တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုတာ မိမိကိုယ်တိုင် အတွက်သာမက ပတ်ဝန်းကျင်က လူတွေအတွက်ပါ အရေးကြီးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတဲ့အခါ မိမိရဲ့ အိမ်ထောင်ဖက်နဲ့ပါ အဆင်မပြေ ဖြစ်လာနိုင်ပါတယ်။

အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒက်ရှ် ပြည်နယ်က အမျိုးသား တစ်ယောက်က သူ့ဇနီးကို ကွာရှင်းဖို့ လွန်ခဲ့တဲ့ ၂ နှစ်က ကြိုးစားဖူးပါတယ်။

ကွာရှင်းချင်ရတဲ့ အကြောင်းရင်းကတော့ ရေချိုးဖို့ ထပ်ကာထပ်ကာ ပြောပေမယ့် မချိုးတာကြောင့် နေ့တိုင်းနီးပါး ရန်ဖြစ်နေရလို့ပါ။ နေ့တိုင်းပြောပေမယ့် မချိုးတာကြောင့် တစ်ခါတရံ ပြောပါသေးတယ်။

ဒါပေမယ့်လည်း တစ်ခါတလေတောင်မှ အဲဒီ အမျိုးသမီးက ရေမချိုးခဲ့ပါဘူး။ အဲဒီလိုနဲ့ သူတို့ရဲ့ ဆွေးနွေးမှုက အဆုံးသတ်ပြီး ကွာရှင်းဖို့ စဉ်းစားခဲ့ကြပါတယ်။

သူတို့နှစ်ယောက်မှာ အသက် ၁ နှစ်အရွယ် ကလေးတစ်ယောက် ရှိပါတယ်။ သူ့အမျိုးသမီးနဲ့ ကွာရှင်းချင်တဲ့ အကြောင်းကို ကွာရှင်းစာချုပ် ကိုတောင် ယူလာပြီး ပြောတယ်လို့ အမျိုးသမီး ကာကွယ်ရေးအသင်းက အကြံပေးသူက ပြောပြပါတယ်။

အမျိုးသားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို သိသွားတဲ့အခါ ရေမချိုးတဲ့ အမျိုးသမီးက ကွာရှင်းမှု မလုပ်ချင်ကြောင်း၊ ကူညီပေးစေလိုကြောင်း အမျိုးသမီး ကာကွယ်ရေး အသင်းကို ပြောပါတယ်။

ရေနေ့စဉ် မချိုးတာက ပြဿနာ အသေးလေး ဖြစ်ပြီးတော့ ဖြေရှင်းလို့ ရနိုင်ကြောင်း၊ ကွာရှင်းတဲ့အခါ ကလေးကိုပါ ထိခိုက်လာနိုင်ကြောင်း အမျိုးသမီး ကာကွယ်ရေးအသင်းနဲ့ မိဘတွေက အမျိုးသားဖြစ်သူကို ဖြောင်းဖြပြောဆိုကြပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုပြဿနာက အကြမ်းဖက်တာ၊ ရာဇဝတ်မှုမြောက်နဲ့ အကျုံးမဝင် တာကြောင့်လည်း ကွာရှင်းမှုကို အသိအမှတ် မပြုပေးတာပါ။

တချို့ အကြောင်းအရာတွေက တစ်ဖက်လူအတွက် အသေးအဖွဲလို့ ထင်ရပေမယ့် အသေးအဖွဲကနေ အစိုင်အခဲ ဖြစ်လာတဲ့အခါ မထင်ထားလောက်တဲ့ ထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။

