တရုတ်နိုင်ငံရဲ့ အစိုးရဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ထိပ်တန်းအရာရှိတစ်ယောက်ဖြစ်တဲ့ Hu တစ်ယောက် အငယ်အနှောင်းလေးနဲ့ လျှောက်သွားနေတဲ့ဗီဒီယိုဟာ အင်တာနက်တစ်ခွင်မှာ အရမ်းကို ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီကနေ သူ စမောထားတာက ဖုံးမရဖိမရအောင် တစ်နိုင်ငံလုံးသိရှိသွားပါတယ်။

Hu အငယ်အနှောင်းထားတဲ့ကိစ္စမှာ အမြတ်ရသွားသူတွေကတော့ အွန်လိုင်းမှာ အထည်ရောင်းတဲ့သူတွေပါ။ ဗီဒီယိုထဲမှာ ပါဝင်တဲ့အငယ်အနှောင်းအမျိုးသမီးက ပန်းရောင်ဝတ်စုံလှလှလေးကို ဝတ်ထားပါတယ်။

Hu ကတော့ စမောထားမှုနဲ့ အလုပ်ကနေ အထုတ်ခံလိုက်ပါတယ်။ သူ့ရဲ့အငယ်အနှောင်းကလည်း သူနဲ့ ကုမ္ပဏီတစ်ခုတည်းပါပဲ။ သူတို့နှစ်ယောက် လျှောက်လည်နေတဲ့ဗီဒီယိုကို အပျော်တမ်းဓာတ်ပုံဆရာတစ်ယောက်က ရိုက်ခဲ့တာပါ။

အဲဒီကနေ လူတွေက သူ့ကို မှတ်မိသွားခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ သူတို့နှစ်ယောက်ဟာ အင်္ကျီအရောင်တူလေးကို ဝတ်ပြီး လက်ချင်းချိတ်ကာ လျှောက်လည်နေကြပါတယ်။

ဗီဒီယိုထဲမှာ Hu က ပန်းရောင်ပိုလိုရှပ်လေးကို ဝတ်ထားပါတယ်။ မိန်းကလေး Dong ကတော့ ပန်းရောင်ဂါဝန်ကို ဝတ်ထားပြီး လက်ကလည်း အိတ်ကို ကိုင်ထားပါသေးတယ်။ Dong ဝတ်တဲ့အင်္ကျီက တစ်ညတည်းနဲ့တင် အထည်တစ်ထောင်ကျော်တောင် ရောင်းထွက်သွားပါတယ်။

နောက်ရက်မှာတော့ အထည်ပေါင်း ၈၄၀၀၀ တောင် ထပ်မံရောင်းထွက်သွားပါတယ်။ အင်္ကျီရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၅ ဒေါ်လာခန့်ရှိပါတယ်။ တရုတ်အွန်လိုင်းရှော့ပင်တွေမှာတော့ "မယင ဝတ်တဲ့အင်္ကျီ" ဆိုပြီး ရောင်းကောင်းနေပါတယ်။

Zombie (lovemedia)

for zawgyi

မယားငယ္ဝတ္တဲ့အက်ႌဆိုၿပီး အထည္ေသာင္းနဲ႔ခ်ီ ေရာင္းေကာင္းေနတဲ့အက်ႌ

တ႐ုတ္ႏိုင္ငံရဲ႕ အစိုးရေဆာက္လုပ္ေရးကုမၸဏီတစ္ခုက ထိပ္တန္းအရာရွိတစ္ေယာက္ျဖစ္တဲ့ Hu တစ္ေယာက္ အငယ္အေႏွာင္းေလးနဲ႔ ေလွ်ာက္သြားေနတဲ့ဗီဒီယိုဟာ အင္တာနက္တစ္ခြင္မွာ အရမ္းကို ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ အဲဒီကေန သူ စေမာထားတာက ဖုံးမရဖိမရေအာင္ တစ္ႏိုင္ငံလုံးသိရွိသြားပါတယ္။

Hu အငယ္အေႏွာင္းထားတဲ့ကိစၥမွာ အျမတ္ရသြားသူေတြကေတာ့ အြန္လိုင္းမွာ အထည္ေရာင္းတဲ့သူေတြပါ။ ဗီဒီယိုထဲမွာ ပါဝင္တဲ့အငယ္အေႏွာင္းအမ်ိဳးသမီးက ပန္းေရာင္ဝတ္စုံလွလွေလးကို ဝတ္ထားပါတယ္။

Hu ကေတာ့ စေမာထားမႈနဲ႔ အလုပ္ကေန အထုတ္ခံလိုက္ပါတယ္။ သူ႔ရဲ႕အငယ္အေႏွာင္းကလည္း သူနဲ႔ ကုမၸဏီတစ္ခုတည္းပါပဲ။ သူတို႔ႏွစ္ေယာက္ ေလွ်ာက္လည္ေနတဲ့ဗီဒီယိုကို အေပ်ာ္တမ္းဓာတ္ပုံဆရာတစ္ေယာက္က ႐ိုက္ခဲ့တာပါ။

အဲဒီကေန လူေတြက သူ႔ကို မွတ္မိသြားခဲ့ပါတယ္။ ဗီဒီယိုထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အက်ႌအေရာင္တူေလးကို ဝတ္ၿပီး လက္ခ်င္းခ်ိတ္ကာ ေလွ်ာက္လည္ေနၾကပါတယ္။

ဗီဒီယိုထဲမွာ Hu က ပန္းေရာင္ပိုလိုရွပ္ေလးကို ဝတ္ထားပါတယ္။ မိန္းကေလး Dong ကေတာ့ ပန္းေရာင္ဂါဝန္ကို ဝတ္ထားၿပီး လက္ကလည္း အိတ္ကို ကိုင္ထားပါေသးတယ္။ Dong ဝတ္တဲ့အက်ႌက တစ္ညတည္းနဲ႔တင္ အထည္တစ္ေထာင္ေက်ာ္ေတာင္ ေရာင္းထြက္သြားပါတယ္။

ေနာက္ရက္မွာေတာ့ အထည္ေပါင္း ၈၄၀၀၀ ေတာင္ ထပ္မံေရာင္းထြက္သြားပါတယ္။ အက်ႌရဲ႕တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၈၅ ေဒၚလာခန႔္ရွိပါတယ္။ တ႐ုတ္အြန္လိုင္းေရွာ့ပင္ေတြမွာေတာ့ "မယင ဝတ္တဲ့အက်ႌ" ဆိုၿပီး ေရာင္းေကာင္းေနပါတယ္။

Zombie (lovemedia)