တခါတုန်းက ရွာတရွာမှာ ကိုမြင့်ဆောင်ဆိုတဲ့လူက နို့စားနွားတွေ မွေးထားတယ်။ သူ့နွားတွေ နို့ညှစ်လို့ရတဲ့ အချိန်ရောက်တော့ သူဟာ သူ့ခြံထွက် နွားနို့တွေကို မြို့တက်ရောင်းတယ်။ တချို့ကလည်း သူ့ဆီက ယူရောင်းတဲ့လူတွေ ရှိတယ်။ သူမြို့ပေါ်ကို နွားနို့ တက်ရောင်းတိုင်း သူ့နွားနို့က မကုန်ဘူး၊ ဝယ်သူနည်းတယ်။ တချို့က ကြည့်ရုံသာ ကြည့်ပြီး နှာခေါင်းရှုံ့ သွားကြတယ်။

သူဟာနွားနို့ကို ရေမရောပဲ နွားနို့စစ်စစ်ကိုပဲ ရောင်းတာပါ။ သူ့ဆီက ယူရောင်းသူတွေက ရောလား မရောလား ဆိုတာတော့ သူလည်း မသိဘူး။ သူတို့တွေကတော့ ရောင်းလို့ ကောင်းတယ်လို့ ဆိုကြတယ်။ ကိုမြင့်ဆောင်ကိုယ်တိုင် ရောင်းတဲ့ နွားနို့က ဝယ်သူသိပ်မရှိ။

တနေ့မှာတော့ အဒေါ်ကြီးတယောက်က သူ့နွားနို့တွေကို မစစ်ဘူး ရောထားတယ်လို့ ဆိုလေတယ်။ သူက အံ့သြသွားတာပေါ့။ တကယ်တော့ ကိုမြင့်ဆောင်က လုံးဝ အရောအနှောကင်းကင်းနဲ့ စင်စစ်ကိုသာ ရောင်းတာပါ။ သူကလည်း မရောပါဘူး အစစ်တွေပါ လို့ ပြောတော့ အဒေါ်ကြီးက ထပ်ပြောတယ်။

"မင်းနွားနို့က အစစ်မဖြစ်နိုင်ဘူး နွားနို့အစစ်က ဖြူဖွေးနေရမယ် တွေ့လား" ဆိုပြီး သူ့လက်ထဲက ဝယ်လာသော နွားနို့ပုလင်းကို ထုတ်ပြတယ်။ ဒီရပ်ကွက်မှာ "မင်း အဲ့ဒီလို အတုတွေလာ ရောင်းလို့ကတော့ ဘယ်သူမှ ဝယ်မှာမဟုတ်ဘူး" လို့လည်း ပြောတယ်။

တကယ်တော့ နွားနို့အစစ်က အနည်းငယ် ဝါကျန့်ကျန့် ရှိပါတယ်။ ရေရောလိုက်မှသာ နွားနို့က ဖြူဖွေးသွားတာပါ။ ကိုမြင့်ဆောင်ကတော့ ထိုအဒေါ်ကြီးကို ပြုံးပြပြီး ပြန်လာခဲ့လိုက်သည်။

အတုကို အစစ်ထင်ပြီး တန်ဖိုးထားနေတဲ့ လူတွေကို အစစ်သွားပြရင် အတုလို့ပဲ မြင်ကြမည်။ ထင်ကြမည်။ နောက်နေ့များတွင် ကိုမြင့်ဆောင်က သူ့နွားနို့တွေကို ရေရော၍ ရောင်းသည်။ ထိုအခါမှာ သူ့နွားနို့ကို ဝယ်သူတွေ ပေါများခဲ့သည်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း တွေ့နေရပါတယ်။ လိမ်ညာပြောနေပေမယ့် အပြောကောင်းတဲ့ လူတွေက လူခင်ပေါတယ်။ ဟန်ပြလုပ်တတ်သူတွေက အထင်ကြီးခံရတယ်။ ဖားတတ်သူတွေက နေရာရတယ်။ မြောက်ပင့်ပြောဆိုတတ်သူတွေက လူချစ်လူခင် ပေါတယ်။

အမှန်တရားကို ပြောတတ်သူတွေက ချောင်ထိုးခံကြရတယ်။ နေရာတော်တော်များများမှာ အစစ်ထက် အတုတွေကိုတန်ဖိုးထား ကိုးကွယ်နေကြသူ တွေများနေတယ်။ တခါတလေတော့လည်း ကျွန်တော်တို့ ကိုမြင့်ဆောင်လို နွားနို့ကို ရေရောရောင်းရင် ကောင်းမလားတောင် တွေးမိတယ်။ crd

