တခါတုန်းက ခရီးသွားနေတဲ့ လူအုပ်စုတစုကို ဓါးပြတွေက ဖမ်းဆီးလိုက်တယ် ။ တပည့်တယောက်က ဓါးပြ ဗိုလ်ကြီးကို ပြောတယ် ။ " ဆရာရေ ကျနော်တို့ ဖမ်းမိတဲ့ ထဲမှာ ရှင်ဘုရင်လည်း ပါလာတယ် " ဓားပြခေါင်းဆောင်ဟာ ပြုံးပြီး ရှင်ဘုရင်ကို ကြည့်တယ် " မင်းကောင်း မင်းမြတ်ကြီးပါလား ၊ အရပ်ဝတ်ကြီးနဲ့ ဆိုတော့ ရုပ်ဖျက်ပြီး တိုင်းခန်း လှည့်လည်တယ်ထင်ပါ့ "

ဘုရင် ဆိုသူက ပြုံးပြီး ခေါင်းငြိမ့်ပြသည်။ ဘုရင်နှင့်အတူ မိလာသော သူများကလည်း သူတို့နဲ့အတူ အဖမ်း ခံထားရသည်မှာ ဘုရင်ဆိုတော့ အံ့အားသင့်နေပုံ ရသည်။ " ဒီဘုရင်က ကျုပ်တို့ကို ဒုက္ခပေးမယ့် ဘုရင်ပဲ သတ်ပစ်လိုက်မလား ဆရာ "

" အေး သတ်တာတော့ သတ်တာပေါ့ကွာ ၊ ဒါပေမယ့် မသတ်ခင်လေး ရှင်ဘုရင်က ဦးညွှတ်တာလေးတော့ လိုချင်မိသားကွ အဟေးဟေး "

" မောင်မင်းတို့ ၊ ကျုပ်ကိုပဲ သတ်လို့ရမယ် ဘုရင်ဆိုတဲ့ နေရာကို သတ်လို့မရဘူး ၊ ကျုပ်သေသွားလည်း ဘုရင်ဆိုတဲ့ နေရာကို တယောက်ယောက်က ဝင်ယူဦးမှာပဲ ။ အဲ့ဒီအခါ ကျရင် ဘုရင်ကိုတောင် သတ်တဲ့ ဓားပြရယ်လို့ မောင်မင်းတို့ကို ပိုငြိုးကြ လိမ့်မယ် "

ဓားပြခေါင်းဆောင် တွေဝေသွားတယ် ။ " ဒါဆိုရင်တော့ ခင်ဗျားကို လွှတ်ပေးမယ် ၊ ဒါပေမယ့် လွှတ်ပေးစေချင်ရင် ခင်ဗျား ကျုပ်ကို အရိုအသေ ပေးသွားရမယ် "

ထိုအခါ ဘုရင်က " ကျုပ် အသေခံမယ် ၊ အသက်သေမှာ ကြောက်လို့ ဦးညွတ်သွားတဲ့ ဘုရင်ဘဝကို ကျုပ် အရောက်မခံနိုင်ဘူး တိုင်းသူပြည်သားတွေရဲ့ လေးစား ဂါရဝကို ခံယူပြီးပြီ ဖြစ်တဲ့ အတွက် လေးစားခံ ထိုက်အောင် နေပေးဖို့ ကျုပ်တာဝန်ပဲ "

ထိုအခါ ဓါးပြဗိုလ်က " ခင်ဗျားက ၊တော်တော်ကြီးကျယ်တဲ့ ဘုရင်ပဲ ၊ ခင်ဗျား ကျုပ်တို့ကို ဦးမညွှတ်ရင် ဒီလူတွေကို ကျုပ်ကသတ်မှာ "

