နှာခေါင်းပိတ်တာက တော်တော်ကို နေရခက်စေပါတယ်။ အခုလို ရာသီဥတု ကူးပြောင်းတဲ့ကာလမှာ လူတော်တော်များများ နှာခေါင်းပိတ် ကြပါတယ်။ နှာခေါင်းပိတ်တာကို ပျောက်စေတဲ့ နည်းလမ်းတွေထဲကမှ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။

၁။ ဘေးစောင်းအိပ်ပါ။

နှာခေါင်းပိတ်တာက ဦးခေါင်းခွံအတွင်း လေလမ်းကြောင်းမှာ အချွဲတွေ ပိတ်မိနေတာပါ။ အဲဒါကြောင့် ခေါင်းအုံးကို မြင့်သွားအောင် ခေါင်းအုံးနှစ်လုံး ဆင့်ပြီး ဘေးစောင်းအိပ်ပါ။ အသက်ရှူရတာ ပိုကောင်းပြီး နှာခေါင်းထဲက ချွဲတွေလည်း ပိတ်မနေတော့ပါဘူး။

၂။ စွပ်ပြုတ်ပူပူနှင့် လက်ဖက်ရည်

ပူပူနွေးနွေး အစားအစာတွေက အအေးမိတာကို လွယ်လွယ်ကူကူ မပျောက်စေပေမယ့် သက်သာစေပါတယ်။ ချာမိုမိုင်း လက်ဖက်ရည်၊ လက်ဖက်စိမ်းရည်၊ ကြက်စွပ်ပြုတ်၊ သံပုရာသီး ရေနွေးစိမ် စတဲ့ ပူနွေးတဲ့ အရည်သောက်တွေက အအေးမိပြီး နှာခေါင်းပိတ်တာအတွက် အကောင်းအဆုံးပါ။ ချွေးထွက်ပြီး နေလို့ကောင်းသွားစေပါတယ်။

၃။ ရေနွေးဝတ်

အဝတ်စ တစ်ခုကို ရေနွေးနဲ့စိမ်ပြီး ဦးခေါင်းခွံအတွင်း လေလမ်းကြောင်း ရှိတဲ့နေရာ အပေါ်ဘက်မှာ အုပ်ပေးထားပါ။ အဲဒီအခါ နှာခေါင်းပိတ်တာ သက်သာပြီး အသက်ရှူရလည်းကောင်းလာစေပါတယ်။

၄။ Neti pot

Neti pot ကို သုံးပြီး နှာခေါင်းပိတ်တာကို သက်သာအောင် လုပ်တာက နေရခက်ပေမယ့် အရမ်းကို ထိရောက်ပါတယ်။ သူက နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဦးခေါင်းခွံအတွင်း လေလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။ Neti potကို သင့်နှာခေါင်းပေါက် တစ်ပေါက်မှာ ထားပါ။ Neti pot က အရည်တွေက နှာခေါင်းပေါက်ထဲဝင်သွားပြီး အချွဲတွေက တခြား နှာခေါင်းပေါက်ကနေ ထွက်လာပါလိမ့်မယ်။

၅။ စိုထိုင်းမှုထိန်းစက်

အေးစက်တဲ့ လေတွေက သင့်အိမ်ထဲကို ဝင်လာပြီး နှာခေါင်းပိတ်တာကို ပိုဆိုးစေမှာပါ။ အဲဒါကြောင့် သင့်အနားမှာ စိုထိုင်းမှု ထိန်းစက်ထားရင် ပိုအဆင်ပြေပါတယ်။ စိုထိုင်းမှု ထိန်းစက်က အန္တရာယ်လည်း မဖြစ်စေပါဘူး။

၆။ ကြက်သွန်ဖြူနဲ့ ရေနွေးငွေ့

ကြက်သွန်က မှိုနဲ့ ဘက်တီးရီးယားတွေကို နိုင်နင်းတာကြောင့် အအေးမိတဲ့အခါ အရမ်း အသုံးဝင်ပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ပူနေတဲ့ ရေနွေးထဲကိုထည့်ပါ။ ထွက်လာတဲ့ ရေနွေးငွေ့တွေကို ရှူသွင်းပါ။

