မိဘတွေဆီကနေ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရတဲ့ ကလေးတွေက စိတ်ကျန်းမာရေးကို ထိခိုက်ရေပါတယ်။ ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ခန္ဓာကိုယ် ကျန်းမာရေးက အရေးကြီးသလို စိတ်ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ အဲဒါကြောင့် မိဘတွေ သတိမထားမိဘဲ လုပ်မိလိုက်တဲ့ တချို့အချက်တွေက ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၁။ သင့်ကလေးကို အခြားကလေးများနှင့် နှိုင်းယှဉ်ခြင်း

မိဘတွေက ကလေးတွေကို တစ်ခါတရံမှာ အားမလို အားမရစိတ်နဲ့ သူများကလေးနဲ့ ယှဉ်တတ်သလို မောင်နှမတွေ အချင်းချင်းလည်း ယှဉ်တတ်ပါတယ်။ အဲဒီအခါ ကလေးက စိတ်ဓါတ် ပိုမတက်ကြွတဲ့အပြင် စိတ်ပိုအားငယ် စေပါတယ်။ စိတ်ဖိစီးမှုတွေလည်း ပိုရစေလို့ ကလေးအချင်းချင်း မနှိုင်းယှဉ်သင့်ကြောင်း Dr Justin Coulson က အကြံပြုထားပါတယ်။

၂။ မိဘတွေရဲ့ပြဿနာကို ကလေးအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း

မိဘတွေဟာ နေ့စဉ် ပြဿနာပေါင်းများစွာကို ကြုံတွေ့ရပါတယ်။ အဲဒီအခါ တချို့မိဘတွေက အဆင်မပြေမှု အားလုံးဟာ ကလေးကြောင့် ဆိုပြီး ပြဿနာ ရှာတတ်ကြပါတယ်။ တကယ်တော့ ဒီနည်းက ကလေးနဲ့မိဘကို စိတ်ချင်းကိုယ်ချင်း ဝေးသွားစေပါတယ်။

၃။ ကလေးအပေါ် ပေါက်ကွဲခြင်း

တချို့မိဘတွေက စိတ်အဆင်မပြေတဲ့အခါ အိမ်မှာ နိုင်လို့ရတဲ့သူအပေါ် ပေါက်ကွဲတတ်ကြပါတယ်။ တစ်ခါတရံ မဆိုင်တဲ့ သားသမီးတွေအပေါ် အပြစ်ပုံချကြပါတယ်။ တကယ်တော့ ကလေးတွေက စိတ်နုနယ် သေးတာကြောင့် ပြဿနာတွေကို ကလေးကို အပြစ်ပုံချပြီး စိတ်ထွက်ပေါက် မရှာသင့်ပါဘူး။

၄။ ကလေးရဲ့ ခံစားချက်ကို မျက်ကွယ်ပြုခြင်း

ကလေးက ဒဏ်ရာတစ်ခုရလို့ သင့်ကို လာပြတဲ့အခါ သင်က အလုပ်များနေရင် " ဘာမှမဖြစ်ဘူး၊ ကောင်းသွားလိမ့်မယ်" လို့ပဲ သင်က ပြန်ပြောလိုက်မှာပါ။ တစ်ခါတရံမှာ အဲဒီလို ပြောလိုက်တာ ကောင်းပေမယ့် အမြဲတမ်း ဆိုရင်တော့ မကောင်းပါဘူး။ အဆင်ပြေသွားလိမ့်မယ် လို့ ပြောမယ့်အစား သူတို့ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ပြောပြလိုက်ရင် ကလေးစိတ်ထဲမှာ သင့်ကို ပိုပြီး ယုံကြည်အားကိုး သွားပါတယ်။

၅။ အမြဲလိုလို အပြစ်ပေးခြင်း

ကလေးတွေကို ဆုံးမတဲ့အခါ အပြစ်ပေးလိုက်၊ သင်ပေးလိုက်၊ ချော့လိုက်၊ ချောက်လိုက်က အဆင်ပြေပါတယ်။ အဲဒီလို မဟုတ်ဘဲ တစ်ခုခုမှားတာနဲ့ အပြစ်ပဲ ပေးနေမယ်ဆိုရင် ကလေးက သူ့ရဲ့ လုပ်ရပ် အမှားအမှန်ကို မခွဲခြားနိုင်တော့ပါဘူး။

