တခါက မိသားစုတစုဟာ လှေတစင်းနဲ့ ခရီးထွက်လာကြတယ်။ အဖေဖြစ်သူက ရှေ့မှာ အားရပါးရ လှော်ခက်ပြီး အမေဖြစ်သူက နောက်ကနေ လိုရာရောက်ဖို့ လှေကို ပဲ့ကိုင်တာမို့ မြစ်ကမ်းဘေးကကြည့်ရင် အင်မတန် အားကျစရာပါပဲ။

လှေပေါ်က အခြေအနေမှာတော့ အဖေက ရှေ့ကို အားပါးတရနဲ့ ခရီးမြန်ဖို့ လှော်ခတ်နေရတော့ နောက်ကို လှည့်ကြည့်မအားဘူး။ နောက်ဆုံးကနေ လှေထိမ်းနေရတဲ့ အမေကတော့ အားလုံးကို မြင်နေရတာပေါ့။ အထူးသဖြင့် အလယ်မှာ ထိုင်စီးနေတဲ့ သားတယောက်က သူ့အောက်ကို ငုံ့ပြီး ဓားချွန်တချောင်းနဲ့ ထိုးဖောက်နေတာ သတိထားမိတယ်။

အဲဒါကို အဖေကြီးမသိအောင် တားပေမဲ့ မရဘူး။ နောက်ဆုံးတော့ ရှေ့ရောက်အောင် အားပါးတရ လှော်နေတဲ့ ဖခင်က သိသွားပြီး "မင်းဘာလုပ်တာလဲ" လို့ လှည့်ပြီးမေးတယ်။ သားက "လှေကို ဓားချွန်နဲ့ ဖောက်နေတာ" လို့ ပြောတယ်။

"မင်းဘာလို ဒီလိုလုပ်တာလဲ" ဆိုတော့ "ဘာဖြစ်လဲ ဘယ်သူ့အောက်မှာမှ အပေါက်ဖောက်တာ မဟုတ်ဘူး။ ကိုယ့်အောက် ကိုယ်ဖောက်တာ" လို့ ပြောပြီး အားနဲ့ ထိုးစိုက်လိုက်တယ်။ အဲ့ဒီမှာပဲ လှေထဲကိုရေတွေ အရှိန်နဲ့ဝင်လာတယ်။ အားလုံးဟာ ရေကူးတတ်တဲ့ သူတွေဆိုတော့ အသက်တွေတော့ မဆုံးရှုံးခဲ့ဘူးပေါ့။ ဒါပေမဲ့ လှေလေးကတော့ မြုပ်ပြီး ခရီးကတော့ ပျက်သွားခဲ့တယ်။

သာဓကလေးကတော့ ဒီလောက်ပါပဲ။ ပြောချင်တာကတော့ တခါတရံ တချို့တချို့သော မိသားစုတွေမှာ ဘာမှလဲ မလုပ်နိုင်၊ အလယ်ကနေ ထိုင်ပြီး သက်သက် ဒုက္ခပေးတဲ့သူတွေ ပါတတ်လေ့ရှိတယ်။ သူတို့တွေက လှေရဲ့ အလယ်က ထိုင်စီးတဲ့သူလိုပဲ။

"ကိုယ့်အောက်ကိုယ်ဖေါက်တာ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်" လို့ တွေးတတ်ကြတယ်။ လှေပေါ်မှာ တမိသားစုလုံး ထိုင်နေတယ် ဆိုတဲ့အသိ သူတို့မှာ မရှိဘူး။ မိဘနဲ့ ညီအကိုမောင်နှမတွေက ကောင်းစေချင်လို့ ပြောကြရင်လည်း "နားငြီးတယ် ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာ ဘယ်သူ့ကို ဂရုစိုက်ရဦးမှာလဲ ကိုယ်ဖြစ်ကိုယ်ခံမယ် ဘာမှလာမပြောနဲ့" ဆိုပြီး ခွန်းတုန့်ပြန်တတ်ကြတယ်။

