ရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ တိုက်ရည်ခိုက်ရည်နဲ့ ပြည့်စုံပြီး စစ်တုရင် ထိုးတော်တဲ့ စစ်သူကြီး တယောက်ရှိတယ်။ အဲ့စစ်သူကြီးဟာ စစ်တုရင် ကစားတာ အရမ်း တော်ပါတယ်။ ဘယ်သူကမှ သူ့ကို နိုင်အောင် မကစားနိုင်ပါဘူး။

တနေ့မှာတော့ စစ်သူကြီးဟာ သူ့ရဲ့ စစ်တပ်နဲ့အတူ စစ်တိုက် ထွက်လာရင်း ရွာလေးတရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေးတလုံးမှာ "စစ်တုရင် ကစားရာမှာ တနိုင်ငံလုံးရဲ့ နံပါတ်တစ်" ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ ကြတယ်။

စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကို သွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ အိမ်ရှင်က ၃ ကြိမ်လုံး ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီးပြောတယ် "ဟား ဟား မောင်မင်း ဆိုင်းပုဒ်ကြီး ဖြုတ်ပစ်လိုက်တော့" ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက် ထွက်သွားတော့တယ် ။

သိပ်မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကို ပြန်လာကြရာ အဲ့ရွာကို ပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ် ။ အဲဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့တော့ နောက်ထပ် စိန်ခေါ်စကား ပြောကြရင်း ထပ်ကစားဖြစ် ကြတယ်။

ဒီတခါ ကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက် ရှုံးသွားတယ်။ စစ်သူကြီး အရမ်း အံသြသွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကို မေးတာ ဘာကြောင့်လဲ ပေါ့။ အိမ်ပိုင်ရှင် ပြောပြတာက..

အရင်တခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက် တိုက်ရမဲ့ တာဝန်ကြီး ရှိနေတယ်။ ကျွန်တော်မျိုး အနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကို ချိုးပစ်လို့ မသင့်ပါဘူး။ ဒီတခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိုထားစရာ မလိုတော့ဘူးပေါ့" တဲ့။

တကယ်တော်တဲ့သူ ဆိုတာ အနိုင် ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွတ်နိုင်စွမ်း ရှိအောင် စိတ်သဘောထား ကြီးတဲ့သူ ပါပဲ ။ လက်တွေ့ ဘဝမှာလည်း အတူတူပါပဲ။ သိနေလည်း မလိုအပ်ဘဲ ပြောစရာ မလိုပါဘူး။ မပြောဘူး ဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။

မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား၊ မိတ်ဆွေ သူငယ်ချင်းတွေ ကြားမှာ ရေးကြီးတဲ့အချက် ကတော့ အပြန်အလှန် နားလည် ခွင့်လွှတ်မှုပါပဲ။

ခွင့်လွှတ်တယ် ဆိုတာ အရှုံးပေး လိုက်တာလည်း မဟုတ်ပါဘူး။ အနိုင်ယူလိုက်တာလည်း မဟုတ်ပါဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ပါဘူး။

ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကို လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။ ခွင့်လွှတ်တယ် ဆိုတာ ဘေးလူမြင်ကောင်း၊ ကြားကောင်းအောင် လုပ်တဲ့အလုပ် မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တကယ် လွတ်လပ်မှု ရအောင် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်ပါတယ်။

Crd

Zawgyi

ခြင့္လႊတ္တယ္ဆိုတာ အရႈံးေပးတာ မဟုတ္ပါ

ေရွးေရွးတုန္းက တိုင္းျပည္တျပည္မွာ တိုက္ရည္ခိုက္ရည္နဲ႔ ျပည့္စုံၿပီး စစ္တုရင္ ထိုးေတာ္တဲ့ စစ္သူႀကီး တေယာက္ရွိတယ္။ အဲ့စစ္သူႀကီးဟာ စစ္တုရင္ ကစားတာ အရမ္း ေတာ္ပါတယ္။ ဘယ္သူကမွ သူ႔ကို ႏိုင္ေအာင္ မကစားႏိုင္ပါဘူး။

တေန႔မွာေတာ့ စစ္သူႀကီးဟာ သူ႔ရဲ႕ စစ္တပ္နဲ႔အတူ စစ္တိုက္ ထြက္လာရင္း ႐ြာေလးတ႐ြာကို ျဖတ္ေက်ာ္လာၾကေတာ့ အဲ့႐ြာက အိမ္ေသးေသးေလးတလုံးမွာ "စစ္တုရင္ ကစားရာမွာ တႏိုင္ငံလုံးရဲ႕ နံပါတ္တစ္" ဆိုတဲ့ ဆိုင္းဘုတ္ ခ်ိတ္ထားတာ သြားေတြ႕ ၾကတယ္။

