တခါတုန်းက တောအုပ်တခုထဲမှာ ခွေးအ တကောင် ရှိတယ် ။ တနေ့တော့ ခွေးအ ဟာ ဆာလာတာကြောင့် အစာရှာရန် တောအနီးက ရွာလေးသို့ သွားခဲ့တယ် ။ ခွေးအဟာ အလွန်ဆာလောင်နေ တာပါ။ ကံမကောင်းချင်တော့ ခွေးအ ဟာ ခွေးတအုပ်နဲ့ တိုးပါတော့တယ်။ ခွေးတွေဟာ ခွေးအ နောက်လိုက်ကြတယ်။

ခွေးအ ဟာ ကြောက်လန့်တကြား ဖြစ်နေပြီး ခြေဦးတည့်ရာ ထွက်ပြေးခဲ့တယ်။ ခွေးအ ဟာ ပြေးရင်းလွှားရင်းနဲ့ ခဝါသည်တယောက်ရဲ့ အိမ်ထဲ ရောက်လာခဲ့တယ် ။ ထို့နောက် ခွေးအ ဟာ ခြေချော်ပြီး ခဝါသည်က အဝတ် ဆေးဆိုးဖို့ အသင့်ထားထားတဲ့ မဲနယ်အပြည့် ထည့်ထားသော စည်ထဲ ကျသွားခဲ့တယ် ။

သိပ်မကြာဘူး ခွေးဟောင်သံတွေ စဲသွားခဲ့တယ် ။ ခွေးအ လည်း စည်ထဲက ထွက်ခဲ့တယ်။ ခဝါသည် အိမ်ရဲ့နံရံပေါ်တွင် မှန်ကြီး တချပ် ရှိတယ် ။ ခွေးအ ဟာ မှန်ထဲသူ့ပုံသူ မြင်တွေ့လိုက်ရတယ်။ သူ့ခန္ဓာကိုယ် တခုလုံး ပြာနှမ်းနေတာ တွေ့လိုက်ရတော့ အံ့အားသင့်ခဲ့ ရတယ်။ ခွေးအ ဟာ တောထဲ ပြန်ရောက်ချိန်မှာ တောကောင်တွေဟာ သူ ဘာကောင်လဲ မသိကြတော့ ပါဘူး။

တောကောင်လေးတွေဟာ ခွေးအ ကို လန့်လို့ ခြေဦးတည့်ရာ ပြေးကြပါတော့တယ် ။ ခွေးအ ဟာ ဒီအခြေအနေကနေ အမြတ်ထုတ်လိုက် ပါတယ်။ ထိုအဖြစ်အပျက်ကနေ ခွေးအ ဟာ ဆက်လက် အကွက်ချ လုပ်ဆောင်ခဲ့တယ်။ ပြေးနေကြတဲ့ တောကောင်လေးတွေကို ခွေးအ က ပြောလိုက်တယ်။

" ဘာလို့ ဒီလိုပြေးနေကြတာလဲ ထွက်ပြေးစရာ ဘာအကြောင်းမှ မရှိဘူးလေ။ ကျုပ်ဟာ ဘုရားသခင်က ဖန်ဆင်းထားတဲ့ အကောင်စစ်စစ် ပါဗျ ။ ပြီးတော့ ဒီတောမှာ အုပ်စိုးသူ မရှိဘူးလား ။ ငါ့ကိုပဲ မင်းတို့ တောဘုရင်အဖြစ် ခန့်အပ်ထား ပါတော့လား "

ပြီးတော့ သူဟာ ထိုတောအုပ်ကို အုပ်ချုပ်သူ လို့လည်း ပြောခဲ့တယ်။ ဘာမှမသိတဲ့ တောကောင်လေးတွေ ကတော့ ခွေးအ ရဲ့ လိမ္မာပါးနပ်တဲ့ လှည့်ကွက်ကို ယုံကြည်နေကြပြီး သူ့ကို တောဘုရင် အဖြစ် လက်ခံထားကြတယ်။ ခွေးအ က ခြသေ့်ကို သူ့ရဲ့ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တယ်။

