ကြောင်လေးတွေ၊ ခွေးလေးတွေကို အပြင်ခေါ်သွားရင် သူတို့ အရမ်းကို သဘောကျကြပါတယ်။ သူတို့ရဲ့ ပျော်နေတဲ့ ပုံလေးတွေက အရမ်းကို ချစ်စရာ ကောင်းပါတယ်။ တစ်ခါတရံမှာတော့ သူတိူ့ရဲ့ အမူအရာတွေက ရယ်ချင်စရာ ကောင်းနေပြန်ပါတယ်။

Pumpkin လို့ခေါ်တဲ့ အဝါရောင်ကြောင်လေးကို သူ့သခင်က အမှိုက်ပုံထဲကနေ မွေးစားထားတာပါ။ Pumpkin နဲ့အတူ သူ့အစ်ကို Moustachio ကိုလည်း သခင်က အတူတူ မွေးစားခဲ့ပါတယ်။

" Pumpkin ကငယ်ငယ်ကတည်းက ချစ်စရာ ကောင်းတယ်။ သူက စပ်လည်း စပ်စုတယ်။ အကင်းလည်း ပါးတယ်။ တခြား အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သူချစ်တယ်။ သူ့ကိုလည်း တခြား တိရစ္ဆာန်တွေကလည်း ချစ်ကြတယ်လို့ သူ့ရဲ့သခင်က ပြောပြပါတယ်။

ကြောင်လေး pumpkin ဟာ Cerebellar Hypiplasia ဆိုတဲ့ ဦးနှောက်ရောဂါ တစ်မျိုးကို ခံစားနေရတာပါ။ အဲဒါကြောင့် သူ့ဘဝမှာ အပြည့်အဝ မပျော်ရွှင်နိုင်ခဲ့ပါဘူး။

ကြောင်လေး pumpkin ဟာ ခရီးထွက်ရတာကို သဘောကျတာကြောင့် သူ့သခင်က သူ့ကို ကမ်းခြေခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Pumpkin က ကမ်းခြေကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ ကြောင်လေးက ကမ်းခြေမှာ အရမ်းကို ပျော်ရွှင်နေပုံပါပဲ။

ဒါပေမယ့် ကမ်းခြေက ပြင်းထန်တဲ့ လေကြမ်းတွေကိုတော့ သူ သဘောကျပုံ မပေါ်ပါဘူး။ ကမ်းခြေက ပြင်းထန်တဲ့ လေကြောင့် Pumpkin ရဲ့မျက်နှာက ဟာသပုံဖြစ်သွားပါတယ်။ ဟာသပုံ ဖြစ်သွားပေမယ့် သူ့မျက်နှာက ချစ်စရာ ကောင်းနေဆဲပါပဲ။

Pumpkin ရဲ့ မျက်နှာက ချစ်စရာ ကောင်းတာကြောင့် သူ့သခင် Tia က ဓါတ်ပုံတွေ၊ video တွေ ရိုက်ယူထား လိုက်ပါတယ်။ Pumpkin ရဲ့ ဓါတ်ပုံနဲ့ video တွေကို သူ့ရဲ့ facebook နဲ့ instagram pages တွေမှာ တင်လိုက်ပါတယ်။ သူ့ရဲ့ ရယ်စရာကောင်းတဲ့ မျက်နှာဟာ social media မှာ ပျံ့နှံ့သွားပြီး လူကြိုက်များသွားပါတယ်။

Zombie (Lovemedia)

for zawgyi

ကမ္းေျခကို ပထမဆုံးေရာက္တဲ့အခ်ိန္မွာ ျဖစ္သြားတဲ့ ရယ္စရာမ်က္ႏွာေၾကာင့္ နာမည္ႀကီးေနတဲ့ ေၾကာင္ေလး

