လေ့လာချက်တွေအရ လူ့ဘဝရဲ့ တစ်ဝက်ကို အိပ်စက်ခြင်းနဲ့ပဲ ကုန်ဆုံးရကြောင်း တွေ့ရပါတယ်။ အဲဒါကြောင့် ပင်ပန်းလာသမျှကို ကောင်းကောင်းအနားယူဖို့အတွက် မွေ့ရာကလည်း အရေးကြီးပါတယ်။

မွေ့ရာတွေမှာလည်း သက်တမ်း ရှိပါတယ်။

ကျွမ်းကျင်သူတွေရဲ့အဆိုအရ မွေ့ရာတစ်ခုရဲ့သက်တမ်းက ပျမ်းမျှအားဖြင့် ၈နှစ်ခံပါတယ်။ ဒါပေမယ့် မွေ့ရာရဲ့အရည်အသွေးပေါ်မူတည်ပြီး ကြာရှည်ခံချိန်က အနည်းငယ်ကွဲပြားသွားနိုင်ပါသေးတယ်။

Latex mattress တွေက ပုံမှန်အားဖြင့် နှစ်၂၀ ကနေ ၂၅ နှစ်အထိ အသုံးပြုလို့ရပါတယ်။ Memory foam ကိုတော့ သေချာအသုံးပြုရင် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ခံပါတယ်။ Hybrid mattress ဆိုရင်တော့ ၆ နှစ်တစ်ခါ လဲလှယ်ပေးဖို့ လို့ပါတယ်။ ရေမွေ့ရာလို့ခေါ်တဲ့ waterbed ဆိုရင်တော့ ၅ နှစ်ကနေ ၁၀ နှစ်အထိ အသုံးခံပါတယ်။

မွေ့ရာအဟောင်းတွေက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။

အချိန်ကြာလာရင် မွေ့ရာကလည်း အရင်လို မကောင်းနိုင်တော့ပါဘူး။ ကိုယ်အလေးချိန်က ချိုင့်ဝင်တဲ့နေရာက ချိုင့်ပြီး မညီမညာဖြစ်နေမှာပါ။ အဲဒီအခါ အိပ်စက်တဲ့အခါမှာလည်း သက်တောင့်သက်သာ မဖြစ်တော့ပါဘူး။

ပြီးတော့ ကြွက်သားနာကျင်တာ၊ ခန္ဓာကိုယ် နာကျင်တာတွေကိုလည်း ကြုံတွေ့ရစေ နိုင်ပါတယ်။ ခါးနာတာ၊ လည်ပင်းနာတာ၊ ပုခုံးနာတာတွေက မွေ့ရာနဲ့လည်း သက်ဆိုင်ပါတယ်။

မွေ့ရာတွေမှာ ပိုးမွှားတွေ ပေါက်ပွားနိုင်ပါတယ်။

မွေ့ရာတွေမှာ ဖုန်တွေ၊ ဘက်တီးရီးယားတွေ စွဲနေတတ်ပါတယ်။ အဲဒီဖုန်တွေ၊ ဘက်တီးရီးယားတွေကြောင့် ခန္ဓာကိုယ်လည်း ယားယံလာမှာပါ။ အဲဒါကြောင့် မွေ့ရာကို နှစ်တွေအကြာကြီး မသုံးသင့်ပါဘူး။

မွေ့ရာတွေက အချိန်ကြာလာရင် အသံတွေ ထွက်လာပါတယ်။

အိပ်နေတုန်း ဟိုဘက်ဒီလက် လှည့်လိုက်တိုင်း မွေ့ရာက တကျွိကျွိ အသံတွေ ထွက်နေရင် အရည်အသွေး မကောင်းတော့ပါဘူး။ ဆူညံသံတွေ ထွက်လာတာက မွေ့ရာမှာပါတဲ့ ကွိုင်တွေ သက်တမ်းကုန် သွားတာပါ။

မွေ့ရာသက်တမ်း ကြာကြာခံဖို့အတွက်

- မွေ့ရာကို ၃ လတစ်ခါ၊ ၆ လတစ်ခါခန့် နှစ်ဖက်လုံးကို လှည့်ပြီးသုံးပေးပါ။

- မွေ့ရာဝယ်တုန်းက အညွှန်းမှာပါတဲ့အတိုင်း သန့်ရှင်းရေး လုပ်ပါ။

- မွေ့ရာမှာ လေဝင်လေထွက် ကောင်းအောင် အိပ်ခန်းပြတင်းပေါက်တွေကို ဖွင့်ထားပါ။

- မွေ့ရာမှာပါတဲ့ ကွိုင်တွေ မပျက်အောင် မွေ့ရာပေါ်ကို ကလေးတွေ တက်မခုန် ခိုင်းသင့်ပါဘူး။

- မွေ့ရာကို ဖုန်စုပ်စက်နဲ့ စုပ်တာက ဖုန်ဝင်တာကို သက်သာစေပါတယ်။

Zombie (lovemedia)

for zawgyi

ေမြ႕ရာကို ဘယ္ႏွႏွစ္တစ္ခါ လဲေပးသင့္လဲ

ေလ့လာခ်က္ေတြအရ လူ႔ဘဝရဲ႕ တစ္ဝက္ကို အိပ္စက္ျခင္းနဲ႔ပဲ ကုန္ဆုံးရေၾကာင္း ေတြ႕ရပါတယ္။ အဲဒါေၾကာင့္ ပင္ပန္းလာသမွ်ကို ေကာင္းေကာင္းအနားယူဖို႔အတြက္ ေမြ႕ရာကလည္း အေရးႀကီးပါတယ္။

