တခါတုန်းက ဆင်းရဲတဲ့ လယ်သမားတဦး ရှိပါသတဲ့ ။ သူရဲ့ တနှစ် စိုက်ပျိုးသီးနှံ ရောင်းရသမျှ ဝင်ငွေဟာ အပိုအလျှံ မရှိပဲ တနှစ်ပြီးတနှစ် လည်ပတ်နေရ ရှာတယ် ။ လယ်သမားမှာ ချောမောလှပတဲ့ သမီးလေး တယောက်လည်း ရှိတယ် ။ သူနေတဲ့ ရွာမှာတော့ သူ့ရဲ့ အလှဂုဏ်သတင်းဟာ ကာလသားတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတယ် ။

ဒီလိုနဲ့ ရာသီဥတု ဆိုးဝါးလှတဲ့ ရာသီတခုမှာတော့ လယ်သမားရဲ့ စိုက်ပျိုးသီးနှံတွေ အကုန်လုံး ပျက်စီးကုန်တယ် ။ အဲဒီအခါ ရွာမှာရှိတဲ့ ငွေတိုး ချေးစားတဲ့ သူဌေးတယောက် ဆီမှာ ငွေချေးရ ရှာတယ် ။ သူဌေးဟာ ငွေကြေးက လွဲပြီး ကျန်တာတွေ အားလုံး ဆင်းရဲသူသာ ဖြစ်တယ်။ ရုပ်ကလည်း ဆိုးတဲ့အပြင် စိတ်ကောင်းမရှိပဲ အမြတ်ကြီးစာသူ ဖြစ်တယ် ။

နှစ်ကုန်လို့ အကြွေး ပြန်ဆပ်ရမယ့်နေ့မှာ သူချေးယူထားတဲ့ ကြွေးမြီးရဲ့ အတိုးကြောင့် လယ်သမားခင်ဗျာ ကြွေးမဆပ်နိုင် ဖြစ်နေခဲ့ရတယ် ။ သူ့အနေနဲ့ နောက်ထပ်တနှစ် အကြွေး ထပ်ထားခဲ့ရင်လည်း သူ့လယ်တော တခုလုံးကို အကြွေးရှင်ရဲ့ လက်ထဲကို ပေးအပ်ရမယ့် အခြေအနေ ဖြစ်လာပြန်တယ် ။

တနေ့တော့ ကြွေးရှင်ဟာ လယ်သမားဆီကို ရောက်လာပြီး ဒီလိုပြောတယ် ။ " ခင်ဗျားရဲ့ သမီးလေးကို ကျုပ်နဲ့ ပေးစားမယ်ဆိုရင် အကြွေးတွေ လျှော်ပေးမယ် " အဲဒီအခါ လယ်သမားက တူးတူးခါးခါးပဲ ငြင်းဆန် လိုက်တယ် ။ သူဌေးဟာ မကျေမချမ်းနဲ့ ပြန်သွားပေမယ့် လက်လျော့မယ့်ပုံတော့ မပေါက်ဘူး ။ နောက်တနေ့မှာလည်း အကြွေးရှင်သူဌေး ရောက်လာ ပြန်တယ် ။

ဒီတခါတော့ သူဟာ လယ်သမားရော သူ့သမီးလေးရောကိုပါ လမ်းလျှောက်ရင်း စကားပြောဖို့ လာရောက် ခေါ်ဆောင်တယ်။ သူတို့သုံးယောက်ဟာ လယ်သမားရဲ့ လယ်တောကိုသွားတဲ့ ကျောက်ခင်းလမ်းကလေးမှာ အတူတကွ လမ်းလျှောက်ရင်း စကားပြောကြတယ် ။ သူတို့လမ်းလျှောက်သွားရင်း ကျောက်ခင်းလမ်း တနေရာမှာ အကြွေးရှင်သူဌေးက ရပ်နားလိုက်တယ် ။

ပြီးတော့ သူက ဒီလိုပြောတယ် " ဒီအတိုင်းတော့ ကျနော့်ရဲ့ အကြွေးတွေကို လျော်မပေးနိုင်ဘူး၊ ခင်ဗျားတို့ တခုခုတော့ လုပ်ပေးမှ ရမယ်။ ခင်ဗျားတို့ကို ရွေးချယ်ခွင့်တော့ ပေးထားမယ်။ နံပါတ်တစ် အနေနဲ့က ခင်ဗျားသမီးလေးကို ကျနော်နဲ့ လက်ထပ်ပေးရမယ်၊ အကြွေးတွေကိုလည်း လျော်ပေးမယ်။ နံပါတ်နှစ် ကတော့ ခင်ဗျားသမီး ကျနော်နဲ့ လက်ထပ်စရာ မလိုပဲ အကြွေးတွေကို free လျော်ပေးမယ် ။

