မိုက်ကယ်ဂျက်ဆင်ဟာ အသက် ၁၅၀ လောက်အထိ နေသွားချင်ခဲ့ပါတယ်။ ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့ မိသားစုဆရာဝန် ၁၂ ယောက်ထိ သူခန့်ထားခဲ့တယ်။ သူနေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက် စစ်ဆေးပြီးမှသာ စားသောက်လေ့ ရှိပါတယ်။ သူ့ရဲ့ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း ၁၅ ယောက်လောက် ထပ်မံ ခန့်အပ်ထားခဲ့တာပါ။

သူ့ရဲ့အိပ်ရာမှာ အောက်စီဂျင် ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း အမျိုးမျိုးကို လှူဒါန်းမယ့် သူတွေကလည်း တခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာ ဖြစ်ပါတယ်။

ဒီလို အဖက်ဖက်က ဂရုတစိုက် ပြင်ဆင်ထားပြီးနောက် သူဟာ အသက် ၁၅၀ လောက်ထိ နေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး။ ၂၀၀၉ ခုနှစ် ၊ ဇွန်လ ၂၅ ရက် သူ့အသက် ၅၀ အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့နှလုံးဟာ လုံးဝ အလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန် ၁၂ ယောက် အပါအဝင် အခြားသော ဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကို မကယ်တင်နိုင်ခဲ့ကြဘူး။

၂၅ နှစ်လုံးလုံး ဆရာဝန် ညွှန်ကြားချက် မပါဘဲ ခြေတလှမ်းတောင် မလှမ်းတဲ့သူတယောက်ဟာ အသက် ၁၅၀ ပြည့်အောင် နေချင်ပေမယ့် မနေခဲ့ရပါဘူး။ မိုက်ကယ်ဂျက်ဆင်ရဲ့ ဈာပနအခမ်းအနားကို လူပေါင်း၂ သန်းခွဲလောက်က တိုက်ရိုက် ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတရပ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

သူကွယ်လွန်တဲ့ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၅ ရက် ဒေသစံတော်ချိန် ညနေ၃:၁၅ မှာ Wikipedia, Twitter နဲ့ AOL's instant messenger တို့ဟာ လုံးဝ ပြတ်တောက်သွားသည်အထိဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က Google မှာ မိုက်ကယ်ဂျက်ဆင်နာမည်ကို တပြိုင်နက် ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကို ပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။

ဒီနေ့ ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်း တိုးတက်ထွန်းကားနေတာ ဖြစ်လို့ ကျွန်တော်တို့ အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက် လိုက်နေကြရတယ်။ ဒါကို မှားတယ်လို့လည်း ပြောလို့မရပါဘူး။ ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ ကမ္ဘာတခု ဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကို လိုက်ကြရမှာပဲ။ ဒါပေမယ့် နေ့မအား ညမနား လိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့မလား။

ကျွန်တော်တို့ဟာ တပတ်ကိုတခါလောက် မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေကို အချိန်ပေးဖြစ် ခဲ့ကြလို့လား။ ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ ပိုက်ဆံရဲ့ ဆယ်ပုံတပုံလောက် ကိုတောင် ကိုယ့်ကို ပျော်ရွှင်စေမယ့် အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့ လိုပါလိမ့်မယ်။

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေး ရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေ ခဲ့ကြတာပါ။ "ဒါ ငါ့အိမ်၊ ဒါ ငါ့ကား" စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းက ပြုံးနေလိမ့်မယ် ထင်ပါတယ်။

ချမ်းသာအောင် လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ဆင်းရဲတာနဲ့ စာရင် ချမ်းသာတာက အဆပေါင်းများစွာ ပိုကောင်းပါတယ်။ ချမ်းသာတာက ပြဿနာတခု မဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲ ချမ်းသာနေပြီး စိတ်မချမ်းသာရတာ ကသာ ပြဿနာ ဖြစ်ပါတယ်။

ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ အသုံးချဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။ တကယ်တော့ ဘဝမှာ နေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု၊ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်မှုနဲ့ စိတ်အေးချမ်းမှုတွေပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာတခုကတော့ အဲဒီအရာတွေကို ဘယ်မှာမှ ဝယ်လို့မရနိုင်တာပါပဲ။ crd

