တခါတုန်းက ဖူကျန်းဆိုတဲ့ လူတယောက်ဟာ မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသတဲ့။ သူ့ရဲ့ စီးပွါးရေး လုပ်ငန်းတွေလည်း မအောင်မြင်ဘူးတဲ့။ သူဟာ ရုန်းကန်ဖို့တောင် အားမရှိတော့ဘူး။ ဒါကြောင့် ငိုကြွေးမြည်တမ်းရင် မိုးနတ်မင်းကို တိုင်တည်သတဲ့။

မိုးနတ်မင်းက ရောက်လာပြီး ဖူကျန်းကို ကိုယ်ထင်ပြတယ်။ ဖူကျန်းဟာ မိုးနတ်မင်းကို မြင်တဲ့အခါ သူ့ရဲ့ အဆုံးအရှုံးတွေကို ပြောပြရင်း ငိုယို တိုင်တည်တယ်လေ။ မိုးနတ်မင်းက ဖူကျန်းကို တောတန်းဘက်သွားပြီး လမ်းလျှောက်ရအောင်လို့ ခေါ်သတဲ့။ တောလမ်းကလေးမှာ လမ်းလျှောက်ကြတယ်လေ။

"ကိုယ့်လူရေ ဟိုရှေ့နားက မြက်ပင်ခြုံပုတ်တွေကို တွေ့သလား"

"တွေ့ပါတယ်ခင်ဗျာ"

"မောင်ရင် ဒါတွေကို စိုက်မယ်ဆိုရင် ဘယ်လောက်ကြာမလဲ၊ ဘယ်လောက်ခက်ခဲမလဲ"

ဖူကျန်းဟာ ရိုသေစွာနဲ့ ပြန်ဖြေလိုက်ပါတယ်။ "ဒါတွေကို စိုက်ပျိုးရတာ မကြာပါ။ အလိုအလျောက် ပေါက်ပါတယ်။ ပြုစုရတာလည်း မခက်ခဲပါ"

မိုးနတ်မင်းဟာ ဖူကျန်းကို ခပ်လှမ်းလှမ်းက ကျွန်းပင်ကြီးတပင်ကို ပြလိုက်တယ်။

"ဟောဟိုက ကျွန်းပင်ကြီးနဲ့ ခုနက ခြုံပင်မြက်ပင်တွေနဲ့ ဘယ်ဟာက ပိုတန်ဖိုးရှိသလဲ"

"ကျွန်းပင်က တန်ဖိုးအလွန်ကြီးပါတယ်"

"ကျွန်းပင်ကို သင် ရက်ပိုင်းနဲ့ ရနိုင်သလား ဖူကျန်း"

"မဖြစ်နိုင်ပါအရှင်။ နှစ်ပေါင်းများစွာ ပြုစုရပါတယ်"

ဖူကျန်းကို "မြက်ပင်နဲ့ ကျွန်းပင်ကြီး ဘယ်ဟာကို လိုချင်သလဲ" လို့ မေးပြန်တဲ့အခါ ဖူကျန်းက "ကျွန်းပင်ကိုသာ လိုချင်ပါတယ်" လို့ ဖြေပါတယ်။ မိုးနတ်မင်းဟာ အဲဒီဥပမာအတိုင်းပဲ ဖူကျန်းရဲ့ စီးပွါးရေးလုပ်ငန်းတွေ အဆင်မပြေတာကို ဆုံးမတယ်။

"ကျွန်းပင်နဲ့ မြက်ပင်တို့ ဖြစ်ထွန်းတဲ့ အချိန်ကာလ အပိုင်းအခြားဟာ မတူကြသလို အကျိုးကျေးဇူး ဖြစ်ပုံကလည်း မတူကြဘူးကွယ်။ ရည်ရွယ်ချက်တခု ပေါက်မြောက်ဖို့အတွက် ဆက်လက်ကြိုးစား ရုန်းကန်နေပါ။ ကြိုးစားမှုတိုင်းက ရေသောက်မြစ်တွေအဖြစ် ခိုင်မာနေပါလိမ့်မယ်။ အချိန်တိုနဲ့ ရတဲ့ ဖြစ်ထွန်းမှုဆိုတာ မြက်ပင် အရွယ်ရောက်သလို ပါပဲ။ တချက်လောက် ဆွဲနှုတ်ရုံနဲ့ ကျွတ်ထွက်သွားလိမ့်မယ်"

ဖူကျန်းဟာ အဲဒီလို အားပေးစကားကြောင့် ဝမ်းနည်းငိုကျွေးတာကို ရပ်တန့်လိုက်ပြီး ပြန်လည်ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘယ်လိုအခက်အခဲတွေပဲ ကြုံရပါစေ စိတ်မဆင်းရဲတော့ဘဲ ဆက်လက် ကြိုးစားနေတော့သတဲ့။ သူလိုချင်တဲ့ အောင်မြင်မှု က ချက်ချင်းရမယ့် အရာမဟုတ်ဘူးလို့ သိလိုက်ပြီလေ။ သံလွင်မြင့်

