တခါတလေမှာ ကျွန်တော်တို့ ရှုံးရတယ် ဆိုတာဟာ ကျွန်တော်တို့ မတော်လို့ မဟုတ်ပါဘူး။ ခေတ်သစ်ယုန်နဲ့လိပ် အပြေးပြိုင်ပွဲအကြောင်း သိပြီးပြီလား။ မသိသေးတဲ့ လူတွေအတွက် ကျွန်တော် ပြောပြမယ်။

တခါတုန်းက ယုန်တကောင်ဟာ လိပ်တကောင်ကို အပြေးပြိုင်ဖို့ စိန်ခေါ်တယ်။ "ဟေ့ကောင် လိပ်၊ မင်းနဲ့ငါနဲ့ အပြေးပြိုင်ရအောင် ပုံပြင်ထဲမှာ မင်းတို့လိပ်တွေက ငါတို့ယုန်တွေကို နိုင်ထားတာဆိုတော့ မကျေနပ်ဘူး၊ ပြန်ပြိုင်ကြမယ်" ဆိုပြီး စိန်ခေါ်တယ်။

စာရှည်မှာစိုးလို့ တိုတိုပြောရရင် ယုန်နဲ့လိပ် အပြေးပြိုင်ကြတယ်ပေါ့။ ဒီအခါမှာတော့ ယုန်က အိပ်မနေတော့ဘဲ တခါတည်း ပြေးတော့ အဲ့ဒီပြိုင်ပွဲမှာ ယုန်နိုင်သွားတယ်။ ဒါကို လိပ်က မကျေနပ်ဘူး။

မကျေနပ်တော့ ထပ်စိန်ခေါ်တယ်။ "ဟေ့ကောင် ငါမင်းနဲ့အတူ ကုန်းပေါ်မှာ အပြေးပြိုင်ပြီးပြီ၊ သတ္တိရှိရင် မင်းရေထဲဆင်းခဲ့၊ ငါနဲ့ ရေကူးပြိုင်မယ်" ဆိုပြီး ထပ်စိန်ခေါ်တယ်။

ယုန်ကလည်း စိန်ခေါ်တာကို လက်မခံရင် သူရဲဘောကြောင်တယ်လို့ အထင်ခံရမှာ စိုးတဲ့အတွက် လိပ်စိန်ခေါ်တာကို လက်မခံချင် ခံချင်နဲ့ လက်ခံလိုက်တယ်။ ဒီပြိုင်ပွဲမှာတော့ လိပ်နိုင်သွားတယ်။ နိုင်မှာပေါ့။ ယုန်က ရေမှာနေတဲ့ သတ္တဝါမှ မဟုတ်ဘဲ။ လိပ်ကတော့ ရေမှာလည်း နေတဲ့ သတ္တဝါဆိုတော့ ရေကူးတတ်တာပေါ့။

ပြောရရင် ယုန်နဲ့လိပ် နှစ်ခါပြိုင်တယ်။ တပွဲက ကုန်းပေါ်မှာ၊ တပွဲက ရေထဲမှာ။ ကုန်းပေါ်မှာ ပြိုင်တဲ့ ပြိုင်ပွဲမှာတော့ ယုန်နိုင်ပြီး ရေထဲမှာ ပြိုင်တဲ့ပြိုင်ပွဲမှာတော့ လိပ်နိုင်တယ်။ ယုန်ရောလိပ်ရော နှစ်ပွဲပြိုင်တာမှ တယောက်တပွဲစီ နိုင်ပြီး တယောက်တပွဲစီ ရှုံးတယ်။

ယုန်ရောလိပ်ရော ရှုံးနိမ့်တဲ့ အခေါက်တိုင်းဟာ သူတို့ မတော်လို့ ရှုံးတာမဟုတ်ပါဘူး။ မှာယွင်းတဲ့ ပြိုင်ပွဲကို ပြိုင်မိလို့ ရှုံးရတာပါ။ လိပ်က အပြေးပြိုင်ရမှာ မဟုတ်ပါဘူး။ ရေကူးပြိုင်ရမှာပါ။ အဲဒီလိုပဲ ယုန်ဟာလည်း ရေကူးပြိုင်ရမှာ မဟုတ်ပါဘူး။ အပြေးပြိုင်ရမှာပါ။

ပုံပြင်ထဲက ယုန်နဲ့လိပ် လိုပါပဲ ကျွန်တော်တို့ လူတွေဟာလည်း တခါတလေမှာ မှားယွင်းတဲ့ ပြိုင်ပွဲတွေကို ပြိုင်မိလို့ ရှုံးနိမ့်တတ်ကြပါတယ်။ တခါတလေမှာ ကျွန်တော်တို့ ရှုံးရတယ်ဆိုတာ ကျွန်တော်တို့ မတော်လို့ မဟုတ်ပါဘူး။ ပြိုင်ပွဲ မှားနေလို့ပါ။ အဲဒီတော့ ကိုယ်က ဘယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ရမယ်ဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်ဖို့ လိုပါတယ်။ Crd

Zawgyi

က်ေနာ္တို႔ ရႈံးရတာ က်ေနာ္တို႔ ညံ့လို႔မဟုတ္ဘူး

တခါတေလမွာ ကြၽန္ေတာ္တို႔ ရႈံးရတယ္ ဆိုတာဟာ ကြၽန္ေတာ္တို႔ မေတာ္လို႔ မဟုတ္ပါဘူး။ ေခတ္သစ္ယုန္နဲ႔လိပ္ အေျပးၿပိဳင္ပြဲအေၾကာင္း သိၿပီးၿပီလား။ မသိေသးတဲ့ လူေတြအတြက္ ကြၽန္ေတာ္ ေျပာျပမယ္။