Zawgyi

ပိုက္ဆံျဖင့္ ဝယ္မရေသာအရာမ်ား

မိုက္ကယ္ဂ်က္ဆင္ဟာ အသက္ ၁၅၀ ေလာက္အထိ ေနသြားခ်င္ခဲ့ပါတယ္။ ဒါေၾကာင့္ ဆံဖ်ားကေန ေျခမအဆုံး သူ႔ရဲ႕က်န္းမာေရးကို ေစာင့္ေရွာက္ဖို႔ မိသားစုဆရာဝန္ ၁၂ ေယာက္ထိ သူခန႔္ထားခဲ့တယ္။ သူေန႔စဥ္စားမယ့္ အစားအေသာက္ေတြကိုလည္း ဓာတ္ခြဲခန္းမွ ဂ႐ုတစိုက္ စစ္ေဆးၿပီးမွသာ စားေသာက္ေလ့ ရွိပါတယ္။ သူ႔ရဲ႕ ေန႔စဥ္က်န္းမာေရး ေလ့က်င့္ခန္းမ်ားကို ၾကပ္မတ္ေပးဖို႔ ဝန္ထမ္း ၁၅ ေယာက္ေလာက္ ထပ္မံ ခန႔္အပ္ထားခဲ့တာပါ။

သူ႔ရဲ႕အိပ္ရာမွာ ေအာက္စီဂ်င္ ပမာဏကို ထိန္းညႇိေပးႏိုင္တဲ့ နည္းပညာကို အသုံးျပဳထားပါတယ္။ ေဆးပညာအရ အစားထိုးလို႔ရႏိုင္တဲ့ ကိုယ္လက္အဂၤါ အစိတ္အပိုင္း အမ်ိဳးမ်ိဳးကို လႉဒါန္းမယ့္ သူေတြကလည္း တခုခုဆို မိုက္ကယ္ဂ်က္ဆင္အတြက္ တန္းလႉႏိုင္ဖို႔ အသင့္ရွိေနပါတယ္။ သူတို႔ရဲ႕စားဝတ္ေနေရးကို မိုက္ကယ္ဂ်က္ဆင္ကပဲ ေထာက္ပံ့ေပးထားရတာ ျဖစ္ပါတယ္။

ဒီလို အဖက္ဖက္က ဂ႐ုတစိုက္ ျပင္ဆင္ထားၿပီးေနာက္ သူဟာ အသက္ ၁၅၀ ေလာက္ထိ ေနသြားႏိုင္မယ္လို႔ ယုံၾကည္ေနခဲ့ပါတယ္။ ဒါေပမယ့္ သူ မေအာင္ျမင္ခဲ့ပါဘူး။ ၂၀၀၉ ခုႏွစ္ ၊ ဇြန္လ ၂၅ ရက္ သူ႔အသက္ ၅၀ အ႐ြယ္မွာေတာ့ မိုက္ကယ္ဂ်က္ဆင္ရဲ႕ႏွလုံးဟာ လုံးဝ အလုပ္မလုပ္ေတာ့ပါဘူး။ မိသားစုဆရာဝန္ ၁၂ ေယာက္ အပါအဝင္ အျခားေသာ ဆရာဝန္ႀကီးမ်ားစြာ ဝိုင္းဝန္းႀကိဳးစားခဲ့ၾကေပမယ့္ သူတို႔ဟာ မိုက္ကယ္ဂ်က္ဆင္ကို မကယ္တင္ႏိုင္ခဲ့ၾကဘူး။

၂၅ ႏွစ္လုံးလုံး ဆရာဝန္ ၫႊန္ၾကားခ်က္ မပါဘဲ ေျခတလွမ္းေတာင္ မလွမ္းတဲ့သူတေယာက္ဟာ အသက္ ၁၅၀ ျပည့္ေအာင္ ေနခ်င္ေပမယ့္ မေနခဲ့ရပါဘူး။ မိုက္ကယ္ဂ်က္ဆင္ရဲ႕ ဈာပနအခမ္းအနားကို လူေပါင္း၂ သန္းခြဲေလာက္က တိုက္႐ိုက္ ၾကည့္ရႈခဲ့ၾကၿပီး ဒါဟာ ယေန႔အခ်ိန္ထိ စံခ်ိန္မွတ္တမ္းတရပ္အျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။

သူကြယ္လြန္တဲ့ ၂၀၀၉ ခုႏွစ္၊ ဇြန္လ ၂၅ ရက္ ေဒသစံေတာ္ခ်ိန္ ညေန၃:၁၅ မွာ Wikipedia, Twitter နဲ႔ AOL's instant messenger တို႔ဟာ လုံးဝ ျပတ္ေတာက္သြားသည္အထိျဖစ္ခဲ့တယ္။ လူေပါင္းရွစ္သိန္းေလာက္က Google မွာ မိုက္ကယ္ဂ်က္ဆင္နာမည္ကို တၿပိဳင္နက္ ရွာေဖြခဲ့ၾကတယ္လို႔ မွတ္တမ္းေတြက ဆိုပါတယ္။ မိုက္ကယ္ဂ်က္ဆင္ဟာ ေသျခင္းတရားကို စိန္ေခၚဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ေသျခင္းတရားကသာ သူ႔ကို ျပန္လည္စိန္ေခၚသြားခဲ့ပါတယ္။

