သားဦးသမီးဦးတွေဟာ မိဘတွေရဲ့ ဘဝကို စတင်ပြောင်းလဲစေခဲ့တဲ့ ရတနာလေးတွေပါပဲ။ သူတို့တွေဟာ အရမ်းကို သည်းသည်းလှုပ် အချစ်ခံရပြီးတော့ မိဘတိုင်းကလည်း အားကိုးကြပါတယ်။ Adler ရဲ့သီအိုရီအရ အကြီးဆုံးကလေးတွေဟာ များသောအားဖြင့် တာဝန်အသိတတ်ဆုံးနှင့် ယုံကြည်စိတ်ချရဆုံးဖြစ်ပြီး မိဘတိုင်းကိုလည်း အားရှိစေတဲ့ အရာမျိုးလည်းဖြစ်ပါတယ်။

ဒါပေမယ့် အငယ်တွေ တိုးလာတဲ့အခါ အကြီးဆုံးကလေးတွေက အနစ်နာခံရသလို မိဘတွေကလည်း အငယ်တွေကိုပဲ ဦးစားပေးမိသလို ဖြစ်နေတတ်ကြပါတယ်။ အဲဒါကြောင့် အကြီးဆုံး ကလေးတွေကို ဘာလို့ အလေးပေးသင့်သလဲ ဆိုတာ ဖော်ပြပေးပါမယ်နော်။

၁။ လွတ်သွားတဲ့ သင်ခန်းစာတွေကို သူတို့က သင်ပေးတယ်။

သားဦးလေး ရရှိလိုက်တဲ့အခါမှာ ဘဝရဲ့အဓိပ္ပါယ် အသစ်တစ်ခုနဲ့ ဒုတိယဘဝတစ်ခုကိုလည်း ထပ်မံရရှိလိုက်သလိုပါပဲ။ သင့်ရင်သွေးလေးနဲ့အတူ ဘဝရဲ့စိန်ခေါ်မှုများစွာကို ထပ်ပြီး ဖြတ်သန်းရပါဦးမယ်။ သင်ဟာ အမှားတွေကို မြောက်မြားစွာ လုပ်မိခဲ့ပေမယ့်လည်း သားသမီးရလိုက်တဲ့ အခါမှာတော့ ဒီအမူအကျင့်တွေကို ဖျောက်ဖျက်ပစ်ဖို့အတွက် သင်စဉ်းစားမိ လာပါလိမ့်မယ်။ သားသမီးချင်းတူရင်တောင်မှ သားဦးသမီးဦးက သင့်ဘဝကို ပိုပြီးပြောင်းလဲစေပါတယ်။

၂။ ကလေးဖြစ်နေပေမယ့်လည်း လူကြီးလိုနေရတယ်။

အရင်ဆုံးမွေးတဲ့ ကလေးတွေဟာ လူကြီး မဖြစ်သေးပေမယ့်လည်း ကလေးလည်း မဟုတ်တော့ပါဘူး။ အငယ်တစ်ယောက် ရလာတဲ့အခါမှာ အကြီးတစ်ယောက်ရဲ့တာဝန်ကို ယူရုံကလွဲပြီးတော့ အခြားရွေးချယ်စရာ မရှိတော့ပါဘူး။

ပြီးတော့လည်း "မင်းဟာ ကလေးကြီးဖြစ်နေပြီ" ဆိုတဲ့ စကားလုံးကို မကြာခဏ ကြားလာရပြီးတော့ နေ့စဉ်နေ့တိုင်း ဒီစိတ်နဲ့ပဲ ရှင်သန်နေရပါတယ်။

၃။ ထင်ထားတာထက်လည်း ဉာဏ်ပိုကောင်းကြတယ်။

အငယ်တစ်ယောက် တိုးလာတာက အကြီးဖြစ်တဲ့ကလေးကို ပိုပြီးတော့ ဉာဏ်ကောင်းလာစေပါတယ်။ သူတို့ဟာ အကြီးတွေ ဖြစ်လာတာကြောင့် တာဝန်ယူစိတ်၊ တာဝန်ခံစိတ်တွေလည်း ဖြစ်တည်လာပါတယ်။ လူကြီးပေါက်စနဲ့ ကလေးအရွယ်ကြားထဲမှာ ရှင်သန်နေရတာဖြစ်ပြီးတော့ အငယ်တွေကို ဦးဆောင်လမ်းပြပေးဖို့အတွက် သိတတ်လာရပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ သူတို့ဟာ ဉာဏ်ပိုကောင်းလာပြီးတော့ တချို့ကိစ္စတွေကို ကိုယ်တိုင်ပါ ဖြေရှင်းတတ်လာပါတယ်။

