ရှေးရှေးတုန်းက လူတယောက် နဲ့ ခြင်္သေ့တကောင်သည် တောထဲသို့ အတူတူ ခရီးသွားကြ လေသည်။ ထိုသို့ ခရီးသွားလာရင်း လမ်းတွင် ဘယ်သူ အင်အား ပိုကြီးကြောင်း ကြွားဝါရင်း စကားများကြ လေသည် ။

လူက မိမိတို့ လူသားတွေကသာ အင်အား အကြီးဆုံး ဖြစ်ကြောင်း ပြောသလို ခြင်္သေ့ကလည် မိမိတို့ မျိုးနွယ်သာ အင်အား အကြီးဆုံး ဖြစ်သည် ဟု ပြောလေသည်။

ထိုသို့ စကားများရင်း လမ်းလျှောက်လာစဉ် ကွင်းပြင်ကြီး တခုသို့ ရောက်သွား လေသည်။ ထိုကွင်းပြင်ကြီး အလည်တွင် ရုပ်ထု တခု ရှိလေသည်။

ထိုရုပ်ထုမှာ ဟာကျူလီက ဒဏာရီလာ ခြင်္သေ့တကောင်၏ ပါးစပ်ကို ဆွဲဖြဲနေသည့်ပုံ ဖြစ်သည် ။

ထိုရုပ်ထုကို တွေ့သော အခါ လူသားက " ဟိုမှာကြည့်စမ်း၊ မင်းတို့ အင်အား ကြီးလှပါချည်ရဲ့ ဆိုတဲ့ တောဘုရင် ခြင်္သေ့က ငါတို့ လူသားတွေ လက်ထဲမှာ အရုပ်လေးလို ဖြစ်နေပါပြီကွာ " လို့ ပြောသတဲ့ ။

ထိုအခါ ခြင်္သေ့ကလည်း ရယ်မောလိုက်ပြီး " ဟားဟား၊ ဒီရုပ်ထုက လူသားတွေ ထုထားတာ ကိုးကွ၊ ငါတို့ ခြင်္သေ့တွေသာ ထုရင် တမျိုးတမည် ပြောင်းသွားမှာပါ " လို့ ပြောလိုက် လေသည်။

မည်သူမဆို ကိုယ့်အကြောင်း ပြောရမည် ဆိုလျှင် အကောင်းသာ ပြောတတ်သည့် သဘော သဘာဝ ကို ဤပုံပြင်လေးက ပြဆိုလေသည် ။

crd

Zawgyi

လူႏွင့္ ျခေသၤ့

ေရွးေရွးတုန္းက လူတေယာက္ နဲ႔ ျခေသၤ့တေကာင္သည္ ေတာထဲသို႔ အတူတူ ခရီးသြားၾက ေလသည္။ ထိုသို႔ ခရီးသြားလာရင္း လမ္းတြင္ ဘယ္သူ အင္အား ပိုႀကီးေၾကာင္း ႂကြားဝါရင္း စကားမ်ားၾက ေလသည္ ။

လူက မိမိတို႔ လူသားေတြကသာ အင္အား အႀကီးဆုံး ျဖစ္ေၾကာင္း ေျပာသလို ျခေသၤ့ကလည္ မိမိတို႔ မ်ိဳးႏြယ္သာ အင္အား အႀကီးဆုံး ျဖစ္သည္ ဟု ေျပာေလသည္။

ထိုသို႔ စကားမ်ားရင္း လမ္းေလွ်ာက္လာစဥ္ ကြင္းျပင္ႀကီး တခုသို႔ ေရာက္သြား ေလသည္။ ထိုကြင္းျပင္ႀကီး အလည္တြင္ ႐ုပ္ထု တခု ရွိေလသည္။ ထို႐ုပ္ထုမွာ ဟာက်ဴလီက ဒဏာရီလာ ျခေသၤ့တေကာင္၏ ပါးစပ္ကို ဆြဲၿဖဲေနသည့္ပုံ ျဖစ္သည္ ။

ထို႐ုပ္ထုကို ေတြ႕ေသာ အခါ လူသားက " ဟိုမွာၾကည့္စမ္း၊ မင္းတို႔ အင္အား ႀကီးလွပါခ်ည္ရဲ႕ ဆိုတဲ့ ေတာဘုရင္ ျခေသၤ့က ငါတို႔ လူသားေတြ လက္ထဲမွာ အ႐ုပ္ေလးလို ျဖစ္ေနပါၿပီကြာ " လို႔ ေျပာသတဲ့ ။

ထိုအခါ ျခေသၤ့ကလည္း ရယ္ေမာလိုက္ၿပီး " ဟားဟား၊ ဒီ႐ုပ္ထုက လူသားေတြ ထုထားတာ ကိုးကြ၊ ငါတို႔ ျခေသၤ့ေတြသာ ထုရင္ တမ်ိဳးတမည္ ေျပာင္းသြားမွာပါ " လို႔ ေျပာလိုက္ ေလသည္။

မည္သူမဆို ကိုယ့္အေၾကာင္း ေျပာရမည္ ဆိုလွ်င္ အေကာင္းသာ ေျပာတတ္သည့္ သေဘာ သဘာဝ ကို ဤပုံျပင္ေလးက ျပဆိုေလသည္ ။

crd