၇။ ပူပူစပ်စပ် အစားအစာများ

သာမန်အချိန်မှာ အပူအစပ်တွေ စားရင်တောင် နှာခေါင်းကနေ နှာရည်တွေ ယိုလာပါတယ်။ အဲဒါကြောင့် နနွင်း၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ဂျင်းပါတဲ့ အစားအစာတွေကို များများ စားပေးပါ။ ဒီအစားအစာတွေက အအေးမိတာကိုလည်း သက်သာစေပါတယ်။

၈။ ရနံ့ဆီ

ပက်ပါမင့်နဲ့ ယူကလစ်မှာ ပရုတ်အေးတွေ ပါဝင်ပါတာကြောင့် သဘာဝ ရင်ကျပ်ပျောက်ဆေး အစစ်ပါ။ ပက်ပါမင့်ရနံ့ဆီကို လက်ကိုင်ပုဝါပေါ်မှာ နည်းနည်းလေးဆွတ်ပြီး သင့်ရဲ့အိပ်ရာဘေးမှာ ထားအိပ်ပါ။ ရေနွေးထဲကို ရနံ့ဆီထည့်ပြီး ရှူပေးလို့လည်း ရပါတယ်။ ရနံ့ဆီတွေကို အသားအရေနဲ့ တိုက်ရိုက်ထိတွေ့ရင် အပူလောင်သလို ဖြစ်တတ်တာကြောင့် သတိထားသင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

အေအးမိၿပီး ႏွာေခါင္းပိတ္တာကို အျမန္ဆုံးသက္သာေစတဲ့ သဘာဝနည္းလမ္း (၈) ခု

ႏွာေခါင္းပိတ္တာက ေတာ္ေတာ္ကို ေနရခက္ေစပါတယ္။ အခုလို ရာသီဥတု ကူးေျပာင္းတဲ့ကာလမွာ လူေတာ္ေတာ္မ်ားမ်ား ႏွာေခါင္းပိတ္ ၾကပါတယ္။ ႏွာေခါင္းပိတ္တာကို ေပ်ာက္ေစတဲ့ နည္းလမ္းေတြထဲကမွ အလြယ္ဆုံးနဲ႔ အထိေရာက္ဆုံး နည္းလမ္းေလးေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေဘးေစာင္းအိပ္ပါ။

ႏွာေခါင္းပိတ္တာက ဦးေခါင္းခြံအတြင္း ေလလမ္းေၾကာင္းမွာ အခြၽဲေတြ ပိတ္မိေနတာပါ။ အဲဒါေၾကာင့္ ေခါင္းအုံးကို ျမင့္သြားေအာင္ ေခါင္းအုံးႏွစ္လုံး ဆင့္ၿပီး ေဘးေစာင္းအိပ္ပါ။ အသက္ရႉရတာ ပိုေကာင္းၿပီး ႏွာေခါင္းထဲက ခြၽဲေတြလည္း ပိတ္မေနေတာ့ပါဘူး။

၂။ စြပ္ျပဳတ္ပူပူႏွင့္ လက္ဖက္ရည္

ပူပူေႏြးေႏြး အစားအစာေတြက အေအးမိတာကို လြယ္လြယ္ကူကူ မေပ်ာက္ေစေပမယ့္ သက္သာေစပါတယ္။ ခ်ာမိုမိုင္း လက္ဖက္ရည္၊ လက္ဖက္စိမ္းရည္၊ ၾကက္စြပ္ျပဳတ္၊ သံပုရာသီး ေရေႏြးစိမ္ စတဲ့ ပူေႏြးတဲ့ အရည္ေသာက္ေတြက အေအးမိၿပီး ႏွာေခါင္းပိတ္တာအတြက္ အေကာင္းအဆုံးပါ။ ေခြၽးထြက္ၿပီး ေနလို႔ေကာင္းသြားေစပါတယ္။

၃။ ေရေႏြးဝတ္

အဝတ္စ တစ္ခုကို ေရေႏြးနဲ႔စိမ္ၿပီး ဦးေခါင္းခြံအတြင္း ေလလမ္းေၾကာင္း ရွိတဲ့ေနရာ အေပၚဘက္မွာ အုပ္ေပးထားပါ။ အဲဒီအခါ ႏွာေခါင္းပိတ္တာ သက္သာၿပီး အသက္ရႉရလည္းေကာင္းလာေစပါတယ္။

