ပြောင်းဖူးပေါက်ပေါက်ကို ကလေးတိုင်းလိုလို ကြိုက်နှစ်သက် ကြပါတယ်။ ပြောင်းဖူးပေါက်ပေါက်က စားမိလိုက်ရင် ကုန်မှပဲ ရပ်လို့ရတော့တာပါ။ တချို့မိဘတွေက ကလေးငယ်ငယ်လေးတွေကို ပြောင်းဖူးတွေ ကျွေးကြပါတယ်။ ဒါပေမယ့် ၄ နှစ်အောက် ကလေးတွေကို ပြောင်းဖူးပေါက်ပေါက် မကျွေးသင့်တဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။

၂၀၁၉ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ အသက် ၂ နှစ်အရွယ် ကလေးတစ်ယောက်က ပြောင်းဖူးပေါက်ပေါက် စားပြီး ဆေးရုံကို ရောက်လာပါတယ်။ အဲဒီကလေးက ဖျားပြီး ချောင်းဆိုးနေခဲ့တာပါ။ ဆရာဝန်တွေက စမ်းသပ်ကြည့်တဲ့အခါ ကလေးရဲ့ အဆုတ်ထဲမှာ ပြောင်းဖူးပေါက်ပေါက် အပိုင်းအစငယ်လေးကို ရှာတွေ့တာကြောင့် ဖယ်ရှားခဲ့ရပါတယ်။ ကလေးကတော့ သက်သာသွားခဲ့ပါတယ်။

အဲဒါကြောင့် ကလေးရဲ့အမေက အခြားမိဘတွေ သတိထားနိုင်အောင် facebook မှာ post တင်ပေးခဲ့ပါတယ်။ ဆရာဝန်တွေက ၄ နှစ်အောက် လမ်းလျှောက်တတ်စ ကလေးတွေကို ပြောင်းဖူးပေါက်ပေါက် မကျွေးဖို့ အကြံပေးထားပါတယ်။

အသက် ၄ နှစ်အောက် ကလေးတွေကို ပြောင်းဖူးပေါက်ပေါက် ကျွေးရင် အသက်ရှူကျပ်နိုင်ချေ များပါတယ်။ အသက် ၄ နှစ်အရွယ်မှာ ကလေးတွေ အံသွားပေါက်နေပြီ ဖြစ်တာကြောင့် အစားအစာတွေကို ညက်အောင်ဝါးပြီး မျိုချနေနိုင်ပါပြီ။ အဲဒီ အရွယ်လေးတွေမှာ ကလေးတွေ အစားစားရင် ဘေးကနေ ကြည့်နေပေးသင့်ပါတယ်။

ဘာလို့လဲ ဆိုတော့ လမ်းလျှောက်တတ်စ ကလေးတွေက အစားစားနေတုန်း လမ်းလျှောက်တာ၊ ရယ်တာ၊ ကစားတာ၊ မြန်မြန်စားတာတွေ လုပ်တတ်လို့ပါတယ်။ ပြောင်းဖူးပေါက်ပေါက် စားနေတုန်း ကစားရင်၊ ပြေးလွှားနေရင် အသက်ရှူကျပ်တာလည်း ကြုံတွေ့ရနိုင်ပါတယ်။

ပြောင်းဖူးပေါက်ပေါက်တင် မကပါဘူး။ အသက် ၄ နှစ်အောက် ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေထဲမှာ

- Hot dogs

- သကြားလုံး

- အစေ့အဆန်

- မုန်လာဦနီအစိမ်း

- ပန်းသီး

- စပျစ်သီး

- မြေပဲယို

- မှိုနဲ့ ပီကေ တို့ ပါဝင်ပါတယ်။

Zombie (lovemedia)

