လူတွေမှာ တစ်နေ့တာ အလုပ်တွေနဲ့ မအားလပ် နိုင်တာကြောင့် အစားစားပြီတာနဲ့ လုပ်စရာ ရှိတာတွေကို တစ်ခါတည်း လုပ်ကြပါတယ်။ အဲဒီအခါ အချို့အရာတွေက အစား စားပြီးပြီးချင်း လုပ်တဲ့အခါ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၁။ ရေချိုးခြင်း

အစား စားပြီးပြီးချင်း ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက အပူချိန်တွေက အနည်းငယ် မြင့်တက်လာပါတယ်။ အဲဒီအခါ အစာချေမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အစားစားပြီး မိနစ် ၃၀ နေမှသာ ရေချိုးသင့်ပါတယ်။

၂။ လက်ဖက်ရည် သောက်ခြင်း

လူအများစုက အစားစားပြီးတဲ့အခါ လက်ဖက်ရည် သောက်တတ်ကြပါတယ်။ တကယ်တော့ အစားစားပြီးပြီးချင်း လက်ဖက်ရည် သောက်တဲ့အခါ အစားထဲမှာ ပါဝင်တဲ့ သံဓါတ်နဲ့ သတ္ထုဓါတ်တွေကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ကလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ သံဓါတ်ချို့တဲ့သူတွေက အစားစားပြီး တစ်နာရီအတွင်း လက်ဖက်ရည် မသောက်သင့်ပါဘူး။

၃။ အိပ်ခြင်း

မအိပ်ခင်မှာ အစားစားတာက အဝလွန်ရောဂါအထိ ဖြစ်စေပါတယ်။ နေ့လယ်စာ စားပြီးပြီးချင်း၊ ညစာစားပြီးပြီးချင်း အိပ်ရက် လေဖြတ်နိုင်ချေ ပိုများပါတယ်။ အဲဒါကြောင့် စားချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး ၂ နာရီခွာ သင့်ပါတယ်။

၄။ လေ့ကျင့်ခန်း လုပ်ခြင်း

အစားစားပြီးပြီးချင်း လေ့ကျင့်ခန်းလုပ်ရင် ရင်ပြည့်တာ၊ အစာမကြေတာ၊ ကြို့ထိုးတာကို ခံစားရစေပါတယ်။ အစားစားပြီးမှ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် အနည်းဆုံး အချိန် ၂ နာရီခြားသင့်ပါတယ်။

၅။ ဆေးလိပ်သောက်ခြင်း

ယောကျ်ားလေး အများစုက ထမင်းစားပြီးရင် ဆေးလိပ်သောက်လိုက်ရမှ နေသာထိုင်သာ ရှိသွားတတ်ကြပါတယ်။ ဆေးလိပ်ထဲကပါတဲ့ ဆေးရွက်ကြီးကအစားအစာရဲ့ ဗီတာမင်တွေ၊ ကယ်လ်ဆီယမ်တွေ၊ သတ္ထုဓါတ်တွေကို စုပ်ယူပစ်ပါတယ်။ အစားစားပြီး ဆေးလိပ် သောက်ချင်တယ် ဆိုရင် ဆေးရွက်ကြီး မပါတဲ့ဆေးလိပ်ကို စားပြီးချိန်နဲ့ မိနစ် ၂၀ ခွာပြီး သောက်သင့်ပါတယ်နော်။

Zombie (Lovemedia)

for zawgyi

အစားစားၿပီးၿပီးခ်င္း လုံးဝ မလုပ္သင့္တဲ့အရာ (၅) ခု

လူေတြမွာ တစ္ေန႔တာ အလုပ္ေတြနဲ႔ မအားလပ္ ႏိုင္တာေၾကာင့္ အစားစားၿပီတာနဲ႔ လုပ္စရာ ရွိတာေတြကို တစ္ခါတည္း လုပ္ၾကပါတယ္။ အဲဒီအခါ အခ်ိဳ႕အရာေတြက အစားစားၿပီးၿပီးခ်င္း လုပ္တဲ့အခါ က်န္းမာေရးကို ထိခိုက္ေစပါတယ္။