တခါတုန္းက ယုန္တေကာင္ဟာ လိပ္တေကာင္ကို အေျပးၿပိဳင္ဖို႔ စိန္ေခၚတယ္။ "ေဟ့ေကာင္ လိပ္၊ မင္းနဲ႔ငါနဲ႔ အေျပးၿပိဳင္ရေအာင္ ပုံျပင္ထဲမွာ မင္းတို႔လိပ္ေတြက ငါတို႔ယုန္ေတြကို ႏိုင္ထားတာဆိုေတာ့ မေက်နပ္ဘူး၊ ျပန္ၿပိဳင္ၾကမယ္" ဆိုၿပီး စိန္ေခၚတယ္။

စာရွည္မွာစိုးလို႔ တိုတိုေျပာရရင္ ယုန္နဲ႔လိပ္ အေျပးၿပိဳင္ၾကတယ္ေပါ့။ ဒီအခါမွာေတာ့ ယုန္က အိပ္မေနေတာ့ဘဲ တခါတည္း ေျပးေတာ့ အဲ့ဒီၿပိဳင္ပြဲမွာ ယုန္ႏိုင္သြားတယ္။ ဒါကို လိပ္က မေက်နပ္ဘူး။

မေက်နပ္ေတာ့ ထပ္စိန္ေခၚတယ္။ "ေဟ့ေကာင္ ငါမင္းနဲ႔အတူ ကုန္းေပၚမွာ အေျပးၿပိဳင္ၿပီးၿပီ၊ သတၱိရွိရင္ မင္းေရထဲဆင္းခဲ့၊ ငါနဲ႔ ေရကူးၿပိဳင္မယ္" ဆိုၿပီး ထပ္စိန္ေခၚတယ္။

ယုန္ကလည္း စိန္ေခၚတာကို လက္မခံရင္ သူရဲေဘာေၾကာင္တယ္လို႔ အထင္ခံရမွာ စိုးတဲ့အတြက္ လိပ္စိန္ေခၚတာကို လက္မခံခ်င္ ခံခ်င္နဲ႔ လက္ခံလိုက္တယ္။ ဒီၿပိဳင္ပြဲမွာေတာ့ လိပ္ႏိုင္သြားတယ္။ ႏိုင္မွာေပါ့။ ယုန္က ေရမွာေနတဲ့ သတၱဝါမွ မဟုတ္ဘဲ။ လိပ္ကေတာ့ ေရမွာလည္း ေနတဲ့ သတၱဝါဆိုေတာ့ ေရကူးတတ္တာေပါ့။

ေျပာရရင္ ယုန္နဲ႔လိပ္ ႏွစ္ခါၿပိဳင္တယ္။ တပြဲက ကုန္းေပၚမွာ၊ တပြဲက ေရထဲမွာ။ ကုန္းေပၚမွာ ၿပိဳင္တဲ့ ၿပိဳင္ပြဲမွာေတာ့ ယုန္ႏိုင္ၿပီး ေရထဲမွာ ၿပိဳင္တဲ့ၿပိဳင္ပြဲမွာေတာ့ လိပ္ႏိုင္တယ္။ ယုန္ေရာလိပ္ေရာ ႏွစ္ပြဲၿပိဳင္တာမွ တေယာက္တပြဲစီ ႏိုင္ၿပီး တေယာက္တပြဲစီ ရႈံးတယ္။

ယုန္ေရာလိပ္ေရာ ရႈံးနိမ့္တဲ့ အေခါက္တိုင္းဟာ သူတို႔ မေတာ္လို႔ ရႈံးတာမဟုတ္ပါဘူး။ မွာယြင္းတဲ့ ၿပိဳင္ပြဲကို ၿပိဳင္မိလို႔ ရႈံးရတာပါ။ လိပ္က အေျပးၿပိဳင္ရမွာ မဟုတ္ပါဘူး။ ေရကူးၿပိဳင္ရမွာပါ။ အဲဒီလိုပဲ ယုန္ဟာလည္း ေရကူးၿပိဳင္ရမွာ မဟုတ္ပါဘူး။ အေျပးၿပိဳင္ရမွာပါ။

ပုံျပင္ထဲက ယုန္နဲ႔လိပ္ လိုပါပဲ ကြၽန္ေတာ္တို႔ လူေတြဟာလည္း တခါတေလမွာ မွားယြင္းတဲ့ ၿပိဳင္ပြဲေတြကို ၿပိဳင္မိလို႔ ရႈံးနိမ့္တတ္ၾကပါတယ္။ တခါတေလမွာ ကြၽန္ေတာ္တို႔ ရႈံးရတယ္ဆိုတာ ကြၽန္ေတာ္တို႔ မေတာ္လို႔ မဟုတ္ပါဘူး။ ၿပိဳင္ပြဲ မွားေနလို႔ပါ။ အဲဒီေတာ့ ကိုယ္က ဘယ္ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ရမယ္ဆိုတာ ကိုယ္တိုင္ေ႐ြးခ်ယ္ႏိုင္ဖို႔ လိုပါတယ္။ Crd