ကျားကတော့ အိမ်တော်ဝန် ဖြစ်ပြီး ဝံပုလွေတွေ ကတော့ ဂိတ်စောင့်အဖြစ် ခန့်အပ် ခံခဲ့ရတယ်။ တောကောင်များကို နေရာချပြီးနောက် တောဘုရင်အသစ်ဟာ တခြား ခွေးအတွေက သူ့ကို မှတ်မိသွားမှာ ကြောက်ရွံ့လို့ ခွေးအ တွေ အားလုံးကို တောက နှင်ထုတ်ခဲ့တယ်။

အခုတော့ တောသတ္တဝါလေးတွေဟာ သူ့အတွက် အစာရှာပြီး ကိုယ့်ဖာသာ နန်းတင်ထားတဲ့ တောဘုရင်ကို ယူလာပေးကြ ရတယ်။ ဒီလိုနဲ့ ခွေးအ ဟာ ဇိမ်ကျလှတဲ့ ဘဝမှာ နေထိုင်ခဲ့တယ် ။

တနေ့မှာတော့ သူတို့အသိုက်ဆီ သွားနေသော ခွေးအ တအုပ်ဟာ တောဘုရင်ခွေးအ အနီးနားကနေ အူပြီး ဖြတ်သန်းသွား ကြပါတယ်။ ရုတ်တရက် ဆိုသလို ခွေးအ အပြာဟာ သူ့ကိုယ်သူ တောဘုရင် ဆိုတာ မေ့သွားခဲ့တယ် ။ သူ့ကိုယ်သူ ခွေးအ မဟုတ်သလို ဟန်ဆောင်ထားတာ ကိုလည်း မေ့သွားခဲ့တယ် ။

ထို့နောက် သူ့ရဲ့ ဗီဇအရ သဘာဝတရားကို မထိန်းချုပ်နိုင်တော့ဘဲ ခွေးအ အပြာဟာ အသံသေး အသံကြောင်ဖြင့် အားရပါးရ ထ အူ လိုက်ပါတော့တယ် ။ အဲ့ဒီအချိန်မှာတော့ သူတို့အားလုံး ခွေးအရဲ့ အရူးလုပ်ခြင်းကို ခံလိုက်ရပြီ ဆိုတာ တောနေသတ္တဝါ အားလုံး သဘောပေါက် သွားကြတယ်။ ဒေါသူပုန် ထနေတဲ့ တောနေသတ္တဝါတွေဟာ ခွေးအ အပြာပေါ် ခုန်အုပ်လိုက်ကြပြီး ကိုက်သတ်ပစ်လိုက် ပါတော့တယ် ။

မိမိရဲ့ အမူအကျင့်ကို မစွန့်လွှတ်ကြသော သူတို့မှာ ထိုအမူအကျင့်ကြောင့်ပဲ သေကြေ ပျက်စီးတတ်ကြပါတယ် ။ ဟန်ဆောင်လိမ်ညာသူတို့ဟာ ကြာကြာ ဟန်ဆောင် လိမ်လည်နေ၍ မရသလို နေမင်းကြီးက အလျှံညီးညီး ပေါ်ထွက်လာသကဲ့သို့ တနေ့ အမှန်တရား ဆိုတာလည်း နေမင်းကြီးကဲ့သို့ ထွက်ပေါ်လာစမြဲပါ ။

crd

Zawgyi

အျပာေရာင္ေခြးအ

တခါတုန္းက ေတာအုပ္တခုထဲမွာ ေခြးအ တေကာင္ ရွိတယ္ ။ တေန႔ေတာ့ ေခြးအ ဟာ ဆာလာတာေၾကာင့္ အစာရွာရန္ ေတာအနီးက ႐ြာေလးသို႔ သြားခဲ့တယ္ ။ ေခြးအဟာ အလြန္ဆာေလာင္ေန တာပါ။ ကံမေကာင္းခ်င္ေတာ့ ေခြးအ ဟာ ေခြးတအုပ္နဲ႔ တိုးပါေတာ့တယ္။ ေခြးေတြဟာ ေခြးအ ေနာက္လိုက္ၾကတယ္။