အဲဒီမှာ နံပါတ်တစ်က ကျောက်စရစ်ခဲ အမည်းကို ကိုယ်စားပြုမယ် ။ နံပါတ် နှစ်က ကျောက်စရစ်ခဲ အဖြူပေါ့ဗျာ ။ ဟောဒီကျောက်ပုံထဲက ကျောက်တုံးနှစ်တုံးကို အိတ်ထဲထည့်ပြီး ခင်ဗျားရဲ့သမီးလေးကို နှိုက်ခိုင်းမယ် ။ အဖြူကျမလား အမည်းကျမလား ဆိုတာတော့ ကံတရားက အဆုံးအဖြတ် ပေးလိမ့်မယ် "

လယ်သမားဟာ စိတ်ဖိစီးမှုတွေနဲ့ ချွေးစေးပြန်လာခဲ့တယ် ။ လက်ဖျားခြေဖျားတွေမှာ သွေးမလျှောက်တော့ သလို ဖြစ်လာခဲ့တယ် ။ သူချစ်တဲ့သမီးလေးကို လက်လွှတ်ဖို့ ကံကြမ္မာ ဖန်လာတာလားလို့ တွေးတော ဝမ်းနည်းလာတယ် ။ တကယ်လို့ သူတို့သားအဖ နှစ်ယောက်ဟာ ကျောက်စရစ်ခဲ အမည်းရောင်ကို ရွေးချယ်မိ ခဲ့ရင်တော့ သူနှလုံးသည်းပွတ် ကွဲကြေမှာ သေချာတယ် ။

ကျောက်စရစ်ခဲ အမည်းနဲ့ အဖြူဟာ ထက်ဝက်စီ အချိုးနဲ့ သူတို့ကံတရားကို အဆုံးအဖြတ် ပေးကြတော့မှာ ဖြစ်တယ် ။ ကျောက်စရစ်ခဲ အဖြူကျပါစေ လို့ပဲ ဆုတောင်းနေမိ ခဲ့တယ် ။ သူဌေးဟာ ပြောပြောဆိုဆိုနဲ့ ကျောက်စရစ်ပုံထဲက ကျောက်တုံးနှစ်တုံးကို ယူပြီး အိတ်ထဲကို ထည့်လိုက်တယ် ။

မျက်စိရှင်တဲ့ သမီးလေးက သူဌေးရဲ့ ကလိမ်ကျမှုကို မြင်ဖြစ်အောင် မြင်လိုက်တယ် ။ အဲဒါကတော့ သူဌေးဟာ ကျောက်စရစ် အဖြူတခဲ၊ အမည်းတခဲ ရွေးရမယ့်အစား ကျောက်စရစ် အမည်းနှစ်ခဲ ကို ယူပြီး အိတ်ထဲကို ထည့်လိုက်တာပဲ ဖြစ်တယ် ။ လယ်သမားကတော့ အဲဒီအဖြစ်အပျက်ကို မမြင်လိုက် မိဘူး ။

ကလေးမလေးဟာ ဘာမှမပြောပဲ သူဌေးကို စေ့စေ့ ကြည့်တယ် ။ ပြီးတော့ လှပစွာပဲ ပြုံးရင်းနဲ့ အနားကပ်လာတယ် ။ ပြီးတော့ ပေါ့ပေါ့ပါးပါးလေးပဲ အိတ်ထဲကို နှိုက်လိုက်တယ် ။ ပြီးတော့ ကျောက်ခဲကို ကြည့်တောင် မကြည့်ပဲ ကျောက်စရစ်ခဲပုံ ထဲကို လွှင့်ပစ်လိုက်တယ် ။ ပြီးတော့ ဒီလိုပြောတယ်

" အိတ်ထဲက ကျောက်ခဲက ဘာရောင်လဲ ဆိုတာ ရှင်ဘာသာ ရှင်ပဲ ကြည့်လိုက်တော့ ။ ဒါဆို ကျွန်မ ဘာရွေးခဲ့သလဲ ဆိုတာ ကိုလည်း ရှင့်ဟာရှင်ပဲ သိလိုက်တော့ " လို့ပြောခဲ့တယ် ။ သူဌေးဟာ အံ့သြမှုတွေနဲ့ ဆွံ့အနေ ခဲ့တယ် ။ သူ့ရဲ့ မရိုးသားမှု ကိုလည်း ရှက်ရွံ့နေ ပါတော့တယ် ။