၁။ ေရခ်ိဳးျခင္း

အစား စားၿပီးၿပီးခ်င္း ေရခ်ိဳးလိုက္တဲ့အခါ ခႏၶာကိုယ္ထဲက အပူခ်ိန္ေတြက အနည္းငယ္ ျမင့္တက္လာပါတယ္။ အဲဒီအခါ အစာေခ်မႈကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ အစားစားၿပီး မိနစ္ ၃၀ ေနမွသာ ေရခ်ိဳးသင့္ပါတယ္။

၂။ လက္ဖက္ရည္ ေသာက္ျခင္း

လူအမ်ားစုက အစားစားၿပီးတဲ့အခါ လက္ဖက္ရည္ ေသာက္တတ္ၾကပါတယ္။ တကယ္ေတာ့ အစားစားၿပီးၿပီးခ်င္း လက္ဖက္ရည္ ေသာက္တဲ့အခါ အစားထဲမွာ ပါဝင္တဲ့ သံဓါတ္နဲ႔ သတၳဳဓါတ္ေတြကို ထိခိုက္ေစပါတယ္။ အဲဒါေၾကာင့္ ကေလးေတြ၊ ကိုယ္ဝန္ေဆာင္ မိခင္ေတြ၊ သံဓါတ္ခ်ိဳ႕တဲ့သူေတြက အစားစားၿပီး တစ္နာရီအတြင္း လက္ဖက္ရည္ မေသာက္သင့္ပါဘူး။

၃။ အိပ္ျခင္း

မအိပ္ခင္မွာ အစားစားတာက အဝလြန္ေရာဂါအထိ ျဖစ္ေစပါတယ္။ ေန႔လယ္စာ စားၿပီးၿပီးခ်င္း၊ ညစာစားၿပီးၿပီးခ်င္း အိပ္ရက္ ေလျဖတ္ႏိုင္ေခ် ပိုမ်ားပါတယ္။ အဲဒါေၾကာင့္ စားခ်ိန္နဲ႔ အိပ္ခ်ိန္ကို အနည္းဆုံး ၂ နာရီခြာ သင့္ပါတယ္။

၄။ေလ့က်င့္ခန္း လုပ္ျခင္း

အစားစားၿပီးၿပီးခ်င္း ေလ့က်င့္ခန္းလုပ္ရင္ ရင္ျပည့္တာ၊ အစာမေၾကတာ၊ ႀကိဳ႕ထိုးတာကို ခံစားရေစပါတယ္။ အစားစားၿပီးမွ ေလ့က်င့္ခန္း လုပ္မယ္ဆိုရင္ အနည္းဆုံး အခ်ိန္ ၂ နာရီျခားသင့္ပါတယ္။

၅။ ေဆးလိပ္ေသာက္ျခင္း

ေယာက်္ားေလး အမ်ားစုက ထမင္းစားၿပီးရင္ ေဆးလိပ္ေသာက္လိုက္ရမွ ေနသာထိုင္သာ ရွိသြားတတ္ၾကပါတယ္။ ေဆးလိပ္ထဲကပါတဲ့ ေဆး႐ြက္ႀကီးကအစားအစာရဲ႕ ဗီတာမင္ေတြ၊ ကယ္လ္ဆီယမ္ေတြ၊ သတၳဳဓါတ္ေတြကို စုပ္ယူပစ္ပါတယ္။ အစားစားၿပီး ေဆးလိပ္ ေသာက္ခ်င္တယ္ ဆိုရင္ ေဆး႐ြက္ႀကီး မပါတဲ့ေဆးလိပ္ကို စားၿပီးခ်ိန္နဲ႔ မိနစ္ ၂၀ ခြာၿပီး ေသာက္သင့္ပါတယ္ေနာ္။

Zombie (Lovemedia)