ေခြးအ ဟာ ေၾကာက္လန႔္တၾကား ျဖစ္ေနၿပီး ေျခဦးတည့္ရာ ထြက္ေျပးခဲ့တယ္။ ေခြးအ ဟာ ေျပးရင္းလႊားရင္းနဲ႔ ခဝါသည္တေယာက္ရဲ႕ အိမ္ထဲ ေရာက္လာခဲ့တယ္ ။ ထို႔ေနာက္ ေခြးအ ဟာ ေျခေခ်ာ္ၿပီး ခဝါသည္က အဝတ္ ေဆးဆိုးဖို႔ အသင့္ထားထားတဲ့ မဲနယ္အျပည့္ ထည့္ထားေသာ စည္ထဲ က်သြားခဲ့တယ္ ။

သိပ္မၾကာဘူး ေခြးေဟာင္သံေတြ စဲသြားခဲ့တယ္ ။ ေခြးအ လည္း စည္ထဲက ထြက္ခဲ့တယ္။ ခဝါသည္ အိမ္ရဲ႕နံရံေပၚတြင္ မွန္ႀကီး တခ်ပ္ ရွိတယ္ ။ ေခြးအ ဟာ မွန္ထဲသူ႔ပုံသူ ျမင္ေတြ႕လိုက္ရတယ္။ သူ႔ခႏၶာကိုယ္ တခုလုံး ျပာႏွမ္းေနတာ ေတြ႕လိုက္ရေတာ့ အံ့အားသင့္ခဲ့ ရတယ္။ ေခြးအ ဟာ ေတာထဲ ျပန္ေရာက္ခ်ိန္မွာ ေတာေကာင္ေတြဟာ သူ ဘာေကာင္လဲ မသိၾကေတာ့ ပါဘူး။

ေတာေကာင္ေလးေတြဟာ ေခြးအ ကို လန႔္လို႔ ေျခဦးတည့္ရာ ေျပးၾကပါေတာ့တယ္ ။ ေခြးအ ဟာ ဒီအေျခအေနကေန အျမတ္ထုတ္လိုက္ ပါတယ္။ ထိုအျဖစ္အပ်က္ကေန ေခြးအ ဟာ ဆက္လက္ အကြက္ခ် လုပ္ေဆာင္ခဲ့တယ္။ ေျပးေနၾကတဲ့ ေတာေကာင္ေလးေတြကို ေခြးအ က ေျပာလိုက္တယ္။

" ဘာလို႔ ဒီလိုေျပးေနၾကတာလဲ ထြက္ေျပးစရာ ဘာအေၾကာင္းမွ မရွိဘူးေလ။ က်ဳပ္ဟာ ဘုရားသခင္က ဖန္ဆင္းထားတဲ့ အေကာင္စစ္စစ္ ပါဗ် ။ ၿပီးေတာ့ ဒီေတာမွာ အုပ္စိုးသူ မရွိဘူးလား ။ ငါ့ကိုပဲ မင္းတို႔ ေတာဘုရင္အျဖစ္ ခန႔္အပ္ထား ပါေတာ့လား "

