တခါတုန်းက ဘိုလာဆိုတဲ့ လယ်သမားတဦး ရှိသတဲ့။ ဘိုလာ့မှာ ယာခင်းကျဉ်းကျဉ်းလေး တခင်းရယ်၊ ယာခင်းမှာခိုင်းတဲ့ နက်မှောင်လို့ ခေါ်တဲ့ နွားတကောင်ရယ်ပဲ ပိုင်ဆိုင်သတဲ့။ ယာခင်းကို နက်မှောင်နဲ့ ထွန်ယက်တာပေါ့။ ဘိုလာဟာ အလုပ်နားချိန်မှာ သူ့နွားနက်မှောင်နဲ့ စကားပြောပြီး ပျော်ရွှင်နေလေ့ရှိသတဲ့။ အဲဒါကို ဘိုလာရဲ့ အိမ်နီးချင်း ရှန်ကာဆိုတဲ့သူဌေးက ဘိုလာပျော်နေတာကို မနာလို ဖြစ်နေတယ်တဲ့ကွယ်။

သူဌေးရှန်ကာမှာ ယာခင်းတွေအများကြီး ပိုင်ဆိုင်သလို ထွန်စက်တစီးလည်း ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ ရှန်ကာက ဒီလိုအမြဲတွေးနေသတဲ့။

"ယာခင်းကျဉ်းကျဉ်းလေး တခင်းပဲ ရှိတဲ့ဘိုလာက ဘာလို့ ပျော်ရွှင်နေတာလဲ။ ငါ့မှာတော့ ယာခင်းတွေ အများကြီးရှိပြီး သီးနှံတွေ အများကြီး စိုက်ထားရဲ့သားနဲ့ သူ့လို ဘာလို့ မပျော်ရွှင်ရတာလဲ။ ငါ့အထင်တော့ သူပျော်ရွှင်နေတာ သူ့နွားကြောင့်ပဲ ဖြစ်မယ်။ သူက အချိန်တိုင်း နွားနဲ့ စကားပြောနေတာလေ"

ဒါကြောင့် ရှန်ကာဟာ ဘိုလာ့ဆီသွားပြီး ဘိုလာ့နွားကို ဝယ်တော့တာပေါ့ကွယ်။ ဘိုလာက ထွန်စက်ရှိရက်နဲ့ ဘာလို့ သူ့နွားကို လာဝယ်သလဲလို့ ပြန်မေးလိုက်ပါတယ်။ အဲဒီလိုပြန်မေးတဲ့အခါ ရှန်ကာက "ထွန်စက်နဲ့အားလုံးကို လုပ်လို့မရဘူး။ ဒါကြောင့် ဝယ်ချင်တာပါ" လို့ ပြန်ဖြေလိုက်တယ်။

နောက်ဆုံးမှာ ဘိုလာက "စိတ်မရှိပါနဲ့ မရောင်းသေးပါဘူး" လို့ ပြောပြီး ငြင်းလိုက်ရတာပေါ့။ ရှန်ကာဟာ သူ့ယာခင်းဆီပြန်လာပြီး "ဘိုလာ့နွားမှာ တခုခုရှိရမယ် ဒါကြောင့် ငါ့ကို မရောင်းချင်တာပဲ။ ငါကတော့ မရ ရအောင် ဝယ်ရမှာပဲ။ သူ့အသီးအနှံတွေ မရှိရင် ဒီနွားကိုရောင်းမှာ သေချာတယ်" လို့ တွေးလိုက်သတဲ့။

အဲဒီညမှာ ရှန်ကာဟာ ဘိုလာရဲ့ ယာခင်းကို မီးရှို့လိုက်ပါတယ်။ ဘိုလာဟာ မီးလောင်သွားတဲ့ သူ့စိုက်ခင်းတွေကို တွေ့တော့ ဝမ်းနည်းပြီး ငိုရှာသတဲ့။ ရှန်ကာဟာ ဘိုလာဝမ်းနည်းနေတာကို မြင်တော့ ပျော်နေတာပေါ့ကွယ်။ ပြီးတော့ ဘိုလာ့ကို သူနိုင်ပြီးဖြစ်ကြောင်း အော်ဟစ်လိုက်သတဲ့။

