ဖားအရှင်တကောင်ကို ရေထည့်ထားတဲ့ အိုးထဲထည့်ပြီး မီးအပူ ပေးကြည့်ပါ။ ရေ အပူချိန် မြင့်တက်လာ လေလေ၊ ဖားရဲ့ ခန္ဓာကိုယ် အပူချိန်ဟာလည်း သဘာဝအလျှောက် ရေအပူချိန်နဲ့ လိုက်ပြီး ပြောင်းလဲလာ ပါလိမ့်မယ်။

အဲဒီလိုပဲ ရေရဲ့ အပူချိန် မြင့်လာလေလေ၊ ဖားရဲ့ခန္ဓာကိုယ် အပူချိန်လည်း မြင့်လာ လေလေပေါ့။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရေဟာ ရေဆူမှတ်ကို ရောက်လာချိန် မှာတော့ ဖားဟာ ရေရဲ့ အပူချိန် အတိုင်း သူ့ခန္ဓာကိုယ် အပူချိန်ကို လိုက်မပြောင်းနိုင် တော့ပါဘူး။

အဲဒိအချိန်မှာ ဖားဟာ အိုးထဲက ခုန်ထွက်ဖို့ ကြိုးစား ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ ကြိုးစားမှုဟာ မအောင်မြင်တော့ ပါဘူး။

ဘာလို့လဲ ဆိုတော့ ရေရဲ့ အပူချိန်အတိုင်း လိုက်ပြောင်းရင်းနဲ့ သူ့ရဲ့ ခွန်အားတွေဟာ ဆုံးရှုံးခဲ့ရပြီ ဖြစ်လို့ပါပဲ။ ဒီလိုနဲ့ ဖားဟာ အသက် ဆုံးရှုံးသွား ရပါတယ်။

ဒါဆို ဖားကို ဘာက သေစေတာလဲ။ အများစုက ရေနွေးပူကြောင့်လို ဖြေကြ ပါလိမ့်မယ်။ ဒါပေမယ့် အမှန်တကယ် ကတော့ ခုန်ထွက်လို့ ရတဲ့ အချိန်မှာ ခုန်ထွက်ဖို့ မစဉ်းစားတတ် ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ် နိုင်စွမ်းကြောင့် ပါပဲ။

ကျွန်တော်တို့ အားလုံးဟာ ပတ်ဝန်းကျင်က လူတွေ အားလုံးနဲ့ ညှိနှိုင်းဖို့၊ အဆင်ပြေအောင် နေဖို့ လိုတယ်ဆိုတာ မှန်ပါတယ်။

ဒါပေမယ့် ဘယ်အချိန်မှာ ညှိနှိုင်းရမယ်၊ ဘယ်လို အခါမှ ရင်ဆိုင်ရမယ် ဆိုတာတော့ စဉ်းစားဖို့ လိုပါတယ်။

တခါတရံမှာ လူတွေဟာ ကိုယ့်ရဲ့ သည်းခံမှု၊ နားလည်ပေးတတ်မှု အပေါ် ဆက်လက် အနိုင်ယူဖို့ ကြိုးစားတတ်လို့၊ အဲ့ဒီ အခြေအနေ ကနေ ဘယ်လိုအချိန်မှာ ခုန်ထွက်ကြမလဲ ဆိုတာကတော့ သင့်ရဲ့ ဆုံးဖြတ်ချက် ပါပဲ။

Crd


Zawgyi

မခုန္ႏိုင္ေသာ ဖား

ဖားအရွင္တေကာင္ကို ေရထည့္ထားတဲ့ အိုးထဲထည့္ၿပီး မီးအပူ ေပးၾကည့္ပါ။ ေရ အပူခ်ိန္ ျမင့္တက္လာ ေလေလ၊ ဖားရဲ႕ ခႏၶာကိုယ္ အပူခ်ိန္ဟာလည္း သဘာဝအေလွ်ာက္ ေရအပူခ်ိန္နဲ႔ လိုက္ၿပီး ေျပာင္းလဲလာ ပါလိမ့္မယ္။

အဲဒီလိုပဲ ေရရဲ႕ အပူခ်ိန္ ျမင့္လာေလေလ၊ ဖားရဲ႕ခႏၶာကိုယ္ အပူခ်ိန္လည္း ျမင့္လာ ေလေလေပါ့။ ဒါေပမယ့္ တျဖည္းျဖည္းနဲ႔ ေရဟာ ေရဆူမွတ္ကို ေရာက္လာခ်ိန္ မွာေတာ့ ဖားဟာ ေရရဲ႕ အပူခ်ိန္ အတိုင္း သူ႔ခႏၶာကိုယ္ အပူခ်ိန္ကို လိုက္မေျပာင္းႏိုင္ ေတာ့ပါဘူး။

အဲဒိအခ်ိန္မွာ ဖားဟာ အိုးထဲက ခုန္ထြက္ဖို႔ ႀကိဳးစား ပါလိမ့္မယ္။ ဒါေပမယ့္ သူ႔ရဲ႕ ႀကိဳးစားမႈဟာ မေအာင္ျမင္ေတာ့ ပါဘူး။ ဘာလို႔လဲ ဆိုေတာ့ ေရရဲ႕ အပူခ်ိန္အတိုင္း လိုက္ေျပာင္းရင္းနဲ႔ သူ႔ရဲ႕ ခြန္အားေတြဟာ ဆုံးရႈံးခဲ့ရၿပီ ျဖစ္လို႔ပါပဲ။ ဒီလိုနဲ႔ ဖားဟာ အသက္ ဆုံးရႈံးသြား ရပါတယ္။

ဒါဆို ဖားကို ဘာက ေသေစတာလဲ။ အမ်ားစုက ေရေႏြးပူေၾကာင့္လို ေျဖၾက ပါလိမ့္မယ္။ ဒါေပမယ့္ အမွန္တကယ္ ကေတာ့ ခုန္ထြက္လို႔ ရတဲ့ အခ်ိန္မွာ ခုန္ထြက္ဖို႔ မစဥ္းစားတတ္ ခဲ့တဲ့ သူ႔ရဲ႕ ဆုံးျဖတ္ ႏိုင္စြမ္းေၾကာင့္ ပါပဲ။

ကြၽန္ေတာ္တို႔ အားလုံးဟာ ပတ္ဝန္းက်င္က လူေတြ အားလုံးနဲ႔ ညႇိႏႈိင္းဖို႔၊ အဆင္ေျပေအာင္ ေနဖို႔ လိုတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ညႇိႏႈိင္းရမယ္၊ ဘယ္လို အခါမွ ရင္ဆိုင္ရမယ္ ဆိုတာေတာ့ စဥ္းစားဖို႔ လိုပါတယ္။

တခါတရံမွာ လူေတြဟာ ကိုယ့္ရဲ႕ သည္းခံမႈ၊ နားလည္ေပးတတ္မႈ အေပၚ ဆက္လက္ အႏိုင္ယူဖို႔ ႀကိဳးစားတတ္လို႔၊ အဲ့ဒီ အေျခအေန ကေန ဘယ္လိုအခ်ိန္မွာ ခုန္ထြက္ၾကမလဲ ဆိုတာကေတာ့ သင့္ရဲ႕ ဆုံးျဖတ္ခ်က္ ပါပဲ။

Crd