ဘယ်လောက်အတွေ့အကြုံများတဲ့ ကြောင်မွေးသူပဲ ဖြစ်နေပါစေ။ တစ်ခါတစ်လေမှာ အမှားအယွင်းဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ်ကကောင်းအောင် သေချာကျွေးမွေး ထားပေမယ့်လည်း သူ့ဘက်မှာ အဆိုးသွားဖြစ်နေ တတ်ပါတယ်။

ဒါကြောင့် ဘယ်လိုအချက်တွေက ကြောင်လေးတွေကို သွားထိခိုက်နေလဲဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁၀။ ကြောင်တွေကို သင်းကွပ် မပေးထားခြင်း

ဒီလို လုပ်ထားတာက ကြောင်တွေရဲ့ ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိစေပါတယ်။ ကြောင်အမတွေမှာဆိုရင် သားအိမ်အကျိတ်နှင့် အထီးမှာဆိုရင် ဝှေးစေ့အကျိတ် ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ ပြီးတော့ ကြောင်တွေကို သင်းကွပ်ပေးထားတာကြောင့် ရန်လိုတာတွေ၊ အိမ်က ထွက်ပြေးတာတွေ မရှိစေတော့ပါဘူး။

အပေါ်ပုံ- ကိုယ်ဝန်ဆောင်ကြောင်၏ ဓာတ်မှန်ပုံ။ အောက်ဓာတ်ပုံ- သင်းကွပ်ထားသောကြောင်၏ ဓာတ်မှန်ပုံ။

၉။ ကြောင်တွေကို ရေချိုးပေးခြင်း

တချို့ခွေးတွေတောင် ရေခဏခဏ ချိုးပေးရင် ကျန်းမာရေး ထိခိုက်တတ်ကြပါတယ်။ ဒါကြောင့် ကြောင်ကို ရေခဏခဏ ချိုးပေးစရာ မလိုပါဘူး။ အရမ်းညစ်ပတ်နေတယ် ဆိုရင်လည်း ရေပတ်လေးနဲ့သာ တိုက်ပေးသင့်ပါတယ်။ တကယ်လို့ မဖြစ်မနေ ချိုးပေးရမယ် ဆိုရင်တောင် မဖြစ်မနေ သန့်ရှင်းပေးရမယ့် နေရာတွေကိုပဲ ရေနဲ့ဆေးပေး သင့်ပါတယ်။

၈။ အစာခြောက်တွေကိုပဲ အမြဲတမ်း ကျွေးခြင်း

အစာခြောက်တွေဟာ ကြောင်တွေကို ခဏတာမျှသာ အဆာပြေစေပါတယ်။ သူ့ရဲ့ တကယ့် ဆာလောင်မှုကို မဖြေဖျောက်ပေးနိုင်ပါဘူး။ ကြောင်တွေဟာ တကယ်တမ်းတော့ ကြွက်တွေ၊ ပိုးဟပ်တွေ စတဲ့ အကောင်မျိုးတွေကိုသာ အစားများတာကြောင့် အစာခြောက်တွေဟာ သူတို့ကို အာသာမပြေ စေနိုင်ပါဘူး။ ဒါပေမယ့်လည်း အစာခြောက်ကို လုံးဝ မကျွေးတာမျိုးလည်း မလုပ်ပါနဲ့။ တစ်ခါတစ်ရံ သူတို့အရမ်း ဆာလောင်နေတဲ့ အချိန်မျိုးတွေမှာ ကျွေးဖို့အတွက် ဆောင်ထားသင့်ပါတယ်။

၇။ ပုံမှန်ဆေးစစ်ဆေးမှုတွေ မလုပ်ခြင်း

အိမ်အပြင်ကို ထွက်မလည်တဲ့ ကြောင်ကိုတောင် ဆေးထိုးပေး ထားသင့်ပါတယ်။ အိမ်ထဲမှာ နေနေတာနဲ့ပဲ သင့်ကြောင်ကို နေမကောင်း မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။ ၆ လတစ်ကြိမ် သင့်ကြောင်ကို တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ခေါ်သွားပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၆။ အပင်တွေ၊ ပန်းတွေစုံနေအောင် စိုက်ထားခြင်း

