လူတယောက်ဟာ မြင်းတကောင် ဝယ်ဖို့ ဈေးကို ရောက်လာသတဲ့ ။ ပြီးတော့ သူအ ကြိုက်ဆုံး မြင်းတကောင်ကို ရွေးပြီး မြင်းရောင်းသူကို..

" မိတ်ဆွေ ကျနော် ဒီမြင်းကို အိမ် ယူသွားပြီး မြင်း ကောင်း မကောင်း စမ်းသပ်ကြည့် ပါအုံးမယ် ။ မြင်းကောင်း ဆိုရင် ဝယ်ပါ့မယ် ။ မြင်းမကောင်းဘူး ဆိုရင်တော့ ပြန်ပို့ပါမယ် " လို့ ပြောသတဲ့ ။

မြင်းရောင်းသူ ကလည်း သဘောတူပြီး ခွင့်ပြုလိုက်တာပေါ့။

မြင်းဝယ်သူက မြင်းကို အိမ်ခေါ်သွားပြီး မြင်ဇောင်းထဲမှာ သူ့ရဲ့ မြင်းတွေအတူ ထားလိုက်သတဲ့။ ဒီတော့ ဝယ်လာတဲ့ မြင်းဟာ မြင်းဇောင်းထဲက မြင်းတွေကို သေချာ ကြည့်နေတယ် ။

ပြီးတော့ မြင်းတွေထဲက အပျင်းဆုံး အစားအသောက်လဲ အကြီးဆုံး အဆိုးဆုံး လောဘလဲ အကြီးဆုံးဖြစ်တဲ့ မြင်းရဲ့အနားကို ချဉ်ကပ်ပြီး မိတ်ဆွေဖွဲ့ကာ သွားအိပ်နေသတဲ့။

ဒါကို မြင်းဝယ်လာသူက မြင်တာနဲ့ ချက်ချင်းပဲ မြင်းကို ဆွဲထုတ်ပြီး ရောင်းသူထံ ပြန်လည် အပ်နှံလိုက်တော့တာပေါ့ ။ မြင်းရောင်းသူလည်း ဝယ်သူ့ရဲ့ အပြုအမူကို အံ့သြသွားပြီး..

" မိတ်ဆွေ ဘာကြောင့် ဒီမြင်းကို မကြိုက်ရ တာလဲ ၊ မြင်းကို စမ်းသပ်ကြည့် ပြီးပြီလား " လို့ မေးလိုက်တာပေါ့။

ဒီတော့ မြင်းဝယ်သူက " ဒီမြင်းကို ထွေထွေ ထူးထူး စမ်းသပ်နေစရာ မလိုပါဘူး ၊ ဒီမြင်းဟာ ကျုပ်မြင်းဇောင်းထဲက အပျင်းဆုံး အဖျင်းဆုံး လောဘ အကြီးဆုံး မြင်းဆိုးနဲ့ အပေါင်းအသင်း ပြုတယ် ၊ ဒါကြောင့် ဒီမြင်းရဲ့ စရိုက် ဟာလဲ ဒီသဘောအတိုင်းပဲ ဆိုတာ ယုံမှားစရာ မလိုတော့ပါဘူး လို့ " ပြန်ပြောလိုက် သတဲ့ကွယ်။

လောကမှာ လူတယောက်ကို အကဲခတ်မယ် ဆိုရင် သူ့အပေါင်းအသင်း ကို ကြည့်ပြီး ခန့်မှန်းလေ့ ရှိကြပါတယ် ။ မိတ်ဆွေတို့လည်း အပေါင်းအသင်းကို မမှားမိကြ ပါစေနဲ့။ မိတ်ဆွေကောင်း ကိုပဲ ရွေးချယ် ပေါင်းသင်းတတ် ပါစေ ။

crd

Zawgyi

အေပါင္းအသင္းေကာင္း

လူတေယာက္ဟာ ျမင္းတေကာင္ ဝယ္ဖို႔ ေဈးကို ေရာက္လာသတဲ့ ။ ၿပီးေတာ့ သူအ ႀကိဳက္ဆုံး ျမင္းတေကာင္ကို ေ႐ြးၿပီး ျမင္းေရာင္းသူကို

