ပိုက်ဆံနည်းနည်း လွှဲပေးဖို့ အဖေနဲ့ ဘဏ်မှာ တနာရီလောက် နေခဲ့ရတယ်။ ကိုယ့်ကိုယ်ကို သည်းမခံနိုင်ဘဲ မေးလိုက်တယ်။

"အဖေ အင်တာနက်ဘဏ်စနစ်ကို ဘာလို့မဖွင့်တာလဲ"

"ဘာလို့ဒီလိုလုပ်ရမှာလဲ" ဟု အဖေက မေးသည်။

"ဒါဆို ငွေလွှဲတာလိုမျိုး ကိစ္စတွေအတွက် ဒီမှာ တနာရီလောက် ဖြုန်းနေစရာ မလိုပါဘူး။ အွန်လိုင်းမှာ ဈေးဝယ်တာတောင် လုပ်လို့ရတယ်။ အရာအားလုံးက လွယ်လိမ့်မယ်"

ထိုအခါ အဖေက "ဒီလိုလုပ်ရင် ငါအိမ်က ထွက်ရမှာမဟုတ်ဘူး" လို့ ဖြေတယ်။

"ဟုတ်တယ်လေ လိုချင်တာတွေလည်း အိမ်ပေါက်ဝထိ ပေးမှာလေ ဘယ်လောက် အဆင်ပြေလဲ" လို့ ပြောလိုက်တော့ အဖေက ပြုံးပြီး အခုလို ပြောတယ်။

"ဒီဘဏ်ထဲကို ဒီနေ့ ဝင်ကတည်းက သူငယ်ချင်းလေးယောက်နဲ့ တွေ့ပြီးပြီ။ အခုမှ ကောင်း ကောင်းသိတဲ့ ဝန်ထမ်းတွေနဲ့လည်း ခဏလောက်စကား စမြည်ပြောဖြစ်တယ်။ ငါတယောက်တည်းနေတယ်ဆိုတာ မင်းသိပါတယ်။ ငါ လိုအပ်တာ အစုဖွဲ့ပဲ။ ဘဏ်ကို လာရတာကို ကြိုက်တယ်။

တခါတုန်းက မင်းအမေ မနက်ခင်း လမ်းလျှောက်ရင်း လဲကျသွားတဲ့အခါ ရပ်ကွက်ထဲက ကုန်စုံဆိုင်က သူ့ကိုမြင်ပြီး ငါနေတဲ့နေရာကို သူသိတဲ့အတွက် သူ့ကားနဲ့ ချက်ချင်းပဲ အိမ်ပြန်လိုက်ပို့တယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါနေမကောင်းဖြစ်တော့ သစ်သီးဝယ်တဲ့ ဆိုင်ပိုင်ရှင်က ငါ့ဆီရောက်လာပြီး ကုတင်ဘေးမှာ ထိုင်ငိုတယ်။ အရာအားလုံး အွန်လိုင်းကပဲဆို လူတွေနဲ့ အထိအတွေ့ ရနိုင်ပါ့မလား။

လိုချင်တာ သက်သက် ရယုံမဟုတ်ဘဲ ငါနဲ့ဆက်ဆံနေတဲ့ သူတွေကို ငါသိချင်တယ်။ ရင်းနှီးချင်တယ်။ နည်းပညာဟာ ဘဝ မဟုတ်ဘူးငါ့သား။ စက်တွေနဲ့ပဲ အချိန်မဖြုန်းပါနဲ့၊ လူတွေနဲ့လည်း အချိန်ဖြုန်းပါဦး" တဲ့။

crd

Zawgyi

စက္ေတြနဲ့ပဲ အခ်ိန္မျဖုန္းပါနဲ့

ပိုက္ဆံနည္းနည္း လႊဲေပးဖို႔ အေဖနဲ႔ ဘဏ္မွာ တနာရီေလာက္ ေနခဲ့ရတယ္။ ကိုယ့္ကိုယ္ကို သည္းမခံႏိုင္ဘဲ ေမးလိုက္တယ္။ "အေဖ အင္တာနက္ဘဏ္စနစ္ကို ဘာလို႔မဖြင့္တာလဲ"

"ဘာလို႔ဒီလိုလုပ္ရမွာလဲ" ဟု အေဖက ေမးသည္။ "ဒါဆို ေငြလႊဲတာလိုမ်ိဳး ကိစၥေတြအတြက္ ဒီမွာ တနာရီေလာက္ ျဖဳန္းေနစရာ မလိုပါဘူး။ အြန္လိုင္းမွာ ေဈးဝယ္တာေတာင္ လုပ္လို႔ရတယ္။ အရာအားလုံးက လြယ္လိမ့္မယ္"

ထိုအခါ အေဖက "ဒီလိုလုပ္ရင္ ငါအိမ္က ထြက္ရမွာမဟုတ္ဘူး" လို႔ ေျဖတယ္။ "ဟုတ္တယ္ေလ လိုခ်င္တာေတြလည္း အိမ္ေပါက္ဝထိ ေပးမွာေလ ဘယ္ေလာက္အဆင္ေျပလဲ" လို႔ ေျပာလိုက္ေတာ့ အေဖက ၿပဳံးၿပီး အခုလို ေျပာတယ္။

"ဒီဘဏ္ထဲကို ဒီေန႔ ဝင္ကတည္းက သူငယ္ခ်င္းေလးေယာက္နဲ႔ ေတြ႕ၿပီးၿပီ။ အခုမွ ေကာင္း ေကာင္းသိတဲ့ ဝန္ထမ္းေတြနဲ႔လည္း ခဏေလာက္စကား စျမည္ေျပာျဖစ္တယ္။ ငါတေယာက္တည္းေနတယ္ဆိုတာ မင္းသိပါတယ္။ ငါ လိုအပ္တာ အစုဖြဲ႕ပဲ။ ဘဏ္ကို လာရတာကို ႀကိဳက္တယ္။

တခါတုန္းက မင္းအေမ မနက္ခင္း လမ္းေလွ်ာက္ရင္း လဲက်သြားတဲ့အခါ ရပ္ကြက္ထဲက ကုန္စုံဆိုင္က သူ႔ကိုျမင္ၿပီး ငါေနတဲ့ေနရာကို သူသိတဲ့အတြက္ သူ႔ကားနဲ႔ ခ်က္ခ်င္းပဲ အိမ္ျပန္လိုက္ပို႔တယ္။

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က ငါေနမေကာင္းျဖစ္ေတာ့ သစ္သီးဝယ္တဲ့ ဆိုင္ပိုင္ရွင္က ငါ့ဆီေရာက္လာၿပီး ကုတင္ေဘးမွာ ထိုင္ငိုတယ္။ အရာအားလုံး အြန္လိုင္းကပဲဆို လူေတြနဲ႔ အထိအေတြ႕ ရႏိုင္ပါ့မလား။

လိုခ်င္တာ သက္သက္ ရယုံမဟုတ္ဘဲ ငါနဲ႔ဆက္ဆံေနတဲ့ သူေတြကို ငါသိခ်င္တယ္။ ရင္းႏွီးခ်င္တယ္။ နည္းပညာဟာ ဘဝ မဟုတ္ဘူးငါ့သား။ စက္ေတြနဲ႔ပဲ အခ်ိန္မျဖဳန္းပါနဲ႔၊ လူေတြနဲ႔လည္း အခ်ိန္ျဖဳန္းပါဦး" တဲ့။ crd