for zawgyi

အသက္ ၄ ႏွစ္ေအာက္ ကေလးေတြကို မေကြၽးသင့္တဲ့ အစားအစာမ်ား

ေျပာင္းဖူးေပါက္ေပါက္ကို ကေလးတိုင္းလိုလို ႀကိဳက္ႏွစ္သက္ ၾကပါတယ္။ ေျပာင္းဖူးေပါက္ေပါက္က စားမိလိုက္ရင္ ကုန္မွပဲ ရပ္လို႔ရေတာ့တာပါ။ တခ်ိဳ႕မိဘေတြက ကေလးငယ္ငယ္ေလးေတြကို ေျပာင္းဖူးေတြ ေကြၽးၾကပါတယ္။ ဒါေပမယ့္ ၄ ႏွစ္ေအာက္ ကေလးေတြကို ေျပာင္းဖူးေပါက္ေပါက္ မေကြၽးသင့္တဲ့ အေၾကာင္းအရင္းေတြ ရွိပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက အေမရိကန္ႏိုင္ငံမွာ အသက္ ၂ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္က ေျပာင္းဖူးေပါက္ေပါက္ စားၿပီး ေဆး႐ုံကို ေရာက္လာပါတယ္။ အဲဒီကေလးက ဖ်ားၿပီး ေခ်ာင္းဆိုးေနခဲ့တာပါ။ ဆရာဝန္ေတြက စမ္းသပ္ၾကည့္တဲ့အခါ ကေလးရဲ႕ အဆုတ္ထဲမွာ ေျပာင္းဖူးေပါက္ေပါက္ အပိုင္းအစငယ္ေလးကို ရွာေတြ႕တာေၾကာင့္ ဖယ္ရွားခဲ့ရပါတယ္။ ကေလးကေတာ့ သက္သာသြားခဲ့ပါတယ္။

အဲဒါေၾကာင့္ ကေလးရဲ႕အေမက အျခားမိဘေတြ သတိထားႏိုင္ေအာင္ facebook မွာ post တင္ေပးခဲ့ပါတယ္။ ဆရာဝန္ေတြက ၄ ႏွစ္ေအာက္ လမ္းေလွ်ာက္တတ္စ ကေလးေတြကို ေျပာင္းဖူးေပါက္ေပါက္ မေကြၽးဖို႔ အႀကံေပးထားပါတယ္။

အသက္ ၄ ႏွစ္ေအာက္ ကေလးေတြကို ေျပာင္းဖူးေပါက္ေပါက္ ေကြၽးရင္ အသက္ရႉက်ပ္ႏိုင္ေခ် မ်ားပါတယ္။ အသက္ ၄ ႏွစ္အ႐ြယ္မွာ ကေလးေတြ အံသြားေပါက္ေနၿပီ ျဖစ္တာေၾကာင့္ အစားအစာေတြကို ညက္ေအာင္ဝါးၿပီး မ်ိဳခ်ေနႏိုင္ပါၿပီ။ အဲဒီ အ႐ြယ္ေလးေတြမွာ ကေလးေတြ အစားစားရင္ ေဘးကေန ၾကည့္ေနေပးသင့္ပါတယ္။

ဘာလို႔လဲ ဆိုေတာ့ လမ္းေလွ်ာက္တတ္စ ကေလးေတြက အစားစားေနတုန္း လမ္းေလွ်ာက္တာ၊ ရယ္တာ၊ ကစားတာ၊ ျမန္ျမန္စားတာေတြ လုပ္တတ္လို႔ပါတယ္။ ေျပာင္းဖူးေပါက္ေပါက္ စားေနတုန္း ကစားရင္၊ ေျပးလႊားေနရင္ အသက္ရႉက်ပ္တာလည္း ႀကဳံေတြ႕ရႏိုင္ပါတယ္။

ေျပာင္းဖူးေပါက္ေပါက္တင္ မကပါဘူး။ အသက္ ၄ ႏွစ္ေအာက္ ကေလးေတြကို မေကြၽးသင့္တဲ့ အစားအစာေတြထဲမွာ

- Hot dogs

- သၾကားလုံး

- အေစ့အဆန္

- မုန္လာဦနီအစိမ္း

- ပန္းသီး

- စပ်စ္သီး

- ေျမပဲယို

- မႈိနဲ႔ ပီေက တို႔ ပါဝင္ပါတယ္။

Zombie (lovemedia)