ဆယ်တန်းအောင်တော့ ဘယ်တက္ကသိုလ်တွေ တက်ရကောင်းမလဲ ရွေးကြတော့ အိမ်က မိဘတွေကို လာအကြံဉာဏ်ပေးကြတဲ့ လူတွေ ရှိတယ်။ နည်းပညာတက္ကသိုလ် တက်ပါလား။ အင်ဂျင်နီယာ ဖြစ်တာနဲ့ ထောပြီပဲ။ ဆရာဝန်လုပ်ပါလား။ ဒီနိုင်ငံမှာ ဆေးကုမစားချင်လည်း နိုင်ငံခြားထွက်ရင် ဒေါ်လာဘယ်လောက်ကနေ စရတာ၊ မိုက်တယ် စသည်ဖြင့်။

အဲ့ဒီတုန်းကတော့ ကလေးဆိုတော့ နားမလည်ခဲ့ဘူး။ သူတို့ပြောတဲ့ အလုပ်တွေက တကယ်ပဲ ဝင်ငွေကောင်းတဲ့ အလုပ်တွေလို့ ထင်ခဲ့တယ်။ အရွယ်ရောက်တော့မှ အလုပ်က ဝင်ငွေကောင်းအောင် လုပ်ပေးတာ မဟုတ်ဘဲ၊ အလုပ်နဲ့ ပတ်သတ်တဲ့ ကျွမ်းကျင်မှုကသာ ဝင်ငွေကောင်းအောင် လုပ်ပေးတာ ဆိုတာကို နားလည်လာခဲ့တယ်။

ဥပမာ ရုပ်ရှင်မင်းသားတယောက် ဆိုပါတော့။ မှန်းကြည့်မယ်။ ဇာတ်ကားတကားရိုက်ရင် သိန်းကို ရာနဲ့ချီ ရလိမ့်မယ်။ ဒီထက်ပိုရင်လည်း ပိုမယ်။ ဝင်ငွေကောင်းတယ်။ လုပ်မလား။ ဘယ်လိုလုပ် လုပ်လို့ရမလဲ။ ကျွန်တော်တို့မှ သရုပ်မဆောင်တတ်ပဲ။

သရုပ်ဆောင်တတ်ရင်တောင် သရုပ်ကောင်းတဲ့သူရဲ့ ဝင်ငွေက တမျိုး၊ မကောင်းတဲ့သူရဲ့ ဝင်ငွေက တမျိုးဆိုပြီး ကွာသွားသေးတာ။ သရုပ်ဆောင်တာ ကောင်းလေလေ သူ့ရဲ့ ဝင်ငွေဟာ များလေလေပဲ။

အလားတူပဲ အဆိုတော်ဆိုရင်လည်း သူသီချင်းဆိုတာ ကောင်းလေလေ သူ့ရဲ့ ဝင်ငွေဟာလည်း များလေလေပဲ။ ဘောလုံးသမားဆိုရင်လည်း သူကစားတာ ကောင်းလေလေ သူ့ရဲ့ ဝင်ငွေဟာလည်း များလေလေပဲ။ ပြောချင်တာက အလုပ်က ကျွန်တော်တို့ရဲ့ ဝင်ငွေကို ဖြစ်စေတာ မဟုတ်ဘဲ အလုပ်နဲ့ ပတ်သတ်တဲ့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုကသာ ဝင်ငွေ နည်းမလား၊ များမလားဆိုကို ဖြစ်စေတာလို့ ပြောချင်တာ ဖြစ်တယ်။

ဒါကြောင့် ဘယ်အလုပ်လုပ်ရင် ဝင်ငွေကောင်းမလဲဆိုပြီး ငွေကိုပဲ လိုက်အာရုံ စိုက်မနေနဲ့။ ငွေကို အာရုံစိုက်ပြီး ရလာတဲ့ အလုပ်မှန်သမျှလည်း တာရှည်မခံတာ များတယ်လို့ ကျွန်တော့် အတွေ့အကြုံအရ မြင်မိတယ်။ အဲ့ဒီတော့ အဓိက အာရုံစိုက်သင့်တာက ကိုယ့်ရဲ့ ကျွမ်းကျင်မှုကိုပဲ။

ကိုယ်ဘာကို ကျွမ်းကျင်လဲဆိုတာ သိအောင်လုပ်။ ကိုယ်ကျွမ်းကျင်တာကို ဒီထက်ပိုပြီး ကျွမ်းကျင်အောင်လုပ်။ ကိုယ်ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် ကိုယ့်ရဲ့ဝင်ငွေဟာလည်း များလာလိမ့်မယ်လို့ ပြောချင်ပါတယ်။ crd

