လူတွေက တစ်ခါတရံမှာ ကိုယ့်အကြောင်းကိုယ် အရမ်း သိချင်ကြပါတယ်။ အဲဒါကြောင့် သင့်ရဲ့ ပင်ကို စရိုက်ကို သိရှိဖို့ ဒီအချက် နှစ်ချက်နဲ့ စမ်းသပ်ကြည့်ရအောင်။

စမ်းသပ်ချက် ၁

ရတနာတွေမှာ စွမ်းအားတွေ ရှိတယ် လို့ လူတွေက ယုံကြည်ခဲ့ကြတာ ဟိုးရှေးရှေး ကတည်းကပါပဲ။ သင်ရွေးချယ်လိုက်တဲ့ ရတနာတွေက သင့်ရဲ့ဆန္ဒတွေ သာမက သင့်ရဲ့ အလျှို့ဝှက်ဆုံး လျှို့ဝှက်ချက်တွေကိုပါ ဖော်ပြပေးနိုင်ပါတယ်။ ပုံလေးတွေကို ရွေးတော့မယ်ဆိုရင် အသက်ဝဝရှူ၊ စိတ်အေးအေးထားပြီးမှ ရွေးချယ်ပါ။

၁။ ပုလဲ

သင်က ပုလဲကို ရွေးချယ်လိုက်ရင် သင်က ဘာသာရေး ကိုင်းရှိုင်းသူပါ။ သင့်မှာ နူးညံ့တဲ့ နှလုံးသား ရှိပါတယ်။

၂။ ပတ္တမြား

သင်က အလုပ်လုပ်တဲ့အခါ စိတ်ပါလက်ပါနဲ့ စေ့စေ့စပ်စပ် လုပ်တတ်သူပါ။

၃။ စိန်

စိန်ကို ရွေးချယ်ရင် သင်က စိတ်ဓါတ်ခိုင်မာသူ၊ ဆုံးဖြတ်ချက် ပြတ်သားသူ တစ်ယောက်ပါ။

၄။ အပြာရောင် ဥဿဖရား

သင်က တည်ငြိမ်သူ၊ လေးလေးနက်နက် တွေးတော လုပ်ကိုင်တတ်ပါတယ်။

၅။ ပြောင်ခေါင်းစိမ်း

ဒီရတနာလေးကို ရွေးချယ်လိုက်သူက အားမာန်တွေ ပြည့်နေသူ၊ သဘာဝတရားကို ချစ်မြတ်နိုးသူပါ။ အများကြားမှာလည်း တောက်ပ နေတတ်ပါတယ်။

၆။ မြပြာ

သင်က စွန့်စားသွားလာရတာကို သဘောကျပြီး ရဲရင့်သူ ဖြစ်ပါတယ်။

၇။ တန်ဇန်နိုက်

သင်က စွဲမက်ဖွယ်ကောင်းပြီး ထက်မြက်သူပါ။

၈။ စလင်းဝါ

သင်က တီထွင်ဖန်တီး ရတာကို သဘောကျသူပါ။

၉။ ပန်းရောင် ဖရဲအူ

သင်ဟာ နူးညံ့သိမ်မွေ့ပြီး အကြင်နာမေတ္တာ ကြီးမားသူပါ။

၁၀။ နီလာခရမ်း

သင်က ဉာဏ်ကောင်းသူဖြစ်ပြီး တည်ငြိမ်ရင့်ကျက်သူ တစ်ယောက်ပါ။

စမ်းသပ်ချက် ၂

ဒီစမ်းသပ်မှုကိုတော့ ဗြိတိန် စိတ်ပညာရှင် Pip Wilsonက တီထွင်ခဲ့တာပါ။ ကျောင်းတက်စ ပထမ ၃ နှစ်အရွယ် ကျောင်းသူကျောင်းသားတွေ အတွက် ရည်ရွယ်ခဲ့ပေမယ့် ဒီစမ်းသပ်မှုက လူကြီးတွေ အတွက်လည်း သင့်တော်ပါတယ်။

- ပုံ ၁၊ ၃၊ ၆၊ ၇ ကိုရွေးမယ်ဆိုရင် သင်က ဘယ်အခက်အခဲကိုမှ မကြောက်ရွံ့သူပါ။

- သင့်အတွက် ပုံ ၂၊ ၁၁၊ ၁၂၊ ၁၈ နဲ့ ၁၉ က ကိုက်ညီတယ် ဆိုရင် သင်က လူအများရဲ့ လေးစားအားကိုးမှုကို ရရှိသူပါ။

- ပုံ ၄ ကို ရွေးလိုက်ရင် သင်က တည်ကြည်ဖြောင့်မတ်သူပါ။ အလုပ်မှာ အောင်မြင်အောင် ဆင်ခြေမပေးဘဲ လုပ်တတ်ပါတယ်။

- ပုံ ၅ ကတော့ သင်ဟာ ဘဝကို ငြီးငွေ့နေသူပါ။

- သင်က ပုံ ၉ ကို ရွေးလိုက်ရင် ပျော်ပျော်နေတတ်သူ တစ်ယောက်ပါ။

- ပုံ ၁၃ နဲ့ ၂၁ ကို ရွေးလိုက်ရင် သင်က မကြာခဏ စိတ်တိုတတ်ပြီး လူတွေနဲ့ ဝေးဝေးနေ တတ်ပါတယ်။

- ပုံ ၈က သင်ဟာ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပျော်မွေ့နေကြောင်း ဖော်ပြနေပါတယ်။

- ပုံ ၁၀ နဲ့ ၁၅ ကို ရွေးမယ် ဆိုရင် သင်က ဘဝမှာ လိုက်လျောညီထွေ နေတတ်သူပါ။

- ပုံ ၁၄ ကတော့ သင့်စိတ်အရမ်း ပင်ပန်းနေကြောင်း ဖော်ပြတာကြောင့် စိတ်ကို အနားပေးလိုက်ပါ။

- ပုံ ၂၀ ကို ရွေးမယ်ဆိုရင် သင်က ခေါင်းဆောင်ကောင်း တစ်ယောက်ပါ။ သင့်စကားတွေကို လူအများက လိုက်နာကြပါတယ်။

- ပုံ ၁၆ ကို ရွေးလိုက်ရင် သင်က တစ်စုံတစ်ယောက်ကို ပံ့ပိုးပေးနေရလို့ ပင်ပန်းနေသူပါ။ ပုံ ၁၇ ထဲက ပုံစံအတိုင်း သင့်ကိုယ်သင် မြင်နေရရင် သင်က အချိန်ကို ကွက်တိကျအောင် လုပ်နိုင်သူပါ။

Zombie (Lovemedia)

for zawgyi

သင်ရွေးချယ်လိုက်တဲ့ ရတနာကနေ ပြောပြမယ့် သင့်ရဲ့ အတွင်းစိတ်


စမ်းသပ်ချက် ၁


၁။ ပုလဲ


၂။ ပတ္တမြား


၃။ စိန်


၎။ အပြာရောင် ဥဿဖရား


၅။ ပြောင်ခေါင်းစိမ်း


၆။ မြပြာ


၇။ တန်ဇန်နိုက်


၈။ စလင်းဝါ


၉။ ပန်းရောင် ဖရဲအူ


၁၀။ နီလာခရမ်း


စမ်းသပ်ချက် ၂













Zombie (Lovemedia)