ဘုရင်ဟာ ဘာမှ စောဒက မတက်တော့ဘဲ ဝုန်းကနဲ ဒူးထောက် ချလိုက်ပြီး ဓားပြများကို အရိုအသေ ပြုလေတော့သည် ။ အရိုအသေ ပြုခံရသော ဓားပြဗိုလ်ဟာ ကျောထဲ စိမ့်ကနဲ ချမ်းသွားတယ် ။

ဘယ်လို ဘုရင်လဲဟ သူ့ကိုသတ်မယ် ဆိုတုန်းက အသက်ကိုတောင် မငဲ့ကွက်ဘဲ ရာဇဂုဏ် အတွက် ဒူးမထောက် လိုသူက အခုတော့ မြေပြင်မှာ ပြားပြားမှောက် ဝပ်လို့ ။ ဒါ ဘုရင်အစစ် ၊ ဒါမှ ဘုရင်အစစ် ။ ဘုရင့်သိက္ခာကို မိမိအသက်ထက် ပိုတန်ဖိုးထားတဲ့ ဘုရင် ၊ တိုင်းသူပြည်သား တွေရဲ့ အသက်ကို ဘုရင့်သိက္ခာထက် ပိုတန်ဖိုးထားတဲ့ ဘုရင် ။

ဓားပြဗိုလ်ဖြစ်သူ မျက်ရည်များ ဝဲတက်လာသည် ။ ဓားစာခံ ပြည်သူများကို ကြည့်တော့လည်း ဒူးထောက်နေသော ပြည့်ရှင်မင်းကို ကြည့်ကာလေးစားချစ်ခင်မှု ဝမ်းနည်း ကြေကွဲမှုများ ယှက်ထွေးလျက် မျက်ရည်များ ဝေနေကြလေသည်။

ဓားပြဗိုလ်ဖြစ်သူသည် ဘုရင့်ရှေ့ ဒူးထောက် ချလိုက်ပြီး

" ထပါ မြတ်သောမင်းကြီး ၊ ကျနော့် ကို ခွင့်လွှတ်ပါ ။ မင်းကောင်းမင်းမြတ်ကိုအသက်ရှင်လျက် မြင်တွေ့ခွင့် ရခဲ့ခြင်းဟာ သေရင်တောင် ထိုက်တန်ပါတယ် ။ လက်နက်နဲ့ ဓားပြများကို မေတ္တာဖြင့် ဆုံးမတတ်သော မင်းကြီး ၊ ခန္တီတရားဖြင့် ဆုံးမတတ်သော မင်းကြီး ၊ ခေါင်းဆောင်ကောင်း တယောက်၏ စွန့်လွှတ် အနစ်နာခံမှု တာဝန်ခံမှုများကို လမ်းပြသော မင်းကြီးကို ကျွန်တော် အတိုင်းအဆမဲ့ ကြည်ညိုပါတယ် ။

ကျနော်လည်း ခေါင်းဆောင် တယောက်မို့ ကျနော့်အပြစ်အတွက် တာဝန်ခံ ပါရစေ ။ ကျနော့် နောက်လိုက်များကို အပြစ်မှ လွှတ်ပေးပါ ။ ကျနော့်ကို အပြစ်သား အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပါ ချမှတ်လိုသော ပြစ်ဒဏ်ကို ချမှတ်ပါ "

ခေါင်းဆောင်ကောင်း ပီသခဲ့သော ဓားပြဗိုလ်ကို လေးစားရင်း အခံရှိသော နောက်လိုက် ဓားပြများကလည်း သူတို့ခေါင်းဆောင်နည်းတူ ဒူးထောက်၍ ရှင်ဘုရင်ကို အရိုသေ ပြုကြလေသည်။ ရပ်နေသော ပြည်သူများလည်း သူတို့အတွက် ရပ်တည်ပေးခဲ့သော ရှင်ဘုရင်ကို ဒူးထောက် ခစားလေတော့သည် ။

