နာမည်ကြီး ဖိလစ်ပိုင်မော်ဒယ် Racine Pregunta ဟာ ဖက်ရှင်ကျကျ ဝတ်စားတတ်ပြီး အနာဂတ်အတွက်လည်း အစီအစဉ်တွေ အများကြီး ချထားသူပါ။ ဒါပေမယ့် ကံတရားက မျက်နှာသာ မပေးတဲ့အခါ သေခြင်းနိုင်ငံကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်သွားခဲ့ပါတယ်။

ဒါပေမယ့် သူမက လှလှပပလေး သေဆုံးချင်တာကြောင့် မသေခင်မှာ ဈာပနကို ကိုယ်တိုင် ပြင်ဆင်ခဲ့ပါတယ်။ မော်ဒယ် Racine မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလကစပြီး ရှားပါးတဲ့အရိုးကင်ဆာ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူ့အတွက် မိသားစုတွေက သွေးနဲ့ ငွေကြေးတွေ အလှူခံခဲ့ပါတယ်။

Racine ဟာ နောက်ပိုင်းမှာတော့ ရောဂါပြင်းထန်လာပြီး ညာဖက်ဒူးကို ခွဲစိတ်လိုက်ရပါတယ်။ နောက်ဆုံးမှာတော့ Racine ကွယ်လွန်သွားကြောင်း ညီမဖြစ်သူ Rolyn က facebook မှာတင်ပေးခဲ့ပါတယ်။

ဝမ်းနည်းစရာကတော့ Racine က သေဆုံးရင် လှလှပပလေး သေဆုံးသွားချင်လို့ သေဆုံးခါနီးမှာ သူ့ရဲ့ဈာပနကို ကိုယ်တိုင်ပြင်ဆင် ခဲ့တာပါ။ ၂၀၁၇ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ Racine က အဖြူရောင် off-shoulder ဝတ်စုံနဲ့ အဖြူရောင်ပန်းတွေ ပါဝင်တဲ့ နဖူးစည်းလေး လိုချင်ကြောင်း သူ့ညီမကို ပြောပြပါတယ်။

နောက်နေ့မှာလည်း ခရမ်းရောင်၊ အပြာရောင်၊ အစိမ်းရောင်ပန်းတွေ လိုချင်ကြောင်း ညီမဖြစ်သူကို ထပ်ပြောပြပါတယ်။ သူ့ရဲ့အလောင်းကိုလည်း သူတို့အဖေရဲ့ဘေးမှာပဲ မြှုပ်နှံစေချင်တာပါ။


သူမရဲ့ဈာပနကို ကိုယ်တိုင်စီစဉ်ပြီးတော့ အသက် ၂၀ အရွယ် Racine ဟာ ၂၀၁၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ လှလှပပ သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့မိတ်ကပ်ဆရာကလည်း အလောင်းကို လှလှလေးဖြစ်အောင် အလှပြင်ပေးပါတယ်။ ခေါင်းတလားထဲမှာ Racine တစ်ယောက် လှလှပပလေး သေဆုံးသွားပါတယ်။

Racine ဟာ အသက်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတာကြောင့် မိသားစုက ဝမ်းနည်းနေပေမယ့် သူမရဲ့ဆန္ဒအတိုင်း၊ စီစဉ်ထားတဲ့အတိုင်း လှလှလေး သေသွားတာကြောင့် နည်းနည်းတော့ ဖြေသာသွားကြပါတယ်။

Zombie (Lovemedia)

for zawgyi

လွလွေလး ေသခ်င္လို႔ ဈာပနကို ကိုယ္တိုင္ျပင္ဆင္ခဲ့တဲ့ မိန္းကေလး

နာမည္ႀကီး ဖိလစ္ပိုင္ေမာ္ဒယ္ Racine Pregunta ဟာ ဖက္ရွင္က်က် ဝတ္စားတတ္ၿပီး အနာဂတ္အတြက္လည္း အစီအစဥ္ေတြ အမ်ားႀကီး ခ်ထားသူပါ။ ဒါေပမယ့္ ကံတရားက မ်က္ႏွာသာ မေပးတဲ့အခါ ေသျခင္းႏိုင္ငံကို ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေရာက္သြားခဲ့ပါတယ္။

