နေ့တိုင်းသောက်နေတဲ့ ကော်ဖီမစ်ထုပ်ထဲမှာ ကော်ဖီအစစ်ပါတယ်လို့ ထင်နေကြတုန်းပဲလား။ ကော်ဖီမစ်မှာ ပစ္စည်း ၃ မျိုးပါဝင်ပါတယ်။ ကော်ဖီမှုန့်၊ သကြား၊ ကော်ဖီမိတ်။

ကော်ဖီမှုန့်က မူလက ကော်ဖီစေ့ကနေ တဆင့်ပြုလုပ်ထားတဲ့ ချက်ချင်း အရည်ပျော်စေနိုင်တဲ့ အသင့်ဖျော် ကော်ဖီမှုန့်ကို သုံးကြပါတယ်။ အခု နောက်ပိုင်း ပိုဈေးသက်သာတဲ့ ကော်ဖီမှုန့်အတုတွေ သုံးလာကြပါတယ်။ ကုန်ကျစရိတ်က အဆ ၁၀၀၊ အဆ ၂၀၀ အထိ သက်သာတယ်လို့ ထိုင်ဝမ်က အစားအသောက် ပညာရှင်တွေက ပြောပါတယ်။

ထိုင်ဝမ်မှာ ကော်ဖီမှုန့် အတုကို ပဲစိမ်းအမှုန့်၊ ကော်ဖီရနံ့လို့ ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီမှုန်နဲ့ ရောလိုက်တာပါ။ အဲဒါကို သကြား ကော်ဖီမိတ်တွေနဲ့ ရောဖျော် လိုက်တဲ့အခါ ကော်ဖီအစစ်နဲ့ ခွဲလို့ မရ တော့ပါဘူး။ ဒီလိုလုပ်တာ စိတ်ကောင်းရှိတဲ့ ထုတ်လုပ်သူတဲ့။ တချို့က ပဲစိမ်းမှုန်ု့ မထည့်ဘဲ မီးသွေးမှုန့်တွေ ထည့်လုပ်ကြတယ်။ ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီတွေဟာ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက် နိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

ထိုင်ဝမ် FDA က ကော်ဖီမှုန့် အတု၊ ကော်ဖီရနံ့တွေကို တရားဝင် ရောင်းချခွင့် ပြုထားတဲ့အတွက် ကော်ဖီမှုန့် အတုနဲ့ လုပ်ထားတဲ့ ကော်ဖီတွေ ရောင်းချနေကြပါတယ်။ ကော်ဖီမှုန့် အတုတွေကို ပဲစိမ်းမှုန့်နဲ့ လုပ်တဲ့အတွက် ပရိုတိန်းဓာတ်တော့ နည်းနည်း ရနိုင်ပါတယ်။ မီးသွေးမှုန့်က အစားအသောက်မှာ သုံးတာ ရှိပါတယ်။

ထိုင်ဝမ်မှာ မီးသွေးမှုန့်နဲ့လုံးထားတဲ့ မြေပဲ ရှိပါတယ်။ အမေရိကန်မှာ ချားကိုးလ်မိုခါး ဆိုပြီး ချောကလက်မှုန့်၊ မီးသွေးမှုန့်၊ သကြား၊ ကော်ဖီမိတ်တွေပါတဲ့ ဖျော်ရည် ရောင်းပါတယ်။ မီးသွေးမှုန့်က အုန်းမုတ်ခွက်က ရတဲ့ မီးသွေးမှုန့် လို့ ဖော်ပြထားပါတယ်။