ဒီလိုနဲ့ ရက်တော်တော် ကြာလာတော့ ဘိုလာဟာ သူစုထားတဲ့ ငွေတွေကို ရေတွက်ပြီး နောက် "နက်မှောင်ကို ငါရောင်းမှ ဖြစ်တော့မယ်။ ငါ့အတွက်လည်း အဆင်ပြေမယ် နက်မှောင်လည်း ကောင်းကောင်းစားရမယ်" လို့ တွေးပြီး နက်မှောင်ကို ရောင်းဖို့ ဈေးကို ထွက်ခဲ့တော့သတဲ့။

ဘိုလာဟာ သူ့ရဲ့ ရှိစုမဲ့စု ငွေကလေးတွေအတွက် စိတ်ပူပြီး "ငါ့ငွေတွေအတွက် ဓါးမြရန် ကြောက်ရသေးတယ်။ နက်မှောင်ရဲ့လည်ပင်းမှာ ငွေထုပ်ကို ချည်ထားရမယ်" လို့ တွေးလိုက်တာပေါ့။ တနေရာရောက်တော့ ဘိုလာဟာ စားသောက်ဆိုင် တဆိုင်မှာ တခုခုစားဖို့ ဝင်လိုက်တယ်။ နက်မှောင်ကိုတော့ ဆိုင်ပြင်က သစ်ပင်မှာ ချည်ထားလိုက်သတဲ့။

ဘိုလာဆိုင်ထဲမှာ ထမင်းစားနေချိန်မှာ ဆိုင်ပိုင်ရှင်က အပြင်ထွက်ပြီး ခပ်လှမ်းလှမ်းမှာချည်ထားတဲ့ နက်မှောင်ကို လှမ်းကြည့်လိုက်တယ်။ အဲဒီအချိန်မှာ နက်မှောင်ရဲ့ လည်ပင်းမှာ ချည်ထားတဲ့ ငွေထုပ်ထဲက ငွေဒင်္ဂါးပြား ထွက်ကျလာတာကို ဆိုင်ပိုင်ရှင် တွေ့လိုက်တဲ့အခါ အံ့ဩသွားသတဲ့။ ဆိုင်ပိုင်ရှင်က "ဒီနွားက ငွေတွေပေးတယ်ဟ ဒါမှော်နွားပဲ။ ဒါကို သူ့သခင် မသိလောက်သေးဘူး" လို့ သူဘာသာ ပြောနေတာပေါ့။

အဲဒီအချိန်မှာ ဘိုလာဟာ စားသောက်ပြီးတာနဲ့ ဈေးကို ခရီးဆက်ဖို့ ထွက်လာပြီး နွားကြိုးဖြုတ်ဖို့ လုပ်တုန်းမှာ ဆိုင်ပိုင်ရှင်က "ဒီနွားကို ရောင်းမလား" လို့ မေးလိုက်သတဲ့။ ဘိုလာက ရောင်းမယ့်အကြောင်း ပြောလိုက်တဲ့အခါ ဆိုင်ပိုင်ရှင်က ဘိုလာ့နွားနက်မှောင်ကို ဈေးကောင်းပေးပြီး ဝယ်လိုက်တာပေါ့။