ဒီေန႔ ကမာၻမွာေတာ့ ႐ုပ္ဝတၳဳပစၥည္းေတြ အံ့မခန္း တိုးတက္ထြန္းကားေနတာ ျဖစ္လို႔ ကြၽန္ေတာ္တို႔ အားလုံးဟာ အဲဒီေနာက္ကို တေကာက္ေကာက္ လိုက္ေနၾကရတယ္။ ဒါကို မွားတယ္လို႔လည္း ေျပာလို႔မရပါဘူး။ ႐ုပ္ဝတၳဳမ်ားကို ဗဟိုျပဳၿပီး လည္ပတ္ေနတဲ့ ကမာၻတခု ျဖစ္လာတာေၾကာင့္ ကြၽန္ေတာ္တို႔ဟာ အဲဒီေနာက္ကို လိုက္ၾကရမွာပဲ။ ဒါေပမယ့္ ေန႔မအား ညမနား လိုက္ေနတာကေရာ အဓိပၸါယ္ရွိပါ့မလား။

ကြၽန္ေတာ္တို႔ဟာ တပတ္ကိုတခါေလာက္ မိသားစုေတြ၊ မိတ္ေဆြ သူငယ္ခ်င္းေတြကို အခ်ိန္ေပးျဖစ္ ခဲ့ၾကလို႔လား။ ကြၽန္ေတာ္တို႔ဟာ ကိုယ္ရွာထားတဲ့ ပိုက္ဆံရဲ႕ ဆယ္ပုံတပုံေလာက္ ကိုေတာင္ ကိုယ့္ကို ေပ်ာ္႐ႊင္ေစမယ့္ အရာေတြအတြက္ သုံးျဖစ္ခဲ့ၾကရဲ႕လား။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ကိုယ့္အတြက္ကိုယ္ အခ်ိန္နည္းနည္းေပးဖို႔၊ ကိုယ့္ေပ်ာ္႐ႊင္မႈအတြက္ ကိုယ္ပိုက္ဆံနည္းနည္းသုံးဖို႔ လိုပါလိမ့္မယ္။

တကယ္တမ္း ေသေသခ်ာခ်ာ စဥ္းစားၾကည့္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ပိုင္တာ ဘာမွမရွိပါဘူး။ စာ႐ြက္စာတမ္းေတြေပၚမွာ ကြၽန္ေတာ္တို႔နာမည္ ခဏေလး ေရးထိုးထားခြင့္ရ႐ုံနဲ႔ ကြၽန္ေတာ္တို႔ဟာ ကိုယ္ပိုင္ၿပီလို႔ အထင္ေရာက္ေန ခဲ့ၾကတာပါ။ "ဒါ ငါ့အိမ္၊ ဒါ ငါ့ကား" စသျဖင့္ ကြၽန္ေတာ္တို႔ ေႂကြးေၾကာ္လိုက္တိုင္းမွာ ေသျခင္းက ၿပဳံးေနလိမ့္မယ္ ထင္ပါတယ္။

ခ်မ္းသာေအာင္ လုပ္စရာမလိုဘူးလို႔ ကြၽန္ေတာ္ဆိုလိုတာ မဟုတ္ပါဘူး။ ဆင္းရဲတာနဲ႔ စာရင္ ခ်မ္းသာတာက အဆေပါင္းမ်ားစြာ ပိုေကာင္းပါတယ္။ ခ်မ္းသာတာက ျပႆနာတခု မဟုတ္ပါဘူး။ ပိုက္ဆံခ်ည္းပဲ ခ်မ္းသာေနၿပီး စိတ္မခ်မ္းသာရတာ ကသာ ျပႆနာ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔က ကိုယ့္ဘဝကို ကိုယ့္စိတ္တိုင္းက် အသုံးခ်ဖို႔ လိုပါတယ္။ ဒါမွမဟုတ္ရင္ ဘဝက ကိုယ့္ကိုျပန္ၿပီး အသုံးခ်သြားပါလိမ့္မယ္။ တကယ္ေတာ့ ဘဝမွာ ေနေပ်ာ္ဖို႔အတြက္ အေရးအႀကီးဆုံးက ေရာင့္ရဲမႈ၊ ကိုယ့္ဘဝကိုယ္ စိတ္ေက်နပ္မႈနဲ႔ စိတ္ေအးခ်မ္းမႈေတြပဲ ျဖစ္ပါတယ္။ စိတ္မေကာင္းစရာတခုကေတာ့ အဲဒီအရာေတြကို ဘယ္မွာမွ ဝယ္လို႔မရႏိုင္တာပါပဲ။ crd