ကမ္ဘာပေါ်မှာ အသားမစားတဲ့ မိကျောင်း ဆိုတာ မရှိသလောက်ကို ရှားပါးပါတယ်။ အိန္ဒိယနိုင်ငံ၊ မြောက်ကီရာလာ ပြည်နယ်ထဲက Sri Ananthapura ဆိုတဲ့ ဘုရားကျောင်းမှာတော့ သက်သက်လွတ်စားတဲ့ မိကျောင်းတစ်ကောင် ရှိပါတယ်။ အဲဒီ မိကျောင်းနာမည်က Babiya လို့ခေါ်ပြီး အသက်က ၇၀ နှစ် ကျော်ပါပြီ။

မိကျောင်းက ဘုရားကျောင်းထဲက Swamy ရေကန်ထဲမှာနေပါတယ်။ မိကျောင်းကြောင့် ဘုရားကျောင်းကလည်း ဒီနှစ်တွေထဲမှာ လူသိများလာခဲ့ပါတယ်။ ဘုရားကျောင်းထဲက ဘုန်းကြီးတွေ သက်သက်လွတ် အစားအစာ ယူလာမယ့် အချိန်ကို မိကျောင်းကြီးက မျှော်နေတတ်ပါတယ်။

မိကျောင်းက သက်သက်လွတ် စားလာတာ သူ့အသက်နဲ့အမျှ နီးပါးပါပဲ။ မိကျောင်းက ဘယ်သူ့ကိုမှလည်း ရန်မပြုတာကြောင့် ဘုန်းကြီးတွေက သူ့ကို သူတော်ကောင်း မိကျောင်းလို့ ယူဆထားကြပါတယ်။

၁၉၄၅ ခုနှစ်တုန်းက အင်္ဂလိပ် အရာရှိတစ်ယောက်က ဘုရားကျောင်းရဲ့ ရေကန်ထဲမှာနေတဲ့ မိကျောင်းတစ်ကောင်ကို သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ အင်္ဂလိပ်အရာရှိကြီးကို သတ္တဝါကြီး တစ်ကောင်က ကိုက်လိုက်တာကြောင့် အရာရှိကြီးလည်း သေဆုံးသွားပါတယ်လို့ ပါးစပ်ပြော ရာဇဝင်တွေလည်း ရှိပါတယ်။

ဒီမိကျောင်းကြီးကတော့ တစ်နေ့ကို မနက်တစ်ခါ၊ နေ့လယ်တစ်ခါ ထမင်းစားပါတယ်။ တစ်နေ့ကို ထမင်း တစ်ကီလိုဂရမ်ခန့် စားပါတယ်။ မိကျောင်းကြီးက အသားလည်းမစားသလို ရေကန်ထဲမှာနေတဲ့ ငါးတွေကိုလည်း မစားပါဘူး။ မိကျောင်းက သက်သက်လွတ်ပဲ စားတာကြောင့် ကြားတဲ့သူတွေက မယုံကြည်ကြပါဘူး။

မိကျောင်းတွေရဲ့ သဘာဝက အသားစား တတ်ကြပါတယ်။ အကောင်ကြီးကြီးသေးသေး မိကျောင်းတွေကတော့ စားတာပါပဲ။ ဒီမိကျောင်းကြီးက ထမင်းကို အခြေအနေရသာ စားနေရတာ ဖြစ်နိုင်ကြောင်း အချို့က ခန့်မှန်းကြပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုက မိကျောင်းကြီးက ဘုရားကျောင်းမှာ နှစ်ပေါင်း ၇၀ လောက် နေလာတာတောင် ဘယ်သူ့ကိုမှ မတိုက်ခိုက်တာပါ။ ဘုရားကျောင်းရဲ့ဥက္ကဌ Chandraprakash Nambisan က မိကျောင်းကို ရေကန်ထဲမှာ လှည့်ပတ်ပြဖို့ ပြောတဲ့အခါ မိကျောင်းက နားထောင်ပြီး လှည့်ပတ်ပြပါတယ်။

အခုဆိုရင် ဘုရားကျောင်းက နာမည်ကြီးလာပြီး လူတွေက သက်သက်လွတ်စားတဲ့ မိကျောင်း Babiya ကို တွေ့ချင်လို့ ဘုရားကျောင်းကို လာလည်ကြပါတယ်။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

