San Juanita Vargas ဆိုတဲ့မိန်းကလေးက မက္ကဆီကိုနိုင်ငံ Nuevo Leon မြို့မှာ နေထိုင်ပါတယ်။ သူမဟာ အားကစားမှာ ထူးချွန်တာကြောင့် ပြင်သစ်မှာ ကျင်းပတဲ့ ၂၀၂၃ Olympic ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရရှိသွားခဲ့ပါတယ်။ San Juanita က အားကစားပြိုင်ပွဲတွေမှာ ဆုတွေ အများကြီးရချင်တဲ့အကြောင်းအရင်းက တကယ်ကို လေးစားစရာကောင်းပါတယ်။

San Juanita က ၂၀၂၃ Olympic ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ရွှေတံဆိပ်ဆုနှစ်ဆုနဲ့ ငွေတစ်ဆိပ်စုတစ်ဆုရရှိခဲ့ပါတယ်။ လှံတံပစ်ပြိုင်ပွဲမှာ ၁၆ မီတာနဲ့ ၆၆ စင်တီမီတာအကွာအဝေးရောက်အောင် ပစ်နိုင်ဲ့တာကြောင့် ကမ္ဘာစံချိန်ကို ချိုးသွားနိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ရရှိခဲ့တာပါ။

San Juanita တို့မိသားစုမှာ အကြွေးတွေ အများကြီးရှိနေခဲ့တာ အရင်ကတည်းကပါ။ အဲဒါကြောင့် ဆုတွေအများကြီးရအောင် လုပ်ပြီး အိမ်က အကြွေးတွေကို ဖြေရှင်းပေးချင်တဲ့ဆန္ဒက San Juanita မှာ အမြဲရှိနေခဲ့ပါတယ်။

San Juanita ကို ပြင်သစ်မှာ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် အမေဖြစ်သူက အစားအစာ၊ ထီနဲ့အခြားသော အသုံးအဆောင်တွေရောင်းပြီး ရှာဖွေပေးခဲ့ပါတယ်။ အားကစားသမားတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ဆိုတာ San Juanita ရဲ့အမေအတွက် မလွယ်ကူခဲ့ပါဘူး။

နိုင်ငံခြားမှာ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် San Juanita အမေရဲ့မိတ်ဆွေတွေကလည်း ဝိုင်းဝန်းကူညီပေးကြပါတယ်။ ဒါ့အပြင် ပြည်နယ်အာဏာပိုင်တွေကလည်း ကူညီပေးတာကြောင့်လည်း San Juanita အတွက် အဆင်ပြေသွားခဲ့ပါတယ်။

အခက်အခဲတွေကို ဖြတ်ကျော်ပြီး San Juanita က ဆုရရှိသွားတဲ့အပြင် အကြွေးတွေလည်း ဆပ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် San Juanita က အကြွေးတွေ ကြေသွားတဲ့အပြင် စကောလားရှစ်လည်း ရရှိသွားခဲ့ပါတယ်။

Zombie (lovemedia)

for zawgyi

အားကစားခ်န္ပီယံျဖစ္ေအာင္ ႀကိဳးစားၿပီး အိမ္က အေႂကြးေတြကို ဆပ္ေပးႏိုင္ခဲ့တဲ့ မိန္းကေလး

San Juanita Vargas ဆိုတဲ့မိန္းကေလးက မကၠဆီကိုႏိုင္ငံ Nuevo Leon ၿမိဳ႕မွာ ေနထိုင္ပါတယ္။ သူမဟာ အားကစားမွာ ထူးခြၽန္တာေၾကာင့္ ျပင္သစ္မွာ က်င္းပတဲ့ ၂၀၂၃ Olympic ၿပိဳင္ပြဲကို ဝင္ၿပိဳင္ခြင့္ရရွိသြားခဲ့ပါတယ္။ San Juanita က အားကစားၿပိဳင္ပြဲေတြမွာ ဆုေတြ အမ်ားႀကီးရခ်င္တဲ့အေၾကာင္းအရင္းက တကယ္ကို ေလးစားစရာေကာင္းပါတယ္။

San Juanita က ၂၀၂၃ Olympic ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့အခါ ေ႐ႊတံဆိပ္ဆုႏွစ္ဆုနဲ႔ ေငြတစ္ဆိပ္စုတစ္ဆုရရွိခဲ့ပါတယ္။ လွံတံပစ္ၿပိဳင္ပြဲမွာ ၁၆ မီတာနဲ႔ ၆၆ စင္တီမီတာအကြာအေဝးေရာက္ေအာင္ ပစ္ႏိုင္ဲ့တာေၾကာင့္ ကမာၻစံခ်ိန္ကို ခ်ိဳးသြားႏိုင္ခဲ့ၿပီး ေ႐ႊတံဆိပ္ဆု ရရွိခဲ့တာပါ။

San Juanita တို႔မိသားစုမွာ အေႂကြးေတြ အမ်ားႀကီးရွိေနခဲ့တာ အရင္ကတည္းကပါ။ အဲဒါေၾကာင့္ ဆုေတြအမ်ားႀကီးရေအာင္ လုပ္ၿပီး အိမ္က အေႂကြးေတြကို ေျဖရွင္းေပးခ်င္တဲ့ဆႏၵက San Juanita မွာ အၿမဲရွိေနခဲ့ပါတယ္။

San Juanita ကို ျပင္သစ္မွာ သြားေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ အေမျဖစ္သူက အစားအစာ၊ ထီနဲ႔အျခားေသာ အသုံးအေဆာင္ေတြေရာင္းၿပီး ရွာေဖြေပးခဲ့ပါတယ္။ အားကစားသမားတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ေပးဖို႔ဆိုတာ San Juanita ရဲ႕အေမအတြက္ မလြယ္ကူခဲ့ပါဘူး။

ႏိုင္ငံျခားမွာ သြားေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ San Juanita အေမရဲ႕မိတ္ေဆြေတြကလည္း ဝိုင္းဝန္းကူညီေပးၾကပါတယ္။ ဒါ့အျပင္ ျပည္နယ္အာဏာပိုင္ေတြကလည္း ကူညီေပးတာေၾကာင့္လည္း San Juanita အတြက္ အဆင္ေျပသြားခဲ့ပါတယ္။

အခက္အခဲေတြကို ျဖတ္ေက်ာ္ၿပီး San Juanita က ဆုရရွိသြားတဲ့အျပင္ အေႂကြးေတြလည္း ဆပ္ႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ San Juanita က အေႂကြးေတြ ေၾကသြားတဲ့အျပင္ စေကာလားရွစ္လည္း ရရွိသြားခဲ့ပါတယ္။

Zombie (lovemedia)