မိဘအရှိန်ဝါနဲ့ တောက်ပနေတဲ့ သားသမီးတွေ ကိုယ်ရည်ကိုယ်သွေးမရှိပဲ လူ့ပတ်ဝန်းကျင်မှာ များလွန်းတာက မိဘတွေရဲ့အပြစ်မကင်းဘူးဆိုတာကို မိဘတွေကိုယ်တိုင်က လက်မခံကြပါဘူး။

မိဘတွေက ချွေးစက်တွေကြားမှာ ရုန်းကန်နေပေမဲ့ သားသမီးကျတော့ တောက်ပနေတာ၊ ငယ်စဉ်ကတည်းက သင်ယူသင့်တာတွေကို သင်ယူခွင့်မပြကြပဲ မျက်မမြင်က ပြတဲ့လမ်းကို ပေးလျှောက်နေသလို ကို့ယို့ကားယားနဲ့ ဘဝမှာ ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်သွားကြတဲ့ မိသားစုတွေ ပြောမကုန်ပါဘူး။

လောကကြီးမှာ ကြုံရမယ့် အမှန်တရားကို သိခွင့်မပေးပဲ ကြီးပြင်းလာဖို့ ခွင့်မပြုသင့်ပါဘူး။ သားသမီးနဲ့ မိဘကြားက မေတ္တာတရားကို မှန်ကန်တဲ့ နည်းလမ်းနဲ့ပဲ ချပြပေးသင့်ပါတယ်။ သားသမီးကို သခင်လိုထားပြီး မိဘက ကျွန်လို ရေခပ်ပေးတာကအစ ခြေထောက် မလှမ်းရ မကြွရတော့တဲ့အထိ ဖူးဖူးမှုတ်နေတာက သားသမီးကို ဖျက်ဆီးနေကြတာပါ။

စာပဲကျက်ပါ။ ဘွဲ့ရအောင်လုပ်ပါ။ ဘာမှကို ပေးမလုပ်ဘူး။ မရှိ ရှိတာလုပ်ပြီး ဆင်ပေးတယ်။ မိဘရဲ့အပူပင် သောကတွေကို ဘာမှ သိခွင့်မပေးပဲ လိုသမျှကို ဖြည့်ဆည်းပေးနေတာမျိုးက ကလေးရဲ့ လူ့အသိဉာဏ်ကို ပျက်စီးစေလို့ပါပဲ။

ကလေးရဲ့ Intelligent ကိုဖျက်ဆီးတဲ့ မိဘက Education ကို ဘယ်လောက်ထည့်ပေးထည့်ပေး ဘာမှ အသုံးမဝင်နိုင်သလို ကလေးရဲ့ ဘဝအတွက် တာဝန်ယူတဲ့စိတ် တာဝန်သိတတ်တဲ့စိတ် Safe Care ဆိုတဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ခြင်းကနေ အများကို ဂရုစိုက်ခြင်းကို သိနားလည်ခွင့် မပြုထားရင် ကလေးရဲ့ဘဝကို အတ္တကြီးတဲ့ လူတယောက်ဖြစ်အောင် ပြုလုပ်နေသလို ဖြစ်နေပြီး ကလေးရဲ့ ဘဝကို သတ်နေတဲ့သူက မိဘတွေပါပဲ။

မိမိရဲ့ကလေးကို သက်တောင့်သက်သာနဲ့ ကြီးပျင်းလာတဲ့ ကလေးဖြစ်အောင် မထားပါနဲ့။ ဘာမှ မပူပင်မရှိတဲ့ ကလေးက ရုန်းကန်တတ်ဖို့ကို ဘယ်တော့မှ သင်ယူဖို့ မဖြစ်နိုင်လို့ပါ။ ကလေးကို ငယ်စဉ်ဘဝတည်းက ချစ်လွန်းလို့ ထမင်းဝါးပြီး ခွံ့ရင်တောင် ကလေးက မြိုချမှ ဗိုက်ပြည့်နိုင်မယ် ဆိုတာလေးတော့ နားလည်ခွင့်ပြုကြပါ။

