လမ်းဘေးခွေးအကြောင်း

တကယ်တမ်း ကျနော်တို့ အခု လမ်းဘေးမှာ တွေ့တွေ့နေရတဲ့ မြန်မာ လမ်းဘေးခွေး stray dogs တွေက မူရင်း မြန်မာခွေးတွေ မဟုတ်ပါဘူး။

ဒီခွေးတွေကို အင်္ဂလိပ် လက်ထက်မှာ ရုံးတွေ အရာရှိတွေရဲ့ အဆောင် လုံခြုံရေးအတွက် အင်္ဂလိပ်တွေ ဒီကို ခေါ်လာရင်းကနေ မျိုးပွားမှုအရမ်းများပြီး မထိန်းနိုင်တော့ပဲ ပွားကုန်တာ လို့ သိရတယ်။

မူရင်းက အန္ဒိယ၊ ပါကစ္စတန်၊ နီပေါနဲ့ သြစတြေးလျတို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ ခန့်ကတည်းက သဘာဝအတိုင်း ရှိခဲ့တာလို့ သိရတယ်။ လူတွေ မျိုးစပ်ထားတာမျိုးမဟုတ်ဘူး။

Indian Pariah Dog လို့ ခေါ်ပြီး အိမ်မွေးခွေး အဖြစ် မွေးဖို့ အလွန် သင့်တော်တယ် လို့သိရတယ်။ ဉာဏ်ရည်ဉာဏ်သွေး အလွန်ကောင်းပြီး လူတွေကို တအား ခင်တွယ် တတ်တယ်။

ပိုးမွှားခုခံမှုအား သူ မတူအောင် ကောင်းပြီး ဆေးခန်း အမြဲပြဖို့ မလိုတဲ့ အတွက် ဆေးကုသမှုစားရိတ် အတော်လေး သက်သာတယ်။ အကြမ်း အတော်ခံတယ် ပေါ့ဗျာ။

ခွေးထရိန်းနင် ပေးဖို့လဲ အရမ်း သင်ယူလွယ်တဲ့ အကောင်တွေဖြစ်ပြီး အစောင့်အကြပ် ပေးတဲ့နေရာမှာ အရမ်းကောင်းတယ် သိရတယ်။

အစာမရှိတဲ့ အခါ အခြား အပုပ်အသိုးစားတဲ့ တောတွင်းခွေးမျိုးတွေ လိုပဲ ရတဲ့ အရွက်တွေ ၊ အပုပ်အသိုးတွေ စားပြီး ရှင်သန်နိုင်တဲ့ scavenger တွေအဖြစ်လည်း နေထိုင်နိုင်တဲ့ ကောင်လေးတွေ ပါပဲ။

ဒီကောင်တွေနေရာမှာ အခြား ခွေးမျိုးစိတ်တွေဆို stray dog တွေအဖြစ် ရှင်သန်ဖို့ အတော် ရာနှုန်းနည်းတယ် လို့လည်း သိရတယ်။ ဒီကောင်တွေ ဒီမှာ အဆမတန် မျိုးပွားနေလို့ တန်ဖိုးမဲ့ နေတာ။

အမှန်က တကယ် မွေးမယ်ဆိုရင် တယ်ရီယာတို့ ဘာတို့လို စပ်ခွေးတွေထက် အများကြီး တန်ဖိုးရှိတဲ့ ခွေးတွေပါ။

Ko Bo Bo Thaw Zin

Zawgyi

လမ်းဘေးခွေးတွေ ဘယ်ကဘယ်လို ဖြစ်လာတာလဲ

လမ်းဘေးခွေးအကြောင်း










Ko Bo Bo Thaw Zin