Zawgyi

ဝင္ေငြေကာင္းေအာင္ ဘယ္လိုလုပ္ၾကမလဲ

ဆယ္တန္းေအာင္ေတာ့ ဘယ္တကၠသိုလ္ေတြ တက္ရေကာင္းမလဲ ေ႐ြးၾကေတာ့ အိမ္က မိဘေတြကို လာအႀကံဉာဏ္ေပးၾကတဲ့ လူေတြ ရွိတယ္။ နည္းပညာတကၠသိုလ္ တက္ပါလား။ အင္ဂ်င္နီယာ ျဖစ္တာနဲ႔ ေထာၿပီပဲ။ ဆရာဝန္လုပ္ပါလား။ ဒီႏိုင္ငံမွာ ေဆးကုမစားခ်င္လည္း ႏိုင္ငံျခားထြက္ရင္ ေဒၚလာဘယ္ေလာက္ကေန စရတာ၊ မိုက္တယ္ စသည္ျဖင့္။

အဲ့ဒီတုန္းကေတာ့ ကေလးဆိုေတာ့ နားမလည္ခဲ့ဘူး။ သူတို႔ေျပာတဲ့ အလုပ္ေတြက တကယ္ပဲ ဝင္ေငြေကာင္းတဲ့ အလုပ္ေတြလို႔ ထင္ခဲ့တယ္။ အ႐ြယ္ေရာက္ေတာ့မွ အလုပ္က ဝင္ေငြေကာင္းေအာင္ လုပ္ေပးတာ မဟုတ္ဘဲ၊ အလုပ္နဲ႔ ပတ္သတ္တဲ့ ကြၽမ္းက်င္မႈကသာ ဝင္ေငြေကာင္းေအာင္ လုပ္ေပးတာ ဆိုတာကို နားလည္လာခဲ့တယ္။

ဥပမာ ႐ုပ္ရွင္မင္းသားတေယာက္ ဆိုပါေတာ့။ မွန္းၾကည့္မယ္။ ဇာတ္ကားတကား႐ိုက္ရင္ သိန္းကို ရာနဲ႔ခ်ီ ရလိမ့္မယ္။ ဒီထက္ပိုရင္လည္း ပိုမယ္။ ဝင္ေငြေကာင္းတယ္။ လုပ္မလား။ ဘယ္လိုလုပ္ လုပ္လို႔ရမလဲ။ ကြၽန္ေတာ္တို႔မွ သ႐ုပ္မေဆာင္တတ္ပဲ။ သ႐ုပ္ေဆာင္တတ္ရင္ေတာင္ သ႐ုပ္ေကာင္းတဲ့သူရဲ႕ ဝင္ေငြက တမ်ိဳး၊ မေကာင္းတဲ့သူရဲ႕ ဝင္ေငြက တမ်ိဳးဆိုၿပီး ကြာသြားေသးတာ။ သ႐ုပ္ေဆာင္တာ ေကာင္းေလေလ သူ႔ရဲ႕ ဝင္ေငြဟာ မ်ားေလေလပဲ။

အလားတူပဲ အဆိုေတာ္ဆိုရင္လည္း သူသီခ်င္းဆိုတာ ေကာင္းေလေလ သူ႔ရဲ႕ ဝင္ေငြဟာလည္း မ်ားေလေလပဲ။ ေဘာလုံးသမားဆိုရင္လည္း သူကစားတာ ေကာင္းေလေလ သူ႔ရဲ႕ ဝင္ေငြဟာလည္း မ်ားေလေလပဲ။ ေျပာခ်င္တာက အလုပ္က ကြၽန္ေတာ္တို႔ရဲ႕ ဝင္ေငြကို ျဖစ္ေစတာ မဟုတ္ဘဲ အလုပ္နဲ႔ ပတ္သတ္တဲ့ ကြၽန္ေတာ္တို႔ရဲ႕ ကြၽမ္းက်င္မႈကသာ ဝင္ေငြ နည္းမလား၊ မ်ားမလားဆိုကို ျဖစ္ေစတာလို႔ ေျပာခ်င္တာ ျဖစ္တယ္။

ဒါေၾကာင့္ ဘယ္အလုပ္လုပ္ရင္ ဝင္ေငြေကာင္းမလဲဆိုၿပီး ေငြကိုပဲ လိုက္အာ႐ုံ စိုက္မေနနဲ႔။ ေငြကို အာ႐ုံစိုက္ၿပီး ရလာတဲ့ အလုပ္မွန္သမွ်လည္း တာရွည္မခံတာ မ်ားတယ္လို႔ ကြၽန္ေတာ့္ အေတြ႕အႀကဳံအရ ျမင္မိတယ္။ အဲ့ဒီေတာ့ အဓိက အာ႐ုံစိုက္သင့္တာက ကိုယ့္ရဲ႕ ကြၽမ္းက်င္မႈကိုပဲ။ ကိုယ္ဘာကို ကြၽမ္းက်င္လဲဆိုတာ သိေအာင္လုပ္။ ကိုယ္ကြၽမ္းက်င္တာကို ဒီထက္ပိုၿပီး ကြၽမ္းက်င္ေအာင္လုပ္။ ကိုယ္ကြၽမ္းက်င္ရင္ ကြၽမ္းက်င္သေလာက္ ကိုယ့္ရဲ႕ဝင္ေငြဟာလည္း မ်ားလာလိမ့္မယ္လို႔ ေျပာခ်င္ပါတယ္။ crd