ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ မိဘက အရမ်းအရေးပါ ပါတယ်။ တစ်ခါတရံမှာ မိဘတွေရဲ့ စကားတစ်ခွန်းကြောင့် ကလေးရဲ့ဘဝ အောင်မြင်သွားစေနိုင်ပါတယ်။ ဒါပေမယ့် မိဘတစ်ယောက် အနေနဲ့ ကလေးတွေကို မပြောသင့်တဲ့ စကားတွေလည်း ရှိပါတယ်။

၁။ လူကြီးပြောစကားကို နားထောင်ရမယ်။

ဒီစကားကို ကြားတဲ့အခါ ကလေးတွေရဲ့ စိတ်ထဲမှာ ထင်သွားတာက လူကြီးအားလုံး ပြောသမျှ မှန်တယ်လို့ ထင်သွားတာပါ။ ဒီစကားက အရမ်းကို အန္တရာယ်များပါတယ်။ ကလေးက သူ့ကို ဒုက္ခပေးမယ့် လူကြီးတွေ ပြောတာကိုတောင် နားထောင်သွား နိုင်ပါတယ်။ အဲဒါကြောင့် မိဘဆွေမျိုး အဘိုးအဘွားတွေ ပြောတာကို နားထောင်ရမယ်လို့ ပြောတာက ပိုသင့်တော်ပါတယ်။

၂။ မငိုနဲ့။

ငိုတာက မကောင်းဘူး၊ ငိုလို့ အဆူခံရတယ်လို့ ကလေးရဲ့စိတ်ထဲမှာ ဒီစကားက စွဲသွားတတ်ပါတယ်။ အဲဒါကြောင့် ကလေးငိုတဲ့အခါ ငိုရတဲ့ အကြောင်းအရင်း၊ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာကို စိတ်ရှည်ရှည်မေးပြီး အကြံကောင်းတွေ ပေးသင့်ပါတယ်။

၃။ လောဘမကြီးရဘူး။

ကလေးနှစ်ယောက် အရုပ်ဆော့နေရင်း လောဘမကြီးရဘူး ဆိုတဲ့စကားကို မိဘက ပြောလိုက်တဲ့အခါ ကလေးရဲ့စိတ်ထဲမှာ ငါဟာ ဘယ်အရာနဲ့မှ မထိုက်တန်ဘူးလို့ထင်သွားတတ်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင် တန်ဖိုးတွေကိုလည်း မကာကွယ် တတ်တော့ပါဘူး။ အဲဒါကြောင့် ကလေးနှစ်ယောက် ဆော့နေတဲ့အခါ "သား အဲဒီအရုပ်လေး သူ့ကို ခဏပေးဆော့ လိုက်ပါလား" လို့ ပြောလိုက်ရင် ကလေးရဲ့စိတ်ထဲမှာ သူပိုင်တဲ့အရာကို သူကိုယ်တိုင် စီမံခွင့်ရသွားပါတယ်။

၄။ နင့်ကို ဒါ ဘယ်သူ သင်ပေးလိုက်တာလဲ။

ဒီစကားကို ကြားတဲ့အခါ ကလေးရဲ့ စိတ်ထဲမှာ အဆူခံရမှာကြောက်ပြီး သူတစ်ပါးအပေါ် အပြစ်လွှဲချတတ်တဲ့ အကျင့်ရသွားပါတယ်။ အဲဒီအစား ဘာ့ကြောင့် ဒီလိုလုပ်ရတာလဲလို့ အေးအေးဆေးဆေး မေးလိုက်ရင် ကလေးရဲ့ လုပ်ရပ်မှားတဲ့ အကြောင်းအရင်းကို မိဘတွေ သိခွင့်ရသွားပါတယ်။ ကလေးကိုလည်း ရှင်းပြခွင့် ပေးသင့်ပါတယ်။

၅။ ဟိုချစ်စရာကောင်းတဲ့ ကောင်မလေးကို ကြည့်လိုက်ပါဦး။

ကလေးအချင်းချင်း နှိုင်းယှဉ်ပြောလိုက်ရင် သူတို့စိတ်ထဲမှာ "ငါက သူတို့ထက် ပိုဆိုးနေတယ်" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ နည်းသွားပါတယ်။ သူဘာလုပ်လုပ် အသိအမှတ်ပြုတာ မခံရဘူးလို့ ထင်သွားပါတယ်။ ကလေးကို မိဘက ယုံကြည်ကြောင်း၊ သူ့မှာလည်း ကိုယ်ပိုင်အရည်အချင်း ရှိကြောင်း သိသွားအောင် "ကလေးလည်း လုပ်နိုင်ပါတယ်" လို့ ပြောပေးပါ။