ဘိုလာဟာ ဆိုင်ပိုင်ရှင်ဆီက ငွေယူပြီးတာနဲ့ ဈေးထဲကနေ နွားလေးကောင် ဝယ်သွားတော့တာပေါ့။ ဘိုလာ အလွန်ပျော်နေတာပေါ့ကွယ်။ ဘိုလာဟာ နွားလေးကောင်နဲ့ ရွာကို ပြန်ခဲ့ပြီး နွားနို့ဆိုင် ဖွင့်ပြီး အသက်မွေးဝမ်းကြောင်းပြုတော့သတဲ့ကွယ်။ နောက်ဆုံးမှာ ဘိုလာဟာ ချမ်းသာသွားတော့တာပေါ့။ ရှန်ကာကတော့ ဘိုလာ့ကို ပိုပြီးမနာလို ဖြစ်နေသတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတို့ရေ ဒီပုံပြင်လေးထဲမှာ နွားကလေးနက်မှောင်ဟာ ဘိုလာ့အတွက် မှော်နွားလို့ ပြောလို့ ရတာပေါ့ကွယ်။ ဘာလို့လဲဆိုတော့ နက်မှောင်ဟာ ဘိုလာ့အတွက် ကောင်းကျိုးပေးတယ်ကွယ့်။ ရှန်ကာက မနာလို ဖြစ်ပေမဲ့ နွားနက်မှောင်ကြောင့် ဘိုလာ အဆင်ပြေသွားတာကြောင့်ပါ။

သူတပါးကို မနာလိုဖြစ်သူဟာ သူကိုယ်တိုင်ပဲ ပူလောင်စွာ ခံစားနေရတာပဲ ရှိပါတယ်ကွယ်။ ဒါကြောင့် ကလေးတို့ဟာ သူတပါးကို မနာလိုစိတ် မထားရဘူးနော်။ နန္ဒမန်းကြယ် (တွင်းငယ်)

Zawgyi

ေမွာ္ႏြား

တခါတုန္းက ဘိုလာဆိုတဲ့ လယ္သမားတဦး ရွိသတဲ့။ ဘိုလာ့မွာ ယာခင္းက်ဥ္းက်ဥ္းေလး တခင္းရယ္၊ ယာခင္းမွာခိုင္းတဲ့ နက္ေမွာင္လို႔ ေခၚတဲ့ ႏြားတေကာင္ရယ္ပဲ ပိုင္ဆိုင္သတဲ့။ ယာခင္းကို နက္ေမွာင္နဲ႔ ထြန္ယက္တာေပါ့။ ဘိုလာဟာ အလုပ္နားခ်ိန္မွာ သူ႔ႏြားနက္ေမွာင္နဲ႔ စကားေျပာၿပီး ေပ်ာ္႐ႊင္ေနေလ့ရွိသတဲ့။ အဲဒါကို ဘိုလာရဲ႕ အိမ္နီးခ်င္း ရွန္ကာဆိုတဲ့သူေဌးက ဘိုလာေပ်ာ္ေနတာကို မနာလို ျဖစ္ေနတယ္တဲ့ကြယ္။

သူေဌးရွန္ကာမွာ ယာခင္းေတြအမ်ားႀကီး ပိုင္ဆိုင္သလို ထြန္စက္တစီးလည္း ပိုင္ဆိုင္ပါတယ္။ ဒါေပမဲ့ ရွန္ကာက ဒီလိုအၿမဲေတြးေနသတဲ့။ "ယာခင္းက်ဥ္းက်ဥ္းေလး တခင္းပဲ ရွိတဲ့ဘိုလာက ဘာလို႔ ေပ်ာ္႐ႊင္ေနတာလဲ။ ငါ့မွာေတာ့ ယာခင္းေတြ အမ်ားႀကီးရွိၿပီး သီးႏွံေတြ အမ်ားႀကီး စိုက္ထားရဲ႕သားနဲ႔ သူ႔လို ဘာလို႔ မေပ်ာ္႐ႊင္ရတာလဲ။ ငါ့အထင္ေတာ့ သူေပ်ာ္႐ႊင္ေနတာ သူ႔ႏြားေၾကာင့္ပဲ ျဖစ္မယ္။ သူက အခ်ိန္တိုင္း ႏြားနဲ႔ စကားေျပာေနတာေလ"

