အသက် ၇၉ နှစ်အရွယ်အဘွား Iris Davis က ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး အမျိုးသမီး ကာယဗလမယ်ဖြစ်လာခဲ့ပါတယ်။ သူမက ဒီအသက်အရွယ်အထိ ကာယဗလမယ်ဖြစ်လာဖို့ ကြိုးစားချင်စိတ်ဖြစ်စေတဲ့အကြောင်းအရင်းလည်း ရှိပါတယ်။

အဘွား Iris Davis ကို အိုင်ယာလန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၁၄ ယောက်ရှိပါတယ်။ အသက် ၁၆ နှစ်မှာတော့ ပိုကောင်းတဲ့ဘဝကို ရရှိစေဖို့အတွက် လန်ဒန်မြို့ကို ထွက်ခွာလာခဲ့ပါတယ်။ အသက် ၁၇ နှစ်မှာ လက်ထပ်ခဲ့ပြီး ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

ကံဆိုးချင်တော့ ကလေးက ၂ လအရွယ်မှာတင်ပဲ နမိုးနီးယားရောဂါဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ကလေးကွယ်လွန်ပြီးနောက်မှာ စိတ်ဒဏ်ရာရရှိပြီးနောက် စိတ်ဓာတ်ကျတာကို ဖြေဖျောက်ဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပါတော့တယ်။

ဆက်ပြီးအသက်ရှင်သန်ဖို့ ဘာလုပ်ရမှန်းမသိတဲ့အခါမှာ လေ့ကျင့်ခန်းလုပ်တာက သူမအတွက် စိတ်ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ လမ်းလျှောက်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး နောက်ပိုင်းမှာ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေကို စတင်လုပ်ဆောင်လာပါတယ်။

Iris အသက် ၂၂ နှစ်မှာ နောက်ထပ် သားတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ကံမကောင်းတဲ့ Iris က နောက်ထပ်ကံဆိုးမှုကို ကြုံရပါတယ်။ ကလေးနှစ်လအရွယ်မှာပဲ ခင်ပွန်းဖြစ်သူက ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒါကြောင့် ကလေးကို တစ်ယောက်တည်းအားနဲ့ ပြုစုပျိုးထောင်ပါတယ်။ ကလေးထိန်းအလုပ်လုပ်မယ်ဆိုပြီး အမေရိကန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီကနေ စပြီး gym ကို ပထမဆုံးကစားခဲ့ပါတယ်။

၁၉၆၀ ပြည့်နှစ်တွေတုန်းက နိုင်ငံတော်တော်များများမှာ အမျိုးသမီးတွေကို ပြင်းထန်တဲ့အားကစားလုပ်ဖို့ ခွင့်မပြုထားခဲ့ပါဘူး။ ဒါပေမယ့် Iris အတွက်ကတော့ ပထမဆုံးကာယဗလမယ်ဖြစ်လာခဲ့ပါတယ်။

အဲဒီခေတ်တုန်းက အမျိုးသမီးတွေကြားမှာ ကိုယ်ကာယအားကစားလုပ်တာ၊ အလေးမတာတွေက မတွင်ကျယ်သေးပါဘူး။ အဲဒါကြောင့် အခြားသောအမျိုးသမီးတွေရဲ့ ထူးဆန်းတဲ့အကြည့်တွေကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲ သူစိတ်ဝင်စားတဲ့အရာကို ဆက်လုပ်ခဲ့ပါတယ်။

Iris အသက် ၅၀ ပြည့်ပြီးမှသာ သူမရဲ့ပထမဆုံး ကာယဗလမယ်ရှိုးပွဲကို ကျင်းပနိုင်ခဲ့တာပါ။ အဲဒီပွဲမှာ သူမဟာ အသက်အကြီးဆုံးကာယဗလမယ်ဖြစ်နေခဲ့တဲ့အပြင် အခြားသော အမျိုးသားတွေနဲ့လည်း ယှဉ်ပြိုင်ခဲ့ရပါသေးတယ်။