၄။ လုပ်သင့်တာထက် ပိုလုပ်ကြတယ်။

မွေးချင်းမရှိတဲ့ ကလေးတွေဟာ သူငယ်ချင်းတွေနဲ့ အချိန်ပိုကုန် တတ်ကြပြီးတော့ မိဘတွေကလည်း အလိုလိုက်ကြတာ များပါတယ်။ ဒါကြောင့် အိမ်မှုကိစ္စတွေမှာလည်း လစ်ဟင်းပြီးတော့ အပျော်အပါးကိုပဲ အာရုံစိုက် နေတတ်ပါတယ်။

မွေးချင်းရှိပြီး အငယ်တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အကြီးဆိုရင်တော့ မိဘတွေပင်ပန်းတာကို မြင်ပြီးတော့ အလိုက်တသိနဲ့ ကူညီပေးတတ်ကြပါတယ်။ ဒါကြောင့် အကြီးဆုံး ကလေးတွေဟာ တခြားသူတွေထက်လည်း ပိုပြီး လိမ္မာတတ်ကြပါတယ်။

၅။ သင့်ကို အမြဲတမ်းကူညီပေးနေတယ်။

သင့်မှာ အလုပ်ကလည်း တစ်ဖက်၊ ကလေးကလည်း တစ်ဖက်ဆိုရင် အာရုံတော်တော် နောက်ရမှာပါ။ ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်း လုပ်ချင်နဲ့ တော်တော်ကိုဗျာများနေမှာပါ။ တကယ်လို့ သင့်မှာ သားကြီး၊ သမီးကြီး တစ်ယောက်ယောက်သာ ရှိမယ်ဆိုရင်တော့ ကလေးထိန်းရတဲ့ အလုပ်တစ်ခုတော့ လျော့သွားနိုင်ပါတယ်။ အနည်းဆုံးတော့ ကလေးမငိုအောင်၊ ပျော်အောင်တော့ ထားပေးမှာပါ။ ဒါကြောင့် အကြီးတွေက ငယ်ငယ်ကတည်းကနေကို အားကိုးနေရပြီးတော့ အသက်ကြီးလာရင်လည်း သင့်ရဲ့လက်လို ဖြစ်လာမှာပါ။

၆။ အငယ်တွေကိုလည်း ကာကွယ်ပေးတယ်။

အငယ်တွေ ဆိုးသွမ်းနေပြီဆိုရင် အရင်ဆုံး ဆိုဆုံးမတတ်တာက အကြီးတွေပါပဲ။ တစ်ခုခုဆို အရင်ဆုံး တိုင်ပင်ကြတာကလည်း အကြီးကိုပါပဲ။ သူတို့တွေဟာ အငယ်တွေအတွက် အမြဲတမ်း အဆင်သင့် ရှိနေပြီးတော့ ကူညီပေးဖို့လည်း ဝန်မလေးတတ်ကြပါဘူး။ အမှားအမှန်ကိုလည်း ခွဲခြားပြပြီးတော့ ဘဝသင်ခန်းစာအတွက် အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါတယ်။

၇။ သူတို့ဟာ ကိုယ်ကျိုးမဖက်တတ်ဘူး။

အသက်အကြီးဆုံး ကလေးတွေဟာ တစ်ကိုယ်ကောင်း မဆန်တတ်ကြပါဘူး။ ဆန်ဖို့လည်း မကြိုးစားကြပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့တွေ့ကြုံခဲ့ရတာတွေနဲ့ နှိုင်းယှဉ်ခံစားပြီးတော့ တစ်ဖက်သားကို တွေးပေးတတ်လို့ပါ။ စားစရာတစ်ခုပဲ ရှိနေရင်တောင် အငယ်တွေအတွက် မျှဝေပေးတတ်ပြီးတော့ ကစားစရာဆိုရင်လည်း တူတူပေးဆော့ပါတယ်။ သူတို့ဟာ သူတို့ရဲ့မွေးချင်းတွေအတွက်ကို အရမ်းဂုဏ်ယူ နေတတ်ကြပြီးတော့ တခါတလေမှာလည်း ကျီစယ်တတ်ကြပါသေးတယ်။ ဒါတွေအားလုံးဟာ ချစ်လို့စနောက်တာ ဖြစ်ပြီးတော့ အမြဲတမ်း အနစ်နာခံဖို့အတွက်ပဲ စဉ်းစားထားကြတာပဲ ဖြစ်ပါတယ်။