အသားမစားဘဲ သက္သက္လြတ္စားတဲ့ မိေက်ာင္း

ကမာၻေပၚမွာ အသားမစားတဲ့ မိေက်ာင္း ဆိုတာ မရွိသေလာက္ကို ရွားပါးပါတယ္။ အိႏၵိယႏိုင္ငံ၊ ေျမာက္ကီရာလာ ျပည္နယ္ထဲက Sri Ananthapura ဆိုတဲ့ ဘုရားေက်ာင္းမွာေတာ့ သက္သက္လြတ္စားတဲ့ မိေက်ာင္းတစ္ေကာင္ ရွိပါတယ္။ အဲဒီ မိေက်ာင္းနာမည္က Babiya လို႔ေခၚၿပီး အသက္က ၇၀ ႏွစ္ ေက်ာ္ပါၿပီ။

မိေက်ာင္းက ဘုရားေက်ာင္းထဲက Swamy ေရကန္ထဲမွာေနပါတယ္။ မိေက်ာင္းေၾကာင့္ ဘုရားေက်ာင္းကလည္း ဒီႏွစ္ေတြထဲမွာ လူသိမ်ားလာခဲ့ပါတယ္။ ဘုရားေက်ာင္းထဲက ဘုန္းႀကီးေတြ သက္သက္လြတ္ အစားအစာယူလာမယ့္ အခ်ိန္ကို မိေက်ာင္းႀကီးက ေမွ်ာ္ေနတတ္ပါတယ္။

မိေက်ာင္းက သက္သက္လြတ္ စားလာတာ သူ႔အသက္နဲ႔အမွ် နီးပါးပါပဲ။ မိေက်ာင္းက ဘယ္သူ႔ကိုမွလည္း ရန္မျပဳတာေၾကာင့္ ဘုန္းႀကီးေတြက သူ႔ကို သူေတာ္ေကာင္းမိေက်ာင္းလို႔ ယူဆထားၾကပါတယ္။

၁၉၄၅ ခုႏွစ္တုန္းက အဂၤလိပ္ အရာရွိတစ္ေယာက္က ဘုရားေက်ာင္းရဲ႕ ေရကန္ထဲမွာေနတဲ့ မိေက်ာင္းတစ္ေကာင္ကို ေသနတ္နဲ႔ ပစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဲဒီ အဂၤလိပ္အရာရွိႀကီးကို သတၱဝါႀကီး တစ္ေကာင္က ကိုက္လိုက္တာေၾကာင့္ အရာရွိႀကီးလည္း ေသဆုံးသြားပါတယ္လို႔ ပါးစပ္ေျပာ ရာဇဝင္ေတြလည္း ရွိပါတယ္။

ဒီမိေက်ာင္းႀကီးကေတာ့ တစ္ေန႔ကို မနက္တစ္ခါ၊ ေန႔လယ္တစ္ခါ ထမင္းစားပါတယ္။ တစ္ေန႔ကို ထမင္း တစ္ကီလိုဂရမ္ခန႔္ စားပါတယ္။ မိေက်ာင္းႀကီးက အသားလည္းမစားသလို ေရကန္ထဲမွာေနတဲ့ ငါးေတြကိုလည္း မစားပါဘူး။ မိေက်ာင္းက သက္သက္လြတ္ပဲ စားတာေၾကာင့္ ၾကားတဲ့သူေတြက မယုံၾကည္ၾကပါဘူး။

မိေက်ာင္းေတြရဲ႕ သဘာဝက အသားစား တတ္ၾကပါတယ္။ အေကာင္ႀကီးႀကီးေသးေသး မိေက်ာင္းေတြကေတာ့ စားတာပါပဲ။ ဒီမိေက်ာင္းႀကီးက ထမင္းကို အေျခအေနရသာ စားေနရတာ ျဖစ္ႏိုင္ေၾကာင္း အခ်ိဳ႕က ခန႔္မွန္းၾကပါတယ္။

ေနာက္ထပ္ စိတ္ဝင္စားစရာ တစ္ခုက မိေက်ာင္းႀကီးက ဘုရားေက်ာင္းမွာ ႏွစ္ေပါင္း ၇၀ ေလာက္ ေနလာတာေတာင္ ဘယ္သူ႔ကိုမွ မတိုက္ခိုက္တာပါ။ ဘုရားေက်ာင္းရဲ႕ဥကၠဌ Chandraprakash Nambisan က မိေက်ာင္းကို ေရကန္ထဲမွာ လွည့္ပတ္ျပဖို႔ ေျပာတဲ့အခါ မိေက်ာင္းက နားေထာင္ၿပီး လွည့္ပတ္ျပပါတယ္။

အခုဆိုရင္ ဘုရားေက်ာင္းက နာမည္ႀကီးလာၿပီး လူေတြက သက္သက္လြတ္စားတဲ့ မိေက်ာင္း Babiya ကို ေတြ႕ခ်င္လို႔ ဘုရားေက်ာင္းကို လာလည္ၾကပါတယ္။

Zombie (Lovemedia)