Iris က သူမထက် အသက် ၁၇ နှစ်ငယ်တဲ့အမျိုးသားနဲ့လက်ထပ်ခဲ့တာ နှစ်ပေါင်း ၃၀ ရှိပါပြီ။ အဲဒီအမျိုးသားနဲ့ သားတစ်ယောက်မွေးဖွားခဲ့ပါတယ်။ Iris က အသက်ကြီးသွားတဲ့အထိလည်း ကာယဗလလေ့ကျင့်ခန်းတွေကို ပြုလုပ်ဆဲပါ။

အခုဆိုရင် Iris ရဲ့အသက်က ၇၉ နှစ်ရှိပါပြီ။ သူမအတွက်တော့ နေ့ရက်တိုင်းက ကြိုးစားအားထုတ်မှုတွေချည်းပါပဲ။ "လိုချင်တဲ့အရာရှိရင် လိုချင်တဲ့အရာနဲ့ထိုက်တန်တဲ့ကြိုးစားအားထုတ်မှုရှိရမယ်" လို့Iris Davis က ဆိုပါတယ်။

Zombie (lovemedia)

for zawgyi

စိတ္ဓာတ္က်တာကို ကုစားရင္းနဲ႔ ကမာၻ႔အသက္အႀကီးဆုံး ကာယဗလမယ္ျဖစ္လာတဲ့ အသက္ ၇၉ ႏွစ္အ႐ြယ္အဘြား

အသက္ ၇၉ ႏွစ္အ႐ြယ္အဘြား Iris Davis က ကမာၻေပၚမွာ အသက္အႀကီးဆုံး အမ်ိဳးသမီး ကာယဗလမယ္ျဖစ္လာခဲ့ပါတယ္။ သူမက ဒီအသက္အ႐ြယ္အထိ ကာယဗလမယ္ျဖစ္လာဖို႔ ႀကိဳးစားခ်င္စိတ္ျဖစ္ေစတဲ့အေၾကာင္းအရင္းလည္း ရွိပါတယ္။

အဘြား Iris Davis ကို အိုင္ယာလန္ႏိုင္ငံမွာ ေမြးဖြားခဲ့ၿပီး ေမြးခ်င္းေမာင္ႏွမ ၁၄ ေယာက္ရွိပါတယ္။ အသက္ ၁၆ ႏွစ္မွာေတာ့ ပိုေကာင္းတဲ့ဘဝကို ရရွိေစဖို႔အတြက္ လန္ဒန္ၿမိဳ႕ကို ထြက္ခြာလာခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္မွာ လက္ထပ္ခဲ့ၿပီး ကေလးတစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ ကံဆိုးခ်င္ေတာ့ ကေလးက ၂ လအ႐ြယ္မွာတင္ပဲ နမိုးနီးယားေရာဂါျဖစ္ၿပီး ကြယ္လြန္သြားခဲ့ပါတယ္။ ကေလးကြယ္လြန္ၿပီးေနာက္မွာ စိတ္ဒဏ္ရာရရွိၿပီးေနာက္ စိတ္ဓာတ္က်တာကို ေျဖေဖ်ာက္ဖို႔ ေလ့က်င့္ခန္းေတြ ျပဳလုပ္ပါေတာ့တယ္။

ဆက္ၿပီးအသက္ရွင္သန္ဖို႔ ဘာလုပ္ရမွန္းမသိတဲ့အခါမွာ ေလ့က်င့္ခန္းလုပ္တာက သူမအတြက္ စိတ္ထြက္ေပါက္တစ္ခု ျဖစ္လာခဲ့ပါတယ္။ အစပိုင္းမွာေတာ့ လမ္းေလွ်ာက္တဲ့ေလ့က်င့္ခန္းေတြ ျပဳလုပ္ၿပီး ေနာက္ပိုင္းမွာ ခႏၶာကိုယ္ေလ့က်င့္ခန္းေတြကို စတင္လုပ္ေဆာင္လာပါတယ္။