တကယ်တော့ မိသားစုတခုမှာ ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာ မှန်ပေမဲ့ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်ဆိုတာ မရှိပါဘူး။ တယောက်ယောက်က ဖောက်လာရင် ကျန်တဲ့သူအားလုံးလည်း ဒုက္ခရောက်ရတာပါပဲ။ ဒါ့ကြောင့် မကောင်းတာ တခုခု လုပ်တော့မယ်ဆိုရင် အဖေဖြစ်သူက "ငါ ဒါတွေလုပ်ရင် ငါ့မိန်းမနဲ့ ငါ့ကလေးတွေ ငါ့မိသားစု ဒုက္ခရောက်ရမှာပါလား" ဆိုပြီး တွေးရမယ်။ အမေဖြစ်သူကလည်း "ငါ ဒီလိုလုပ်ရင် ငါ့ယောကျာ်းနဲ့ ငါ့ကလေးတွေ ငါ့မိသားစု ဒုက္ခရောက်ရမှာပါလား" ဆိုပြီး တွေးရမယ်။

သားသမီးတွေကလည်း "ငါ ဒါတွေလုပ်ရင် အဖေရယ် အမေရယ် ငါ့ညီအကို မောင်နှမတွေအားလုံး ဒုက္ခရောက်နိုင်တာပါလား" ဆိုပြီး တွေးရမယ်။ အဲဒီလိုမှ မဟုတ်ပဲ "ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ်" ဆိုရင် အဖေပဲဖြစ်ဖြစ် အမေပဲဖြစ်ဖြစ် သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် မိသားစုကို ဒုက္ခရောက်အောင် လှေဖောက်နေတာနဲ့ အတူတူပါပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ မိသားစုအတွက်ဆိုရင် ငါဟာ ဘယ်တော့မှ လှေဖောက်တဲ့သူ မဖြစ်စေရဘူးလို့ ကိုယ့်ကိုကိုယ် အမြဲဆုံးမရမယ်။ မိသားစုတိုင်း အပူအပင်ဟူသမျှ ကင်းဝေးကြပါစေ။ crd

Zawgyi

ေလွကို ေဖာက္တဲ့သူ

တခါက မိသားစုတစုဟာ ေလွတစင္းနဲ႔ ခရီးထြက္လာၾကတယ္။ အေဖျဖစ္သူက ေရွ႕မွာ အားရပါးရ ေလွာ္ခက္ၿပီး အေမျဖစ္သူက ေနာက္ကေန လိုရာေရာက္ဖို႔ ေလွကို ပဲ့ကိုင္တာမို႔ ျမစ္ကမ္းေဘးကၾကည့္ရင္ အင္မတန္ အားက်စရာပါပဲ။

ေလွေပၚက အေျခအေနမွာေတာ့ အေဖက ေရွ႕ကို အားပါးတရနဲ႔ ခရီးျမန္ဖို႔ ေလွာ္ခတ္ေနရေတာ့ ေနာက္ကို လွည့္ၾကည့္မအားဘူး။ ေနာက္ဆုံးကေန ေလွထိမ္းေနရတဲ့ အေမကေတာ့ အားလုံးကို ျမင္ေနရတာေပါ့။ အထူးသျဖင့္ အလယ္မွာ ထိုင္စီးေနတဲ့ သားတေယာက္က သူ႔ေအာက္ကို ငုံ႔ၿပီး ဓားခြၽန္တေခ်ာင္းနဲ႔ ထိုးေဖာက္ေနတာ သတိထားမိတယ္။

အဲဒါကို အေဖႀကီးမသိေအာင္ တားေပမဲ့ မရဘူး။ ေနာက္ဆုံးေတာ့ ေရွ႕ေရာက္ေအာင္ အားပါးတရ ေလွာ္ေနတဲ့ ဖခင္က သိသြားၿပီး "မင္းဘာလုပ္တာလဲ" လို႔ လွည့္ၿပီးေမးတယ္။ သားက "ေလွကို ဓားခြၽန္နဲ႔ ေဖာက္ေနတာ" လို႔ ေျပာတယ္။

"မင္းဘာလို ဒီလိုလုပ္တာလဲ" ဆိုေတာ့ "ဘာျဖစ္လဲ ဘယ္သူ႔ေအာက္မွာမွ အေပါက္ေဖာက္တာ မဟုတ္ဘူး။ ကိုယ့္ေအာက္ ကိုယ္ေဖာက္တာ" လို႔ ေျပာၿပီး အားနဲ႔ ထိုးစိုက္လိုက္တယ္။ အဲ့ဒီမွာပဲ ေလွထဲကိုေရေတြ အရွိန္နဲ႔ဝင္လာတယ္။ အားလုံးဟာ ေရကူးတတ္တဲ့ သူေတြဆိုေတာ့ အသက္ေတြေတာ့ မဆုံးရႈံးခဲ့ဘူးေပါ့။ ဒါေပမဲ့ ေလွေလးကေတာ့ ျမဳပ္ၿပီး ခရီးကေတာ့ ပ်က္သြားခဲ့တယ္။

