Joao က မတော်တဆမှုတစ်ခုဖြစ်ပြီးနောက်မှာ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာ အိပ်ရာထဲမှာပဲ အမြဲလဲချောင်းနေခဲ့ရပါတယ်။ Joao ဆီကို မထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက်ရောက်လာပြီးနောက်မှာတော့ သူ့ရဲ့ကျန်းမာရေးက သက်သာလာခဲ့ပါတယ်။

Pacoca ဆိုတဲ့ မြင်းလေးက ကျန်းမာရေးမကောင်းတဲ့သူတွေကို မြင်းကုထုံးနဲ့ ကုသပေးတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ မြင်းလေးပါ။ သူတို့က ကျန်းမာရေးမကောင်းတဲ့သူတွေဆီကို မြင်းခေါ်သွားပြီး လူနာ လှုပ်ရှားလို့ပြန်ရလာအောင် ကူညီပေးပါတယ်။

Pacoca က နေမကောင်းတဲ့ Joao ကို သက်တောင့်သက်သာဖြစ်အောင် ပွတ်သပ်ပေးတဲ့နည်းနဲ့ နေကောင်းအောင် လုပ်ပေးပါတယ်။ Pacoca ရဲ့မျက်နှာမှာ ကြင်နာမှုတွေ အထင်းသားပေါ်လွင်နေပါတယ်။ မြင်းတစ်ကောင်ဆိုပေမယ့် အသိဉာဏ်မြင့်မားပြီး လူနာကို ဂရုစိုက်ပေးတတ်ပါတယ်။ သူ့ရဲ့ခေါင်းလေးနဲ့လည်း ပွတ်သပ်ပေးပါတယ်။

အိပ်ရာထဲမှာ လဲပြီး အကြီးအကျယ်နေမကောင်းဖြစ်နေသူတွေအတွက် မြင်းကုထုံးက အများကြီး သက်သာလာစေပါတယ်။ မြင်းကုထုံးကို လုပ်မယ်ဆိုရင် အသံဆူညံတာမျိုးရှိလို့မရပါဘူး။ မြင်းက ဆူညံတာကို သဘောမကျဘဲ တိတ်ဆိတ်မှုနဲ့ လူနာကို ကုသပေးပါတယ်။

မြင်းတွေက ရှေးယခင်ကတည်းက လူသားတွေကို အကျိုးပြုတဲ့တိရစ္ဆာန်ပါ။ မြင်းကုထုံးနဲ့ ကုသတဲ့အခါမှာ လှုပ်ရှားလို့ရလာပြီး စိတ်လည်း အပြောင်းအလဲဖြစ်တာကြောင့် လူနာတွေက သက်သာလာလေ့ရှိပါတယ်။

Zombie (lovemedia)

for zawgyi

အိပ္ရာထဲလဲေနတဲ့သူကို ေနေကာင္းလာေအာင္ ဂ႐ုစိုက္ေပးတဲ့ ျမင္းေလး

Joao က မေတာ္တဆမႈတစ္ခုျဖစ္ၿပီးေနာက္မွာ ဆိုး႐ြားတဲ့က်န္းမာေရးျပႆနာနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ အဲဒီေနာက္မွာ အိပ္ရာထဲမွာပဲ အၿမဲလဲေခ်ာင္းေနခဲ့ရပါတယ္။ Joao ဆီကို မထင္မွတ္ထားတဲ့ ဧည့္သည္တစ္ေယာက္ေရာက္လာၿပီးေနာက္မွာေတာ့ သူ႔ရဲ႕က်န္းမာေရးက သက္သာလာခဲ့ပါတယ္။

Pacoca ဆိုတဲ့ ျမင္းေလးက က်န္းမာေရးမေကာင္းတဲ့သူေတြကို ျမင္းကုထုံးနဲ႔ ကုသေပးတဲ့ ပရဟိတအဖြဲ႕အစည္းတစ္ခုရဲ႕ ျမင္းေလးပါ။ သူတို႔က က်န္းမာေရးမေကာင္းတဲ့သူေတြဆီကို ျမင္းေခၚသြားၿပီး လူနာ လႈပ္ရွားလို႔ျပန္ရလာေအာင္ ကူညီေပးပါတယ္။

Pacoca က ေနမေကာင္းတဲ့ Joao ကို သက္ေတာင့္သက္သာျဖစ္ေအာင္ ပြတ္သပ္ေပးတဲ့နည္းနဲ႔ ေနေကာင္းေအာင္ လုပ္ေပးပါတယ္။ Pacoca ရဲ႕မ်က္ႏွာမွာ ၾကင္နာမႈေတြ အထင္းသားေပၚလြင္ေနပါတယ္။ ျမင္းတစ္ေကာင္ဆိုေပမယ့္ အသိဉာဏ္ျမင့္မားၿပီး လူနာကို ဂ႐ုစိုက္ေပးတတ္ပါတယ္။ သူ႔ရဲ႕ေခါင္းေလးနဲ႔လည္း ပြတ္သပ္ေပးပါတယ္။

အိပ္ရာထဲမွာ လဲၿပီး အႀကီးအက်ယ္ေနမေကာင္းျဖစ္ေနသူေတြအတြက္ ျမင္းကုထုံးက အမ်ားႀကီး သက္သာလာေစပါတယ္။ ျမင္းကုထုံးကို လုပ္မယ္ဆိုရင္ အသံဆူညံတာမ်ိဳးရွိလို႔မရပါဘူး။ ျမင္းက ဆူညံတာကို သေဘာမက်ဘဲ တိတ္ဆိတ္မႈနဲ႔ လူနာကို ကုသေပးပါတယ္။

ျမင္းေတြက ေရွးယခင္ကတည္းက လူသားေတြကို အက်ိဳးျပဳတဲ့တိရစာၦန္ပါ။ ျမင္းကုထုံးနဲ႔ ကုသတဲ့အခါမွာ လႈပ္ရွားလို႔ရလာၿပီး စိတ္လည္း အေျပာင္းအလဲျဖစ္တာေၾကာင့္ လူနာေတြက သက္သာလာေလ့ရွိပါတယ္။

Zombie (lovemedia)