(၁) အပင်ပန်းခံရှာပြီး မသုံးပဲ နေရမယ် ဆိုတာကြီးက မဟုတ်သေးပါဘူးကွာဟု အတွေးရှိခြင်း

ဒီလို တွေးတတ်တဲ့သူတွေ ပြောလေ့ရှိတာက "ငါကတော့ ပစ္စုပ္ပန် တည့်တည့်ကိုပဲ ကြည့်တယ်။ ဘဝဆိုတာ တိုတိုလေး ပျော်ပျော်နေရဖို့ အရေးကြီးတယ်။ အနာဂတ်အတွက် ရှာဖွေစုဆောင်းခြင်း လုပ်ဖို့အတွက် သိပ်စိတ်မဝင်စားဘူး။

မဖြစ်မနေ လုပ်ရမယ်ဆိုလည်း နောက်မှ လုပ်မည်။ ဒီနေ့တော့ ပျော်မည်။ ဝင်ငွေရဲ့ ၁၀ ပုံ တပုံကို စုပါတို့၊ စုပြီးမှ ကျန်တာကို သုံးပါတို့ ဆိုတဲ့ စကားတွေက သူတို့အတွက် မဟုတ်။

(၂) ဘတ်ဂျတ် မသတ်မှတ်ထားခြင်း

တိုင်းတာလို့ မရရင် ထိန်းချုပ်လို့ မရနိုင်။ ကိုယ့်အနေနဲ့ တလတာအတွင်း ဘာတွေ သုံးဖို့ရှိပြီး၊ ဘယ်လောက်သုံးစွဲမယ် ဆိုတာမျိုးကို ကြိုတင် တွက်ဆထားခြင်း မရှိဘဲ ပိုက်ဆံအိတ်ထဲ ဖြည့်လိုက် သုံးပြီး လျော့သွားရင် ပြန်ဖြည့်လိုက် ပြုလုပ်တတ်ခြင်း။

(၃) အသုံးစာရင်း မှတ်လေ့မရှိခြင်း

ငွေသုံးစွဲမှုဟာ မှော်ဆန်တယ်လို့ ကျွန်တော်အမြဲ ပြောလေ့ရှိပါတယ်။ ပိုက်ဆံတွေသာ ပြောင်သွားတယ် ဘာတွေ သုံးလိုက်မိပါလိမ့်လို့ ပြန်စဉ်းစားတော့လည်း အကုန် ပြန်မထွက်ဘူး။

ငွေသုံးစွဲမှုကို အထိန်းအကွပ်တခု ဖြစ်စေတဲ့ ဘတ်ဂျက် သတ်မှတ်ထားခြင်း မရှိတော့ ဘယ်လောက်ကုန်ကုန် ပြဿနာလို့လည်း သိပ်မမြင်တော့ဘူး။ ဒီတော့ ဘာတွေသုံးမိလိုက်လဲ ဆိုတာလည်း အရေးမကြီးတော့ပြီမို့ အသုံးစာရင်း မှတ်တဲ့ အလုပ်ပိုကြီးကိုလည်း လုပ်နေစရာ မလိုတော့ဘူးပေါ့။

(၄) ကျားကြီးခြေရာကြီး

စာရင်းမရှိ အင်းမရှိ နဲ့ ကိုယ့်အိတ်ထဲက ပိုက်ဆံ ကိုယ့်ပိုက်ဆံ ဆိုတဲ့မူနဲ့ သွားနေမှတော့ ဒီခေတ်ကြီးမယ် အာရုံငါးပါးအရသာ ခံဖို့အတွက် ဆွဲဆောင်နိုင်တဲ့ အရာတွေကလည်း ပေါများတာနဲ့တော့ တည့်တည့်ကြီး တွေ့ကြပြီပေါ့။ ပစ္စည်းတခု လိုချင်ရင် ပိုက်ဆံ ဘယ်လောက် ကျန်သေးသလဲဆိုတာနဲ့ လကုန်ဖို့ ဘယ်နှရက် လိုသေးသလဲ ဆိုတာလောက်ကို ချိန်ဆပြီး အဆင်ပြေရင် မှာချလိုက်တာပဲ။