သာဓကေလးကေတာ့ ဒီေလာက္ပါပဲ။ ေျပာခ်င္တာကေတာ့ တခါတရံ တခ်ိဳ႕တခ်ိဳ႕ေသာ မိသားစုေတြမွာ ဘာမွလဲ မလုပ္ႏိုင္၊ အလယ္ကေန ထိုင္ၿပီး သက္သက္ ဒုကၡေပးတဲ့သူေတြ ပါတတ္ေလ့ရွိတယ္။ သူတို႔ေတြက ေလွရဲ႕ အလယ္က ထိုင္စီးတဲ့သူလိုပဲ။ "ကိုယ့္ေအာက္ကိုယ္ေဖါက္တာ ကိုယ္ျဖစ္ရင္ ကိုယ္ခံမယ္" လို႔ ေတြးတတ္ၾကတယ္။ ေလွေပၚမွာ တမိသားစုလုံး ထိုင္ေနတယ္ ဆိုတဲ့အသိ သူတို႔မွာ မရွိဘူး။ မိဘနဲ႔ ညီအကိုေမာင္ႏွမေတြက ေကာင္းေစခ်င္လို႔ ေျပာၾကရင္လည္း "နားၿငီးတယ္ ကိုယ္ႀကိဳက္လို႔ ကိုယ္လုပ္တာ ဘယ္သူ႔ကို ဂ႐ုစိုက္ရဦးမွာလဲ ကိုယ္ျဖစ္ကိုယ္ခံမယ္ ဘာမွလာမေျပာနဲ႔" ဆိုၿပီး ခြန္းတုန႔္ျပန္တတ္ၾကတယ္။

တကယ္ေတာ့ မိသားစုတခုမွာ ကိုယ္ႀကိဳက္လို႔ ကိုယ္လုပ္တာ မွန္ေပမဲ့ ကိုယ္ျဖစ္ရင္ ကိုယ္ခံမယ္ဆိုတာ မရွိပါဘူး။ တေယာက္ေယာက္က ေဖာက္လာရင္ က်န္တဲ့သူအားလုံးလည္း ဒုကၡေရာက္ရတာပါပဲ။ ဒါ့ေၾကာင့္ မေကာင္းတာ တခုခု လုပ္ေတာ့မယ္ဆိုရင္ အေဖျဖစ္သူက "ငါ ဒါေတြလုပ္ရင္ ငါ့မိန္းမနဲ႔ ငါ့ကေလးေတြ ငါ့မိသားစု ဒုကၡေရာက္ရမွာပါလား" ဆိုၿပီး ေတြးရမယ္။ အေမျဖစ္သူကလည္း "ငါ ဒီလိုလုပ္ရင္ ငါ့ေယာက်ာ္းနဲ႔ ငါ့ကေလးေတြ ငါ့မိသားစု ဒုကၡေရာက္ရမွာပါလား" ဆိုၿပီး ေတြးရမယ္။

သားသမီးေတြကလည္း "ငါ ဒါေတြလုပ္ရင္ အေဖရယ္ အေမရယ္ ငါ့ညီအကို ေမာင္ႏွမေတြအားလုံး ဒုကၡေရာက္ႏိုင္တာပါလား" ဆိုၿပီး ေတြးရမယ္။ အဲဒီလိုမွ မဟုတ္ပဲ "ကိုယ္ႀကိဳက္တာ ကိုယ္လုပ္တယ္" ဆိုရင္ အေဖပဲျဖစ္ျဖစ္ အေမပဲျဖစ္ျဖစ္ သားပဲျဖစ္ျဖစ္ သမီးပဲျဖစ္ျဖစ္ မိသားစုကို ဒုကၡေရာက္ေအာင္ ေလွေဖာက္ေနတာနဲ႔ အတူတူပါပဲ။ ဘာပဲျဖစ္ျဖစ္ေပါ့ မိသားစုအတြက္ဆိုရင္ ငါဟာ ဘယ္ေတာ့မွ ေလွေဖာက္တဲ့သူ မျဖစ္ေစရဘူးလို႔ ကိုယ့္ကိုကိုယ္ အၿမဲဆုံးမရမယ္။ မိသားစုတိုင္း အပူအပင္ဟူသမွ် ကင္းေဝးၾကပါေစ။ crd