ဒီပုံပြင်ဟာ impossible situation (မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေ) တခုကနေ အားသာချက်တခုကို ဉာဏ်ပညာနဲ့ ကူးပြောင်းနိုင်တယ်လို့ ဆိုလိုချင်တာပဲ ဖြစ်တယ် ။ တကယ်လို့ ဘဝတကွေ့မှာ အကျပ်အတည်း ကန့်သတ်ချက်တွေနဲ့ ကိုယ့်ရဲ့ တက်လမ်းနဲ့ ရပိုင်ခွင့်တစုံတရာကို လိမ်ညာလှည့်ဖျားပြီး ညစ်ပတ်ထားသူတွေ ကြုံကောင်း ကြုံလာနိုင်မှာပဲ ဖြစ်တယ် ။

အဲဒီလို အချိန်မျိုး ကြုံလာခဲ့တဲ့အခါ လယ်သမားကြီးလို ရင်တုန်ပန်းတုန်နဲ့ ကြောက်လန့်မနေပဲ ခေါင်းအေးအေးထားပြီး အကောင်းဆုံး အဖြေကို ရှာသင့်တယ် လို့ ဆိုပါတယ် ။ Most problems do have a solution , sometimes we just need to think in a different way ဆိုတဲ့ စကားလို မတူကွဲပြားတဲ့ နည်းလမ်းတခုကို စဉ်းစားပြီး အဖြေထုတ်နိုင်တယ် လို့ဆိုတယ် ။ အကျပ်အတည်းများ ကြုံရခြင်းမှ ကင်းကွာကြပါစေ ။

crd

Zawgyi

သူေဌးယုတ္ႏွင့္ လယ္သမားသမီး

တခါတုန္းက ဆင္းရဲတဲ့ လယ္သမားတဦး ရွိပါသတဲ့ ။ သူရဲ႕ တႏွစ္ စိုက္ပ်ိဳးသီးႏွံ ေရာင္းရသမွ် ဝင္ေငြဟာ အပိုအလွ်ံ မရွိပဲ တႏွစ္ၿပီးတႏွစ္ လည္ပတ္ေနရ ရွာတယ္ ။ လယ္သမားမွာ ေခ်ာေမာလွပတဲ့ သမီးေလး တေယာက္လည္း ရွိတယ္ ။ သူေနတဲ့ ႐ြာမွာေတာ့ သူ႔ရဲ႕ အလွဂုဏ္သတင္းဟာ ကာလသားတိုင္းရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားတယ္ ။

ဒီလိုနဲ႔ ရာသီဥတု ဆိုးဝါးလွတဲ့ ရာသီတခုမွာေတာ့ လယ္သမားရဲ႕ စိုက္ပ်ိဳးသီးႏွံေတြ အကုန္လုံး ပ်က္စီးကုန္တယ္ ။ အဲဒီအခါ ႐ြာမွာရွိတဲ့ ေငြတိုး ေခ်းစားတဲ့ သူေဌးတေယာက္ ဆီမွာ ေငြေခ်းရ ရွာတယ္ ။ သူေဌးဟာ ေငြေၾကးက လြဲၿပီး က်န္တာေတြ အားလုံး ဆင္းရဲသူသာ ျဖစ္တယ္။ ႐ုပ္ကလည္း ဆိုးတဲ့အျပင္ စိတ္ေကာင္းမရွိပဲ အျမတ္ႀကီးစာသူ ျဖစ္တယ္ ။

ႏွစ္ကုန္လို႔ အေႂကြး ျပန္ဆပ္ရမယ့္ေန႔မွာ သူေခ်းယူထားတဲ့ ေႂကြးၿမီးရဲ႕ အတိုးေၾကာင့္ လယ္သမားခင္ဗ်ာ ေႂကြးမဆပ္ႏိုင္ ျဖစ္ေနခဲ့ရတယ္ ။ သူ႔အေနနဲ႔ ေနာက္ထပ္တႏွစ္ အေႂကြး ထပ္ထားခဲ့ရင္လည္း သူ႔လယ္ေတာ တခုလုံးကို အေႂကြးရွင္ရဲ႕ လက္ထဲကို ေပးအပ္ရမယ့္ အေျခအေန ျဖစ္လာျပန္တယ္ ။