၈။ အငယ်တွေအတွက် အကောင်းဆုံး နေထိုင်ပေးတယ်။

သင့်ရဲ့ မောင်နှမတွေထဲမှာ အနစ်နာအခံဆုံးနဲ့ ဆိုဆုံးမတတ်ဆုံးကတော့ အကြီးတွေဆိုတာ သေချာပါတယ်။ တခြားသူစိမ်းတွေနှင့် ယှဉ်ရင်လည်း သင့်ကိုအထိမခံ အပြောမခံနဲ့ ရှေ့ဆုံးကနေ ကာကွယ်ပေးတတ် ကြပါတယ်။ ရက်ရောမှု၊ ဂရုစိုက်မှု၊ ဉာဏ်ရည်ထက်မြက်မှုနှင့် ပျော်ရွှင်မှုတွေကို အကြီးဆုံးတွေဆီကနေပဲ ရနှိင်တာပါ။ ပြီးတော့ အားလုံးအတွက်လည်း စံနမူနာကောင်းဖြစ်အောင် အမြဲကြိုးစား နေတတ်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ သူသာ ဘဝလမ်းကို မှန်မှန်ကန်ကန်နဲ့ ဖြောင့်ဖြောင့်တန်းတန်းသာ လျှောက်ပြရင် နောက်ကအငယ်တွေကပါ နောက်ကနေ လိုက်လာမယ်လို့ ယုံကြည်ထားလို့ပါ။

Zombie (lovemedia)

for zawgyi

အႀကီးဆုံးကေလးကို အေလးေပးသင့္တဲ့ အခ်က္ (၈) ခ်က္

သားဦးသမီးဦးေတြဟာ မိဘေတြရဲ႕ ဘဝကို စတင္ေျပာင္းလဲေစခဲ့တဲ့ ရတနာေလးေတြပါပဲ။ သူတို႔ေတြဟာ အရမ္းကို သည္းသည္းလႈပ္ အခ်စ္ခံရၿပီးေတာ့ မိဘတိုင္းကလည္း အားကိုးၾကပါတယ္။ Adler ရဲ႕သီအိုရီအရ အႀကီးဆုံးကေလးေတြဟာ မ်ားေသာအားျဖင့္ တာဝန္အသိတတ္ဆုံးႏွင့္ ယုံၾကည္စိတ္ခ်ရဆုံးျဖစ္ၿပီး မိဘတိုင္းကိုလည္း အားရွိေစတဲ့ အရာမ်ိဳးလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အငယ္ေတြ တိုးလာတဲ့အခါ အႀကီးဆုံးကေလးေတြက အနစ္နာခံရသလို မိဘေတြကလည္း အငယ္ေတြကိုပဲ ဦးစားေပးမိသလို ျဖစ္ေနတတ္ၾကပါတယ္။ အဲဒါေၾကာင့္ အႀကီးဆုံး ကေလးေတြကို ဘာလို႔ အေလးေပးသင့္သလဲ ဆိုတာ ေဖာ္ျပေပးပါမယ္ေနာ္။

၁။ လြတ္သြားတဲ့ သင္ခန္းစာေတြကို သူတို႔က သင္ေပးတယ္။

သားဦးေလး ရရွိလိုက္တဲ့အခါမွာ ဘဝရဲ႕အဓိပၸါယ္ အသစ္တစ္ခုနဲ႔ ဒုတိယဘဝတစ္ခုကိုလည္း ထပ္မံရရွိလိုက္သလိုပါပဲ။ သင့္ရင္ေသြးေလးနဲ႔အတူ ဘဝရဲ႕စိန္ေခၚမႈမ်ားစြာကို ထပ္ၿပီး ျဖတ္သန္းရပါဦးမယ္။ သင္ဟာ အမွားေတြကို ေျမာက္ျမားစြာ လုပ္မိခဲ့ေပမယ့္လည္း သားသမီးရလိုက္တဲ့ အခါမွာေတာ့ ဒီအမူအက်င့္ေတြကို ေဖ်ာက္ဖ်က္ပစ္ဖို႔အတြက္ သင္စဥ္းစားမိ လာပါလိမ့္မယ္။ သားသမီးခ်င္းတူရင္ေတာင္မွ သားဦးသမီးဦးက သင့္ဘဝကို ပိုၿပီးေျပာင္းလဲေစပါတယ္။