ေၾကာင္ေလးေတြ၊ ေခြးေလးေတြကို အျပင္ေခၚသြားရင္ သူတို႔ အရမ္းကို သေဘာက်ၾကပါတယ္။ သူတို႔ရဲ႕ ေပ်ာ္ေနတဲ့ ပုံေလးေတြက အရမ္းကို ခ်စ္စရာ ေကာင္းပါတယ္။ တစ္ခါတရံမွာေတာ့ သူတိူ႔ရဲ႕ အမူအရာေတြက ရယ္ခ်င္စရာ ေကာင္းေနျပန္ပါတယ္။

Pumpkin လို႔ေခၚတဲ့ အဝါေရာင္ေၾကာင္ေလးကို သူ႔သခင္က အမႈိက္ပုံထဲကေန ေမြးစားထားတာပါ။ Pumpkin နဲ႔အတူ သူ႔အစ္ကို Moustachio ကိုလည္း သခင္က အတူတူ ေမြးစားခဲ့ပါတယ္။

" Pumpkin ကငယ္ငယ္ကတည္းက ခ်စ္စရာ ေကာင္းတယ္။ သူက စပ္လည္း စပ္စုတယ္။ အကင္းလည္း ပါးတယ္။ တျခား အိမ္ေမြးတိရစာၦန္ေတြကိုလည္း သူခ်စ္တယ္။ သူ႔ကိုလည္း တျခား တိရစာၦန္ေတြကလည္း ခ်စ္ၾကတယ္လို႔ သူ႔ရဲ႕သခင္က ေျပာျပပါတယ္။

ေၾကာင္ေလး pumpkin ဟာ Cerebellar Hypiplasia ဆိုတဲ့ ဦးေႏွာက္ေရာဂါ တစ္မ်ိဳးကို ခံစားေနရတာပါ။ အဲဒါေၾကာင့္ သူ႔ဘဝမွာ အျပည့္အဝ မေပ်ာ္႐ႊင္ႏိုင္ခဲ့ပါဘူး။

ေၾကာင္ေလး pumpkin ဟာ ခရီးထြက္ရတာကို သေဘာက်တာေၾကာင့္ သူ႔သခင္က သူ႔ကို ကမ္းေျခေခၚသြားဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ Pumpkin က ကမ္းေျခကို ပထမဆုံးအႀကိမ္ ေရာက္ဖူးတာပါ။ ေၾကာင္ေလးက ကမ္းေျခမွာ အရမ္းကို ေပ်ာ္႐ႊင္ေနပုံပါပဲ။

ဒါေပမယ့္ ကမ္းေျခက ျပင္းထန္တဲ့ ေလၾကမ္းေတြကိုေတာ့ သူ သေဘာက်ပုံ မေပၚပါဘူး။ ကမ္းေျခက ျပင္းထန္တဲ့ ေလေၾကာင့္ Pumpkin ရဲ႕မ်က္ႏွာက ဟာသပုံျဖစ္သြားပါတယ္။ ဟာသပုံ ျဖစ္သြားေပမယ့္ သူ႔မ်က္ႏွာက ခ်စ္စရာ ေကာင္းေနဆဲပါပဲ။

Pumpkin ရဲ႕ မ်က္ႏွာက ခ်စ္စရာ ေကာင္းတာေၾကာင့္ သူ႔သခင္ Tia က ဓါတ္ပုံေတြ၊ video ေတြ ႐ိုက္ယူထား လိုက္ပါတယ္။ Pumpkin ရဲ႕ ဓါတ္ပုံနဲ႔ video ေတြကို သူ႔ရဲ႕ facebook နဲ႔ instagram pages ေတြမွာ တင္လိုက္ပါတယ္။ သူ႔ရဲ႕ ရယ္စရာေကာင္းတဲ့ မ်က္ႏွာဟာ social media မွာ ပ်ံ႕ႏွံ႔သြားၿပီး လူႀကိဳက္မ်ားသြားပါတယ္။

Zombie (Lovemedia)