၆။ ခဏခဏ ဝေဖန်အပြစ်တင်ခြင်း

ကလေးတွေအတွက် ချီးကျူး အသိအမှတ်ပြုစကား လိုအပ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အမြဲလိုလို နေရာတကာမှာ ဝေဖန် အပြစ်တင်နေရင် ကလေးတွေမှာ စိတ်ခံစားချက် အကြီးကြီး ရသွားစေနိုင်ပါတယ်။

၇။ ကြမ်းကြမ်းတမ်းတမ်း ပြောခြင်း

ကလေးတွေကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောလေ ကလေးတွေမှာ ကိုယ်ပိုင် ယုံကြည်မှုတွေ လျော့နည်းလာလေပါ။ တခြားသူတွေ ရှေ့မှာလည်း သူတို့ကို ဆဲဆိုတဲ့ စကားတွေ၊ ကြမ်းတမ်းတွေ စကားတွေနဲ့ မပြောဆိုသင့်ပါဘူး။

၈။ ကလေးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိန်းချုပ်ခြင်း

ကလေးတွေကို သူ့အသက်အရွယ်အလိုက် ကိုယ်ပိုင် လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အချိန် ပေးသင့်ပါတယ်။ နေရာတကာ လိုက်ချုပ်ချယ်တဲ့အခါ မိဘနဲ့ သားသမီးအကြား အဖုအထစ်တွေ ဖြစ်လာမှာပါ။ အရမ်း ချုပ်ချယ်ခံရပြီး လွတ်ထွက်သွားတဲ့ ကလေးတွေက ပိုပြီး ဆိုးသွားတတ်ကြပါတယ်။

Zombie (Lovemedia)

for zawgyi

ကေလးေတြရဲ႕ စိတ္က်န္းမာေရးကို ထိခိုက္ေစတဲ့ မိဘေတြရဲ႕ အျပဳအမူ (၈) ခု

မိဘေတြဆီကေန စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာရတဲ့ ကေလးေတြက စိတ္က်န္းမာေရးကို ထိခိုက္ေရပါတယ္။ ကေလးတစ္ေယာက္ ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာဖို႔ ခႏၶာကိုယ္ က်န္းမာေရးက အေရးႀကီးသလို စိတ္က်န္းမာေရးကလည္း အေရးႀကီးပါတယ္။ အဲဒါေၾကာင့္ မိဘေတြ သတိမထားမိဘဲ လုပ္မိလိုက္တဲ့ တခ်ိဳ႕အခ်က္ေတြက ကေလးေတြရဲ႕ စိတ္က်န္းမာေရးကို ထိခိုက္ေစပါတယ္။

၁။ သင့္ကေလးကို အျခားကေလးမ်ားႏွင့္ ႏႈိင္းယွဥ္ျခင္း

မိဘေတြက ကေလးေတြကို တစ္ခါတရံမွာ အားမလို အားမရစိတ္နဲ႔ သူမ်ားကေလးနဲ႔ ယွဥ္တတ္သလို ေမာင္ႏွမေတြ အခ်င္းခ်င္းလည္း ယွဥ္တတ္ပါတယ္။ အဲဒီအခါ ကေလးက စိတ္ဓါတ္ ပိုမတက္ႂကြတဲ့အျပင္ စိတ္ပိုအားငယ္ ေစပါတယ္။ စိတ္ဖိစီးမႈေတြလည္း ပိုရေစလို႔ ကေလးအခ်င္းခ်င္း မႏႈိင္းယွဥ္သင့္ေၾကာင္း Dr Justin Coulson က အႀကံျပဳထားပါတယ္။

၂။ မိဘေတြရဲ႕ျပႆနာကို ကေလးအေပၚ ဝန္ထုပ္ဝန္ပိုးျဖစ္ေစျခင္း

မိဘေတြဟာ ေန႔စဥ္ ျပႆနာေပါင္းမ်ားစြာကို ႀကဳံေတြ႕ရပါတယ္။ အဲဒီအခါ တခ်ိဳ႕မိဘေတြက အဆင္မေျပမႈ အားလုံးဟာ ကေလးေၾကာင့္ ဆိုၿပီး ျပႆနာ ရွာတတ္ၾကပါတယ္။ တကယ္ေတာ့ ဒီနည္းက ကေလးနဲ႔မိဘကို စိတ္ခ်င္းကိုယ္ခ်င္း ေဝးသြားေစပါတယ္။

