အိန္ဒိယနိုင်ငံက လူတစ်ယောက်က နယူးဒေလီမြို့က ကြယ် ၅ပွင့်အဆင့်ရှိတဲ့ ဟိုတယ်တစ်လုံးမှာ တစ်ညတာတည်းခိုဖို့ booking လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက်တော့ အဲဒီဟိုတယ်မှာပဲ ရက်ပေါင်း ၆၀၀ ကျော်နေထိုင်လိုက်ရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးလောက်က Ankush Dutta ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ ဒေလီက ဟိုတယ်တစ်လုံးမှာ တည်းခိုပြီး နောက်တစ်ရက်မှာ ထွက်သွားဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ကို ရဲတွေက စုံစမ်းမေးမြန်းစရာရှိတဲ့အခါ အဲဒီဟိုတယ်မှာပဲ ရက်ပေါင်း ၆၀၀ ကျော် အခန်းခပေးစရာမလို၊ စားသောက်စရာပေးစရာမလိုဘဲ အခမဲ့နေထိုင်ခွင့်ရသွားပါတယ်။ စုံစမ်းစစ်ဆေးမှုမပြီးမချင်း ဟိုတယ်မှာ ဝန်ဆောင်ခအားလုံးကို အခမဲ့နဲ့ နေထိုင်ခွင့်ရသွားခဲ့ပါတယ်။

Ankush Dutta က ဟိုတယ်ဝန်ထမ်းတစ်ယောက်နဲ့ ရာဇဝတ်မှုဆိုင်ရာ ပတ်သက်နေတာကြောင့် သူ့ကို ရဲတွေက စုံစမ်းစစ်ဆေးပါတယ်။ စုံစမ်းစစ်ဆေးစဉ်မှာ သူ့ကို ဟိုတယ်ကနေ ဘယ်ကိုမှ သွားခွင့်မပြုပါဘူး။ ရက်အတိအကျဆိုရင်တော့ ရက်ပေါင်း ၆၀၃ ရက်ရှိပါတယ်။

အခုတော့ သူတို့ရဲ့စုံစမ်းစစ်ဆေးမှုပြီးဆုံးသွားပါပြီ။ ပြီးဆုံးသွားတဲ့အခါမှာတော့ ဟိုတယ်က Ankush Dutta နေထိုင်စဉ်တစ်လျှောက် ကျသင့်တဲ့ငွေ အမေရိကန်ဒေါ်လာ ၇ သောင်းကျော်ကို ပြန်လည်ရရှိဖို့ တောင်းဆိုနေပါတယ်။

Zombie (lovemedia)

for zawgyi

ၾကယ္ ၅ ပြင့္ဟိုတယ္မွာ တစ္ရက္တာ တည္းခိုဖို႔ စာရင္းသြင္းထားေပမယ့္ ရက္ေပါင္း ၆၀၀ ေက်ာ္ အခမဲ့ေနထိုင္ခြင့္ရသြားတဲ့ အမ်ိဳးသား

အိႏၵိယႏိုင္ငံက လူတစ္ေယာက္က နယူးေဒလီၿမိဳ႕က ၾကယ္ ၅ပြင့္အဆင့္ရွိတဲ့ ဟိုတယ္တစ္လုံးမွာ တစ္ညတာတည္းခိုဖို႔ booking လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔အတြက္ေတာ့ အဲဒီဟိုတယ္မွာပဲ ရက္ေပါင္း ၆၀၀ ေက်ာ္ေနထိုင္လိုက္ရပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ႏွစ္နီးပါးေလာက္က Ankush Dutta ဆိုတဲ့အမ်ိဳးသားတစ္ေယာက္ဟာ ေဒလီက ဟိုတယ္တစ္လုံးမွာ တည္းခိုၿပီး ေနာက္တစ္ရက္မွာ ထြက္သြားဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ကို ရဲေတြက စုံစမ္းေမးျမန္းစရာရွိတဲ့အခါ အဲဒီဟိုတယ္မွာပဲ ရက္ေပါင္း ၆၀၀ ေက်ာ္ အခန္းခေပးစရာမလို၊ စားေသာက္စရာေပးစရာမလိုဘဲ အခမဲ့ေနထိုင္ခြင့္ရသြားပါတယ္။ စုံစမ္းစစ္ေဆးမႈမၿပီးမခ်င္း ဟိုတယ္မွာ ဝန္ေဆာင္ခအားလုံးကို အခမဲ့နဲ႔ ေနထိုင္ခြင့္ရသြားခဲ့ပါတယ္။

Ankush Dutta က ဟိုတယ္ဝန္ထမ္းတစ္ေယာက္နဲ႔ ရာဇဝတ္မႈဆိုင္ရာ ပတ္သက္ေနတာေၾကာင့္ သူ႔ကို ရဲေတြက စုံစမ္းစစ္ေဆးပါတယ္။ စုံစမ္းစစ္ေဆးစဥ္မွာ သူ႔ကို ဟိုတယ္ကေန ဘယ္ကိုမွ သြားခြင့္မျပဳပါဘူး။ ရက္အတိအက်ဆိုရင္ေတာ့ ရက္ေပါင္း ၆၀၃ ရက္ရွိပါတယ္။

အခုေတာ့ သူတို႔ရဲ႕စုံစမ္းစစ္ေဆးမႈၿပီးဆုံးသြားပါၿပီ။ ၿပီးဆုံးသြားတဲ့အခါမွာေတာ့ ဟိုတယ္က Ankush Dutta ေနထိုင္စဥ္တစ္ေလွ်ာက္ က်သင့္တဲ့ေငြ အေမရိကန္ေဒၚလာ ၇ ေသာင္းေက်ာ္ကို ျပန္လည္ရရွိဖို႔ ေတာင္းဆိုေနပါတယ္။

Zombie (lovemedia)