တခါတုန်းက အရမ်းကို မတ်စောက်ပြီး အချွန်အတက် အဖုအထစ် ပေါတဲ့ ကျောက်ဆောင် အမြင့်ပေါ်တွင် ဆိတ်ကလေး တကောင် ခုန်ပေါက် ပြေးလွှား ဆော့ကစား နေတယ် ။

မြေခွေးအို တကောင်က အဲဒီ ဆိတ်ကလေးကို မြင်သောအခါ ဆိတ်ကလေးကို..

" ငါရပ်နေတဲ့ ဒီနေရာလေးမှာ စိမ်းလန်း စိုပြည် လှပ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နဲ့လည်း နေနိုင်ရန် ၊ သက်သောင့် သက်သာဖြင့် ရွက်နုတွေကို စားသောက် စံစား နိုင်ရန် အောက်သို့ ဆင်းလာ ခဲ့ပါ "

ဟု အော်ပြီး ပြောကြား လိုက်တယ် ။ ထိုအခါ ဆိတ်ကလေး ကလည်း..

" ခင်ဗျားရဲ့ အကြံဉာဏ် အတွက်တော့ သိပ်ကို ကျေးဇူးတင်ပါတယ် မိတ်ဆွေ မြေခွေးရယ် ။ ဒါပေမဲ့ ကျုပ်သိချင်နေ မိတာက ခင်ဗျားဟာ ကျုပ်ရဲ့ သက်သောင့် သက်သာမှု ဖြစ်ဖို့ စဉ်းစားနေ တာလား ၊

ဒါမှမဟုတ် ဆိတ်သား တကိုက်စာလေး စားလိုက် ရရင် ဘယ်လောက် မြိန်လိုက်မလဲ လို့ စဉ်းစားနေတာလား " ဆိုတာ ပါပဲ လို့ ပြန်ပြောလိုက် ပါတော့တယ် ။

ဒီပုံပြင်လေးကနေ သင်ခန်းစာ တခုခုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ကျနော်တို့ဟာ လူပေါင်းများစွာနဲ့ တွေ့ဆုံ ပေါင်းသင်း ဆက်ဆံ ရတတ် ပါတယ် ။

ကိုယ့်ရဲ့ ကောင်းမွန်မှု ၊ အောင်မြင်မှုကို တိုးတက်အောင် လုပ်ပေးချင်သော မိတ်ဆွေတွေ ရှိသလို ကောင်းမွန်မှု ၊ အောင်မြင်မှုတွေကို မတိုးတက်အောင် ၊ မဖြစ်ထွန်းအောင် ၊ ကျရှုံးအောင် လုပ်ချင်နေ ကြသော မိတ်ဆွေတွေ လည်း ရှိနေတတ် ပါတယ် ။

crd

Zawgyi

ေျမေခြးအို ႏွင့္ ဆိတ္ပ်ို

တခါတုန္းက အရမ္းကို မတ္ေစာက္ၿပီး အခြၽန္အတက္ အဖုအထစ္ ေပါတဲ့ ေက်ာက္ေဆာင္ အျမင့္ေပၚတြင္ ဆိတ္ကေလး တေကာင္ ခုန္ေပါက္ ေျပးလႊား ေဆာ့ကစား ေနတယ္ ။ ေျမေခြးအို တေကာင္က အဲဒီ ဆိတ္ကေလးကို ျမင္ေသာအခါ ဆိတ္ကေလးကို..

" ငါရပ္ေနတဲ့ ဒီေနရာေလးမွာ စိမ္းလန္း စိုျပည္ လွပ၍ စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာ နဲ႔လည္း ေနႏိုင္ရန္ သက္ေသာင့္ သက္သာျဖင့္ ႐ြက္ႏုေတြကို စားေသာက္ စံစား ႏိုင္ရန္ ေအာက္သို႔ ဆင္းလာ ခဲ့ပါ " ဟု ေအာ္ၿပီး ေျပာၾကား လိုက္တယ္ ။ ထိုအခါ ဆိတ္ကေလး ကလည္း

" ခင္ဗ်ားရဲ႕ အႀကံဉာဏ္ အတြက္ေတာ့ သိပ္ကို ေက်းဇူးတင္ပါတယ္ မိတ္ေဆြ ေျမေခြးရယ္ ။ ဒါေပမဲ့ က်ဳပ္သိခ်င္ေန မိတာက ခင္ဗ်ားဟာ က်ဳပ္ရဲ႕ သက္ေသာင့္ သက္သာမႈ ျဖစ္ဖို႔ စဥ္းစားေန တာလား ၊ ဒါမွမဟုတ္ ဆိတ္သား တကိုက္စာေလး စားလိုက္ ရရင္ ဘယ္ေလာက္ ၿမိန္လိုက္မလဲ လို႔ စဥ္းစားေနတာလား " ဆိုတာ ပါပဲ လို႔ ျပန္ေျပာလိုက္ ပါေတာ့တယ္ ။

ဒီပုံျပင္ေလးကေန သင္ခန္းစာ တခုခုကို ရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။ က်ေနာ္တို႔ဟာ လူေပါင္းမ်ားစြာနဲ႔ ေတြ႕ဆုံ ေပါင္းသင္း ဆက္ဆံ ရတတ္ ပါတယ္ ။

ကိုယ့္ရဲ႕ ေကာင္းမြန္မႈ ၊ ေအာင္ျမင္မႈကို တိုးတက္ေအာင္ လုပ္ေပးခ်င္ေသာ မိတ္ေဆြေတြ ရွိသလို ေကာင္းမြန္မႈ ၊ ေအာင္ျမင္မႈေတြကို မတိုးတက္ေအာင္ ၊ မျဖစ္ထြန္းေအာင္ ၊ က်ရႈံးေအာင္ လုပ္ခ်င္ေန ၾကေသာ မိတ္ေဆြေတြ လည္း ရွိေနတတ္ ပါတယ္ ။

crd