မင်းကြီးက ဒူးထောက်နေရာမှထ၍ ဓားပြဗိုလ်ကို ထူကာ " မောင်မင်းက ဓားပြအဖြစ် ဆိုးသွမ်းပေမယ့် ခေါင်းဆောင်အဖြစ် လေးစားစရာ ကောင်းတယ် ဒီလက်စွပ်ကိုယူပါ ။ ဒါအဖိုးနည်းလက်စွပ် ဆိုပေမယ့် ကျုပ်ရဲ့ အမှတ်အသားပါ ။ ကျုပ်ကို ယုံရင် ဒီလက်စွပ်ကို ယူပြီး နန်းတော်ကို လာပါ ။ ဒီနေ့ရသင့်တဲ့ ငွေပမာဏရဲ့ သုံးဆကို ဆုအဖြစ်လာ ထုတ်ယူလှည့်ပါ ။ ပြည်သူများရဲ့ ငွေကို ပြန်ပေး ပေးပါ ။ တိုင်းပြည်အတွက် စစ်မှုထမ်းလိုပါက သားမယားများနဲ့ တိုင်ပင်ပြီး နန်းတော်ကို လာခဲ့ပါ "

ရာဇဣန္ဒြေ အပြည့်ဖြင့် ထွက်ခွာသွားသော မင်းကြီး၏ ကျောပြင်ကို ဓားပြများနှင့် ပြည်သူများက ငေးမော၍ ကြည့်နေလေတော့သည် ။

crd

Zawgyi

ေခါင္းေဆာင္ေကာင္း

တခါတုန္းက ခရီးသြားေနတဲ့ လူအုပ္စုတစုကို ဓါးျပေတြက ဖမ္းဆီးလိုက္တယ္ ။ တပည့္တေယာက္က ဓါးျပ ဗိုလ္ႀကီးကို ေျပာတယ္ ။ " ဆရာေရ က်ေနာ္တို႔ ဖမ္းမိတဲ့ ထဲမွာ ရွင္ဘုရင္လည္း ပါလာတယ္ " ဓားျပေခါင္းေဆာင္ဟာ ၿပဳံးၿပီး ရွင္ဘုရင္ကို ၾကည့္တယ္ " မင္းေကာင္း မင္းျမတ္ႀကီးပါလား ၊ အရပ္ဝတ္ႀကီးနဲ႔ ဆိုေတာ့ ႐ုပ္ဖ်က္ၿပီး တိုင္းခန္း လွည့္လည္တယ္ထင္ပါ့ "

ဘုရင္ ဆိုသူက ၿပဳံးၿပီး ေခါင္းၿငိမ့္ျပသည္။ ဘုရင္ႏွင့္အတူ မိလာေသာ သူမ်ားကလည္း သူတို႔နဲ႔အတူ အဖမ္း ခံထားရသည္မွာ ဘုရင္ဆိုေတာ့ အံ့အားသင့္ေနပုံ ရသည္။ " ဒီဘုရင္က က်ဳပ္တို႔ကို ဒုကၡေပးမယ့္ ဘုရင္ပဲ သတ္ပစ္လိုက္မလား ဆရာ "

" ေအး သတ္တာေတာ့ သတ္တာေပါ့ကြာ ၊ ဒါေပမယ့္ မသတ္ခင္ေလး ရွင္ဘုရင္က ဦးၫႊတ္တာေလးေတာ့ လိုခ်င္မိသားကြ အေဟးေဟး "

" ေမာင္မင္းတို႔ ၊ က်ဳပ္ကိုပဲ သတ္လို႔ရမယ္ ဘုရင္ဆိုတဲ့ ေနရာကို သတ္လို႔မရဘူး ၊ က်ဳပ္ေသသြားလည္း ဘုရင္ဆိုတဲ့ ေနရာကို တေယာက္ေယာက္က ဝင္ယူဦးမွာပဲ ။ အဲ့ဒီအခါ က်ရင္ ဘုရင္ကိုေတာင္ သတ္တဲ့ ဓားျပရယ္လို႔ ေမာင္မင္းတို႔ကို ပိုၿငိဳးၾက လိမ့္မယ္ "

