ဒို့ဆီမှာ သူဌေးတွေအများကြီးပဲ။ ဟုတ်တယ် ဈေးထဲက ပဲပြုတ်သည်ကို ကြည့်တော့ ပဲက တမျိုးပဲ ရောင်းတယ်။ အဲ့ဒါနဲ့ "အမရယ် ပဲပြုတ်က ၂ မျိုး ၃ မျိုး ရောင်းလို့ရတာကို" လို့ပြောတော့ ပြန်မဖြေဘူး။ "အမက ပဲတမျိုးကို ရောင်းလို့ ဥပမာ ၅၀၀၀ မြတ်ရင် ၂ မျိုး ၃ မျိုး တင်တော့ ပိုမြတ်မှာပေါ့" ဆိုတော့ အလုပ်ရူပ်တယ် မရောင်းချင်ဘူးတဲ့။

ဂိတ်မှာ အိပ်နေတဲ့ ဆိုက်ကားသမားကို တိုက်ခန်းပေါ် ပစ္စည်းတင်ဖို့ ခေါ်မိတယ်။ "ကျနော် သွားစရာရှိလို့" ဆိုပြီး ပြန်အိပ်နေတယ်။ ၁၀ မိနစ်လောက် သူပစ္စည်း တင်ပေးလိုက်ရင် ၄၊ ၅ ထောင်ရမှာ။ မလုပ်ဘူး။

ရွှေတိဂုံဘုရားကနေ ယုဇနပလာဇာကို ၃၀၀၀ ပေး ငှားတယ်။ မလိုက်ဘူးတဲ့ ကားပိတ်မှာ ကြောက်လို့တဲ့။ ပိတ်မှာကြောက်ရင် ဘာလို့ ကားမောင်းနေလဲ မသိဘူး။

ကိုယ်အိမ်ကို နောက်ကျမှ ပြန်ရောက်လို့ ရေသန့်ဗူးကို ဖုန်းဆက်တဲ့အချိန် လာပို့ပါ ၅၀၀ ပိုပေးမယ် ဆိုတာကို လာမပို့ဘူး။ ကိုယ်သွားကြည့်တော့ ဖုန်းထိုင်ကြည့်နေတယ်။

ပစ္စည်းပို့စရာရှိလို့ အောင်ဆန်းကွင်းကို ၈ နာရီ သွားပို့တယ်။ ဂိတ်ကကောင်တွေက အထဲကနေ ၈ နာရီခွဲမှ ဂိတ်ဖွင့်မယ်လို့ ပြန်ပြောတယ်။ အမှန်က တံခါးဖွင့်ပြီး ပစ္စည်းယူလိုက်ရင် ရပြီ။

ထမင်းဆိုင်မှာ ကြက်သား အာလူး ရောရောင်းတာကို အာလူးပဲ သပ်သပ်ပေးပါ ပိုက်ဆံပိုပေးပါမယ် ဆိုတာကို ခွဲမရောင်းဘူးတဲ့။ ကောက်ညှင်းပေါင်းသည်က ငချိတ်တရက် ဆီထမင်းတရက် ရောင်းတယ်။ တွဲရောင်းပါလား ဆိုတော့ သူက တရက်စီပဲ ရောင်းတာတဲ့ တမျိုးကို။

မှာထားတာ လာပို့တဲ့ Delivery သမားကို ဒီအချိန်တွေ အလုပ်မအားလို့ ညနေမှ လာပို့ပေးပါ၊ ကျတဲ့ deli ခထက် ပိုပေးပါမယ် လို့ ပြောတာကို ကျနော်တို့က ဒီအချိန်ပဲ လာပို့လို့ ရမှာတဲ့။

ည ၇ နာရီလောက် အိမ်သော့ပျောက်လို့ သော့ပြင်တဲ့လူကို သွားခေါ်တယ်။ ပုံမှန် သော့ဖျက်ပေးတာကို ၈၀၀၀ ယူတယ်။ ကိုယ်က ၁၅၀၀၀ ပေးမယ် ပြောပြီးခေါ်တာကို မိုးချုပ်နေပြီ မလိုက်တော့ဘူးလို့ ပြောတယ်။ ကိုယ့်အိမ်က သူ့ဆိုင်က လှမ်းကြည့်ရင်တောင် မြင်နေရတာ။

အိမ်မှာ သစ်သားအကောင်းတွေ ပိုနေလို့ အမှိုက်ပစ်တဲ့လူကို လက်ဆောင် ထည့်ပေးမိတယ်။ ကျနော်တို့က မလိုဘူး ဆိုပြီး သယ်ရမှာ ပျင်းတာနဲ့ ယူမသွားဘူး။

ပြီးရင် စီးပွားရေးက ဘာဖြစ်တယ် ညာဖြစ်တယ်၊ နိုင်ငံကြီးက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ကြည့်လိုက်ရင် ဒီလိုလူတွေချည်းပဲ။ လူစီး လူကပ် လူပေလူတေတွေ။ အဲ့ဒါကြောင့် ပြောတာ ဒီမှာက လုပ်မစားချင်တဲ့ သူဌေးတွေ အများကြီးပဲ။ Crd