လိုချင်နေတာလား၊ လိုအပ်နေတာလား ဆိုတာလည်း သိပ်မစဉ်းစားတော့ဘူး။ ကိုယ်လိုချင်တာတွေကို မဆင်မခြင် လိုက်ပြီးဝယ်နေမယ်ဆို တချိန်မှာ ကိုယ်လိုအပ်တဲ့ အရာတွေကို ထုတ်ပြီး ရောင်းရတဲ့ ဘဝ ဆိုက်လိမ့်မယ်ဆိုတဲ့ စကားတွေဟာလည်း သူနဲ့ လားလားမှ မဆိုင်။

(၅) နောက်ဆုံးပေါ်ရောဂါ

ဖုန်းအသစ်ထွက်ရင် လဲချင်တယ်။ ဆိုင်အသစ်လေး ကောင်းတယ်ဆို ရောက်ပြီးပြီ။ နောက်ဆုံးပေါ် မဟုတ်တောင် တံဆိပ်ကလေးက ဆရာကျနေမှ။

(၆) လက်မရွံ့ အကြွေးယူသမား

လကလည်း ကုန်တော့မယ် ဒါလေးကလည်း ဒီတရက်ပဲ ဈေးချတာ။ ကိစ္စမရှိပါဘူးလေ လကုန်တာနဲ့ ပြန်ပေးလို့ ရတာပဲ တယောက်ယောက်ဆီက ခဏ ဆွဲလိုက်တာပေါ့။ ဒီလိုနဲ့ နောက်လရဲ့ ဝင်ငွေကို ကြိုသုံးတတ်လာတယ်။

ပိုက်ဆံချေးထားပြီး သေချာ မမှတ်ထားတာတွေ၊ Credit ကဒ်တွေကို ဟန်ပါပါ သုံးထားခဲ့တာတွေ၊ ပြီးတော့ ဒီအကြွေးတွေကို ဦးစားပေးပြီး အကျေဆပ်နိုင်ဖို့ မကြိုးစားပဲ သုံးမြဲဆက်သုံးနေတော့ အတိုးတွေပါ လိုက်ပြီး ကြီးထွားလာတယ်။ ဒီလိုနဲ့ လုံးလည်လိုက်ရာကနေ ဟုတ်တိပတ်တိ စုဆောင်းဖြစ်တဲ့ဆီ မရောက်လာတော့ဘူး။

အခု ဒီစာကို ဆုံးသည်အထိ ဖတ်ဖြစ်ခဲ့တဲ့ မိတ်ဆွေဟာ ဒီ (၆) ချက်စလုံးနဲ့ မညိပဲ ဒီအချက်တွေ အားလုံးနဲ့ ဆန်ကျင့်ဘက် ပြုမှုဆောင်ရွက်ဖြစ်နေတယ် ဆိုရင်တော့ ဒါဟာ အရမ်းကောင်းတဲ့ လက္ခဏာပဲလို့ ယူဆနိုင်ပါတယ်။ (၆) ချက်မှာ တချက်ဖြစ်စေ တချက်ထက် ပို၍ဖြစ်စေ မိမိနှင့် တိုက်ဆိုင်မှု ရှိနေပါက အချိန်မီ ပြုပြင်နိုင်ကြပါစေကြောင်း။ ကိုဆွိ