Zawgyi

တန္ဘိုးတက္ေနေသာ အတုမ်ား

တခါတုန္းက ႐ြာတ႐ြာမွာ ကိုျမင့္ေဆာင္ဆိုတဲ့လူက ႏို႔စားႏြားေတြ ေမြးထားတယ္။ သူ႔ႏြားေတြ ႏို႔ညႇစ္လို႔ရတဲ့ အခ်ိန္ေရာက္ေတာ့ သူဟာ သူ႔ၿခံထြက္ ႏြားႏို႔ေတြကို ၿမိဳ႕တက္ေရာင္းတယ္။ တခ်ိဳ႕ကလည္း သူ႔ဆီက ယူေရာင္းတဲ့လူေတြ ရွိတယ္။ သူၿမိဳ႕ေပၚကို ႏြားႏို႔ တက္ေရာင္းတိုင္း သူ႔ႏြားႏို႔က မကုန္ဘူး၊ ဝယ္သူနည္းတယ္။ တခ်ိဳ႕က ၾကည့္႐ုံသာ ၾကည့္ၿပီး ႏွာေခါင္းရႈံ႕ သြားၾကတယ္။

သူဟာႏြားႏို႔ကို ေရမေရာပဲ ႏြားႏို႔စစ္စစ္ကိုပဲ ေရာင္းတာပါ။ သူ႔ဆီက ယူေရာင္းသူေတြက ေရာလား မေရာလား ဆိုတာေတာ့ သူလည္း မသိဘူး။ သူတို႔ေတြကေတာ့ ေရာင္းလို႔ ေကာင္းတယ္လို႔ ဆိုၾကတယ္။ ကိုျမင့္ေဆာင္ကိုယ္တိုင္ ေရာင္းတဲ့ ႏြားႏို႔က ဝယ္သူသိပ္မရွိ။

တေန႔မွာေတာ့ အေဒၚႀကီးတေယာက္က သူ႔ႏြားႏို႔ေတြကို မစစ္ဘူး ေရာထားတယ္လို႔ ဆိုေလတယ္။ သူက အံ့ၾသသြားတာေပါ့။ တကယ္ေတာ့ ကိုျမင့္ေဆာင္က လုံးဝ အေရာအေႏွာကင္းကင္းနဲ႔ စင္စစ္ကိုသာ ေရာင္းတာပါ။ သူကလည္း မေရာပါဘူး အစစ္ေတြပါ လို႔ ေျပာေတာ့ အေဒၚႀကီးက ထပ္ေျပာတယ္။

"မင္းႏြားႏို႔က အစစ္မျဖစ္ႏိုင္ဘူး ႏြားႏို႔အစစ္က ျဖဴေဖြးေနရမယ္ ေတြ႕လား" ဆိုၿပီး သူ႔လက္ထဲက ဝယ္လာေသာ ႏြားႏို႔ပုလင္းကို ထုတ္ျပတယ္။ ဒီရပ္ကြက္မွာ "မင္း အဲ့ဒီလို အတုေတြလာ ေရာင္းလို႔ကေတာ့ ဘယ္သူမွ ဝယ္မွာမဟုတ္ဘူး" လို႔လည္း ေျပာတယ္။

တကယ္ေတာ့ ႏြားႏို႔အစစ္က အနည္းငယ္ ဝါက်န႔္က်န႔္ ရွိပါတယ္။ ေရေရာလိုက္မွသာ ႏြားႏို႔က ျဖဴေဖြးသြားတာပါ။ ကိုျမင့္ေဆာင္ကေတာ့ ထိုအေဒၚႀကီးကို ၿပဳံးျပၿပီး ျပန္လာခဲ့လိုက္သည္။

အတုကို အစစ္ထင္ၿပီး တန္ဖိုးထားေနတဲ့ လူေတြကို အစစ္သြားျပရင္ အတုလို႔ပဲ ျမင္ၾကမည္။ ထင္ၾကမည္။ ေနာက္ေန႔မ်ားတြင္ ကိုျမင့္ေဆာင္က သူ႔ႏြားႏို႔ေတြကို ေရေရာ၍ ေရာင္းသည္။ ထိုအခါမွာ သူ႔ႏြားႏို႔ကို ဝယ္သူေတြ ေပါမ်ားခဲ့သည္။

ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာလည္း ေတြ႕ေနရပါတယ္။ လိမ္ညာေျပာေနေပမယ့္ အေျပာေကာင္းတဲ့ လူေတြက လူခင္ေပါတယ္။ ဟန္ျပလုပ္တတ္သူေတြက အထင္ႀကီးခံရတယ္။ ဖားတတ္သူေတြက ေနရာရတယ္။ ေျမာက္ပင့္ေျပာဆိုတတ္သူေတြက လူခ်စ္လူခင္ ေပါတယ္။

အမွန္တရားကို ေျပာတတ္သူေတြက ေခ်ာင္ထိုးခံၾကရတယ္။ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အစစ္ထက္ အတုေတြကိုတန္ဖိုးထား ကိုးကြယ္ေနၾကသူ ေတြမ်ားေနတယ္။ တခါတေလေတာ့လည္း ကြၽန္ေတာ္တို႔ ကိုျမင့္ေဆာင္လို ႏြားႏို႔ကို ေရေရာေရာင္းရင္ ေကာင္းမလားေတာင္ ေတြးမိတယ္။ crd