၂။ ကေလးျဖစ္ေနေပမယ့္လည္း လူႀကီးလိုေနရတယ္။

အရင္ဆုံးေမြးတဲ့ ကေလးေတြဟာ လူႀကီး မျဖစ္ေသးေပမယ့္လည္း ကေလးလည္း မဟုတ္ေတာ့ပါဘူး။ အငယ္တစ္ေယာက္ ရလာတဲ့အခါမွာ အႀကီးတစ္ေယာက္ရဲ႕တာဝန္ကို ယူ႐ုံကလြဲၿပီးေတာ့ အျခားေ႐ြးခ်ယ္စရာ မရွိေတာ့ပါဘူး။

ၿပီးေတာ့လည္း "မင္းဟာ ကေလးႀကီးျဖစ္ေနၿပီ" ဆိုတဲ့ စကားလုံးကို မၾကာခဏ ၾကားလာရၿပီးေတာ့ ေန႔စဥ္ေန႔တိုင္း ဒီစိတ္နဲ႔ပဲ ရွင္သန္ေနရပါတယ္။

၃။ ထင္ထားတာထက္လည္း ဉာဏ္ပိုေကာင္းၾကတယ္။

အငယ္တစ္ေယာက္ တိုးလာတာက အႀကီးျဖစ္တဲ့ကေလးကို ပိုၿပီးေတာ့ ဉာဏ္ေကာင္းလာေစပါတယ္။ သူတို႔ဟာ အႀကီးေတြ ျဖစ္လာတာေၾကာင့္ တာဝန္ယူစိတ္၊ တာဝန္ခံစိတ္ေတြလည္း ျဖစ္တည္လာပါတယ္။ လူႀကီးေပါက္စနဲ႔ ကေလးအ႐ြယ္ၾကားထဲမွာ ရွင္သန္ေနရတာျဖစ္ၿပီးေတာ့ အငယ္ေတြကို ဦးေဆာင္လမ္းျပေပးဖို႔အတြက္ သိတတ္လာရပါတယ္။ အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် သူတို႔ဟာ ဉာဏ္ပိုေကာင္းလာၿပီးေတာ့ တခ်ိဳ႕ကိစၥေတြကို ကိုယ္တိုင္ပါ ေျဖရွင္းတတ္လာပါတယ္။

၄။ လုပ္သင့္တာထက္ ပိုလုပ္ၾကတယ္။

ေမြးခ်င္းမရွိတဲ့ ကေလးေတြဟာ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ပိုကုန္ တတ္ၾကၿပီးေတာ့ မိဘေတြကလည္း အလိုလိုက္ၾကတာ မ်ားပါတယ္။ ဒါေၾကာင့္ အိမ္မႈကိစၥေတြမွာလည္း လစ္ဟင္းၿပီးေတာ့ အေပ်ာ္အပါးကိုပဲ အာ႐ုံစိုက္ ေနတတ္ပါတယ္။

ေမြးခ်င္းရွိၿပီး အငယ္တစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ အႀကီးဆိုရင္ေတာ့ မိဘေတြပင္ပန္းတာကို ျမင္ၿပီးေတာ့ အလိုက္တသိနဲ႔ ကူညီေပးတတ္ၾကပါတယ္။ ဒါေၾကာင့္ အႀကီးဆုံး ကေလးေတြဟာ တျခားသူေတြထက္လည္း ပိုၿပီး လိမၼာတတ္ၾကပါတယ္။

၅။ သင့္ကို အၿမဲတမ္းကူညီေပးေနတယ္။

သင့္မွာ အလုပ္ကလည္း တစ္ဖက္၊ ကေလးကလည္း တစ္ဖက္ဆိုရင္ အာ႐ုံေတာ္ေတာ္ ေနာက္ရမွာပါ။ ဟိုဟာလည္း လုပ္ခ်င္၊ ဒီဟာလည္း လုပ္ခ်င္နဲ႔ ေတာ္ေတာ္ကိုဗ်ာမ်ားေနမွာပါ။ တကယ္လို႔ သင့္မွာ သားႀကီး၊ သမီးႀကီး တစ္ေယာက္ေယာက္သာ ရွိမယ္ဆိုရင္ေတာ့ ကေလးထိန္းရတဲ့ အလုပ္တစ္ခုေတာ့ ေလ်ာ့သြားႏိုင္ပါတယ္။ အနည္းဆုံးေတာ့ ကေလးမငိုေအာင္၊ ေပ်ာ္ေအာင္ေတာ့ ထားေပးမွာပါ။ ဒါေၾကာင့္ အႀကီးေတြက ငယ္ငယ္ကတည္းကေနကို အားကိုးေနရၿပီးေတာ့ အသက္ႀကီးလာရင္လည္း သင့္ရဲ႕လက္လို ျဖစ္လာမွာပါ။