တေန႔ေတာ့ ေႂကြးရွင္ဟာ လယ္သမားဆီကို ေရာက္လာၿပီး ဒီလိုေျပာတယ္ ။ " ခင္ဗ်ားရဲ႕ သမီးေလးကို က်ဳပ္နဲ႔ ေပးစားမယ္ဆိုရင္ အေႂကြးေတြ ေလွ်ာ္ေပးမယ္ " အဲဒီအခါ လယ္သမားက တူးတူးခါးခါးပဲ ျငင္းဆန္ လိုက္တယ္ ။ သူေဌးဟာ မေက်မခ်မ္းနဲ႔ ျပန္သြားေပမယ့္ လက္ေလ်ာ့မယ့္ပုံေတာ့ မေပါက္ဘူး ။ ေနာက္တေန႔မွာလည္း အေႂကြးရွင္သူေဌး ေရာက္လာ ျပန္တယ္ ။

ဒီတခါေတာ့ သူဟာ လယ္သမားေရာ သူ႔သမီးေလးေရာကိုပါ လမ္းေလွ်ာက္ရင္း စကားေျပာဖို႔ လာေရာက္ ေခၚေဆာင္တယ္။ သူတို႔သုံးေယာက္ဟာ လယ္သမားရဲ႕ လယ္ေတာကိုသြားတဲ့ ေက်ာက္ခင္းလမ္းကေလးမွာ အတူတကြ လမ္းေလွ်ာက္ရင္း စကားေျပာၾကတယ္ ။ သူတို႔လမ္းေလွ်ာက္သြားရင္း ေက်ာက္ခင္းလမ္း တေနရာမွာ အေႂကြးရွင္သူေဌးက ရပ္နားလိုက္တယ္ ။

ၿပီးေတာ့ သူက ဒီလိုေျပာတယ္ " ဒီအတိုင္းေတာ့ က်ေနာ့္ရဲ႕ အေႂကြးေတြကို ေလ်ာ္မေပးႏိုင္ဘူး၊ ခင္ဗ်ားတို႔ တခုခုေတာ့ လုပ္ေပးမွ ရမယ္။ ခင္ဗ်ားတို႔ကို ေ႐ြးခ်ယ္ခြင့္ေတာ့ ေပးထားမယ္။ နံပါတ္တစ္ အေနနဲ႔က ခင္ဗ်ားသမီးေလးကို က်ေနာ္နဲ႔ လက္ထပ္ေပးရမယ္၊ အေႂကြးေတြကိုလည္း ေလ်ာ္ေပးမယ္။ နံပါတ္ႏွစ္ ကေတာ့ ခင္ဗ်ားသမီး က်ေနာ္နဲ႔ လက္ထပ္စရာ မလိုပဲ အေႂကြးေတြကို free ေလ်ာ္ေပးမယ္ ။

အဲဒီမွာ နံပါတ္တစ္က ေက်ာက္စရစ္ခဲ အမည္းကို ကိုယ္စားျပဳမယ္ ။ နံပါတ္ ႏွစ္က ေက်ာက္စရစ္ခဲ အျဖဴေပါ့ဗ်ာ ။ ေဟာဒီေက်ာက္ပုံထဲက ေက်ာက္တုံးႏွစ္တုံးကို အိတ္ထဲထည့္ၿပီး ခင္ဗ်ားရဲ႕သမီးေလးကို ႏႈိက္ခိုင္းမယ္ ။ အျဖဴက်မလား အမည္းက်မလား ဆိုတာေတာ့ ကံတရားက အဆုံးအျဖတ္ ေပးလိမ့္မယ္ "

လယ္သမားဟာ စိတ္ဖိစီးမႈေတြနဲ႔ ေခြၽးေစးျပန္လာခဲ့တယ္ ။ လက္ဖ်ားေျခဖ်ားေတြမွာ ေသြးမေလွ်ာက္ေတာ့ သလို ျဖစ္လာခဲ့တယ္ ။ သူခ်စ္တဲ့သမီးေလးကို လက္လႊတ္ဖို႔ ကံၾကမၼာ ဖန္လာတာလားလို႔ ေတြးေတာ ဝမ္းနည္းလာတယ္ ။ တကယ္လို႔ သူတို႔သားအဖ ႏွစ္ေယာက္ဟာ ေက်ာက္စရစ္ခဲ အမည္းေရာင္ကို ေ႐ြးခ်ယ္မိ ခဲ့ရင္ေတာ့ သူႏွလုံးသည္းပြတ္ ကြဲေၾကမွာ ေသခ်ာတယ္ ။

ေက်ာက္စရစ္ခဲ အမည္းနဲ႔ အျဖဴဟာ ထက္ဝက္စီ အခ်ိဳးနဲ႔ သူတို႔ကံတရားကို အဆုံးအျဖတ္ ေပးၾကေတာ့မွာ ျဖစ္တယ္ ။ ေက်ာက္စရစ္ခဲ အျဖဴက်ပါေစ လို႔ပဲ ဆုေတာင္းေနမိ ခဲ့တယ္ ။ သူေဌးဟာ ေျပာေျပာဆိုဆိုနဲ႔ ေက်ာက္စရစ္ပုံထဲက ေက်ာက္တုံးႏွစ္တုံးကို ယူၿပီး အိတ္ထဲကို ထည့္လိုက္တယ္ ။