" မိတ္ေဆြ က်ေနာ္ ဒီျမင္းကို အိမ္ ယူသြားၿပီး ျမင္း ေကာင္း မေကာင္း စမ္းသပ္ၾကည့္ ပါအုံးမယ္ ။ ျမင္းေကာင္း ဆိုရင္ ဝယ္ပါ့မယ္ ။ ျမင္းမေကာင္းဘူး ဆိုရင္ေတာ့ ျပန္ပို႔ပါမယ္ " လို႔ ေျပာသတဲ့ ။

ျမင္းေရာင္းသူ ကလည္း သေဘာတူၿပီး ခြင့္ျပဳလိုက္တာေပါ့။

ျမင္းဝယ္သူက ျမင္းကို အိမ္ေခၚသြားၿပီး ျမင္ေဇာင္းထဲမွာ သူ႔ရဲ႕ ျမင္းေတြအတူ ထားလိုက္သတဲ့။ ဒီေတာ့ ဝယ္လာတဲ့ ျမင္းဟာ ျမင္းေဇာင္းထဲက ျမင္းေတြကို ေသခ်ာ ၾကည့္ေနတယ္ ။ ၿပီးေတာ့ ျမင္းေတြထဲက အပ်င္းဆုံး အစားအေသာက္လဲ အႀကီးဆုံး အဆိုးဆုံး ေလာဘလဲ အႀကီးဆုံးျဖစ္တဲ့ ျမင္းရဲ႕အနားကို ခ်ဥ္ကပ္ၿပီး မိတ္ေဆြဖြဲ႕ကာ သြားအိပ္ေနသတဲ့။

ဒါကို ျမင္းဝယ္လာသူက ျမင္တာနဲ႔ ခ်က္ခ်င္းပဲ ျမင္းကို ဆြဲထုတ္ၿပီး ေရာင္းသူထံ ျပန္လည္ အပ္ႏွံလိုက္ေတာ့တာေပါ့ ။ ျမင္းေရာင္းသူလည္း ဝယ္သူ႔ရဲ႕ အျပဳအမူကို အံ့ၾသသြားၿပီး " မိတ္ေဆြ ဘာေၾကာင့္ ဒီျမင္းကို မႀကိဳက္ရ တာလဲ ၊ ျမင္းကို စမ္းသပ္ၾကည့္ ၿပီးၿပီလား " လို႔ ေမးလိုက္တာေပါ့။

ဒီေတာ့ ျမင္းဝယ္သူက " ဒီျမင္းကို ေထြေထြ ထူးထူး စမ္းသပ္ေနစရာ မလိုပါဘူး ၊ ဒီျမင္းဟာ က်ဳပ္ျမင္းေဇာင္းထဲက အပ်င္းဆုံး အဖ်င္းဆုံး ေလာဘ အႀကီးဆုံး ျမင္းဆိုးနဲ႔ အေပါင္းအသင္း ျပဳတယ္ ၊ ဒါေၾကာင့္ ဒီျမင္းရဲ႕ စ႐ိုက္ ဟာလဲ ဒီသေဘာအတိုင္းပဲ ဆိုတာ ယုံမွားစရာ မလိုေတာ့ပါဘူး လို႔ " ျပန္ေျပာလိုက္ သတဲ့ကြယ္။

ေလာကမွာ လူတေယာက္ကို အကဲခတ္မယ္ ဆိုရင္ သူ႔အေပါင္းအသင္း ကို ၾကည့္ၿပီး ခန႔္မွန္းေလ့ ရွိၾကပါတယ္ ။ မိတ္ေဆြတို႔လည္း အေပါင္းအသင္းကို မမွားမိၾက ပါေစနဲ႔။ မိတ္ေဆြေကာင္း ကိုပဲ ေ႐ြးခ်ယ္ ေပါင္းသင္းတတ္ ပါေစ ။

crd