၆။ အိမ်ရောက်မှ နင်နဲ့ငါနဲ့ တွေ့မယ်။

အဲဒီစကား ကြားလိုက်ရရင်" မိဘတွေက ငါ့ကို မကြိုက်ကြဘူး။ အိမ်မပြန်ချင်ဘူး။ အိမ်ရောက်ရင် အရိုက်ခံရတော့မယ်" ဆိုပြီး တွေးသွားတတ်ပါတယ်။ ကလေးရဲ့စိတ်ထဲမှာ အိမ်ဟာ အပြစ်ပေးခံရတဲ့ နေရာဆိုပြီး မှတ်သွားပါတယ်။ အဲဒါကြောင့် ကလေးက အမှားလုပ်မိတဲ့အခါ အိမ်ရောက်မှ မဟုတ်ဘဲ နေရာမှာတင် အေးအေးဆေးဆေး ဆုံးမသင့်ပါတယ်။

၇။ ဒီအကြောင်းကို စဉ်းစားဖို့ မင်းငယ်သေးတယ်။

တစ်ခါတရံမှာ ကလေးတွေ မသိသင့်သေးတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒါပေမယ့် မသိသင့်သေးတဲ့ အကြောင်းအရာ ဆိုတာ ကလေးက မသိတာကြောင့် ကလေးက မေးတတ်ပါတယ်။ အဲဒီအခါ " ဒီမေးခွန်းကို ဖြေဖို့ အဆင်သင့် မဖြစ်သေးဘူး" ဆိုပြီး ရှောင်လို့ရပါတယ်။ ဖြေလို့ ရတဲ့ မေးခွန်းဆိုရင် ဖြေပေးလိုက်တဲ့အခါ ကလေးစိတ်ထဲမှာလည်း ကျေနပ်ယုံကြည် သွားပါတယ်။

Zombie (Lovemedia)

for zawgyi

ကေလးေတြကို ဘယ္ေတာ့မွ မေျပာသင့္တဲ့ စကား (၇) ခြန္း

ကေလးတစ္ေယာက္ ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာဖို႔ မိဘက အရမ္းအေရးပါ ပါတယ္။ တစ္ခါတရံမွာ မိဘေတြရဲ႕ စကားတစ္ခြန္းေၾကာင့္ ကေလးရဲ႕ဘဝ ေအာင္ျမင္သြားေစႏိုင္ပါတယ္။ ဒါေပမယ့္ မိဘတစ္ေယာက္ အေနနဲ႔ ကေလးေတြကို မေျပာသင့္တဲ့ စကားေတြလည္း ရွိပါတယ္။

၁။ လူႀကီးေျပာစကားကို နားေထာင္ရမယ္။

ဒီစကားကို ၾကားတဲ့အခါ ကေလးေတြရဲ႕ စိတ္ထဲမွာ ထင္သြားတာက လူႀကီးအားလုံး ေျပာသမွ် မွန္တယ္လို႔ ထင္သြားတာပါ။ ဒီစကားက အရမ္းကို အႏၲရာယ္မ်ားပါတယ္။ ကေလးက သူ႔ကို ဒုကၡေပးမယ့္ လူႀကီးေတြ ေျပာတာကိုေတာင္ နားေထာင္သြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ မိဘေဆြမ်ိဳး အဘိုးအဘြားေတြ ေျပာတာကို နားေထာင္ရမယ္လို႔ ေျပာတာက ပိုသင့္ေတာ္ပါတယ္။

၂။ မငိုနဲ႔။

ငိုတာက မေကာင္းဘူး၊ ငိုလို႔ အဆူခံရတယ္လို႔ ကေလးရဲ႕စိတ္ထဲမွာ ဒီစကားက စြဲသြားတတ္ပါတယ္။ အဲဒါေၾကာင့္ ကေလးငိုတဲ့အခါ ငိုရတဲ့ အေၾကာင္းအရင္း၊ သူ႔ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစတဲ့အရာကို စိတ္ရွည္ရွည္ေမးၿပီး အႀကံေကာင္းေတြ ေပးသင့္ပါတယ္။