စစ္သူႀကီးဟာ မယုံတဲ့အတြက္ အိမ္ရွင္ကို သြားရွာၿပီး စစ္တုရင္ ၿပိဳင္ကစားၾကတာ အိမ္ရွင္က ၃ ႀကိမ္လုံး ရႈံးခဲ့ေတာ့ စစ္သူႀကီးက ရယ္ေမာၿပီးေျပာတယ္ "ဟား ဟား ေမာင္မင္း ဆိုင္းပုဒ္ႀကီး ျဖဳတ္ပစ္လိုက္ေတာ့" ဆိုၿပီး စိတ္ေက်နပ္စြာနဲ႔ စစ္တိုက္ ထြက္သြားေတာ့တယ္ ။

သိပ္မၾကာခင္မွာပဲ စစ္သူႀကီးတို႔ဟာ စစ္ေအာင္ႏိုင္လို႔ တိုင္းျပည္ကို ျပန္လာၾကရာ အဲ့႐ြာကို ျပန္ေရာက္ေတာ့ ဆိုင္းဘုတ္ကို အရင္ေနရာမွာပဲ ရွိေနေသးတာ ထပ္ေတြ႕တယ္ ။ အဲဒါနဲ႔ အိမ္ရွင္ကို ထပ္သြားေတြ႕ေတာ့ ေနာက္ထပ္ စိန္ေခၚစကား ေျပာၾကရင္း ထပ္ကစားျဖစ္ ၾကတယ္။

ဒီတခါ က်ေတာ့ စစ္သူႀကီးက ၃ ပြဲ လုံး ဆက္တိုက္ ရႈံးသြားတယ္။ စစ္သူႀကီး အရမ္း အံၾသသြားတယ္။ အဲ့ဒါနဲ႔ အိမ္ရွင္ကို ေမးတာ ဘာေၾကာင့္လဲ ေပါ့။ အိမ္ပိုင္ရွင္ ေျပာျပတာက

အရင္တေခါက္တုန္းက အသင္စစ္သူႀကီးမွာ စစ္ထြက္ တိုက္ရမဲ့ တာဝန္ႀကီး ရွိေနတယ္။ ကြၽန္ေတာ္မ်ိဳး အေနနဲ႔ အသင္စစ္သူႀကီးကို စိတ္ဓါတ္က်ေအာင္ စိတ္အားကို ခ်ိဳးပစ္လို႔ မသင့္ပါဘူး။ ဒီတေခါက္ အသင္စစ္သူႀကီးက စစ္ေအာင္ႏိုင္ၿပီး ျပန္လာၿပီဆိုေတာ့ ကြၽန္ေတာ္မ်ိဳးလည္း ပညာ လွ်ိဳထားစရာ မလိုေတာ့ဘူးေပါ့" တဲ့။

တကယ္ေတာ္တဲ့သူ ဆိုတာ အႏိုင္ ရႏိုင္ပါရဲ႕သားနဲ႔ မလိုအပ္ဘဲ အႏိုင္မယူ ခြင့္လြတ္ႏိုင္စြမ္း ရွိေအာင္ စိတ္သေဘာထား ႀကီးတဲ့သူ ပါပဲ ။ လက္ေတြ႕ ဘဝမွာလည္း အတူတူပါပဲ။ သိေနလည္း မလိုအပ္ဘဲ ေျပာစရာ မလိုပါဘူး။ မေျပာဘူး ဆိုတာက မသိလို႔လည္း မဟုတ္ပါဘူး။

မိဘႏွင့္သားသမီး၊ ဆရာႏွင့္တပည့္၊ လင္ႏွင့္မယား၊ မိတ္ေဆြ သူငယ္ခ်င္းေတြ ၾကားမွာ အေရးႀကီးတဲ့အခ်က္ ကေတာ့ အျပန္အလွန္ နားလည္ ခြင့္လႊတ္မႈပါပဲ။

ခြင့္လႊတ္တယ္ ဆိုတာ အရႈံးေပး လိုက္တာလည္း မဟုတ္ပါဘူး။ အႏိုင္ယူလိုက္တာလည္း မဟုတ္ပါဘူး။ အထက္စီးက ေနတာလည္း မဟုတ္ဘူး။ ေအာက္က်ိဳ႕တာလည္း မဟုတ္ပါဘူး။

ခြင့္လႊတ္လိုက္တာ ကိုယ့္ကိုယ္ကို လြတ္လပ္မႈ ေပးလိုက္တာပဲ။ ကိုယ့္စိတ္ကို ၿငိမ္းခ်မ္းခြင့္ ေပးလိုက္တာပဲ။ ခြင့္လႊတ္တယ္ ဆိုတာ ေဘးလူျမင္ေကာင္း၊ ၾကားေကာင္းေအာင္ လုပ္တဲ့အလုပ္ မဟုတ္ပါဘူး။ ကိုယ့္စိတ္ထဲမွာ တကယ္ လြတ္လပ္မႈ ရေအာင္ ၿငိမ္းခ်မ္းသြားေအာင္ လုပ္တဲ့အလုပ္ ျဖစ္ပါတယ္။

Crd