ဒါေၾကာင့္ ရွန္ကာဟာ ဘိုလာ့ဆီသြားၿပီး ဘိုလာ့ႏြားကို ဝယ္ေတာ့တာေပါ့ကြယ္။ ဘိုလာက ထြန္စက္ရွိရက္နဲ႔ ဘာလို႔ သူ႔ႏြားကို လာဝယ္သလဲလို႔ ျပန္ေမးလိုက္ပါတယ္။ အဲဒီလိုျပန္ေမးတဲ့အခါ ရွန္ကာက "ထြန္စက္နဲ႔အားလုံးကို လုပ္လို႔မရဘူး။ ဒါေၾကာင့္ ဝယ္ခ်င္တာပါ" လို႔ ျပန္ေျဖလိုက္တယ္။ ေနာက္ဆုံးမွာ ဘိုလာက "စိတ္မရွိပါနဲ႔ မေရာင္းေသးပါဘူး" လို႔ ေျပာၿပီး ျငင္းလိုက္ရတာေပါ့။ ရွန္ကာဟာ သူ႔ယာခင္းဆီျပန္လာၿပီး "ဘိုလာ့ႏြားမွာ တခုခုရွိရမယ္ ဒါေၾကာင့္ ငါ့ကို မေရာင္းခ်င္တာပဲ။ ငါကေတာ့ မရ ရေအာင္ ဝယ္ရမွာပဲ။ သူ႔အသီးအႏွံေတြ မရွိရင္ ဒီႏြားကိုေရာင္းမွာ ေသခ်ာတယ္" လို႔ ေတြးလိုက္သတဲ့။

အဲဒီညမွာ ရွန္ကာဟာ ဘိုလာရဲ႕ ယာခင္းကို မီးရႈိ႕လိုက္ပါတယ္။ ဘိုလာဟာ မီးေလာင္သြားတဲ့ သူ႔စိုက္ခင္းေတြကို ေတြ႕ေတာ့ ဝမ္းနည္းၿပီး ငိုရွာသတဲ့။ ရွန္ကာဟာ ဘိုလာဝမ္းနည္းေနတာကို ျမင္ေတာ့ ေပ်ာ္ေနတာေပါ့ကြယ္။ ၿပီးေတာ့ ဘိုလာ့ကို သူႏိုင္ၿပီးျဖစ္ေၾကာင္း ေအာ္ဟစ္လိုက္သတဲ့။ ဒီလိုနဲ႔ ရက္ေတာ္ေတာ္ ၾကာလာေတာ့ ဘိုလာဟာ သူစုထားတဲ့ ေငြေတြကို ေရတြက္ၿပီး ေနာက္ "နက္ေမွာင္ကို ငါေရာင္းမွ ျဖစ္ေတာ့မယ္။ ငါ့အတြက္လည္း အဆင္ေျပမယ္ နက္ေမွာင္လည္း ေကာင္းေကာင္းစားရမယ္" လို႔ ေတြးၿပီး နက္ေမွာင္ကို ေရာင္းဖို႔ ေဈးကို ထြက္ခဲ့ေတာ့သတဲ့။

ဘိုလာဟာ သူ႔ရဲ႕ ရွိစုမဲ့စု ေငြကေလးေတြအတြက္ စိတ္ပူၿပီး "ငါ့ေငြေတြအတြက္ ဓါးျမရန္ ေၾကာက္ရေသးတယ္။ နက္ေမွာင္ရဲ႕လည္ပင္းမွာ ေငြထုပ္ကို ခ်ည္ထားရမယ္" လို႔ ေတြးလိုက္တာေပါ့။ တေနရာေရာက္ေတာ့ ဘိုလာဟာ စားေသာက္ဆိုင္ တဆိုင္မွာ တခုခုစားဖို႔ ဝင္လိုက္တယ္။ နက္ေမွာင္ကိုေတာ့ ဆိုင္ျပင္က သစ္ပင္မွာ ခ်ည္ထားလိုက္သတဲ့။

