တခါတုန်းက ဘုရင်တပါး ရှိခဲ့တယ်။ သူ့မှာ အမဲလိုက်ခွေး ၁၀ ကောင် မွေးထားတယ်။ သူရဲ့ အမတ်တွေ ဝန်ကြီးတွေထဲက တယောက်ယောက် အမှားလုပ်ပြီဆို အဲ့ဒီခွေးတွေရှေ့ ပစ်ချခိုင်းလေ့ ရှိတယ်။ ခွေးတွေက အဲ့ဒီ ဝန်ကြီးကို အရိုးအသား တခြားဆီ ဖြစ်အောင် လုပ်ပစ် လိုက်တယ်။

တနေ့တော့ ဘုရင့်ကို အရေးပါတဲ့ ဝန်ကြီး တဦးက မှားယွင်းစွာ အကြံပေးမိတယ်။ ဒီအကြံကို ဘုရင်က မနှစ်မျို့ခဲ့ဘူး။ အဲဒါနဲ့ အဲ့ဒီဝန်ကြီးကိုလည်း ခွေးတွေရှေ့မှာ ပစ်ချဖို့ အမိန့်ချ လိုက်တယ်။ နောက်ဆုံးအနေနဲ့ ဝန်ကြီးက ဘုရင်ဆီမှာ တခု တောင်းဆိုတယ်။

"ဘုရင်ကြီးခင်ဗျား ကျွန်တော် ဘုရင်ကြီးဆီမှာ နေ့မှန်းမသိ ညမှန်းမသိ အလုပ်အကြွေး ပြုခဲ့တယ်။ အခု ဘုရင်ကြီးကတော့ ကျွန်တော့အမှားလေး တခု အပေါ်မှာ ဒီလောက်ကြီးမားတဲ့ ပစ်ဒဏ်ကို ပေးနေတယ်။ ဘုရင့် အမိန့်အတိုင်း နာခံဖို့ အသင့် ပါပဲ။

ဒါပေမယ့် ကျွန်တော် အနွံတာခံ အလုပ်အကျွေး ပြုစုခဲ့တာလေးကို ထောက်ထားပြီး ၁၀ ရက်လောက် ကျွန်တော့်ကို အခွင့်အရေး ပေးပါ။ ပြီးရင် ကျွန်တော့်ကို ခွေးတွေရှေ့မှာ ပစ်ချလိုက်ပါ"

အဲဒါနဲ့ ဘုရင်ကလည်း ၁၀ ရက် အခွင့်အရေး ပေးလိုက်တယ်။ ဝန်ကြီးလည်း ဘုရင့်ဆီကနေ ခွေးတွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့သူ ဆီကို ထွက်လာတယ်။ ပြီးတော့ ခွေးထိန်းကို ပြောတယ်။ "ငါ ဒီခွေးတွေနဲ့ ၁၀ ရက် လောက် အတူနေချင်တယ်။ သူတို့ရဲ့ ဝေယျာဝစ္စ အားလုံးလည်း တာဝန်ယူမယ်"

ခွေးထိန်းက ဝန်ကြီးစကား ကြားတော့ အံသြ မှင်သက်သွားတယ်။ ဒါပေမယ့် ခွင့်ပြုပေး လိုက်တယ်။ အဲ့ဒီ ၁၀ ရက်အတွင်း ဝန်ကြီးက ခွေးတွေရဲ့ စားသောက်ဖို့ အိပ်ဖို့ ရေချိုးပေးဖို့က အစ အလုပ် အားလုံးကို သေချာ တာဝန်ယူ လုပ်ကိုင်တယ်။

၁၀ ရက် ပြည့်တော့ ဘုရင်က ဝန်ကြီးကို ခွေးတွေရှေ့မှာ ပစ်ချဖို့ အမိန့်ပေးတယ်။ ဒါပေမယ့် အဲ့ဒီမှာ ရပ်ကြည့်နေတဲ့ သူတွေအားလုံးဟာ မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်သွား ကြတယ်။ ဘာလို့လဲ ဆိုတော့ ဒီနေ့ ဒီအချိန်ထိ ဒီခွေးတွေ ရှေ့မှာ မရေမတွက် နိုင်အောင် ဝန်ကြီးတွေအသက်ပေးသွား ခဲ့ပြီးပြီ။ ဝန်ကြီးတိုင်းကို အဲ့ဒီခွေးတွေက အပိုင်းပိုင်း လုပ်ပစ်ခဲ့တယ်။

ဒါပေမယ့် ဒီနေ့တော့ အဲ့ဒီခွေးတွေပဲ ဒီဝန်ကြီးရဲ့ ခြေထောက်တွေကို ယက်ပေးနေ ကြတယ်။ ဘုရင်ကလည်း ဒါကိုမြင်တော့ အံသြပြီး မေးတယ်။ "ခွေးတွေ ဒီတခါ ဘယ်လို ဖြစ်သွားကြရတာလဲ" ဆိုတော့မှ ဝန်ကြီးက ပြန်ဖြေတယ်။