ဓားျပေခါင္းေဆာင္ ေတြေဝသြားတယ္ ။ " ဒါဆိုရင္ေတာ့ ခင္ဗ်ားကို လႊတ္ေပးမယ္ ၊ ဒါေပမယ့္ လႊတ္ေပးေစခ်င္ရင္ ခင္ဗ်ား က်ဳပ္ကို အ႐ိုအေသ ေပးသြားရမယ္ "

ထိုအခါ ဘုရင္က " က်ဳပ္ အေသခံမယ္ ၊ အသက္ေသမွာ ေၾကာက္လို႔ ဦးၫြတ္သြားတဲ့ ဘုရင္ဘဝကို က်ဳပ္ အေရာက္မခံႏိုင္ဘူး တိုင္းသူျပည္သားေတြရဲ႕ ေလးစား ဂါရဝကို ခံယူၿပီးၿပီ ျဖစ္တဲ့ အတြက္ ေလးစားခံ ထိုက္ေအာင္ ေနေပးဖို႔ က်ဳပ္တာဝန္ပဲ "

ထိုအခါ ဓါးျပဗိုလ္က " ခင္ဗ်ားက ၊ေတာ္ေတာ္ႀကီးက်ယ္တဲ့ ဘုရင္ပဲ ၊ ခင္ဗ်ား က်ဳပ္တို႔ကို ဦးမၫႊတ္ရင္ ဒီလူေတြကို က်ဳပ္ကသတ္မွာ "

ဘုရင္ဟာ ဘာမွ ေစာဒက မတက္ေတာ့ဘဲ ဝုန္းကနဲ ဒူးေထာက္ ခ်လိုက္ၿပီး ဓားျပမ်ားကို အ႐ိုအေသ ျပဳေလေတာ့သည္ ။ အ႐ိုအေသ ျပဳခံရေသာ ဓားျပဗိုလ္ဟာ ေက်ာထဲ စိမ့္ကနဲ ခ်မ္းသြားတယ္ ။

ဘယ္လို ဘုရင္လဲဟ သူ႔ကိုသတ္မယ္ ဆိုတုန္းက အသက္ကိုေတာင္ မငဲ့ကြက္ဘဲ ရာဇဂုဏ္ အတြက္ ဒူးမေထာက္ လိုသူက အခုေတာ့ ေျမျပင္မွာ ျပားျပားေမွာက္ ဝပ္လို႔ ။ ဒါ ဘုရင္အစစ္ ၊ ဒါမွ ဘုရင္အစစ္ ။ ဘုရင့္သိကၡာကို မိမိအသက္ထက္ ပိုတန္ဖိုးထားတဲ့ ဘုရင္ ၊ တိုင္းသူျပည္သား ေတြရဲ႕ အသက္ကို ဘုရင့္သိကၡာထက္ ပိုတန္ဖိုးထားတဲ့ ဘုရင္ ။

ဓားျပဗိုလ္ျဖစ္သူ မ်က္ရည္မ်ား ဝဲတက္လာသည္ ။ ဓားစာခံ ျပည္သူမ်ားကို ၾကည့္ေတာ့လည္း ဒူးေထာက္ေနေသာ ျပည့္ရွင္မင္းကို ၾကည့္ကာေလးစားခ်စ္ခင္မႈ ဝမ္းနည္း ေၾကကြဲမႈမ်ား ယွက္ေထြးလ်က္ မ်က္ရည္မ်ား ေဝေနၾကေလသည္။

