အသက်လသားအရွယ်လေးသာ ရှိသေးတဲ့ကလေးကို တက်တူးထိုးပေးဖို့ ဘယ်မိဘမဆို ငြင်းဆန်ကြမှာပါ။ ဒါပေမယ့် Shamekia Morris လို့ခေါ်တဲ့အမေကတော့ သူမရဲ့လသားကလေးလေးကို တစ်ကိုယ်လုံးအပြည့် တက်တူးထိုးပေးလိုက်ပါတယ်။

မိဘတွေက သားသမီးတွေကို ပြုစုပျိုးထောင်ပုံချင်းမတူညီကြပါဘူး။ အဲဒီထဲမှာ Shamekia Morris က အခြားသောမိဘတွေနဲ့ လုံးဝကို ကွဲထွက်နေပါတယ်။ Shamekia Morrisက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က West Palm ကမ်းခြေမှာ ဖက်ရှင်ဒီဇိုင်နာအလုပ်ကို လုပ်ကိုင်ပါတယ်။ Shamekia Morris က တက်ထူးထိုးလေ့ကျင့်ဖို့အတွက် ၆လသာရှိသေးတဲ့ သားလေး Treylin ကို တစ်ကိုယ်လုံးတက်တူးထိုးပေးလိုက်ပါတယ်။


တက်တူးက နည်းနည်းပါးပါးထိုးပေးတာတောင် မဟုတ်ဘဲနဲ့ ကလေးရဲ့တစ်ကိုယ်လုံးကို ထိုးပေးလိုက်တာပါ။ ဒီအကြောင်းက အင်တာနက်မှာ ပျံ့နှံ့ပြီးတော့ လူအများရဲ့ဝေဖန်မှုကို ခံနေရပါတယ်။ သူမကိုယ်တိုင်ကလည်း တက်တူးကို သဘောကျတာကြောင့် ခန္ဓာကိုယ်အနှံ့မှာ တက်တူးထိုးထားပါသေးတယ်။


ကလေးကို ထိုးပေးတဲ့တက်တူးကတော့ ပြန်ဖျက်လို့ရတဲ့တက်တူးပါပဲ။ လူအများရဲ့အပြောအဆိုကို ခံယူပြီးတော့ ကလေးကို တက်တူးထိုးပေးတာ လူပြောစရာဖြစ်လာခဲ့ပါတယ်။ လူအများက သူ့ကို ပြစ်တင်ဝေဖန်တာတွေကို ဂရုမစိုက်ကြောင်းပြန်ဖြေကြားထားပါသေးတယ်။


ငယ်ရွယ်သေးတဲ့ကလေးကို ဘယ်လိုတက်တူးကိုမှ မထိုးပေးသင့်ကြောင်း ဝိုင်းဝန်းအကြံပေးကြပါတယ်။ ဒါပေမယ့် သူမဟာ မကောင်းတဲ့အမေမဟုတ်ဘဲ ကလေးကို အကောင်းဆုံးပြုစုပျိုးထောင်မယ်ဆိုတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

Zombie (lovemedia)

for zawgyi

လသားအရွယ်ကလေးကို တစ်ကိုယ်လုံး တက်တူးထိုးပေးထားတဲ့အမေ






Zombie (lovemedia)