"ဘုရင်ကြီး ကျန်းမာပါစေ။ ကျွန်တော် ဘုရင်ကြီးကို ဒီမြင်ကွင်းကိုပဲ ပြချင်နေတာပါ။ ကျွန်တော် ၁၀ ရက်ပဲ ဒီခွေးတွေကို ပြုစုခဲ့တယ်။ ဒါပေမယ့် ဒီခွေးတွေက ဒီနေ့ ကျွန်တော် ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတွေကို မေ့မသွားခဲ့ဘူး။

ကျွန်တော်ဟာ ဘုရင်ကြီးဆီမှာ နေ့ရောညပါ ၁၀ နှစ်ထိ ပြုစု စောင့်ရှောက်ခဲ့တယ်။ ဒါပေမယ့်လည်း ဘုရင်ကြီးက ကျွန်တော့်ရဲ့ အမှားတခုအတွက် ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ ပြုစုခဲ့တာတွေကို ကျောခိုင်းပစ် လိုက်တယ် "

ဘုရင်က သူ့ရဲ့ အမှားအပေါ်မှာ ပြင်းပြင်း ထန်ထန် ခံစားမိ သွားတယ်။ ပြီးတော့ ဘုရင်ဟာ ဝန်ကြီးကို မိကျောင်းကန်ထဲကို ပစ်ချခိုင်းလိုက်တယ်။

မတရား လုပ်ဖို့ကိုပဲ စိတ်ပိုင်းဖြတ်ထားတဲ့ သူတယောက်ကို အထောက်အထား သက်သေ သာဓကတွေ ပြနေရင်လည်း အလကားပါပဲ။ ယုတ်မာကောက်ကျစ်တဲ့ လူဟာ ယုတ်မာကောက်ကျစ်ဖို့ပဲ လုပ်နေမှာပါပဲ။

crd

Zawgyi

ေနာင္တရသြားတဲ့ ဘုရင္

တခါတုန္းက ဘုရင္တပါး ရွိခဲ့တယ္။ သူ႔မွာ အမဲလိုက္ေခြး ၁၀ ေကာင္ ေမြးထားတယ္။ သူရဲ႕ အမတ္ေတြ ဝန္ႀကီးေတြထဲက တေယာက္ေယာက္ အမွားလုပ္ၿပီဆို အဲ့ဒီေခြးေတြေရွ႕ ပစ္ခ်ခိုင္းေလ့ ရွိတယ္။ ေခြးေတြက အဲ့ဒီ ဝန္ႀကီးကို အ႐ိုးအသား တျခားဆီ ျဖစ္ေအာင္ လုပ္ပစ္ လိုက္တယ္။

တေန႔ေတာ့ ဘုရင့္ကို အေရးပါတဲ့ ဝန္ႀကီး တဦးက မွားယြင္းစြာ အႀကံေပးမိတယ္။ ဒီအႀကံကို ဘုရင္က မႏွစ္မ်ိဳ႕ခဲ့ဘူး။ အဲဒါနဲ႔ အဲ့ဒီဝန္ႀကီးကိုလည္း ေခြးေတြေရွ႕မွာ ပစ္ခ်ဖို႔ အမိန႔္ခ် လိုက္တယ္။ ေနာက္ဆုံးအေနနဲ႔ ဝန္ႀကီးက ဘုရင္ဆီမွာ တခု ေတာင္းဆိုတယ္။

"ဘုရင္ႀကီးခင္ဗ်ား ကြၽန္ေတာ္ ဘုရင္ႀကီးဆီမွာ ေန႔မွန္းမသိ ညမွန္းမသိ အလုပ္အေႂကြး ျပဳခဲ့တယ္။ အခု ဘုရင္ႀကီးကေတာ့ ကြၽန္ေတာ့အမွားေလး တခု အေပၚမွာ ဒီေလာက္ႀကီးမားတဲ့ ပစ္ဒဏ္ကို ေပးေနတယ္။ ဘုရင့္ အမိန႔္အတိုင္း နာခံဖို႔ အသင့္ ပါပဲ။

ဒါေပမယ့္ ကြၽန္ေတာ္ အႏြံတာခံ အလုပ္အေကြၽး ျပဳစုခဲ့တာေလးကို ေထာက္ထားၿပီး ၁၀ ရက္ေလာက္ ကြၽန္ေတာ့္ကို အခြင့္အေရး ေပးပါ။ ၿပီးရင္ ကြၽန္ေတာ့္ကို ေခြးေတြေရွ႕မွာ ပစ္ခ်လိုက္ပါ"