for zawgyi

ဝင္ေငြေကာင္းေနရဲ႕သားနဲ႔ ဘာလို႔ ပိုက္ဆံ မစုမိတာလဲ

မိမိရဲ႕႐ုပ္ကို စိတ္တိုင္းမက်ရင္ ဒီအခ်က္ (၄) ခ်က္နဲ႔ ေျပာင္းလဲပါ

(၁) အပင္ပန္းခံရွာၿပီး မသုံးပဲ ေနရမယ္ ဆိုတာႀကီးက မဟုတ္ေသးပါဘူးကြာဟု အေတြးရွိျခင္း

ဒီလို ေတြးတတ္တဲ့သူေတြ ေျပာေလ့ရွိတာက "ငါကေတာ့ ပစၥဳပၸန္ တည့္တည့္ကိုပဲ ၾကည့္တယ္။ ဘဝဆိုတာ တိုတိုေလး ေပ်ာ္ေပ်ာ္ေနရဖို႔ အေရးႀကီးတယ္။ အနာဂတ္အတြက္ ရွာေဖြစုေဆာင္းျခင္း လုပ္ဖို႔အတြက္ သိပ္စိတ္မဝင္စားဘူး။

မျဖစ္မေန လုပ္ရမယ္ဆိုလည္း ေနာက္မွ လုပ္မည္။ ဒီေန႔ေတာ့ ေပ်ာ္မည္။ ဝင္ေငြရဲ႕ ၁၀ ပုံ တပုံကို စုပါတို႔၊ စုၿပီးမွ က်န္တာကို သုံးပါတို႔ ဆိုတဲ့ စကားေတြက သူတို႔အတြက္ မဟုတ္။

(၂) ဘတ္ဂ်တ္ မသတ္မွတ္ထားျခင္း

တိုင္းတာလို႔ မရရင္ ထိန္းခ်ဳပ္လို႔ မရႏိုင္။ ကိုယ့္အေနနဲ႔ တလတာအတြင္း ဘာေတြ သုံးဖို႔ရွိၿပီး၊ ဘယ္ေလာက္သုံးစြဲမယ္ ဆိုတာမ်ိဳးကို ႀကိဳတင္ တြက္ဆထားျခင္း မရွိဘဲ ပိုက္ဆံအိတ္ထဲ ျဖည့္လိုက္ သုံးၿပီး ေလ်ာ့သြားရင္ ျပန္ျဖည့္လိုက္ ျပဳလုပ္တတ္ျခင္း။

(၃) အသုံးစာရင္း မွတ္ေလ့မရွိျခင္း

ေငြသုံးစြဲမႈဟာ ေမွာ္ဆန္တယ္လို႔ ကြၽန္ေတာ္အၿမဲ ေျပာေလ့ရွိပါတယ္။ ပိုက္ဆံေတြသာ ေျပာင္သြားတယ္ ဘာေတြ သုံးလိုက္မိပါလိမ့္လို႔ ျပန္စဥ္းစားေတာ့လည္း အကုန္ ျပန္မထြက္ဘူး။

ေငြသုံးစြဲမႈကို အထိန္းအကြပ္တခု ျဖစ္ေစတဲ့ ဘတ္ဂ်က္ သတ္မွတ္ထားျခင္း မရွိေတာ့ ဘယ္ေလာက္ကုန္ကုန္ ျပႆနာလို႔လည္း သိပ္မျမင္ေတာ့ဘူး။ ဒီေတာ့ ဘာေတြသုံးမိလိုက္လဲ ဆိုတာလည္း အေရးမႀကီးေတာ့ၿပီမို႔ အသုံးစာရင္း မွတ္တဲ့ အလုပ္ပိုႀကီးကိုလည္း လုပ္ေနစရာ မလိုေတာ့ဘူးေပါ့။

(၄) က်ားႀကီးေျခရာႀကီး

စာရင္းမရွိ အင္းမရွိ နဲ႔ ကိုယ့္အိတ္ထဲက ပိုက္ဆံ ကိုယ့္ပိုက္ဆံ ဆိုတဲ့မူနဲ႔ သြားေနမွေတာ့ ဒီေခတ္ႀကီးမယ္ အာ႐ုံငါးပါးအရသာ ခံဖို႔အတြက္ ဆြဲေဆာင္ႏိုင္တဲ့ အရာေတြကလည္း ေပါမ်ားတာနဲ႔ေတာ့ တည့္တည့္ႀကီး ေတြ႕ၾကၿပီေပါ့။ ပစၥည္းတခု လိုခ်င္ရင္ ပိုက္ဆံ ဘယ္ေလာက္ က်န္ေသးသလဲဆိုတာနဲ႔ လကုန္ဖို႔ ဘယ္ႏွရက္ လိုေသးသလဲ ဆိုတာေလာက္ကို ခ်ိန္ဆၿပီး အဆင္ေျပရင္ မွာခ်လိုက္တာပဲ။