ေမြ႕ရာေတြမွာလည္း သက္တမ္း ရွိပါတယ္။

ကြၽမ္းက်င္သူေတြရဲ႕အဆိုအရ ေမြ႕ရာတစ္ခုရဲ႕သက္တမ္းက ပ်မ္းမွ်အားျဖင့္ ၈ႏွစ္ခံပါတယ္။ ဒါေပမယ့္ ေမြ႕ရာရဲ႕အရည္အေသြးေပၚမူတည္ၿပီး ၾကာရွည္ခံခ်ိန္က အနည္းငယ္ ကြဲျပားသြားႏိုင္ပါေသးတယ္။

Latex mattress ေတြက ပုံမွန္အားျဖင့္ ႏွစ္၂၀ ကေန ၂၅ ႏွစ္အထိ အသုံးျပဳလို႔ ရပါတယ္။ Memory foam ကိုေတာ့ ေသခ်ာအသုံးျပဳရင္ ၁၀ ႏွစ္ကေန ၁၅ ႏွစ္အထိ ခံပါတယ္။ Hybrid mattress ဆိုရင္ေတာ့ ၆ ႏွစ္တစ္ခါ လဲလွယ္ေပးဖို႔ လို႔ပါတယ္။ ေရေမြ႕ရာလို႔ေခၚတဲ့ waterbed ဆိုရင္ေတာ့ ၅ ႏွစ္ကေန ၁၀ ႏွစ္အထိ အသုံးခံပါတယ္။

ေမြ႕ရာအေဟာင္းေတြက အိပ္စက္မႈကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။

အခ်ိန္ၾကာလာရင္ ေမြ႕ရာကလည္း အရင္လို မေကာင္းႏိုင္ေတာ့ပါဘူး။ ကိုယ္အေလးခ်ိန္က ခ်ိဳင့္ဝင္တဲ့ေနရာက ခ်ိဳင့္ၿပီး မညီမညာျဖစ္ေနမွာပါ။ အဲဒီအခါ အိပ္စက္တဲ့အခါမွာလည္း သက္ေတာင့္သက္သာ မျဖစ္ေတာ့ပါဘူး။ ၿပီးေတာ့ ႂကြက္သားနာက်င္တာ၊ ခႏၶာကိုယ္ နာက်င္တာေတြကိုလည္း ႀကဳံေတြ႕ရေစ ႏိုင္ပါတယ္။ ခါးနာတာ၊ လည္ပင္းနာတာ၊ ပုခုံးနာတာေတြက ေမြ႕ရာနဲ႔လည္း သက္ဆိုင္ပါတယ္။

ေမြ႕ရာေတြမွာ ပိုးမႊားေတြ ေပါက္ပြားႏိုင္ပါတယ္။

ေမြ႕ရာေတြမွာ ဖုန္ေတြ၊ ဘက္တီးရီးယားေတြ စြဲေနတတ္ပါတယ္။ အဲဒီဖုန္ေတြ၊ ဘက္တီးရီးယားေတြေၾကာင့္ ခႏၶာကိုယ္လည္း ယားယံလာမွာပါ။ အဲဒါေၾကာင့္ ေမြ႕ရာကို ႏွစ္ေတြအၾကာႀကီး မသုံးသင့္ပါဘူး။

ေမြ႕ရာေတြက အခ်ိန္ၾကာလာရင္ အသံေတြ ထြက္လာပါတယ္။

အိပ္ေနတုန္း ဟိုဘက္ဒီလက္ လွည့္လိုက္တိုင္း ေမြ႕ရာက တကြၽိကြၽိ အသံေတြ ထြက္ေနရင္ အရည္အေသြး မေကာင္းေတာ့ပါဘူး။ ဆူညံသံေတြ ထြက္လာတာက ေမြ႕ရာမွာပါတဲ့ ကြိဳင္ေတြ သက္တမ္းကုန္ သြားတာပါ။

ေမြ႕ရာသက္တမ္း ၾကာၾကာခံဖို႔အတြက္

- ေမြ႕ရာကို ၃ လတစ္ခါ၊ ၆ လတစ္ခါခန႔္ ႏွစ္ဖက္လုံးကို လွည့္ၿပီးသုံးေပးပါ။

- ေမြ႕ရာဝယ္တုန္းက အၫႊန္းမွာပါတဲ့အတိုင္း သန႔္ရွင္းေရး လုပ္ပါ။

- ေမြ႕ရာမွာ ေလဝင္ေလထြက္ ေကာင္းေအာင္ အိပ္ခန္းျပတင္းေပါက္ေတြကို ဖြင့္ထားပါ။

- ေမြ႕ရာမွာပါတဲ့ ကြိဳင္ေတြ မပ်က္ေအာင္ ေမြ႕ရာေပၚကို ကေလးေတြ တက္မခုန္ ခိုင္းသင့္ပါဘူး။

- ေမြ႕ရာကို ဖုန္စုပ္စက္နဲ႔ စုပ္တာက ဖုန္ဝင္တာကို သက္သာေစပါတယ္။

Zombie (lovemedia)