အမှားနဲ့ အမှန်ကိုလည်း ခွဲခြားဖို့ မတတ်နိုင်တဲ့ကလေးဖြစ်အောင် ခြေကောင်းလက်ကောင်းနဲ့ ဒုက္ခိတဖြစ်အောင် ကလေးကို အဆိပ်မခတ်ကြပါနဲ့။ မိဘအပေါ် သားသမီးသိတတ်ခြင်း မသိတတ်ခြင်းက မိဘရဲ့ မှန်ကန်တဲ့ ပျိုးထောင်မှုအပေါ် မူတည်ပါတယ်။

လူ့ဘဝရပ်တည်နည်းကို အမှန်တရားအတိုင်း ချပြပါ။ စိတ်ကောင်းစိတ်မြတ်ထားခြင်း ကိုယ့်တန်ဖိုးကို သိတတ်ခြင်း ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ချစ်တတ်အောင် သင်ယူခွင့်ပြုပါ။ မိဘဆိုတာ သေတတ်တဲ့ သူတွေမို့ လောကကြီးထဲ ကျန်ခဲ့မယ့် ကလေးကို အောက်ခြေခိုင်အောင် လူ့ဘဝထဲ မှန်ကန်တဲ့ စိတ်ကောင်းစိတ်မြတ်နဲ့ ရပ်တည်နိုင်အောင် အခြေခံစိတ်ကောင်းစိတ်မြတ်တွေကို ငယ်စဉ်ဘဝတည်းက ထည့်ပေးထားကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်ရှင့်။ crd

Zawgyi

သားသမီးကို တကယ္ခ်စ္ရင္ သခင္လိုမထားနဲ႔

မိဘအရွိန္ဝါနဲ႔ ေတာက္ပေနတဲ့ သားသမီးေတြ ကိုယ္ရည္ကိုယ္ေသြးမရွိပဲ လူ႔ပတ္ဝန္းက်င္မွာ မ်ားလြန္းတာက မိဘေတြရဲ႕အျပစ္မကင္းဘူးဆိုတာကို မိဘေတြကိုယ္တိုင္က လက္မခံၾကပါဘူး။

မိဘေတြက ေခြၽးစက္ေတြၾကားမွာ ႐ုန္းကန္ေနေပမဲ့ သားသမီးက်ေတာ့ ေတာက္ပေနတာ၊ ငယ္စဥ္ကတည္းက သင္ယူသင့္တာေတြကို သင္ယူခြင့္မျပၾကပဲ မ်က္မျမင္က ျပတဲ့လမ္းကို ေပးေလွ်ာက္ေနသလို ကို႔ယို႔ကားယားနဲ႔ ဘဝမွာ ကူရာမဲ့ ကယ္ရာမဲ့ ျဖစ္သြားၾကတဲ့ မိသားစုေတြ ေျပာမကုန္ပါဘူး။

ေလာကႀကီးမွာ ႀကဳံရမယ့္ အမွန္တရားကို သိခြင့္မေပးပဲ ႀကီးျပင္းလာဖို႔ ခြင့္မျပဳသင့္ပါဘူး။ သားသမီးနဲ႔ မိဘၾကားက ေမတၱာတရားကို မွန္ကန္တဲ့ နည္းလမ္းနဲ႔ပဲ ခ်ျပေပးသင့္ပါတယ္။ သားသမီးကို သခင္လိုထားၿပီး မိဘက ကြၽန္လို ေရခပ္ေပးတာကအစ ေျခေထာက္ မလွမ္းရ မႂကြရေတာ့တဲ့အထိ ဖူးဖူးမႈတ္ေနတာက သားသမီးကို ဖ်က္ဆီးေနၾကတာပါ။

စာပဲက်က္ပါ။ ဘြဲ႕ရေအာင္လုပ္ပါ။ ဘာမွကို ေပးမလုပ္ဘူး။ မရွိ ရွိတာလုပ္ၿပီး ဆင္ေပးတယ္။ မိဘရဲ႕အပူပင္ ေသာကေတြကို ဘာမွ သိခြင့္မေပးပဲ လိုသမွ်ကို ျဖည့္ဆည္းေပးေနတာမ်ိဳးက ကေလးရဲ႕ လူ႔အသိဉာဏ္ကို ပ်က္စီးေစလို႔ပါပဲ။