ဒါေပမယ့္ သူမက လွလွပပေလး ေသဆုံးခ်င္တာေၾကာင့္ မေသခင္မွာ ဈာပနကို ကိုယ္တိုင္ ျပင္ဆင္ခဲ့ပါတယ္။ ေမာ္ဒယ္ Racine မွာ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလကစၿပီး ရွားပါးတဲ့အ႐ိုးကင္ဆာ ျဖစ္ခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး သူ႔အတြက္ မိသားစုေတြက ေသြးနဲ႔ ေငြေၾကးေတြ အလႉခံခဲ့ပါတယ္။

Racine ဟာ ေနာက္ပိုင္းမွာေတာ့ ေရာဂါျပင္းထန္လာၿပီး ညာဖက္ဒူးကို ခြဲစိတ္လိုက္ရပါတယ္။ ေနာက္ဆုံးမွာေတာ့ Racine ကြယ္လြန္သြားေၾကာင္း ညီမျဖစ္သူ Rolyn က facebook မွာတင္ေပးခဲ့ပါတယ္။

ဝမ္းနည္းစရာကေတာ့ Racine က ေသဆုံးရင္ လွလွပပေလး ေသဆုံးသြားခ်င္လို႔ ေသဆုံးခါနီးမွာ သူ႔ရဲ႕ဈာပနကို ကိုယ္တိုင္ျပင္ဆင္ ခဲ့တာပါ။ ၂၀၁၇ ခုႏွစ္ ဧၿပီလ ၁၂ ရက္ေန႔မွာ Racine က အျဖဴေရာင္ off-shoulder ဝတ္စုံနဲ႔ အျဖဴေရာင္ပန္းေတြ ပါဝင္တဲ့ နဖူးစည္းေလး လိုခ်င္ေၾကာင္း သူ႔ညီမကို ေျပာျပပါတယ္။

ေနာက္ေန႔မွာလည္း ခရမ္းေရာင္၊ အျပာေရာင္၊ အစိမ္းေရာင္ပန္းေတြ လိုခ်င္ေၾကာင္း ညီမျဖစ္သူကို ထပ္ေျပာျပပါတယ္။ သူ႔ရဲ႕အေလာင္းကိုလည္း သူတို႔အေဖရဲ႕ေဘးမွာပဲ ျမႇဳပ္ႏွံေစခ်င္တာပါ။

သူမရဲ႕ဈာပနကို ကိုယ္တိုင္စီစဥ္ၿပီးေတာ့ အသက္ ၂၀ အ႐ြယ္ Racine ဟာ ၂၀၁၇ ခုႏွစ္ ဧၿပီလ ၁၇ ရက္ေန႔မွာ လွလွပပ ေသဆုံးသြားခဲ့ပါတယ္။ သူမရဲ႕မိတ္ကပ္ဆရာကလည္း အေလာင္းကို လွလွေလးျဖစ္ေအာင္ အလွျပင္ေပးပါတယ္။ ေခါင္းတလားထဲမွာ Racine တစ္ေယာက္ လွလွပပေလး ေသဆုံးသြားပါတယ္။

Racine ဟာ အသက္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးသြားတာေၾကာင့္ မိသားစုက ဝမ္းနည္းေနေပမယ့္ သူမရဲ႕ဆႏၵအတိုင္း၊ စီစဥ္ထားတဲ့အတိုင္း လွလွေလး ေသသြားတာေၾကာင့္ နည္းနည္းေတာ့ ေျဖသာသြားၾကပါတယ္။

Zombie (Lovemedia)