Zawgyi

လုပ္မစားခ်င္ေသာ သူေဌးမ်ား

ဒို႔ဆီမွာ သူေဌးေတြအမ်ားႀကီးပဲ။ ဟုတ္တယ္ ေဈးထဲက ပဲျပဳတ္သည္ကို ၾကည့္ေတာ့ ပဲက တမ်ိဳးပဲ ေရာင္းတယ္။ အဲ့ဒါနဲ႔ "အမရယ္ ပဲျပဳတ္က ၂ မ်ိဳး ၃ မ်ိဳး ေရာင္းလို႔ရတာကို" လို႔ေျပာေတာ့ ျပန္မေျဖဘူး။ "အမက ပဲတမ်ိဳးကို ေရာင္းလို႔ ဥပမာ ၅၀၀၀ ျမတ္ရင္ ၂ မ်ိဳး ၃ မ်ိဳး တင္ေတာ့ ပိုျမတ္မွာေပါ့" ဆိုေတာ့ အလုပ္႐ူပ္တယ္ မေရာင္းခ်င္ဘူးတဲ့။

ဂိတ္မွာ အိပ္ေနတဲ့ ဆိုက္ကားသမားကို တိုက္ခန္းေပၚ ပစၥည္းတင္ဖို႔ ေခၚမိတယ္။ "က်ေနာ္ သြားစရာရွိလို႔" ဆိုၿပီး ျပန္အိပ္ေနတယ္။ ၁၀ မိနစ္ေလာက္ သူပစၥည္း တင္ေပးလိုက္ရင္ ၄၊ ၅ ေထာင္ရမွာ။ မလုပ္ဘူး။

ေ႐ႊတိဂုံဘုရားကေန ယုဇနပလာဇာကို ၃၀၀၀ ေပး ငွားတယ္။ မလိုက္ဘူးတဲ့ ကားပိတ္မွာ ေၾကာက္လို႔တဲ့။ ပိတ္မွာေၾကာက္ရင္ ဘာလို႔ ကားေမာင္းေနလဲ မသိဘူး။

ကိုယ္အိမ္ကို ေနာက္က်မွ ျပန္ေရာက္လို႔ ေရသန႔္ဗူးကို ဖုန္းဆက္တဲ့အခ်ိန္ လာပို႔ပါ ၅၀၀ ပိုေပးမယ္ ဆိုတာကို လာမပို႔ဘူး။ ကိုယ္သြားၾကည့္ေတာ့ ဖုန္းထိုင္ၾကည့္ေနတယ္။

ပစၥည္းပို႔စရာရွိလို႔ ေအာင္ဆန္းကြင္းကို ၈ နာရီ သြားပို႔တယ္။ ဂိတ္ကေကာင္ေတြက အထဲကေန ၈ နာရီခြဲမွ ဂိတ္ဖြင့္မယ္လို႔ ျပန္ေျပာတယ္။ အမွန္က တံခါးဖြင့္ၿပီး ပစၥည္းယူလိုက္ရင္ ရၿပီ။

ထမင္းဆိုင္မွာ ၾကက္သား အာလူး ေရာေရာင္းတာကို အာလူးပဲ သပ္သပ္ေပးပါ ပိုက္ဆံပိုေပးပါမယ္ ဆိုတာကို ခြဲမေရာင္းဘူးတဲ့။ ေကာက္ညႇင္းေပါင္းသည္က ငခ်ိတ္တရက္ ဆီထမင္းတရက္ ေရာင္းတယ္။ တြဲေရာင္းပါလား ဆိုေတာ့ သူက တရက္စီပဲ ေရာင္းတာတဲ့ တမ်ိဳးကို။

မွာထားတာ လာပို႔တဲ့ Delivery သမားကို ဒီအခ်ိန္ေတြ အလုပ္မအားလို႔ ညေနမွ လာပို႔ေပးပါ၊ က်တဲ့ deli ခထက္ ပိုေပးပါမယ္ လို႔ ေျပာတာကို က်ေနာ္တို႔က ဒီအခ်ိန္ပဲ လာပို႔လို႔ ရမွာတဲ့။

ည ၇ နာရီေလာက္ အိမ္ေသာ့ေပ်ာက္လို႔ ေသာ့ျပင္တဲ့လူကို သြားေခၚတယ္။ ပုံမွန္ ေသာ့ဖ်က္ေပးတာကို ၈၀၀၀ ယူတယ္။ ကိုယ္က ၁၅၀၀၀ ေပးမယ္ ေျပာၿပီးေခၚတာကို မိုးခ်ဳပ္ေနၿပီ မလိုက္ေတာ့ဘူးလို႔ ေျပာတယ္။ ကိုယ့္အိမ္က သူ႔ဆိုင္က လွမ္းၾကည့္ရင္ေတာင္ ျမင္ေနရတာ။

အိမ္မွာ သစ္သားအေကာင္းေတြ ပိုေနလို႔ အမႈိက္ပစ္တဲ့လူကို လက္ေဆာင္ ထည့္ေပးမိတယ္။ က်ေနာ္တို႔က မလိုဘူး ဆိုၿပီး သယ္ရမွာ ပ်င္းတာနဲ႔ ယူမသြားဘူး။

ၿပီးရင္ စီးပြားေရးက ဘာျဖစ္တယ္ ညာျဖစ္တယ္၊ ႏိုင္ငံႀကီးက ဘာျဖစ္တယ္ ညာျဖစ္တယ္ဆိုၿပီး ၾကည့္လိုက္ရင္ ဒီလိုလူေတြခ်ည္းပဲ။ လူစီး လူကပ္ လူေပလူေတေတြ။ အဲ့ဒါေၾကာင့္ ေျပာတာ ဒီမွာက လုပ္မစားခ်င္တဲ့ သူေဌးေတြ အမ်ားႀကီးပဲ။ Crd