တချို့အလှပင်တွေဟာ အိမ်မွေးတိရစ္ဆာန်တွေကို အဆိပ်သင့်စေပါတယ်။ ကြောင်တွေဟာ တွေ့ရာအပင်တွေကို စားတတ်ကြပါတယ်။ ဒါကြောင့် သင့်အိမ်က သစ်ပင်ပန်းမန်တွေက သင့်ရဲ့ကြောင်လေးတွေအတွက် အန္တရာယ်မရှိဘူး ဆိုတာကို ကြိုတင်သေချာအောင် လုပ်ထားရင် ပိုကောင်းပါတယ်။ အဆိပ်သင့်ဆုံးအပင်တွေထဲမှာ azaleas၊ daffodils၊ ရှားစောင်းလက်ပတ်၊ begonias၊ Calla lilies နှင့် ficus တို့ ပါဝင်နေပါတယ်။

၅။ ကြောင်တွေကို အပြစ်ပေးခြင်း

ကြောင်တွေရဲ့ ပင်ကိုသဘာဝဟာ ခြစ်ကုတ်နေရတာကို ဝါသနာပါတာပါ။ ဒါကြောင့် သူတို့တစ်ခုခုကို ခြစ်ကုတ်နေတယ် ဆိုရင်လည်း အပြစ်သွားပေးလို့ မရပြန်ပါဘူး။ အကောင်းဆုံးကတော့ လူတွေနဲ့ ကစားတတ်အောင်၊ ရင်းနှီးအောင် သင်ပေးခြင်းပါပဲ။ ဒါဆိုရင် လူတွေနဲ့ ရင်းနှီးသွားပြီးတော့ အရင်လို ကုတ်ခြစ်တာတွေ သိပ်မလုပ်တော့ပါဘူး။ တကယ်လို့ အပြစ်ပေးမယ် ဆိုလည်း မလိမ္မာလာမယ့်အပြင် ပိုပြီးဆိုးသွမ်းတဲ့ ကြောင်တစ်ကောင်ကို ပိုင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။

၄။ ကလေးငယ်လေးတွေကို ကြောင်ဝယ်ပေးခြင်း

ငယ်ရွယ်သေးတဲ့ ကလေးတွေကို ကြောင်မဝယ် ပေးသင့်ပါဘူး။ ကလေးတွေရဲ့ အော်သံတွေက ကြောင်ကို ခြောက်လှန့်နေသလို ဖြစ်စေပြီးတော့ ကလေးကို ကုတ်ခြစ်တတ်ပါတယ်။

ဒါကြောင့် အိမ်မွေးတိရိစ္ဆာန် တစ်ကောင်ကောင်နဲ့ သင့်ကလေးကို တူတူပေးဆော့မယ် ဆိုရင်တော့ ဘေးနားကနေ အချိန်တိုင်း စောင့်ကြည့်နေသင့်ပါတယ်။

၃။ သင့်ကြောင်ကို ဂရုမစိုက်ပဲ ပစ်ထားမိခြင်း

လူသားတွေလိုပဲ ကြောင်တွေဟာလည်း နွေးထွေးမှုကို လိုအပ်ပါတယ်။ ကြောင်တွေရဲ့ သဘာဝက ကပ်ချွဲနေတတ်ကြတာကြောင့် သူတို့နဲ့ အတူတူဆော့ကစားပေးရင် အလွန်ကို ပျော်တတ်ကြပါတယ်။ ပြီးတော့ နေစရာ လုံလုံခြုံခြုံလေးလည်း လုပ်ပေးထားသင့်ပါတယ်။

၂။ သဘာဝနို့ကိုပဲ တိုက်ပါ

ကြောင်ပေါက်စလေးတွေကို ကြောင်မိခင်ကြီးဆီကနေပဲ ရတဲ့နို့ကိုပဲ တိုက်သင့်ပါတယ်။ တကယ်လို့ ရနိုင်ဖို့ မလွယ်ရင်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်၊ ဆိတ်နို့နှင့် တခြားသဘာဝနို့တွေကိုပဲ တိုက်သင့်ပါတယ်။ ဒါပေမယ့် မြီးကောင်ပေါက် အရွယ်ရောက်ရင် ကြောင်ရဲ့ခန္ဓာကိုယ်က အပြောင်းအလဲတွေ များစွာ ဖြစ်ပေါလာပြီး နို့ကို သောက်ဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်းကို လျော့နည်းသွားပါတယ်။ တချို့ အရွယ်ရောက်ပြီးသား တိရိစ္ဆာန်တွေ ဆိုရင်လည်း နို့ရည်ကို သည်းမခံနိုင်မှု ဖြစ်တတ်ပါတယ်။