၃။ ေလာဘမႀကီးရဘူး။

ကေလးႏွစ္ေယာက္ အ႐ုပ္ေဆာ့ေနရင္း ေလာဘမႀကီးရဘူး ဆိုတဲ့စကားကို မိဘက ေျပာလိုက္တဲ့အခါ ကေလးရဲ႕စိတ္ထဲမွာ ငါဟာ ဘယ္အရာနဲ႔မွ မထိုက္တန္ဘူးလို႔ထင္သြားတတ္ပါတယ္။ သူ႔ရဲ႕ကိုယ္ပိုင္ တန္ဖိုးေတြကိုလည္း မကာကြယ္ တတ္ေတာ့ပါဘူး။ အဲဒါေၾကာင့္ ကေလးႏွစ္ေယာက္ ေဆာ့ေနတဲ့အခါ "သား အဲဒီအ႐ုပ္ေလး သူ႔ကို ခဏေပးေဆာ့ လိုက္ပါလား" လို႔ ေျပာလိုက္ရင္ ကေလးရဲ႕စိတ္ထဲမွာ သူပိုင္တဲ့အရာကို သူကိုယ္တိုင္ စီမံခြင့္ရသြားပါတယ္။

၄။ နင့္ကို ဒါ ဘယ္သူ သင္ေပးလိုက္တာလဲ။

ဒီစကားကို ၾကားတဲ့အခါ ကေလးရဲ႕ စိတ္ထဲမွာ အဆူခံရမွာေၾကာက္ၿပီး သူတစ္ပါးအေပၚ အျပစ္လႊဲခ်တတ္တဲ့ အက်င့္ရသြားပါတယ္။ အဲဒီအစား ဘာ့ေၾကာင့္ ဒီလိုလုပ္ရတာလဲလို႔ ေအးေအးေဆးေဆး ေမးလိုက္ရင္ ကေလးရဲ႕ လုပ္ရပ္မွားတဲ့ အေၾကာင္းအရင္းကို မိဘေတြ သိခြင့္ရသြားပါတယ္။ ကေလးကိုလည္း ရွင္းျပခြင့္ ေပးသင့္ပါတယ္။

၅။ ဟိုခ်စ္စရာေကာင္းတဲ့ ေကာင္မေလးကို ၾကည့္လိုက္ပါဦး။

ကေလးအခ်င္းခ်င္း ႏႈိင္းယွဥ္ေျပာလိုက္ရင္ သူတို႔စိတ္ထဲမွာ "ငါက သူတို႔ထက္ ပိုဆိုးေနတယ္" ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြ နည္းသြားပါတယ္။ သူဘာလုပ္လုပ္ အသိအမွတ္ျပဳတာ မခံရဘူးလို႔ ထင္သြားပါတယ္။ ကေလးကို မိဘက ယုံၾကည္ေၾကာင္း၊ သူ႔မွာလည္း ကိုယ္ပိုင္အရည္အခ်င္း ရွိေၾကာင္း သိသြားေအာင္ "ကေလးလည္း လုပ္ႏိုင္ပါတယ္" လို႔ ေျပာေပးပါ။

၆။ အိမ္ေရာက္မွ နင္နဲ႔ငါနဲ႔ ေတြ႕မယ္။

အဲဒီစကား ၾကားလိုက္ရရင္" မိဘေတြက ငါ့ကို မႀကိဳက္ၾကဘူး။ အိမ္မျပန္ခ်င္ဘူး။ အိမ္ေရာက္ရင္ အ႐ိုက္ခံရေတာ့မယ္" ဆိုၿပီး ေတြးသြားတတ္ပါတယ္။ ကေလးရဲ႕စိတ္ထဲမွာ အိမ္ဟာ အျပစ္ေပးခံရတဲ့ ေနရာဆိုၿပီး မွတ္သြားပါတယ္။ အဲဒါေၾကာင့္ ကေလးက အမွားလုပ္မိတဲ့အခါ အိမ္ေရာက္မွ မဟုတ္ဘဲ ေနရာမွာတင္ ေအးေအးေဆးေဆး ဆုံးမသင့္ပါတယ္။

၇။ ဒီအေၾကာင္းကို စဥ္းစားဖို႔ မင္းငယ္ေသးတယ္။

တစ္ခါတရံမွာ ကေလးေတြ မသိသင့္ေသးတဲ့ အေၾကာင္းအရာေတြ ရွိပါတယ္။ ဒါေပမယ့္ မသိသင့္ေသးတဲ့ အေၾကာင္းအရာ ဆိုတာ ကေလးက မသိတာေၾကာင့္ ကေလးက ေမးတတ္ပါတယ္။ အဲဒီအခါ " ဒီေမးခြန္းကို ေျဖဖို႔ အဆင္သင့္ မျဖစ္ေသးဘူး" ဆိုၿပီး ေရွာင္လို႔ရပါတယ္။ ေျဖလို႔ ရတဲ့ ေမးခြန္းဆိုရင္ ေျဖေပးလိုက္တဲ့အခါ ကေလးစိတ္ထဲမွာလည္း ေက်နပ္ယုံၾကည္ သြားပါတယ္။

Zombie (Lovemedia)