ဟိုတလောက မြန်မာပြည်က ကော်ဖီမစ် စက်ရုံကို အုန်းမှုတ်ခွက်တွေ ပို့တဲ့ ဆောင်းပါး တပုဒ်ဖွဘုတ်မှာ တွေ့လိုက်တယ်။ အုန်းမှုတ်ခွက်ကို မီးသွေးမှုန့် လုပ်ပြီး ကော်ဖီမစ်ထဲ ထည့်တာလားတော့ မသိဘူးပေါ့လေ။ ထင်တာ ပြောတာပါ။ ပိုဆိုးတာကတော့ အဆိပ်ပါတဲ့ ကော်ဖီမှုန့်တွေပါ။ ၂၀၁၈ ခု ဧပြီလမှာ ဗီယက်နမ်နိုင်ငံရှိ ကော်ဖီစက်ရုံ တခုကို စစ်ဆေးကြည့်တဲ့အခါ ဓာတ်ခဲအဟောင်းတွေကရတဲ့ အမည်းရောင်အမှုန့်တွေကို သုံးပြီး ကော်ဖီစေ့တွေကို ဆေးဆိုးတာ တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခဲ အဟောင်းတွေက ရတဲ့ အမှုန့် ၃၅ ကီလိုဂရမ် တွေ့ရှိခဲ့ပြီး ဒီအမှုန့်တွေကို အပေါစား ကော်ဖီစေ့တွေ ဝယ်ပြီး အရောင်လှအောင် ဆေးဆိုးတယ်ဆိုတာ ပိုင်ရှင်က ဝန်ခံခဲ့ပါတယ်။ ဓာတ်ခဲကရတဲ့ အမှုန့်တွေမှာ မဂ္ဂနီးစ်ဒိုင်အောက်ဆိုဒ်ဆိုတဲ့ အဆိပ်ဓာတ်ပါတဲ့အတွက် ဒီကော်ဖီမှုန့်တွေ ရေရှည်သောက်သုံးသူတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေ ပျက်စီးစေပါတယ်။ ဒီလို အဆိပ်ပါတဲ့ ကော်ဖီစေ့ ၁၀ တန်ကျော်ကို သိမ်းဆည်းရမိပြီး ၃ တန်ကျော်က ဈေးကွက်ထဲကို ရောင်းချပြီး ဖြစ်ပါတယ်။ ဒီသတင်းဟာ ကော်ဖီသောက်သုံးသူများကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။

သြော် စဉ်းစားကြည့်မယ်ဆိုရင် အိပ်ယာက နိုးလာတဲ့အခါ သောက်တော့မယ့် ကော်ဖီခွက်ထဲမှာ ဒီဓာတုဆေးမျိုးစုံကို ထည့်ပြီး သောက်ချင်လား ဆိုတဲ့မေးခွန်း ပေါ်ထွက်လာပါတယ်။ တချို့အမှုန့်ဆိုရင် အရသာအမျိုးမျိုး ထွက်အောင် ထပ်ပြီး ရောနှောထားတဲ့ ဓာတုဆေးတွေလဲ အပိုပါပါသေးတယ်။

ဒီကော်ဖီမိတ်တွေဟာ အမှုန့်အနေနဲ့ လာသလို အရည်အဖြစ်နဲ့လဲ ရောင်းချလေ့ ရှိပါတယ်။ အမှုန့်မှာက ခဲမသွားရအောင် ဓာတုဆေးတမျိုး ထပ်ပြီး ပါပြန်ပါတယ်။ ဆိုဒီယမ် အလူမီနိုဆီလီကိတ် ဖြစ်ပါတယ်။ လောင်ကျွမ်းစေတတ်သော ဓာတ်တမျိုးလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်လိုဖတ်ရန် ခက်ခဲမှု ရှိသူများအတွက် ဘာသာပြန် ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ကျမ၏ အာဘော် မဟုတ်ပါ။ ဒေါက်တာဒေါ်ခင်နွယ်ဝင်း

Zawgyi

ေန႔တိုင္းေသာက္ျဖစ္ေနတဲ့ ေကာ္ဖီကို အစစ္လို႔ ထင္ေနတုန္းလား

ေန႔တိုင္းေသာက္ေနတဲ့ ေကာ္ဖီမစ္ထုပ္ထဲမွာ ေကာ္ဖီအစစ္ပါတယ္လို႔ ထင္ေနၾကတုန္းပဲလား။ ေကာ္ဖီမစ္မွာ ပစၥည္း ၃ မ်ိဳးပါဝင္ပါတယ္။ ေကာ္ဖီမႈန႔္၊ သၾကား၊ ေကာ္ဖီမိတ္။