၁။ လက်သည်းတွေ ညှပ်ပေးခြင်း

တချို့နိုင်ငံတွေမှာ ကြောင်တွေကို လက်သည်း ညှပ်ပေးတာက ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ဆောင်ချက်လို့ ယူဆထားကြပြီး အပြင်းအထန် တားမြစ်ထားပါတယ်။ ဒီလို ညှပ်ပေးတာက ကြောင်တွေရဲ့ လက်ဆစ်ကို ချိုးလိုက်သလိုပါပဲ။ ရလဒ်အနေနဲ့ကတော့ ကြောင်တွေ လမ်းလျှောက်ရင် ခြေထောက်တွေမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရစေတာပါပဲ။

Zombie (lovemedia)

for zawgyi

ေၾကာင္ေမြးထားသူေတြ လုပ္မိေနတတ္တဲ့ အမွား (၁၀) ခု

ဘယ္ေလာက္ပဲ အေတြ႕အႀကဳံမ်ားတဲ့ ေၾကာင္ေမြးသူပဲ ျဖစ္ေနပါေစ။ တစ္ခါတစ္ေလမွာ အမွားအယြင္းဆိုတာ ရွိတတ္ၾကပါတယ္။ ကိုယ္ကေကာင္းေအာင္ ေသခ်ာေကြၽးေမြး ထားေပမယ့္လည္း သူ႔ဘက္မွာ အဆိုးသြားျဖစ္ေန တတ္ပါတယ္။ ဒါေၾကာင့္ ဘယ္လိုအခ်က္ေတြက ေၾကာင္ေလးေတြကို သြားထိခိုက္ေနလဲဆိုတာကို love media ကေန ေျပာျပေပးပါမယ္ေနာ္။

၁၀။ ေၾကာင္ေတြကို သင္းကြပ္ မေပးထားျခင္း

ဒီလို လုပ္ထားတာက ေၾကာင္ေတြရဲ႕ က်န္းမာေရးအေပၚမွာ အမ်ားႀကီး သက္ေရာက္မႈ ရွိေစပါတယ္။ ေၾကာင္အမေတြမွာဆိုရင္ သားအိမ္အက်ိတ္ႏွင့္ အထီးမွာဆိုရင္ ေဝွးေစ့အက်ိတ္ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးပါတယ္။ ၿပီးေတာ့ ေၾကာင္ေတြကို သင္းကြပ္ေပးထားတာေၾကာင့္ ရန္လိုတာေတြ၊ အိမ္က ထြက္ေျပးတာေတြ မရွိေစေတာ့ပါဘူး။

အေပၚပုံ- ကိုယ္ဝန္ေဆာင္ေၾကာင္၏ ဓာတ္မွန္ပုံ။ ေအာက္ဓာတ္ပုံ- သင္းကြပ္ထားေသာေၾကာင္၏ ဓာတ္မွန္ပုံ။

၉။ ေၾကာင္ေတြကို ေရခ်ိဳးေပးျခင္း

တခ်ိဳ႕ေခြးေတြေတာင္ ေရခဏခဏ ခ်ိဳးေပးရင္ က်န္းမာေရး ထိခိုက္တတ္ၾကပါတယ္။ ဒါေၾကာင့္ ေၾကာင္ကို ေရခဏခဏ ခ်ိဳးေပးစရာ မလိုပါဘူး။ အရမ္းညစ္ပတ္ေနတယ္ ဆိုရင္လည္း ေရပတ္ေလးနဲ႔သာ တိုက္ေပးသင့္ပါတယ္။ တကယ္လို႔ မျဖစ္မေန ခ်ိဳးေပးရမယ္ ဆိုရင္ေတာင္ မျဖစ္မေန သန႔္ရွင္းေပးရမယ့္ ေနရာေတြကိုပဲ ေရနဲ႔ေဆးေပး သင့္ပါတယ္။

