထြက္သြားေတာ့တယ္။ သူေဌးႀကီးကေတာ့ ခြန္းတုန႔္မျပန္ဘဲ ၿပဳံး၍သာ ေနေန လိုက္တယ္။

တတိယအႀကိမ္ ေရာက္လာသူကေတာ့ ေဆးသမား။ ဇရပ္ေပၚတက္ ေခြေခြကေလး လဲလိုက္ၿပီး "ဘယ္လိုလဲ ေကာင္းေနၿပီလား၊ ကြၽန္ေတာ္လဲ ေတာ္ေတာ္ေလး ေကာင္းေနၿပီဗ်ိဳ႕၊ ႏွပ္လိုက္ဦးမယ္" ဆိုၿပီး ဇရပ္ေျခရင္းမွာ ေခြေခြေလး အိပ္ေနေလရဲ႕။ သူေဌးႀကီးကေတာ့ ဘာမွ ခြန္းတုန႔္စကားမဆိုဘဲ "ေအးေပါ့ေလ တညတာ ငါအတြက္ေတာ့ အေဖာ္ရတာေပါ့" လို႔ စိတ္ထဲမွာေတြးၿပီး အိပ္လိုက္ေတာ့တယ္။

အရက္သမားကလည္း သူ႔စိတ္နဲ႔ႏႈိင္းၿပီး သူေဌးႀကီးကို ေျပာလိုက္တယ္။ ဒါေပမယ့္ သူ႔စိတ္နဲ႔ႏႈိင္းလိုက္တိုင္း သူေဌးႀကီးကအရက္သမား ျဖစ္မသြားဘူး။ သူခိုးကလည္း သူစိတ္နဲ႔ႏႈိင္းယွဥ္ၿပီး သူေဌးႀကီးကို ေျပာသြားတယ္။ သူေဌးႀကီးက သူခိုး ျဖစ္မသြားဘူး။ ေဆးသမားကလည္း သူ႔စိတ္နဲ႔ ႏႈိင္းသြားတယ္။ ဘယ္သူေတြ ဘယ္လို ခိုင္းႏႈိင္သြားသြား သူေဌးႀကီးကေတာ့ သူေဌးႀကီးပါဘဲ။ ဘာမွ ေျပာင္းလဲသြားတာ မရွိပါဘူး။

ဒီလိုပါဘဲ အခ်ိဳ႕ေသာသူေတြက သူတို႔မွာရွိတဲ့ အသိ၊ ဗဟုသုတ၊ အေတြ႕အႀကဳံ၊ စိတ္ဓာတ္ေပတံနဲ႔ တပါးသူကို တိုင္းတာၾကတယ္။ အပ်က္သေဘာေဆာင္တဲ့ ေဝဖန္မႈမ်ိဳးနဲ႔ ေဝဖန္ၾကတယ္။ ပုတ္ခတ္ၾကတယ္။ သူတို႔ ေပတံထက္ သာလြန္းေနရင္ "စံ " သက္မွတ္ခ်က္ မညီဘူး ေျပာၾကတယ္။ သူတို႔ေပတံထက္ ေလ်ာ့ပါးေနရင္ အထင္ေသးသလို အၾကည့္နဲ႔ "စံ" ႏႈန္း ေဘာင္မဝင္ဘူး ဆိုၾကျပန္ေကာ။ သူတို႔ ကိုင္ထားတဲ့ ေပတံကသာ "စံ" အျပည့္မီလို႔ တဘက္ပိတ္အေတြးနဲ႔ လက္ကိုင္ထားၾကတယ္။

တကယ္ေတာ့ အတိုင္းတာ ခံလိုက္ကတဲ့ သူက သူတို႔တိုင္းတာလို႔ ဘာမွ ျဖစ္မသြားဘူး၊ ေျပာင္းလဲ မသြားဘူး။ တကယ္ျဖစ္သြားတာက သူတို႔။ သူတို႔ရဲ႕ ဗီဇ႐ုပ္ ဘယ္ေလာက္ အတိုင္းအတာရွိတယ္ ဆိုတာကို ျပလိုက္တာဘဲ။ လူဆိုတာ အမွားေတာ့ မကင္းဘူးေပါ့။ သို႔ေပေသာ္ညားလည္း ကိုယ့္ဘက္က အေကာင္းဆိုး၊ အျပဳသေဘာေဆာင္တဲ့ ရပ္တည္မႈမ်ိဳးနဲ႔ ေနၾကည့္လိုက္ပါ။ ဘယ္သူေတြ ဘာေျပာေျပာ လိပ္ျပာလုံတယ္။ ဘယ္သူေတြ အမုန္းပြားပြား၊ အပစ္တင္ေဝဖန္ ေနေန ကိုယ့္ဘက္က အၿပဳံးတခုနဲ႔ တုန႔္ျပန္လိုက္ပါ။ ကိုယ္ၿပဳံးေလသမွ် သူတို႔ရႈံးေနရတယ္။ ကိုယ့္ရဲ႕ အၿပဳံးက သူတို႔အတြက္ ထာဝရ အရႈံး။ crd