ကေလးရဲ႕ Intelligent ကိုဖ်က္ဆီးတဲ့ မိဘက Education ကို ဘယ္ေလာက္ထည့္ေပးထည့္ေပး ဘာမွ အသုံးမဝင္ႏိုင္သလို ကေလးရဲ႕ ဘဝအတြက္ တာဝန္ယူတဲ့စိတ္ တာဝန္သိတတ္တဲ့စိတ္ Safe Care ဆိုတဲ့ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ႏိုင္ျခင္းကေန အမ်ားကို ဂ႐ုစိုက္ျခင္းကို သိနားလည္ခြင့္ မျပဳထားရင္ ကေလးရဲ႕ဘဝကို အတၱႀကီးတဲ့ လူတေယာက္ျဖစ္ေအာင္ ျပဳလုပ္ေနသလို ျဖစ္ေနၿပီး ကေလးရဲ႕ ဘဝကို သတ္ေနတဲ့သူက မိဘေတြပါပဲ။

မိမိရဲ႕ကေလးကို သက္ေတာင့္သက္သာနဲ႔ ႀကီးပ်င္းလာတဲ့ ကေလးျဖစ္ေအာင္ မထားပါနဲ႔။ ဘာမွ မပူပင္မရွိတဲ့ ကေလးက ႐ုန္းကန္တတ္ဖို႔ကို ဘယ္ေတာ့မွ သင္ယူဖို႔ မျဖစ္ႏိုင္လို႔ပါ။ ကေလးကို ငယ္စဥ္ဘဝတည္းက ခ်စ္လြန္းလို႔ ထမင္းဝါးၿပီး ခြံ႕ရင္ေတာင္ ကေလးက ၿမိဳခ်မွ ဗိုက္ျပည့္ႏိုင္မယ္ ဆိုတာေလးေတာ့ နားလည္ခြင့္ျပဳၾကပါ။

အမွားနဲ႔ အမွန္ကိုလည္း ခြဲျခားဖို႔ မတတ္ႏိုင္တဲ့ကေလးျဖစ္ေအာင္ ေျခေကာင္းလက္ေကာင္းနဲ႔ ဒုကၡိတျဖစ္ေအာင္ ကေလးကို အဆိပ္မခတ္ၾကပါနဲ႔။ မိဘအေပၚ သားသမီးသိတတ္ျခင္း မသိတတ္ျခင္းက မိဘရဲ႕ မွန္ကန္တဲ့ ပ်ိဳးေထာင္မႈအေပၚ မူတည္ပါတယ္။

လူ႔ဘဝရပ္တည္နည္းကို အမွန္တရားအတိုင္း ခ်ျပပါ။ စိတ္ေကာင္းစိတ္ျမတ္ထားျခင္း ကိုယ့္တန္ဖိုးကို သိတတ္ျခင္း ကိုယ့္ကိုယ္ကိုယ္ မွန္မွန္ကန္ကန္ ခ်စ္တတ္ေအာင္ သင္ယူခြင့္ျပဳပါ။ မိဘဆိုတာ ေသတတ္တဲ့ သူေတြမို႔ ေလာကႀကီးထဲ က်န္ခဲ့မယ့္ ကေလးကို ေအာက္ေျခခိုင္ေအာင္ လူ႔ဘဝထဲ မွန္ကန္တဲ့ စိတ္ေကာင္းစိတ္ျမတ္နဲ႔ ရပ္တည္ႏိုင္ေအာင္ အေျခခံစိတ္ေကာင္းစိတ္ျမတ္ေတြကို ငယ္စဥ္ဘဝတည္းက ထည့္ေပးထားၾကဖို႔ အႀကံျပဳ တိုက္တြန္းလိုက္ပါတယ္ရွင့္။ crd