ဓားျပဗိုလ္ျဖစ္သူသည္ ဘုရင့္ေရွ႕ ဒူးေထာက္ ခ်လိုက္ၿပီး

" ထပါ ျမတ္ေသာမင္းႀကီး ၊ က်ေနာ့္ ကို ခြင့္လႊတ္ပါ ။ မင္းေကာင္းမင္းျမတ္ကိုအသက္ရွင္လ်က္ ျမင္ေတြ႕ခြင့္ ရခဲ့ျခင္းဟာ ေသရင္ေတာင္ ထိုက္တန္ပါတယ္ ။ လက္နက္နဲ႔ ဓားျပမ်ားကို ေမတၱာျဖင့္ ဆုံးမတတ္ေသာ မင္းႀကီး ၊ ခႏၲီတရားျဖင့္ ဆုံးမတတ္ေသာ မင္းႀကီး ၊ ေခါင္းေဆာင္ေကာင္း တေယာက္၏ စြန႔္လႊတ္ အနစ္နာခံမႈ တာဝန္ခံမႈမ်ားကို လမ္းျပေသာ မင္းႀကီးကို ကြၽန္ေတာ္ အတိုင္းအဆမဲ့ ၾကည္ညိဳပါတယ္ ။

က်ေနာ္လည္း ေခါင္းေဆာင္ တေယာက္မို႔ က်ေနာ့္အျပစ္အတြက္ တာဝန္ခံ ပါရေစ ။ က်ေနာ့္ ေနာက္လိုက္မ်ားကို အျပစ္မွ လႊတ္ေပးပါ ။ က်ေနာ့္ကို အျပစ္သား အျဖစ္ ဖမ္းဆီး ေခၚေဆာင္သြားပါ ခ်မွတ္လိုေသာ ျပစ္ဒဏ္ကို ခ်မွတ္ပါ "

ေခါင္းေဆာင္ေကာင္း ပီသခဲ့ေသာ ဓားျပဗိုလ္ကို ေလးစားရင္း အခံရွိေသာ ေနာက္လိုက္ ဓားျပမ်ားကလည္း သူတို႔ေခါင္းေဆာင္နည္းတူ ဒူးေထာက္၍ ရွင္ဘုရင္ကို အ႐ိုေသ ျပဳၾကေလသည္။ ရပ္ေနေသာ ျပည္သူမ်ားလည္း သူတို႔အတြက္ ရပ္တည္ေပးခဲ့ေသာ ရွင္ဘုရင္ကို ဒူးေထာက္ ခစားေလေတာ့သည္ ။

မင္းႀကီးက ဒူးေထာက္ေနရာမွထ၍ ဓားျပဗိုလ္ကို ထူကာ " ေမာင္မင္းက ဓားျပအျဖစ္ ဆိုးသြမ္းေပမယ့္ ေခါင္းေဆာင္အျဖစ္ ေလးစားစရာ ေကာင္းတယ္ ဒီလက္စြပ္ကိုယူပါ ။ ဒါအဖိုးနည္းလက္စြပ္ ဆိုေပမယ့္ က်ဳပ္ရဲ႕ အမွတ္အသားပါ ။ က်ဳပ္ကို ယုံရင္ ဒီလက္စြပ္ကို ယူၿပီး နန္းေတာ္ကို လာပါ ။ ဒီေန႔ရသင့္တဲ့ ေငြပမာဏရဲ႕ သုံးဆကို ဆုအျဖစ္လာ ထုတ္ယူလွည့္ပါ ။ ျပည္သူမ်ားရဲ႕ ေငြကို ျပန္ေပး ေပးပါ ။ တိုင္းျပည္အတြက္ စစ္မႈထမ္းလိုပါက သားမယားမ်ားနဲ႔ တိုင္ပင္ၿပီး နန္းေတာ္ကို လာခဲ့ပါ "

ရာဇဣေျႏၵ အျပည့္ျဖင့္ ထြက္ခြာသြားေသာ မင္းႀကီး၏ ေက်ာျပင္ကို ဓားျပမ်ားႏွင့္ ျပည္သူမ်ားက ေငးေမာ၍ ၾကည့္ေနေလေတာ့သည္ ။

crd