ၿပီးေတာ့ သူဟာ ထိုေတာအုပ္ကို အုပ္ခ်ဳပ္သူ လို႔လည္း ေျပာခဲ့တယ္။ ဘာမွမသိတဲ့ ေတာေကာင္ေလးေတြ ကေတာ့ ေခြးအ ရဲ႕ လိမၼာပါးနပ္တဲ့ လွည့္ကြက္ကို ယုံၾကည္ေနၾကၿပီး သူ႔ကို ေတာဘုရင္ အျဖစ္ လက္ခံထားၾကတယ္။ ေခြးအ က ျခေသ့္ကို သူ႔ရဲ႕ဝန္ႀကီးအျဖစ္ ခန႔္အပ္ခဲ့တယ္။ က်ားကေတာ့ အိမ္ေတာ္ဝန္ ျဖစ္ၿပီး ဝံပုေလြေတြ ကေတာ့ ဂိတ္ေစာင့္အျဖစ္ ခန႔္အပ္ ခံခဲ့ရတယ္။

ေတာေကာင္မ်ားကို ေနရာခ်ၿပီးေနာက္ ေတာဘုရင္အသစ္ဟာ တျခား ေခြးအေတြက သူ႔ကို မွတ္မိသြားမွာ ေၾကာက္႐ြံ႕လို႔ ေခြးအ ေတြ အားလုံးကို ေတာက ႏွင္ထုတ္ခဲ့တယ္။ အခုေတာ့ ေတာသတၱဝါေလးေတြဟာ သူ႔အတြက္ အစာရွာၿပီး ကိုယ့္ဖာသာ နန္းတင္ထားတဲ့ ေတာဘုရင္ကို ယူလာေပးၾက ရတယ္။ ဒီလိုနဲ႔ ေခြးအ ဟာ ဇိမ္က်လွတဲ့ ဘဝမွာ ေနထိုင္ခဲ့တယ္ ။

တေန႔မွာေတာ့ သူတို႔အသိုက္ဆီ သြားေနေသာ ေခြးအ တအုပ္ဟာ ေတာဘုရင္ေခြးအ အနီးနားကေန အူၿပီး ျဖတ္သန္းသြား ၾကပါတယ္။ ႐ုတ္တရက္ ဆိုသလို ေခြးအ အျပာဟာ သူ႔ကိုယ္သူ ေတာဘုရင္ ဆိုတာ ေမ့သြားခဲ့တယ္ ။ သူ႔ကိုယ္သူ ေခြးအ မဟုတ္သလို ဟန္ေဆာင္ထားတာ ကိုလည္း ေမ့သြားခဲ့တယ္ ။

ထို႔ေနာက္ သူ႔ရဲ႕ ဗီဇအရ သဘာဝတရားကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ ေခြးအ အျပာဟာ အသံေသး အသံေၾကာင္ျဖင့္ အားရပါးရ ထ အူ လိုက္ပါေတာ့တယ္ ။ အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔အားလုံး ေခြးအရဲ႕ အ႐ူးလုပ္ျခင္းကို ခံလိုက္ရၿပီ ဆိုတာ ေတာေနသတၱဝါ အားလုံး သေဘာေပါက္ သြားၾကတယ္။ ေဒါသူပုန္ ထေနတဲ့ ေတာေနသတၱဝါေတြဟာ ေခြးအ အျပာေပၚ ခုန္အုပ္လိုက္ၾကၿပီး ကိုက္သတ္ပစ္လိုက္ ပါေတာ့တယ္ ။

မိမိရဲ႕ အမူအက်င့္ကို မစြန႔္လႊတ္ၾကေသာ သူတို႔မွာ ထိုအမူအက်င့္ေၾကာင့္ပဲ ေသေၾက ပ်က္စီးတတ္ၾကပါတယ္ ။ ဟန္ေဆာင္လိမ္ညာသူတို႔ဟာ ၾကာၾကာ ဟန္ေဆာင္ လိမ္လည္ေန၍ မရသလို ေနမင္းႀကီးက အလွ်ံညီးညီး ေပၚထြက္လာသကဲ့သို႔ တေန႔ အမွန္တရား ဆိုတာလည္း ေနမင္းႀကီးကဲ့သို႔ ထြက္ေပၚလာစၿမဲပါ ။

crd