လိုခ်င္ေနတာလား၊ လိုအပ္ေနတာလား ဆိုတာလည္း သိပ္မစဥ္းစားေတာ့ဘူး။ ကိုယ္လိုခ်င္တာေတြကို မဆင္မျခင္ လိုက္ၿပီးဝယ္ေနမယ္ဆို တခ်ိန္မွာ ကိုယ္လိုအပ္တဲ့ အရာေတြကို ထုတ္ၿပီး ေရာင္းရတဲ့ ဘဝ ဆိုက္လိမ့္မယ္ဆိုတဲ့ စကားေတြဟာလည္း သူနဲ႔ လားလားမွ မဆိုင္။

(၅) ေနာက္ဆုံးေပၚေရာဂါ

ဖုန္းအသစ္ထြက္ရင္ လဲခ်င္တယ္။ ဆိုင္အသစ္ေလး ေကာင္းတယ္ဆို ေရာက္ၿပီးၿပီ။ ေနာက္ဆုံးေပၚ မဟုတ္ေတာင္ တံဆိပ္ကေလးက ဆရာက်ေနမွ။

(၆) လက္မ႐ြံ႕ အေႂကြးယူသမား

လကလည္း ကုန္ေတာ့မယ္ ဒါေလးကလည္း ဒီတရက္ပဲ ေဈးခ်တာ။ ကိစၥမရွိပါဘူးေလ လကုန္တာနဲ႔ ျပန္ေပးလို႔ ရတာပဲ တေယာက္ေယာက္ဆီက ခဏ ဆြဲလိုက္တာေပါ့။ ဒီလိုနဲ႔ ေနာက္လရဲ႕ ဝင္ေငြကို ႀကိဳသုံးတတ္လာတယ္။

ပိုက္ဆံေခ်းထားၿပီး ေသခ်ာ မမွတ္ထားတာေတြ၊ Credit ကဒ္ေတြကို ဟန္ပါပါ သုံးထားခဲ့တာေတြ၊ ၿပီးေတာ့ ဒီအေႂကြးေတြကို ဦးစားေပးၿပီး အေက်ဆပ္ႏိုင္ဖို႔ မႀကိဳးစားပဲ သုံးၿမဲဆက္သုံးေနေတာ့ အတိုးေတြပါ လိုက္ၿပီး ႀကီးထြားလာတယ္။ ဒီလိုနဲ႔ လုံးလည္လိုက္ရာကေန ဟုတ္တိပတ္တိ စုေဆာင္းျဖစ္တဲ့ဆီ မေရာက္လာေတာ့ဘူး။

အခု ဒီစာကို ဆုံးသည္အထိ ဖတ္ျဖစ္ခဲ့တဲ့ မိတ္ေဆြဟာ ဒီ (၆) ခ်က္စလုံးနဲ႔ မညိပဲ ဒီအခ်က္ေတြ အားလုံးနဲ႔ ဆန္က်င့္ဘက္ ျပဳမႈေဆာင္႐ြက္ျဖစ္ေနတယ္ ဆိုရင္ေတာ့ ဒါဟာ အရမ္းေကာင္းတဲ့ လကၡဏာပဲလို႔ ယူဆႏိုင္ပါတယ္။ (၆) ခ်က္မွာ တခ်က္ျဖစ္ေစ တခ်က္ထက္ ပို၍ျဖစ္ေစ မိမိႏွင့္ တိုက္ဆိုင္မႈ ရွိေနပါက အခ်ိန္မီ ျပဳျပင္ႏိုင္ၾကပါေစေၾကာင္း။ ကိုဆြိ