Zawgyi

အားထုတ္မႈေသးေသးျဖင့္ ဆုလာဘ္ႀကီးႀကီးမရႏိုင္

တခါတုန္းက ဖူက်န္းဆိုတဲ့ လူတေယာက္ဟာ ေမွ်ာ္လင့္ခ်က္မဲ့ၿပီး စိတ္ပ်က္လက္ပ်က္ ျဖစ္ေနသတဲ့။ သူ႔ရဲ႕ စီးပြါးေရး လုပ္ငန္းေတြလည္း မေအာင္ျမင္ဘူးတဲ့။ သူဟာ ႐ုန္းကန္ဖို႔ေတာင္ အားမရွိေတာ့ဘူး။ ဒါေၾကာင့္ ငိုေႂကြးျမည္တမ္းရင္ မိုးနတ္မင္းကို တိုင္တည္သတဲ့။

မိုးနတ္မင္းက ေရာက္လာၿပီး ဖူက်န္းကို ကိုယ္ထင္ျပတယ္။ ဖူက်န္းဟာ မိုးနတ္မင္းကို ျမင္တဲ့အခါ သူ႔ရဲ႕ အဆုံးအရႈံးေတြကို ေျပာျပရင္း ငိုယို တိုင္တည္တယ္ေလ။ မိုးနတ္မင္းက ဖူက်န္းကို ေတာတန္းဘက္သြားၿပီး လမ္းေလွ်ာက္ရေအာင္လို႔ ေခၚသတဲ့။ ေတာလမ္းကေလးမွာ လမ္းေလွ်ာက္ၾကတယ္ေလ။

"ကိုယ့္လူေရ ဟိုေရွ႕နားက ျမက္ပင္ၿခဳံပုတ္ေတြကို ေတြ႕သလား" "ေတြ႕ပါတယ္ခင္ဗ်ာ" "ေမာင္ရင္ ဒါေတြကို စိုက္မယ္ဆိုရင္ ဘယ္ေလာက္ၾကာမလဲ၊ ဘယ္ေလာက္ခက္ခဲမလဲ"

ဖူက်န္းဟာ ႐ိုေသစြာနဲ႔ ျပန္ေျဖလိုက္ပါတယ္။ "ဒါေတြကို စိုက္ပ်ိဳးရတာ မၾကာပါ။ အလိုအေလ်ာက္ ေပါက္ပါတယ္။ ျပဳစုရတာလည္း မခက္ခဲပါ"

မိုးနတ္မင္းဟာ ဖူက်န္းကို ခပ္လွမ္းလွမ္းက ကြၽန္းပင္ႀကီးတပင္ကို ျပလိုက္တယ္။ "ေဟာဟိုက ကြၽန္းပင္ႀကီးနဲ႔ ခုနက ၿခဳံပင္ျမက္ပင္ေတြနဲ႔ ဘယ္ဟာက ပိုတန္ဖိုးရွိသလဲ" "ကြၽန္းပင္က တန္ဖိုးအလြန္ႀကီးပါတယ္" "ကြၽန္းပင္ကို သင္ ရက္ပိုင္းနဲ႔ ရႏိုင္သလား ဖူက်န္း" "မျဖစ္ႏိုင္ပါအရွင္။ ႏွစ္ေပါင္းမ်ားစြာ ျပဳစုရပါတယ္"

ဖူက်န္းကို "ျမက္ပင္နဲ႔ ကြၽန္းပင္ႀကီး ဘယ္ဟာကို လိုခ်င္သလဲ" လို႔ ေမးျပန္တဲ့အခါ ဖူက်န္းက "ကြၽန္းပင္ကိုသာ လိုခ်င္ပါတယ္" လို႔ ေျဖပါတယ္။ မိုးနတ္မင္းဟာ အဲဒီဥပမာအတိုင္းပဲ ဖူက်န္းရဲ႕ စီးပြါးေရးလုပ္ငန္းေတြ အဆင္မေျပတာကို ဆုံးမတယ္။

"ကြၽန္းပင္နဲ႔ ျမက္ပင္တို႔ ျဖစ္ထြန္းတဲ့ အခ်ိန္ကာလ အပိုင္းအျခားဟာ မတူၾကသလို အက်ိဳးေက်းဇူး ျဖစ္ပုံကလည္း မတူၾကဘူးကြယ္။ ရည္႐ြယ္ခ်က္တခု ေပါက္ေျမာက္ဖို႔အတြက္ ဆက္လက္ႀကိဳးစား ႐ုန္းကန္ေနပါ။ ႀကိဳးစားမႈတိုင္းက ေရေသာက္ျမစ္ေတြအျဖစ္ ခိုင္မာေနပါလိမ့္မယ္။ အခ်ိန္တိုနဲ႔ ရတဲ့ ျဖစ္ထြန္းမႈဆိုတာ ျမက္ပင္ အ႐ြယ္ေရာက္သလို ပါပဲ။ တခ်က္ေလာက္ ဆြဲႏႈတ္႐ုံနဲ႔ ကြၽတ္ထြက္သြားလိမ့္မယ္"

ဖူက်န္းဟာ အဲဒီလို အားေပးစကားေၾကာင့္ ဝမ္းနည္းငိုေကြၽးတာကို ရပ္တန႔္လိုက္ၿပီး ျပန္လည္ႀကိဳးစားဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဘယ္လိုအခက္အခဲေတြပဲ ႀကဳံရပါေစ စိတ္မဆင္းရဲေတာ့ဘဲ ဆက္လက္ ႀကိဳးစားေနေတာ့သတဲ့။ သူလိုခ်င္တဲ့ ေအာင္ျမင္မႈ က ခ်က္ခ်င္းရမယ့္ အရာမဟုတ္ဘူးလို႔ သိလိုက္ၿပီေလ။ သံလြင္ျမင့္