၈။ အစာေျခာက္ေတြကိုပဲ အၿမဲတမ္း ေကြၽးျခင္း

အစာေျခာက္ေတြဟာ ေၾကာင္ေတြကို ခဏတာမွ်သာ အဆာေျပေစပါတယ္။ သူ႔ရဲ႕ တကယ့္ ဆာေလာင္မႈကို မေျဖေဖ်ာက္ေပးႏိုင္ပါဘူး။ ေၾကာင္ေတြဟာ တကယ္တမ္းေတာ့ ႂကြက္ေတြ၊ ပိုးဟပ္ေတြ စတဲ့ အေကာင္မ်ိဳးေတြကိုသာ အစားမ်ားတာေၾကာင့္ အစာေျခာက္ေတြဟာ သူတို႔ကို အာသာမေျပ ေစႏိုင္ပါဘူး။ ဒါေပမယ့္လည္း အစာေျခာက္ကို လုံးဝ မေကြၽးတာမ်ိဳးလည္း မလုပ္ပါနဲ႔။ တစ္ခါတစ္ရံ သူတို႔အရမ္း ဆာေလာင္ေနတဲ့ အခ်ိန္မ်ိဳးေတြမွာ ေကြၽးဖို႔အတြက္ ေဆာင္ထားသင့္ပါတယ္။

၇။ ပုံမွန္ေဆးစစ္ေဆးမႈေတြ မလုပ္ျခင္း

အိမ္အျပင္ကို ထြက္မလည္တဲ့ ေၾကာင္ကိုေတာင္ ေဆးထိုးေပး ထားသင့္ပါတယ္။ အိမ္ထဲမွာ ေနေနတာနဲ႔ပဲ သင့္ေၾကာင္ကို ေနမေကာင္း မျဖစ္ႏိုင္ဘူးလို႔ ေျပာလို႔မရပါဘူး။ ၆ လတစ္ႀကိမ္ သင့္ေၾကာင္ကို တိရစာၦန္ေဆးကုဆရာဝန္ဆီ ေခၚသြားေပးတာက အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

၆။ အပင္ေတြ၊ ပန္းေတြစုံေနေအာင္ စိုက္ထားျခင္း

တခ်ိဳ႕အလွပင္ေတြဟာ အိမ္ေမြးတိရစာၦန္ေတြကို အဆိပ္သင့္ေစပါတယ္။ ေၾကာင္ေတြဟာ ေတြ႕ရာအပင္ေတြကို စားတတ္ၾကပါတယ္။ ဒါေၾကာင့္ သင့္အိမ္က သစ္ပင္ပန္းမန္ေတြက သင့္ရဲ႕ေၾကာင္ေလးေတြအတြက္ အႏၲရာယ္မရွိဘူး ဆိုတာကို ႀကိဳတင္ေသခ်ာေအာင္ လုပ္ထားရင္ ပိုေကာင္းပါတယ္။ အဆိပ္သင့္ဆုံးအပင္ေတြထဲမွာ azaleas၊ daffodils၊ ရွားေစာင္းလက္ပတ္၊ begonias၊ Calla lilies ႏွင့္ ficus တို႔ ပါဝင္ေနပါတယ္။

၅။ ေၾကာင္ေတြကို အျပစ္ေပးျခင္း

ေၾကာင္ေတြရဲ႕ ပင္ကိုသဘာဝဟာ ျခစ္ကုတ္ေနရတာကို ဝါသနာပါတာပါ။ ဒါေၾကာင့္ သူတို႔တစ္ခုခုကို ျခစ္ကုတ္ေနတယ္ ဆိုရင္လည္း အျပစ္သြားေပးလို႔ မရျပန္ပါဘူး။ အေကာင္းဆုံးကေတာ့ လူေတြနဲ႔ ကစားတတ္ေအာင္၊ ရင္းႏွီးေအာင္ သင္ေပးျခင္းပါပဲ။ ဒါဆိုရင္ လူေတြနဲ႔ ရင္းႏွီးသြားၿပီးေတာ့ အရင္လို ကုတ္ျခစ္တာေတြ သိပ္မလုပ္ေတာ့ပါဘူး။ တကယ္လို႔ အျပစ္ေပးမယ္ ဆိုလည္း မလိမၼာလာမယ့္အျပင္ ပိုၿပီးဆိုးသြမ္းတဲ့ ေၾကာင္တစ္ေကာင္ကို ပိုင္ဆိုင္သြားမွာပဲ ျဖစ္ပါတယ္။