၆။ အငယ္ေတြကိုလည္း ကာကြယ္ေပးတယ္။

အငယ္ေတြ ဆိုးသြမ္းေနၿပီဆိုရင္ အရင္ဆုံး ဆိုဆုံးမတတ္တာက အႀကီးေတြပါပဲ။ တစ္ခုခုဆို အရင္ဆုံး တိုင္ပင္ၾကတာကလည္း အႀကီးကိုပါပဲ။ သူတို႔ေတြဟာ အငယ္ေတြအတြက္ အၿမဲတမ္း အဆင္သင့္ ရွိေနၿပီးေတာ့ ကူညီေပးဖို႔လည္း ဝန္မေလးတတ္ၾကပါဘူး။ အမွားအမွန္ကိုလည္း ခြဲျခားျပၿပီးေတာ့ ဘဝသင္ခန္းစာအတြက္ အႀကံဉာဏ္ေကာင္းေတြ ေပးႏိုင္ပါတယ္။

၇။ သူတို႔ဟာ ကိုယ္က်ိဳးမဖက္တတ္ဘူး။

အသက္အႀကီးဆုံး ကေလးေတြဟာ တစ္ကိုယ္ေကာင္း မဆန္တတ္ၾကပါဘူး။ ဆန္ဖို႔လည္း မႀကိဳးစားၾကပါဘူး။ ဘာလို႔လဲ ဆိုေတာ့ သူတို႔ေတြ႕ႀကဳံခဲ့ရတာေတြနဲ႔ ႏႈိင္းယွဥ္ခံစားၿပီးေတာ့ တစ္ဖက္သားကို ေတြးေပးတတ္လို႔ပါ။ စားစရာတစ္ခုပဲ ရွိေနရင္ေတာင္ အငယ္ေတြအတြက္ မွ်ေဝေပးတတ္ၿပီးေတာ့ ကစားစရာဆိုရင္လည္း တူတူေပးေဆာ့ပါတယ္။ သူတို႔ဟာ သူတို႔ရဲ႕ေမြးခ်င္းေတြအတြက္ကို အရမ္းဂုဏ္ယူ ေနတတ္ၾကၿပီးေတာ့ တခါတေလမွာလည္း က်ီစယ္တတ္ၾကပါေသးတယ္။ ဒါေတြအားလုံးဟာ ခ်စ္လို႔စေနာက္တာ ျဖစ္ၿပီးေတာ့ အၿမဲတမ္း အနစ္နာခံဖို႔အတြက္ပဲ စဥ္းစားထားၾကတာပဲ ျဖစ္ပါတယ္။

၈။ အငယ္ေတြအတြက္ အေကာင္းဆုံး ေနထိုင္ေပးတယ္။

သင့္ရဲ႕ ေမာင္ႏွမေတြထဲမွာ အနစ္နာအခံဆုံးနဲ႔ ဆိုဆုံးမတတ္ဆုံးကေတာ့ အႀကီးေတြဆိုတာ ေသခ်ာပါတယ္။ တျခားသူစိမ္းေတြႏွင့္ ယွဥ္ရင္လည္း သင့္ကိုအထိမခံ အေျပာမခံနဲ႔ ေရွ႕ဆုံးကေန ကာကြယ္ေပးတတ္ ၾကပါတယ္။ ရက္ေရာမႈ၊ ဂ႐ုစိုက္မႈ၊ ဉာဏ္ရည္ထက္ျမက္မႈႏွင့္ ေပ်ာ္႐ႊင္မႈေတြကို အႀကီးဆုံးေတြဆီကေနပဲ ရႏွိင္တာပါ။ ၿပီးေတာ့ အားလုံးအတြက္လည္း စံနမူနာေကာင္းျဖစ္ေအာင္ အၿမဲႀကိဳးစား ေနတတ္ၾကပါတယ္။ ဘာလို႔လဲ ဆိုေတာ့ သူသာ ဘဝလမ္းကို မွန္မွန္ကန္ကန္နဲ႔ ေျဖာင့္ေျဖာင့္တန္းတန္းသာ ေလွ်ာက္ျပရင္ ေနာက္ကအငယ္ေတြကပါ ေနာက္ကေန လိုက္လာမယ္လို႔ ယုံၾကည္ထားလို႔ပါ။

Zombie (lovemedia)