ဘိုလာဆိုင္ထဲမွာ ထမင္းစားေနခ်ိန္မွာ ဆိုင္ပိုင္ရွင္က အျပင္ထြက္ၿပီး ခပ္လွမ္းလွမ္းမွာခ်ည္ထားတဲ့ နက္ေမွာင္ကို လွမ္းၾကည့္လိုက္တယ္။ အဲဒီအခ်ိန္မွာ နက္ေမွာင္ရဲ႕ လည္ပင္းမွာ ခ်ည္ထားတဲ့ ေငြထုပ္ထဲက ေငြဒဂၤါးျပား ထြက္က်လာတာကို ဆိုင္ပိုင္ရွင္ ေတြ႕လိုက္တဲ့အခါ အံ့ဩသြားသတဲ့။ ဆိုင္ပိုင္ရွင္က "ဒီႏြားက ေငြေတြေပးတယ္ဟ ဒါေမွာ္ႏြားပဲ။ ဒါကို သူ႔သခင္ မသိေလာက္ေသးဘူး" လို႔ သူဘာသာ ေျပာေနတာေပါ့။

အဲဒီအခ်ိန္မွာ ဘိုလာဟာ စားေသာက္ၿပီးတာနဲ႔ ေဈးကို ခရီးဆက္ဖို႔ ထြက္လာၿပီး ႏြားႀကိဳးျဖဳတ္ဖို႔ လုပ္တုန္းမွာ ဆိုင္ပိုင္ရွင္က "ဒီႏြားကို ေရာင္းမလား" လို႔ ေမးလိုက္သတဲ့။ ဘိုလာက ေရာင္းမယ့္အေၾကာင္း ေျပာလိုက္တဲ့အခါ ဆိုင္ပိုင္ရွင္က ဘိုလာ့ႏြားနက္ေမွာင္ကို ေဈးေကာင္းေပးၿပီး ဝယ္လိုက္တာေပါ့။

ဘိုလာဟာ ဆိုင္ပိုင္ရွင္ဆီက ေငြယူၿပီးတာနဲ႔ ေဈးထဲကေန ႏြားေလးေကာင္ ဝယ္သြားေတာ့တာေပါ့။ ဘိုလာ အလြန္ေပ်ာ္ေနတာေပါ့ကြယ္။ ဘိုလာဟာ ႏြားေလးေကာင္နဲ႔ ႐ြာကို ျပန္ခဲ့ၿပီး ႏြားႏို႔ဆိုင္ ဖြင့္ၿပီး အသက္ေမြးဝမ္းေၾကာင္းျပဳေတာ့သတဲ့ကြယ္။ ေနာက္ဆုံးမွာ ဘိုလာဟာ ခ်မ္းသာသြားေတာ့တာေပါ့။ ရွန္ကာကေတာ့ ဘိုလာ့ကို ပိုၿပီးမနာလို ျဖစ္ေနသတဲ့ကြယ္။

ပုံျပင္ေလးကေတာ့ ဒါပါပဲကြယ္။ ကေလးတို႔ေရ ဒီပုံျပင္ေလးထဲမွာ ႏြားကေလးနက္ေမွာင္ဟာ ဘိုလာ့အတြက္ ေမွာ္ႏြားလို႔ ေျပာလို႔ ရတာေပါ့ကြယ္။ ဘာလို႔လဲဆိုေတာ့ နက္ေမွာင္ဟာ ဘိုလာ့အတြက္ ေကာင္းက်ိဳးေပးတယ္ကြယ့္။ ရွန္ကာက မနာလို ျဖစ္ေပမဲ့ ႏြားနက္ေမွာင္ေၾကာင့္ ဘိုလာ အဆင္ေျပသြားတာေၾကာင့္ပါ။ သူတပါးကို မနာလိုျဖစ္သူဟာ သူကိုယ္တိုင္ပဲ ပူေလာင္စြာ ခံစားေနရတာပဲ ရွိပါတယ္ကြယ္။ ဒါေၾကာင့္ ကေလးတို႔ဟာ သူတပါးကို မနာလိုစိတ္ မထားရဘူးေနာ္။ နႏၵမန္းၾကယ္ (တြင္းငယ္)