၃။ ကေလးအေပၚ ေပါက္ကြဲျခင္း

တခ်ိဳ႕မိဘေတြက စိတ္အဆင္မေျပတဲ့အခါ အိမ္မွာ ႏိုင္လို႔ရတဲ့သူအေပၚ ေပါက္ကြဲတတ္ၾကပါတယ္။ တစ္ခါတရံ မဆိုင္တဲ့ သားသမီးေတြအေပၚ အျပစ္ပုံခ်ၾကပါတယ္။ တကယ္ေတာ့ ကေလးေတြက စိတ္ႏုနယ္ ေသးတာေၾကာင့္ ျပႆနာေတြကို ကေလးကို အျပစ္ပုံခ်ၿပီး စိတ္ထြက္ေပါက္ မရွာသင့္ပါဘူး။

၄။ ကေလးရဲ႕ ခံစားခ်က္ကို မ်က္ကြယ္ျပဳျခင္း

ကေလးက ဒဏ္ရာတစ္ခုရလို႔ သင့္ကို လာျပတဲ့အခါ သင္က အလုပ္မ်ားေနရင္ " ဘာမွမျဖစ္ဘူး၊ ေကာင္းသြားလိမ့္မယ္" လို႔ပဲ သင္က ျပန္ေျပာလိုက္မွာပါ။ တစ္ခါတရံမွာ အဲဒီလို ေျပာလိုက္တာ ေကာင္းေပမယ့္ အၿမဲတမ္း ဆိုရင္ေတာ့ မေကာင္းပါဘူး။ အဆင္ေျပသြားလိမ့္မယ္ လို႔ ေျပာမယ့္အစား သူတို႔ျပႆနာကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းကို ေျပာျပလိုက္ရင္ ကေလးစိတ္ထဲမွာ သင့္ကို ပိုၿပီး ယုံၾကည္အားကိုး သြားပါတယ္။

၅။ အၿမဲလိုလို အျပစ္ေပးျခင္း

ကေလးေတြကို ဆုံးမတဲ့အခါ အျပစ္ေပးလိုက္၊ သင္ေပးလိုက္၊ ေခ်ာ့လိုက္၊ ေခ်ာက္လိုက္က အဆင္ေျပပါတယ္။ အဲဒီလို မဟုတ္ဘဲ တစ္ခုခုမွားတာနဲ႔ အျပစ္ပဲ ေပးေနမယ္ဆိုရင္ ကေလးက သူ႔ရဲ႕ လုပ္ရပ္ အမွားအမွန္ကို မခြဲျခားႏိုင္ေတာ့ပါဘူး။

၆။ ခဏခဏ ေဝဖန္အျပစ္တင္ျခင္း

ကေလးေတြအတြက္ ခ်ီးက်ဴး အသိအမွတ္ျပဳစကား လိုအပ္ပါတယ္။ အဲဒီလို မဟုတ္ဘဲ အၿမဲလိုလို ေနရာတကာမွာ ေဝဖန္ အျပစ္တင္ေနရင္ ကေလးေတြမွာ စိတ္ခံစားခ်က္ အႀကီးႀကီး ရသြားေစႏိုင္ပါတယ္။

၇။ ၾကမ္းၾကမ္းတမ္းတမ္း ေျပာျခင္း

ကေလးေတြကို ၾကမ္းတမ္းတဲ့ စကားလုံးေတြနဲ႔ ေျပာေလ ကေလးေတြမွာ ကိုယ္ပိုင္ ယုံၾကည္မႈေတြ ေလ်ာ့နည္းလာေလပါ။ တျခားသူေတြ ေရွ႕မွာလည္း သူတို႔ကို ဆဲဆိုတဲ့ စကားေတြ၊ ၾကမ္းတမ္းေတြ စကားေတြနဲ႔ မေျပာဆိုသင့္ပါဘူး။

၈။ ကေလးေတြရဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို ထိန္းခ်ဳပ္ျခင္း

ကေလးေတြကို သူ႔အသက္အ႐ြယ္အလိုက္ ကိုယ္ပိုင္ လြတ္လပ္ခြင့္၊ ကိုယ္ပိုင္အခ်ိန္ ေပးသင့္ပါတယ္။ ေနရာတကာ လိုက္ခ်ဳပ္ခ်ယ္တဲ့အခါ မိဘနဲ႔ သားသမီးအၾကား အဖုအထစ္ေတြ ျဖစ္လာမွာပါ။ အရမ္း ခ်ဳပ္ခ်ယ္ခံရၿပီး လြတ္ထြက္သြားတဲ့ ကေလးေတြက ပိုၿပီး ဆိုးသြားတတ္ၾကပါတယ္။

Zombie (Lovemedia)