၄။ Neti pot

Neti pot ကို သုံးၿပီး ႏွာေခါင္းပိတ္တာကို သက္သာေအာင္ လုပ္တာက ေနရခက္ေပမယ့္ အရမ္းကို ထိေရာက္ပါတယ္။ သူက ႏွာေခါင္းေပါက္နဲ႔ ဆက္သြယ္ထားတဲ့ ဦးေခါင္းခြံအတြင္း ေလလမ္းေၾကာင္းကို သန႔္ရွင္းေစပါတယ္။ Neti potကို သင့္ႏွာေခါင္းေပါက္ တစ္ေပါက္မွာ ထားပါ။ Neti pot က အရည္ေတြက ႏွာေခါင္းေပါက္ထဲဝင္သြားၿပီး အခြၽဲေတြက တျခား ႏွာေခါင္းေပါက္ကေန ထြက္လာပါလိမ့္မယ္။

၅။ စိုထိုင္းမႈထိန္းစက္

ေအးစက္တဲ့ ေလေတြက သင့္အိမ္ထဲကို ဝင္လာၿပီး ႏွာေခါင္းပိတ္တာကို ပိုဆိုးေစမွာပါ။ အဲဒါေၾကာင့္ သင့္အနားမွာ စိုထိုင္းမႈ ထိန္းစက္ထားရင္ ပိုအဆင္ေျပပါတယ္။ စိုထိုင္းမႈ ထိန္းစက္က အႏၲရာယ္လည္း မျဖစ္ေစပါဘူး။

၆။ ၾကက္သြန္ျဖဴနဲ႔ ေရေႏြးေငြ႕

ၾကက္သြန္က မႈိနဲ႔ ဘက္တီးရီးယားေတြကို ႏိုင္နင္းတာေၾကာင့္ အေအးမိတဲ့အခါ အရမ္း အသုံးဝင္ပါတယ္။ ၾကက္သြန္ျဖဴကို ပါးပါးလွီးၿပီး ပူေနတဲ့ ေရေႏြးထဲကိုထည့္ပါ။ ထြက္လာတဲ့ ေရေႏြးေငြ႕ေတြကို ရႉသြင္းပါ။

၇။ ပူပူစပ္စပ္ အစားအစာမ်ား

သာမန္အခ်ိန္မွာ အပူအစပ္ေတြ စားရင္ေတာင္ ႏွာေခါင္းကေန ႏွာရည္ေတြ ယိုလာပါတယ္။ အဲဒါေၾကာင့္ နႏြင္း၊ င႐ုတ္ေကာင္း၊ ၾကက္သြန္ျဖဴ၊ ဂ်င္းပါတဲ့ အစားအစာေတြကို မ်ားမ်ား စားေပးပါ။ ဒီအစားအစာေတြက အေအးမိတာကိုလည္း သက္သာေစပါတယ္။

၈။ ရနံ႔ဆီ

ပက္ပါမင့္နဲ႔ ယူကလစ္မွာ ပ႐ုတ္ေအးေတြ ပါဝင္ပါတာေၾကာင့္ သဘာဝ ရင္က်ပ္ေပ်ာက္ေဆး အစစ္ပါ။ ပက္ပါမင့္ရနံ႔ဆီကို လက္ကိုင္ပုဝါေပၚမွာ နည္းနည္းေလးဆြတ္ၿပီး သင့္ရဲ႕အိပ္ရာေဘးမွာ ထားအိပ္ပါ။ ေရေႏြးထဲကို ရနံ႔ဆီထည့္ၿပီး ရႉေပးလို႔လည္း ရပါတယ္။ ရနံ႔ဆီေတြကို အသားအေရနဲ႔ တိုက္႐ိုက္ထိေတြ႕ရင္ အပူေလာင္သလို ျဖစ္တတ္တာေၾကာင့္ သတိထားသင့္ပါတယ္။

Zombie (Lovemedia)