အဲဒါနဲ႔ ဘုရင္ကလည္း ၁၀ ရက္ အခြင့္အေရး ေပးလိုက္တယ္။ ဝန္ႀကီးလည္း ဘုရင့္ဆီကေန ေခြးေတြကို ထိန္းသိမ္း ေစာင့္ေရွာက္တဲ့သူ ဆီကို ထြက္လာတယ္။ ၿပီးေတာ့ ေခြးထိန္းကို ေျပာတယ္။ "ငါ ဒီေခြးေတြနဲ႔ ၁၀ ရက္ ေလာက္ အတူေနခ်င္တယ္။ သူတို႔ရဲ႕ ေဝယ်ာဝစၥ အားလုံးလည္း တာဝန္ယူမယ္"

ေခြးထိန္းက ဝန္ႀကီးစကား ၾကားေတာ့ အံၾသ မွင္သက္သြားတယ္။ ဒါေပမယ့္ ခြင့္ျပဳေပး လိုက္တယ္။ အဲ့ဒီ ၁၀ ရက္အတြင္း ဝန္ႀကီးက ေခြးေတြရဲ႕ စားေသာက္ဖို႔ အိပ္ဖို႔ ေရခ်ိဳးေပးဖို႔က အစ အလုပ္ အားလုံးကို ေသခ်ာ တာဝန္ယူ လုပ္ကိုင္တယ္။

၁၀ ရက္ ျပည့္ေတာ့ ဘုရင္က ဝန္ႀကီးကို ေခြးေတြေရွ႕မွာ ပစ္ခ်ဖို႔ အမိန႔္ေပးတယ္။ ဒါေပမယ့္ အဲ့ဒီမွာ ရပ္ၾကည့္ေနတဲ့ သူေတြအားလုံးဟာ ျမင္ကြင္းကို ၾကည့္ၿပီး အံ့အားသင့္သြား ၾကတယ္။ ဘာလို႔လဲ ဆိုေတာ့ ဒီေန႔ ဒီအခ်ိန္ထိ ဒီေခြးေတြ ေရွ႕မွာ မေရမတြက္ ႏိုင္ေအာင္ ဝန္ႀကီးေတြအသက္ေပးသြား ခဲ့ၿပီးၿပီ။ ဝန္ႀကီးတိုင္းကို အဲ့ဒီေခြးေတြက အပိုင္းပိုင္း လုပ္ပစ္ခဲ့တယ္။

ဒါေပမယ့္ ဒီေန႔ေတာ့ အဲ့ဒီေခြးေတြပဲ ဒီဝန္ႀကီးရဲ႕ ေျခေထာက္ေတြကို ယက္ေပးေန ၾကတယ္။ ဘုရင္ကလည္း ဒါကိုျမင္ေတာ့ အံၾသၿပီး ေမးတယ္။ "ေခြးေတြ ဒီတခါ ဘယ္လို ျဖစ္သြားၾကရတာလဲ" ဆိုေတာ့မွ ဝန္ႀကီးက ျပန္ေျဖတယ္။

"ဘုရင္ႀကီး က်န္းမာပါေစ။ ကြၽန္ေတာ္ ဘုရင္ႀကီးကို ဒီျမင္ကြင္းကိုပဲ ျပခ်င္ေနတာပါ။ ကြၽန္ေတာ္ ၁၀ ရက္ပဲ ဒီေခြးေတြကို ျပဳစုခဲ့တယ္။ ဒါေပမယ့္ ဒီေခြးေတြက ဒီေန႔ ကြၽန္ေတာ္ ျပဳစုေစာင့္ေရွာက္ခဲ့တဲ့ ေက်းဇူးေတြကို ေမ့မသြားခဲ့ဘူး။

ကြၽန္ေတာ္ဟာ ဘုရင္ႀကီးဆီမွာ ေန႔ေရာညပါ ၁၀ ႏွစ္ထိ ျပဳစု ေစာင့္ေရွာက္ခဲ့တယ္။ ဒါေပမယ့္လည္း ဘုရင္ႀကီးက ကြၽန္ေတာ့္ရဲ႕ အမွားတခုအတြက္ ကြၽန္ေတာ့္ရဲ႕ ႏွစ္ေပါင္းမ်ားစြာ ျပဳစုခဲ့တာေတြကို ေက်ာခိုင္းပစ္ လိုက္တယ္ "

ဘုရင္က သူ႔ရဲ႕ အမွားအေပၚမွာ ျပင္းျပင္း ထန္ထန္ ခံစားမိ သြားတယ္။ ၿပီးေတာ့ ဘုရင္ဟာ ဝန္ႀကီးကို မိေက်ာင္းကန္ထဲကို ပစ္ခ်ခိုင္းလိုက္တယ္။

မတရား လုပ္ဖို႔ကိုပဲ စိတ္ပိုင္းျဖတ္ထားတဲ့ သူတေယာက္ကို အေထာက္အထား သက္ေသ သာဓကေတြ ျပေနရင္လည္း အလကားပါပဲ။ ယုတ္မာေကာက္က်စ္တဲ့ လူဟာ ယုတ္မာေကာက္က်စ္ဖို႔ပဲ လုပ္ေနမွာပါပဲ။

crd