Zombie (Lovemedia)

for zawgyi

ေရပုံမွန္မခ်ိဳးတဲ့ဇနီးကို ကြာရွင္းဖို႔ႀကိဳးစားခဲ့တဲ့ အမ်ိဳးသား

တစ္ကိုယ္ရည္ သန႔္ရွင္းေရးဆိုတာ မိမိကိုယ္တိုင္ အတြက္သာမက ပတ္ဝန္းက်င္က လူေတြအတြက္ပါ အေရးႀကီးပါတယ္။ တစ္ကိုယ္ရည္ သန႔္ရွင္းမႈ မရွိတဲ့အခါ မိမိရဲ႕အိမ္ေထာင္ဖက္နဲ႔ပါ အဆင္မေျပ ျဖစ္လာႏိုင္ပါတယ္။ အိႏၵိယႏိုင္ငံ၊ ဥတၱရာပရာဒက္ရွ္ ျပည္နယ္က အမ်ိဳးသား တစ္ေယာက္က သူ႔ဇနီးကို ကြာရွင္းဖို႔ လြန္ခဲ့တဲ့ ၂ ႏွစ္က ႀကိဳးစားဖူးပါတယ္။

ကြာရွင္းခ်င္ရတဲ့ အေၾကာင္းရင္းကေတာ့ ေရခ်ိဳးဖို႔ ထပ္ကာထပ္ကာ ေျပာေပမယ့္ မခ်ိဳးတာေၾကာင့္ ေန႔တိုင္းနီးပါးရန္ျဖစ္ေနရလို႔ပါ။ ေန႔တိုင္းေျပာေပမယ့္ မခ်ိဳးတာေၾကာင့္ တစ္ခါတရံေျပာပါေသးတယ္။ ဒါေပမယ့္လည္း တစ္ခါတေလေတာင္မွ အဲဒီ အမ်ိဳးသမီးက ေရမခ်ိဳးခဲ့ပါဘူး။ အဲဒီလိုနဲ႔ သူတို႔ရဲ႕ ေဆြးေႏြးမႈက အဆုံးသတ္ၿပီး ကြာရွင္းဖို႔ စဥ္းစားခဲ့ၾကပါတယ္။

သူတို႔ႏွစ္ေယာက္မွာ အသက္ ၁ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ ရွိပါတယ္။ သူ႔အမ်ိဳးသမီးနဲ႔ ကြာရွင္းခ်င္တဲ့ အေၾကာင္းကို ကြာရွင္းစာခ်ဳပ္ ကိုေတာင္ ယူလာၿပီးေျပာတယ္လို႔ အမ်ိဳးသမီး ကာကြယ္ေရးအသင္းက အႀကံေပးသူက ေျပာျပပါတယ္။

အမ်ိဳးသားျဖစ္သူရဲ႕ ဆုံးျဖတ္ခ်က္ကို သိသြားတဲ့အခါ ေရမခ်ိဳးတဲ့ အမ်ိဳးသမီးက ကြာရွင္းမႈ မလုပ္ခ်င္ေၾကာင္း၊ ကူညီေပးေစလိုေၾကာင္း အမ်ိဳးသမီးကာကြယ္ေရး အသင္းကို ေျပာပါတယ္။

ေရေန႔စဥ္ မခ်ိဳးတာက ျပႆနာ အေသးေလး ျဖစ္ၿပီးေတာ့ ေျဖရွင္းလို႔ ရႏိုင္ေၾကာင္း၊ ကြာရွင္းတဲ့အခါ ကေလးကိုပါ ထိခိုက္လာႏိုင္ေၾကာင္း အမ်ိဳးသမီးကာကြယ္ေရးအသင္းနဲ႔ မိဘေတြက အမ်ိဳးသားျဖစ္သူကို ေျဖာင္းျဖေျပာဆိုၾကပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီလိုျပႆနာက အၾကမ္းဖက္တာ၊ ရာဇဝတ္မႈေျမာက္နဲ႔ အက်ဳံးမဝင္တာေၾကာင့္လည္း ကြာရွင္းမႈကို အသိအမွတ္ မျပဳေပးတာပါ။

တခ်ိဳ႕အေၾကာင္းအရာေတြက တစ္ဖက္လူအတြက္ အေသးအဖြဲလို႔ ထင္ရေပမယ့္ အေသးအဖြဲကေန အစိုင္အခဲ ျဖစ္လာတဲ့အခါ မထင္ထားေလာက္တဲ့ ထိခိုက္မႈေတြ ျဖစ္လာတတ္ပါတယ္။

Zombie (Lovemedia)