ေကာ္ဖီမႈန႔္က မူလက ေကာ္ဖီေစ့ကေန တဆင့္ျပဳလုပ္ထားတဲ့ ခ်က္ခ်င္း အရည္ေပ်ာ္ေစႏိုင္တဲ့ အသင့္ေဖ်ာ္ ေကာ္ဖီမႈန႔္ကို သုံးၾကပါတယ္။ အခု ေနာက္ပိုင္း ပိုေဈးသက္သာတဲ့ ေကာ္ဖီမႈန႔္အတုေတြ သုံးလာၾကပါတယ္။ ကုန္က်စရိတ္က အဆ ၁၀၀၊ အဆ ၂၀၀ အထိ သက္သာတယ္လို႔ ထိုင္ဝမ္က အစားအေသာက္ ပညာရွင္ေတြက ေျပာပါတယ္။

ထိုင္ဝမ္မွာ ေကာ္ဖီမႈန႔္ အတုကို ပဲစိမ္းအမႈန႔္၊ ေကာ္ဖီရနံ႔လို႔ ေခၚတဲ့ ဓာတုေဗဒ ေကာ္ဖီမႈန္နဲ႔ ေရာလိုက္တာပါ။ အဲဒါကို သၾကား ေကာ္ဖီမိတ္ေတြနဲ႔ ေရာေဖ်ာ္ လိုက္တဲ့အခါ ေကာ္ဖီအစစ္နဲ႔ ခြဲလို႔ မရ ေတာ့ပါဘူး။ ဒီလိုလုပ္တာ စိတ္ေကာင္းရွိတဲ့ ထုတ္လုပ္သူတဲ့။ တခ်ိဳ႕က ပဲစိမ္းမႈႏ္ု႔ မထည့္ဘဲ မီးေသြးမႈန႔္ေတြ ထည့္လုပ္ၾကတယ္။ ေကာ္ဖီရနံ႔ လို႔ေခၚတဲ့ ဓာတုေဗဒ ေကာ္ဖီေတြဟာ အသည္းနဲ႔ ေက်ာက္ကပ္ကို ထိခိုက္ ႏိုင္တယ္လို႔ ပညာရွင္ေတြက ေျပာၾကပါတယ္။

ထိုင္ဝမ္ FDA က ေကာ္ဖီမႈန႔္ အတု၊ ေကာ္ဖီရနံ႔ေတြကို တရားဝင္ ေရာင္းခ်ခြင့္ ျပဳထားတဲ့အတြက္ ေကာ္ဖီမႈန႔္ အတုနဲ႔ လုပ္ထားတဲ့ ေကာ္ဖီေတြ ေရာင္းခ်ေနၾကပါတယ္။ ေကာ္ဖီမႈန႔္ အတုေတြကို ပဲစိမ္းမႈန႔္နဲ႔ လုပ္တဲ့အတြက္ ပ႐ိုတိန္းဓာတ္ေတာ့ နည္းနည္း ရႏိုင္ပါတယ္။ မီးေသြးမႈန႔္က အစားအေသာက္မွာ သုံးတာ ရွိပါတယ္။ ထိုင္ဝမ္မွာ မီးေသြးမႈန႔္နဲ႔လုံးထားတဲ့ ေျမပဲ ရွိပါတယ္။ အေမရိကန္မွာ ခ်ားကိုးလ္မိုခါး ဆိုၿပီး ေခ်ာကလက္မႈန႔္၊ မီးေသြးမႈန႔္၊ သၾကား၊ ေကာ္ဖီမိတ္ေတြပါတဲ့ ေဖ်ာ္ရည္ ေရာင္းပါတယ္။ မီးေသြးမႈန႔္က အုန္းမုတ္ခြက္က ရတဲ့ မီးေသြးမႈန႔္ လို႔ ေဖာ္ျပထားပါတယ္။