Iris အသက္ ၂၂ ႏွစ္မွာ ေနာက္ထပ္ သားတစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ ကံမေကာင္းတဲ့ Iris က ေနာက္ထပ္ကံဆိုးမႈကို ႀကဳံရပါတယ္။ ကေလးႏွစ္လအ႐ြယ္မွာပဲ ခင္ပြန္းျဖစ္သူက ကြယ္လြန္သြားခဲ့ပါတယ္။ အဲဒါေၾကာင့္ ကေလးကို တစ္ေယာက္တည္းအားနဲ႔ ျပဳစုပ်ိဳးေထာင္ပါတယ္။ ကေလးထိန္းအလုပ္လုပ္မယ္ဆိုၿပီး အေမရိကန္ကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ အဲဒီကေန စၿပီး gym ကို ပထမဆုံးကစားခဲ့ပါတယ္။

၁၉၆၀ ျပည့္ႏွစ္ေတြတုန္းက ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အမ်ိဳးသမီးေတြကို ျပင္းထန္တဲ့အားကစားလုပ္ဖို႔ ခြင့္မျပဳထားခဲ့ပါဘူး။ ဒါေပမယ့္ Iris အတြက္ကေတာ့ ပထမဆုံးကာယဗလမယ္ျဖစ္လာခဲ့ပါတယ္။

အဲဒီေခတ္တုန္းက အမ်ိဳးသမီးေတြၾကားမွာ ကိုယ္ကာယအားကစားလုပ္တာ၊ အေလးမတာေတြက မတြင္က်ယ္ေသးပါဘူး။ အဲဒါေၾကာင့္ အျခားေသာအမ်ိဳးသမီးေတြရဲ႕ ထူးဆန္းတဲ့အၾကည့္ေတြကိုလည္း ရရွိခဲ့ပါတယ္။ ဒါေပမယ့္ စိတ္ဓာတ္မက်ဘဲ သူစိတ္ဝင္စားတဲ့အရာကို ဆက္လုပ္ခဲ့ပါတယ္။

Iris အသက္ ၅၀ ျပည့္ၿပီးမွသာ သူမရဲ႕ပထမဆုံး ကာယဗလမယ္ရႈိးပြဲကို က်င္းပႏိုင္ခဲ့တာပါ။ အဲဒီပြဲမွာ သူမဟာ အသက္အႀကီးဆုံးကာယဗလမယ္ျဖစ္ေနခဲ့တဲ့အျပင္ အျခားေသာ အမ်ိဳးသားေတြနဲ႔လည္း ယွဥ္ၿပိဳင္ခဲ့ရပါေသးတယ္။

Iris က သူမထက္ အသက္ ၁၇ ႏွစ္ငယ္တဲ့အမ်ိဳးသားနဲ႔လက္ထပ္ခဲ့တာ ႏွစ္ေပါင္း ၃၀ ရွိပါၿပီ။ အဲဒီအမ်ိဳးသားနဲ႔ သားတစ္ေယာက္ေမြးဖြားခဲ့ပါတယ္။ Iris က အသက္ႀကီးသြားတဲ့အထိလည္း ကာယဗလေလ့က်င့္ခန္းေတြကို ျပဳလုပ္ဆဲပါ။

အခုဆိုရင္ Iris ရဲ႕အသက္က ၇၉ ႏွစ္ရွိပါၿပီ။ သူမအတြက္ေတာ့ ေန႔ရက္တိုင္းက ႀကိဳးစားအားထုတ္မႈေတြခ်ည္းပါပဲ။ "လိုခ်င္တဲ့အရာရွိရင္ လိုခ်င္တဲ့အရာနဲ႔ထိုက္တန္တဲ့ႀကိဳးစားအားထုတ္မႈရွိရမယ္" လို႔Iris Davis က ဆိုပါတယ္။

Zombie (lovemedia)