မ်က္စိရွင္တဲ့ သမီးေလးက သူေဌးရဲ႕ ကလိမ္က်မႈကို ျမင္ျဖစ္ေအာင္ ျမင္လိုက္တယ္ ။ အဲဒါကေတာ့ သူေဌးဟာ ေက်ာက္စရစ္ အျဖဴတခဲ၊ အမည္းတခဲ ေ႐ြးရမယ့္အစား ေက်ာက္စရစ္ အမည္းႏွစ္ခဲ ကို ယူၿပီး အိတ္ထဲကို ထည့္လိုက္တာပဲ ျဖစ္တယ္ ။ လယ္သမားကေတာ့ အဲဒီအျဖစ္အပ်က္ကို မျမင္လိုက္ မိဘူး ။

ကေလးမေလးဟာ ဘာမွမေျပာပဲ သူေဌးကို ေစ့ေစ့ ၾကည့္တယ္ ။ ၿပီးေတာ့ လွပစြာပဲ ၿပဳံးရင္းနဲ႔ အနားကပ္လာတယ္ ။ ၿပီးေတာ့ ေပါ့ေပါ့ပါးပါးေလးပဲ အိတ္ထဲကို ႏႈိက္လိုက္တယ္ ။ ၿပီးေတာ့ ေက်ာက္ခဲကို ၾကည့္ေတာင္ မၾကည့္ပဲ ေက်ာက္စရစ္ခဲပုံ ထဲကို လႊင့္ပစ္လိုက္တယ္ ။ ၿပီးေတာ့ ဒီလိုေျပာတယ္

" အိတ္ထဲက ေက်ာက္ခဲက ဘာေရာင္လဲ ဆိုတာ ရွင္ဘာသာ ရွင္ပဲ ၾကည့္လိုက္ေတာ့ ။ ဒါဆို ကြၽန္မ ဘာေ႐ြးခဲ့သလဲ ဆိုတာ ကိုလည္း ရွင့္ဟာရွင္ပဲ သိလိုက္ေတာ့ " လို႔ေျပာခဲ့တယ္ ။ သူေဌးဟာ အံ့ၾသမႈေတြနဲ႔ ဆြံ႕အေန ခဲ့တယ္ ။ သူ႔ရဲ႕ မ႐ိုးသားမႈ ကိုလည္း ရွက္႐ြံ႕ေန ပါေတာ့တယ္ ။

ဒီပုံျပင္ဟာ impossible situation (ေမွ်ာ္လင့္ခ်က္ ကင္းမဲ့ေသာ အေျခအေန) တခုကေန အားသာခ်က္တခုကို ဉာဏ္ပညာနဲ႔ ကူးေျပာင္းႏိုင္တယ္လို႔ ဆိုလိုခ်င္တာပဲ ျဖစ္တယ္ ။ တကယ္လို႔ ဘဝတေကြ႕မွာ အက်ပ္အတည္း ကန႔္သတ္ခ်က္ေတြနဲ႔ ကိုယ့္ရဲ႕ တက္လမ္းနဲ႔ ရပိုင္ခြင့္တစုံတရာကို လိမ္ညာလွည့္ဖ်ားၿပီး ညစ္ပတ္ထားသူေတြ ႀကဳံေကာင္း ႀကဳံလာႏိုင္မွာပဲ ျဖစ္တယ္ ။

အဲဒီလို အခ်ိန္မ်ိဳး ႀကဳံလာခဲ့တဲ့အခါ လယ္သမားႀကီးလို ရင္တုန္ပန္းတုန္နဲ႔ ေၾကာက္လန႔္မေနပဲ ေခါင္းေအးေအးထားၿပီး အေကာင္းဆုံး အေျဖကို ရွာသင့္တယ္ လို႔ ဆိုပါတယ္ ။ Most problems do have a solution , sometimes we just need to think in a different way ဆိုတဲ့ စကားလို မတူကြဲျပားတဲ့ နည္းလမ္းတခုကို စဥ္းစားၿပီး အေျဖထုတ္ႏိုင္တယ္ လို႔ဆိုတယ္ ။ အက်ပ္အတည္းမ်ား ႀကဳံရျခင္းမွ ကင္းကြာၾကပါေစ ။

crd