၄။ ကေလးငယ္ေလးေတြကို ေၾကာင္ဝယ္ေပးျခင္း

ငယ္႐ြယ္ေသးတဲ့ ကေလးေတြကို ေၾကာင္မဝယ္ ေပးသင့္ပါဘူး။ ကေလးေတြရဲ႕ ေအာ္သံေတြက ေၾကာင္ကို ေျခာက္လွန႔္ေနသလို ျဖစ္ေစၿပီးေတာ့ ကေလးကို ကုတ္ျခစ္တတ္ပါတယ္။ ဒါေၾကာင့္ အိမ္ေမြးတိရိစာၦန္ တစ္ေကာင္ေကာင္နဲ႔ သင့္ကေလးကို တူတူေပးေဆာ့မယ္ ဆိုရင္ေတာ့ ေဘးနားကေန အခ်ိန္တိုင္း ေစာင့္ၾကည့္ေနသင့္ပါတယ္။

၃။ သင့္ေၾကာင္ကို ဂ႐ုမစိုက္ပဲ ပစ္ထားမိျခင္း

လူသားေတြလိုပဲ ေၾကာင္ေတြဟာလည္း ေႏြးေထြးမႈကို လိုအပ္ပါတယ္။ ေၾကာင္ေတြရဲ႕ သဘာဝက ကပ္ခြၽဲေနတတ္ၾကတာေၾကာင့္ သူတို႔နဲ႔ အတူတူေဆာ့ကစားေပးရင္ အလြန္ကို ေပ်ာ္တတ္ၾကပါတယ္။ ၿပီးေတာ့ ေနစရာ လုံလုံၿခဳံၿခဳံေလးလည္း လုပ္ေပးထားသင့္ပါတယ္။

၂။ သဘာဝႏို႔ကိုပဲ တိုက္ပါ

ေၾကာင္ေပါက္စေလးေတြကို ေၾကာင္မိခင္ႀကီးဆီကေနပဲ ရတဲ့ႏို႔ကိုပဲ တိုက္သင့္ပါတယ္။ တကယ္လို႔ ရႏိုင္ဖို႔ မလြယ္ရင္လည္း တိရစာၦန္ေဆးကုဆရာဝန္၊ ဆိတ္ႏို႔ႏွင့္ တျခားသဘာဝႏို႔ေတြကိုပဲ တိုက္သင့္ပါတယ္။ ဒါေပမယ့္ ၿမီးေကာင္ေပါက္ အ႐ြယ္ေရာက္ရင္ ေၾကာင္ရဲ႕ခႏၶာကိုယ္က အေျပာင္းအလဲေတြ မ်ားစြာ ျဖစ္ေပါလာၿပီး ႏို႔ကို ေသာက္ဖို႔အတြက္ လိုအပ္တဲ့ အင္ဇိုင္းကို ေလ်ာ့နည္းသြားပါတယ္။ တခ်ိဳ႕ အ႐ြယ္ေရာက္ၿပီးသား တိရိစာၦန္ေတြ ဆိုရင္လည္း ႏို႔ရည္ကို သည္းမခံႏိုင္မႈ ျဖစ္တတ္ပါတယ္။

၁။ လက္သည္းေတြ ညႇပ္ေပးျခင္း

တခ်ိဳ႕ႏိုင္ငံေတြမွာ ေၾကာင္ေတြကို လက္သည္း ညႇပ္ေပးတာက ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ေဆာင္ခ်က္လို႔ ယူဆထားၾကၿပီး အျပင္းအထန္ တားျမစ္ထားပါတယ္။ ဒီလို ညႇပ္ေပးတာက ေၾကာင္ေတြရဲ႕ လက္ဆစ္ကို ခ်ိဳးလိုက္သလိုပါပဲ။ ရလဒ္အေနနဲ႔ကေတာ့ ေၾကာင္ေတြ လမ္းေလွ်ာက္ရင္ ေျခေထာက္ေတြမွာ ျပင္းထန္တဲ့ နာက်င္မႈကို ခံစားရေစတာပါပဲ။

Zombie (lovemedia)