ဟိုတေလာက ျမန္မာျပည္က ေကာ္ဖီမစ္ စက္႐ုံကို အုန္းမႈတ္ခြက္ေတြ ပို႔တဲ့ ေဆာင္းပါး တပုဒ္ဖြဘုတ္မွာ ေတြ႕လိုက္တယ္။ အုန္းမႈတ္ခြက္ကို မီးေသြးမႈန႔္ လုပ္ၿပီး ေကာ္ဖီမစ္ထဲ ထည့္တာလားေတာ့ မသိဘူးေပါ့ေလ။ ထင္တာ ေျပာတာပါ။ ပိုဆိုးတာကေတာ့ အဆိပ္ပါတဲ့ ေကာ္ဖီမႈန႔္ေတြပါ။ ၂၀၁၈ ခု ဧၿပီလမွာ ဗီယက္နမ္ႏိုင္ငံရွိ ေကာ္ဖီစက္႐ုံ တခုကို စစ္ေဆးၾကည့္တဲ့အခါ ဓာတ္ခဲအေဟာင္းေတြကရတဲ့ အမည္းေရာင္အမႈန႔္ေတြကို သုံးၿပီး ေကာ္ဖီေစ့ေတြကို ေဆးဆိုးတာ ေတြ႕ရွိခဲ့ပါတယ္။

ဓာတ္ခဲ အေဟာင္းေတြက ရတဲ့ အမႈန႔္ ၃၅ ကီလိုဂရမ္ ေတြ႕ရွိခဲ့ၿပီး ဒီအမႈန႔္ေတြကို အေပါစား ေကာ္ဖီေစ့ေတြ ဝယ္ၿပီး အေရာင္လွေအာင္ ေဆးဆိုးတယ္ဆိုတာ ပိုင္ရွင္က ဝန္ခံခဲ့ပါတယ္။ ဓာတ္ခဲကရတဲ့ အမႈန႔္ေတြမွာ မဂၢနီးစ္ဒိုင္ေအာက္ဆိုဒ္ဆိုတဲ့ အဆိပ္ဓာတ္ပါတဲ့အတြက္ ဒီေကာ္ဖီမႈန႔္ေတြ ေရရွည္ေသာက္သုံးသူေတြမွာ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာေတြ ပ်က္စီးေစပါတယ္။ ဒီလို အဆိပ္ပါတဲ့ ေကာ္ဖီေစ့ ၁၀ တန္ေက်ာ္ကို သိမ္းဆည္းရမိၿပီး ၃ တန္ေက်ာ္က ေဈးကြက္ထဲကို ေရာင္းခ်ၿပီး ျဖစ္ပါတယ္။ ဒီသတင္းဟာ ေကာ္ဖီေသာက္သုံးသူမ်ားကို အထိတ္တလန႔္ ျဖစ္သြားေစခဲ့ပါတယ္။

ေၾသာ္ စဥ္းစားၾကည့္မယ္ဆိုရင္ အိပ္ယာက ႏိုးလာတဲ့အခါ ေသာက္ေတာ့မယ့္ ေကာ္ဖီခြက္ထဲမွာ ဒီဓာတုေဆးမ်ိဳးစုံကို ထည့္ၿပီး ေသာက္ခ်င္လား ဆိုတဲ့ေမးခြန္း ေပၚထြက္လာပါတယ္။ တခ်ိဳ႕အမႈန႔္ဆိုရင္ အရသာအမ်ိဳးမ်ိဳး ထြက္ေအာင္ ထပ္ၿပီး ေရာေႏွာထားတဲ့ ဓာတုေဆးေတြလဲ အပိုပါပါေသးတယ္။ ဒီေကာ္ဖီမိတ္ေတြဟာ အမႈန႔္အေနနဲ႔ လာသလို အရည္အျဖစ္နဲ႔လဲ ေရာင္းခ်ေလ့ ရွိပါတယ္။ အမႈန႔္မွာက ခဲမသြားရေအာင္ ဓာတုေဆးတမ်ိဳး ထပ္ၿပီး ပါျပန္ပါတယ္။ ဆိုဒီယမ္ အလူမီႏိုဆီလီကိတ္ ျဖစ္ပါတယ္။ ေလာင္ကြၽမ္းေစတတ္ေသာ ဓာတ္တမ်ိဳးလည္း ျဖစ္ပါတယ္။ အဂၤလိပ္လိုဖတ္ရန္ ခက္ခဲမႈ ရွိသူမ်ားအတြက္ ဘာသာျပန္ ေပးလိုက္ျခင္းသာ ျဖစ္ပါတယ္။ က်မ၏ အာေဘာ္ မဟုတ္ပါ။ ေဒါက္တာေဒၚခင္ႏြယ္ဝင္း